ကန္ဘာသာေရးလြတ္လပ္ခြင့္အစီရင္ခံစာ စိုးရိမ္ႏိုင္ငံစာရင္းထဲ ျမန္မာပါဝင္ေနဆဲ

အေမရိကန္ျပည္ေထာင္စုက ထုတ္ျပန္တဲ့ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာ
(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုက ႏွစ္စဥ္ထုတ္ျပန္တဲ့ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာထဲမွာ ျမန္မာႏိုင္ငံကို စိုးရိမ္ရတဲ့ ႏိုင္ငံစာရင္းမွာ ဆက္လက္ ထည့္သြင္းထားပါတယ္။

၁၉၉၈ ခုႏွစ္ ႏိုင္ငံတကာ ဘာသာေရး လြတ္လပ္ခြင့္ ဥပေဒအရ ျမန္မာႏုိင္ငံအပါအဝင္ ႏိုင္ငံတခ်ဳိ႕မွာ ဘာသာေရးလြတ္လပ္ခြင့္ စနစ္တက် ခ်ဳိးေဖာက္ေနတယ္၊ ဆက္လက္ ခ်ဳိးေဖာက္မႈေတြကိုလည္း လက္ပိုက္ၾကည့္ေနတယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံတကာ လူ႔အခြင့္အေရးခ်ဳိးေဖာက္သူေတြအေပၚ အေရးယူပိုင္ခြင့္႐ွိတဲ့ Global Magnitsky နဲ႔ အခုလထဲ လူပုဂၢိဳလ္ ၆၈ ေယာက္နဲ႔ ႏိုင္ငံ ၉ ႏိုင္ငံကို အဂတိလိုက္စားမႈ၊ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြနဲ႔ အေရးယူခဲ့တာကိုလည္း အေမရိကန္ ႏုိင္ငံျခားေရးဌာနက ထုတ္ျပန္တဲ့ အစီရင္စာထဲမွာ ေဖာ္ျပထားပါတယ္။

႐ုိဟင္ဂ်ာ မြတ္ဆလင္ေတြအျပင္ ဘာသာေရးအရနဲ႔ လူမ်ဳိးေရးအရ လူနည္းစုေတြအေပၚ ဆိုးဝါးတဲ့ လူ႔အခြင့္ခ်ဳိးေဖာက္မႈေတြေၾကာင့္ ျမန္မာအစိုးရ စစ္တပ္ေခါင္းေဆာင္ ၄ ေယာက္ကို အေရးယူခဲ့တာကို ဥပမာေပးထားပါတယ္။

ဘယ္ေနရာမွာမဆို လူတိုင္းဟာ ကိုယ္ယံုၾကည္ ကိုးကြယ္တဲ့အတိုင္း လြတ္လြတ္လပ္လပ္ ေနထိုင္ခြင့္႐ွိတယ္လို႔ အေမရိကန္ျပည္ေထာင္စုက ယံုၾကည္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

အေျခခံအခြင့္အေရးေတြကို ခ်ဳိးေဖာက္ေနတဲ့ ႏိုင္ငံေတြ၊ အဖဲြ႔အစည္းေတြကို သူတုိ႔လုပ္ရပ္အတြက္ တာဝန္ခံေအာင္ အေမရိကန္က ဆက္လက္ ေဆာင္႐ြက္သြားမယ္လို႔လည္း ဒီဇင္ဘာ ၁၈ ရက္ေန႔စြဲနဲ႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကမာၻလုံးဆုိင္ရာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈဥပေဒအရ ဒီဇင္ဘာလ ၁၀ ရက္၊ ႏုိင္ငံတကာ လူ႔အခြင့္အေရးေန႔တုန္းက ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္၊ ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီးစိုးဝင္း၊ အမွတ္ ၉၉ ေျခလ်င္တပ္မမွဴး ဗိုလ္ခ်ဳပ္သန္းဦးနဲ႔ အမွတ္ ၃၃ ေျခလ်င္တပ္မမွဴး ဗိုလ္ခ်ဳပ္ေအာင္ေအာင္တို႔ကို အေမရိကန္ဘ႑ာေရးဌာနက အေရးယူဒဏ္ခတ္ခဲ့တာ ျဖစ္ပါတယ္။

႐ုိဟင္ဂ်ာဆိုတဲ့အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာႏိုင္ငံကေတာ့ ဘာသာေရးလြတ္လပ္ခြင့္ မ႐ွိဘူးဆိုတဲ့ စြပ္စြဲခ်က္ေတြကို ပယ္ခ်ပါတယ္။

[Unicode Version]

ကန်ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာ စိုးရိမ်နိုင်ငံစာရင်းထဲ မြန်မာပါဝင်နေဆဲ

အမေရိကန်ပြည်ထောင်စုက နှစ်စဉ်ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို စိုးရိမ်ရတဲ့ နိုင်ငံစာရင်းမှာ ဆက်လက် ထည့်သွင်းထားပါတယ်။

၁၉၉၈ ခုနှစ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဥပဒေအရ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့မှာ ဘာသာရေးလွတ်လပ်ခွင့် စနစ်တကျ ချိုးဖောက်နေတယ်၊ ဆက်လက် ချိုးဖောက်မှုတွေကိုလည်း လက်ပိုက်ကြည့်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးချိုးဖောက်သူတွေအပေါ် အရေးယူပိုင်ခွင့်ရှိတဲ့ Global Magnitsky နဲ့ အခုလထဲ လူပုဂ္ဂိုလ် ၆၈ ယောက်နဲ့ နိုင်ငံ ၉ နိုင်ငံကို အဂတိလိုက်စားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အရေးယူခဲ့တာကိုလည်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ အစီရင်စာထဲမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေအပြင် ဘာသာရေးအရနဲ့ လူမျိုးရေးအရ လူနည်းစုတွေအပေါ် ဆိုးဝါးတဲ့ လူ့အခွင့်ချိုးဖောက်မှုတွေကြောင့် မြန်မာအစိုးရ စစ်တပ်ခေါင်းဆောင် ၄ ယောက်ကို အရေးယူခဲ့တာကို ဥပမာပေးထားပါတယ်။

ဘယ်နေရာမှာမဆို လူတိုင်းဟာ ကိုယ်ယုံကြည် ကိုးကွယ်တဲ့အတိုင်း လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရှိတယ်လို့ အမေရိကန်ပြည်ထောင်စုက ယုံကြည်ကြောင်းလည်း ဖော်ပြထားပါတယ်။

အခြေခံအခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကို သူတို့လုပ်ရပ်အတွက် တာဝန်ခံအောင် အမေရိကန်က ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ဒီဇင်ဘာ ၁၈ ရက်နေ့စွဲနဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုဥပဒေအရ ဒီဇင်ဘာလ ၁၀ ရက်၊ နိုင်ငံတကာ လူ့အခွင့်အရေးနေ့တုန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အမှတ် ၉၉ ခြေလျင်တပ်မမှူး ဗိုလ်ချုပ်သန်းဦးနဲ့ အမှတ် ၃၃ ခြေလျင်တပ်မမှူး ဗိုလ်ချုပ်အောင်အောင်တို့ကို အမေရိကန်ဘဏ္ဍာရေးဌာနက အရေးယူဒဏ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံကတော့ ဘာသာရေးလွတ်လပ်ခွင့် မရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချပါတယ်။

VOA Burmese
https://burmese.voanews.com
ကန္ဘာသာေရးလြတ္လပ္ခြင့္အစီရင္ခံစာ စိုးရိမ္ႏိုင္ငံစာရင္းထဲ ျမန္မာပါဝင္ေနဆဲ ကန္ဘာသာေရးလြတ္လပ္ခြင့္အစီရင္ခံစာ စိုးရိမ္ႏိုင္ငံစာရင္းထဲ ျမန္မာပါဝင္ေနဆဲ Reviewed by THITHTOOLWIN on 01:30 Rating: 5
Powered by Blogger.