ဗစ္တိုးရီးယား နာမည္ရင္းထုတ္ေဖာ္မႈ ရဲတပ္ဖြဲ႕ ေဝဖန္ခံေနရ

ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ၂၀၁၉ ဒီဇင္ဘာ ၁၉ ရက္ေန႔က ေနျပည္ေတာ္မွာ သတင္းစာရွင္းလင္းစဥ္ / Photo: Thet Su Aung/RFA
(Zawgyi)⤵⤵⤵
ဒီဇင္ဘာလ ၁၉ ရက္ မေန႔က ေနျပည္ေတာ္ ျပည္ထဲေရးဝန္ႀကီးဌာန႐ုံးမွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ က  ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အားလုံးက လွ်ိဳ႕ဝွက္ထားတဲ့ လိင္အၾကမ္းဖက္ခံရတဲ့ ကေလးငယ္ ဗစ္တိုးရီးယားရဲ႕ နာမည္၊ မိဘနာမည္၊ အလုပ္အကိုင္နဲ႔ ေနရပ္လိပ္စာေတြကို ရဲမႉးခ်ဳပ္ စိုးႏိုင္ဦးနဲ႔  ရဲမႉးႀကီး သာထြန္းတို႔က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အဲဒီ သတင္းစာရွင္းလင္းပြဲကို ရဲဇာနည္ Facebook လူမႈကြန္ရက္မွာလည္း Live ထုတ္လႊင့္ျပသခဲ့သလို  ကေလးငယ္ ဗစ္တိုးရီးယား လိင္အၾကမ္းဖက္ခံရမႈျဖစ္စဥ္ အမႈအခင္းဆိုင္ရာ  စာ႐ြက္စာတမ္းေတြလည္း ထုတ္ျပန္ခဲ့ပါတယ္။

ျပည္သူ႔လႊတ္ေတာ္ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ေကာ္မတီ ဥကၠ႒ ေဒါက္တာ ခင္စိုးစိုးၾကည္ကေတာ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဟာ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒကို မသိတာ မျဖစ္ႏိုင္ဘူးလို႔ ယူဆေၾကာင္းနဲ႔ ဗစ္တိုးရီးယားနဲ႔ မိသားစုရဲ႕ ထိခိုက္နစ္နာမႈေတြ အတြက္ တာဝန္ရွိသူေတြက စစ္ေဆးၿပီးေတာ့ စီရင္ေဆာင္႐ြက္သင့္ေၾကာင္း ေျပာပါတယ္။

“ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနနဲ႔ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ ဥပေဒကို မသိတာလား။ ဒါေတာ့ ျဖစ္လည္း မျဖစ္သင့္ဘူး၊ မျဖစ္လည္း မျဖစ္ႏိုင္ဘူးလို႔ ကြၽန္မတို႔ ယူဆတယ္။ ေနာက္တစ္ခ်က္က ဘာေၾကာင့္ ဒီလို ထုတ္ျပန္လိုက္တာလဲ။ အခုေတာ့ အဲဒီ Page ကို ျဖဳတ္ခ်လိုက္ပါၿပီး သို႔ေသာ္ ေတာ္ေတာ္မ်ားမ်ား ျပန႔္ႏွံ႔ သြားၿပီျဖစ္တဲ့အတြက္ ဒီသမီးငယ္ေလးအတြက္ အလြန္ပဲ နစ္နာတယ္။ သူ႔မိဘေတြလည္း ထိခိုက္ ခံစားၾကရတယ္။ ျမန္မာႏိုင္ငံရဲတပ္အဖြဲ႕အေနနဲ႔ ဘယ္လို ဆက္လက္ေဆာင္႐ြက္မွာလဲ။ ထိခိုက္နစ္နာသူတဲ့ သူေတြအတြက္ တာဝန္ရွိသူ အသီးသီးဟာ ဒါကို စစ္ေဆးၿပီးေတာ့ စီရင္ေဆာင္႐ြက္သင့္ပါတယ္လို႔ ေျပာလိုပါတယ္။”

လိင္အၾကမ္းဖက္ ခံထားရတဲ့ ဗစ္တိုးရီးယား ကေလးငယ္ရဲ႕ နာမည္ကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ထုတ္ေဖာ္ ေျပာဆိုခဲ့တာဟာ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာစာခ်ဳပ္ CRC မွာပါတဲ့ ကေလးမ်ားရဲ႕ ပုဂၢလိက လြတ္လပ္ခြင့္ကို ထိခိုက္သလို ကေလးသူငယ္ အခြင့္ေရးဆိုင္ရာဥပေဒကို ခ်ိဳးေဖာက္ၿပီး ရာဇဝတ္မႈ ေျမာက္တယ္လို႔ ညီမွ်ျခင္းျမန္မာရဲ႕ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက RFA ကို ေျပာပါတယ္။

“အခုလိုမ်ိဳး ရဲတပ္ဖြဲ႕က ကေလးသူငယ္ရဲ႕အမည္ေတြ၊ ကိုယ္ေရးအခ်က္အလက္ေတြ အမ်ားသိေအာင္ သတင္းစာရွင္းလင္းပြဲမွာေျပာတာ၊ ဆိုရွယ္မီဒီယာမွာ တင္ျပတဲ့အခ်က္က ကေလးသူငယ္အခြင့္အေရးဆိုင္ရာ စာခ်ဳပ္ CRC မွာပါတဲ့ ကေလးမ်ားရဲ႕ ပုဂၢလိကလြတ္လပ္ခြင့္ကို ထိခိုက္ရာေရာက္ပါတယ္။ ေနာက္ထပ္ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ ၂၀၁၉ ခုႏွစ္က ျပဌာန္းခဲ့တဲ့ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒကို ခ်ိဳးေဖာက္ၿပီး ရာဇဝတ္မႈေျမာက္ေနတာကို ေတြ႕ရပါတယ္။”

ရဲတပ္ဖြဲ႕ဆိုတာ ထုတ္ထားတဲ့ ဥပေဒေတြကို ဥပေဒစိုးမိုးေရးအတြက္ တာဝန္ရွိတဲ့ ဌာနျဖစ္ၿပီး ဥပေဒကို ထိန္းသိမ္း ရမယ့္သူေတြ ကိုယ္တိုင္က ဥပေဒကို ခ်ိဳးေဖာက္တာဟာ  ျပည္သူ႔ရဲတပ္ဖြဲ႕ဆိုတဲ့ ဂုဏ္သိကၡာကိုလည္း အမ်ားႀကီး ထိခိုက္ေစတယ္လို႔ ဦးေအာင္မ်ိဳးမင္းက ဆိုပါတယ္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲ႕  လုပ္ေဆာင္ခ်က္ဟာ ရဲက်င့္ဝတ္ကို ေဖာက္ဖ်က္တာျဖစ္ၿပီး သူ႔အေနနဲ႔ လုံးဝ ရႈတ္ခ်သလို အရာရွိႀကီးေတြအေနနဲ႔ က်င့္ဝတ္ကို ပိုၿပီးေလးစား လိုက္နာသင့္တယ္လို႔ မႏၲေလးၿမိဳ႕မွာ ေနၿပီး ကိုယ္ပိုင္လုပ္ငန္း လုပ္ကိုင္ေနတဲ့ ရဲဝန္ထမ္းေဟာင္း ကိုျမတ္သူဟိန္းက ေျပာပါတယ္။

“က်င့္ဝတ္ေဖာက္တာေပါ့။ ကြၽန္ေတာ္တို႔ ကေလးသူငယ္ဥပေဒကိုလည္း ခ်ိဳးေဖာက္ရာက်တယ္။ သာမန္ တျခားမႈခင္းေတြေတာင္မွပဲ တရားခံဓာတ္ပုံကို ေဖာက္ဖ်က္ေပးရတယ္။ ေနာက္ၿပီး မ်က္ႏွာဖ်က္ေပးရတယ္။ ဓာတ္ပုံ တင္ရင္ေတာင္မွ ဒါဟာ ကြၽန္ေတာ္တို႔ ရဲရဲ႕ လုပ္ထုံးလုပ္နည္းပဲေလ။ သူခိုးတစ္ေယာက္ကို မိတယ္ဆိုရင္ေတာင္ အဲဒီသူခိုးဓာတ္ပုံတင္ရင္ ကြၽန္ေတာ္တို႔က က်င့္ဝတ္အရ လူပုဂၢိဳလ္ သူရဲ႕ဂုဏ္သိကၡာအရ မ်က္ႏွာကို ဖုံးၿပီးေဖာ္ျပရတယ္။ အဲဒီက်င့္ဝတ္ေတြကို ဒါေဖာက္ဖ်က္တာပဲေလ။ လုံးဝ ကြၽန္ေတာ္တို႔ကေတာ့ ရႈတ္ခ်တယ္။”

တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္ကေတာ့ ဥပေဒေၾကာင္းအရ အခုလို ေျပာပါတယ္။

“ႏိုင္ငံေတာ္သမၼတရဲ႕ ခြင့္ျပဳခ်က္ရမွ စြဲႏိုင္တဲ့ အမႈအမ်ိဳးအစားျဖစ္တယ္။ သို႔ေသာ္ ရဲစည္းကမ္း ထိန္းသိမ္းေရးအရေတာ့ သူတို႔ အေရးယူႏိုင္တယ္။ ရဲစည္းကမ္းထိန္းသိမ္းေရးကိုလည္း တိုင္ႏိုင္တယ္။ တရားစြဲတာလည္း စြဲေပါ့၊ ျပည္ထဲေရးဝန္ႀကီးကိုလည္း တိုင္မယ္ဆိုရင္ ပထမဦးဆုံး သူတို႔ ရဲစည္းကမ္း ထိန္းသိမ္းေရးမွာ သူတို႔ကို တင္မွာပဲ တိုင္စာအရ။ အျပစ္မရွိဘူးဆိုလည္း လႊတ္လိုက္မွာေပါ့ဗ်ာ။ အျပစ္ရွိတယ္ဆိုလည္း အေရးယူမွာေပါ့။ အခုေတာ့ ဥပေဒလမ္းေၾကာင္းေတြအရေတာ့ အဲဒီလိုပဲ ပြင့္ေနတယ္။ အမွန္တကယ္ ကေလးသူငယ္ဥပေဒကို ခ်ိဳးေဖာက္တာေတာ့ အတိအက်ပဲ ရည္႐ြယ္ခ်က္ရွိရွိ ခ်ိဳးေဖာက္တယ္ဆိုရင္ေတာ့ ပိုဆိုးတာေပါ့ဗ်ာ။”

၂၀၁၉ ခုႏွစ္မွာ ျပဌာန္းခဲ့တဲ့ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာဥပေဒ ပုဒ္မ ၉၆ မွာ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆး ရာမွာျဖစ္ေစ၊ ကေလးသူငယ္တရား႐ုံးေရွ႕ျဖစ္ေစ ၊ တရား႐ုံး တစ္ခုခုမွာျဖစ္ေစ ျပစ္မႈက်ဴးလြန္တာခံရတဲ့ ကေလးသူငယ္ေတြ၊ သက္ေသအျဖစ္ ထြက္ဆိုတဲ့ ကေလးသူငယ္ေတြကို နာမည္နဲ႔  မႈခင္းသတင္း အခ်က္အလက္ေတြ ရယူတာ၊ ဓာတ္ပုံ႐ိုက္တာ၊ သတင္းစာ၊ မဂၢဇင္း၊ ဂ်ာနယ္နဲ႔ စာအုပ္စာတမ္းေတြ ထည့္သြင္းတာ၊ ေရဒီယို၊ ႐ုံျမင္သံၾကားနဲ႔ လူမႈကြန္ရက္ဆက္သြယ္ေရး နည္းလမ္းေတြမွာ ထုတ္လႊင့္ျခင္း မျပဳရလို႔ ျပဌာန္းထားပါတယ္။

အဲဒီျပဌာန္းခ်က္ကို က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားရင္ က်ဴးလြန္သူဟာ အနည္းဆုံး ေထာင္ဒဏ္ ‌ေလးလကေန အမ်ားဆုံး  တစ္ႏွစ္ထိ ျဖစ္ေစ၊ ေငြဒဏ္အေနနဲ႔ အနည္းဆုံးက်ပ္ ေလး သိန္းကေန အမ်ားဆုံး က်ပ္ ‌ေျခာက္သိန္း အထိျဖစ္ေစ၊ ဒါမွမဟုတ္ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမယ္လို႔ ျပ႒ာန္းထားပါတယ္။

RFA Burmese
https://www.rfa.org
----------
(Unicode)⤵⤵⤵
ဗစ်တိုးရီးယား နာမည်ရင်းထုတ်ဖော်မှု ရဲတပ်ဖွဲ့ ဝေဖန်ခံနေရ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၂၀၁၉ ဒီဇင်ဘာ ၁၉ ရက်နေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းစဉ် / Photo: Thet Su Aung/RFA

ဒီဇင်ဘာလ ၁၉ ရက် မနေ့က နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနရုံးမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ က  ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အားလုံးက လျှို့ဝှက်ထားတဲ့ လိင်အကြမ်းဖက်ခံရတဲ့ ကလေးငယ် ဗစ်တိုးရီးယားရဲ့ နာမည်၊ မိဘနာမည်၊ အလုပ်အကိုင်နဲ့ နေရပ်လိပ်စာတွေကို ရဲမှူးချုပ် စိုးနိုင်ဦးနဲ့  ရဲမှူးကြီး သာထွန်းတို့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲကို ရဲဇာနည် Facebook လူမှုကွန်ရက်မှာလည်း Live ထုတ်လွှင့်ပြသခဲ့သလို  ကလေးငယ် ဗစ်တိုးရီးယား လိင်အကြမ်းဖက်ခံရမှုဖြစ်စဉ် အမှုအခင်းဆိုင်ရာ  စာရွက်စာတမ်းတွေလည်း ထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်စိုးစိုးကြည်ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို မသိတာ မဖြစ်နိုင်ဘူးလို့ ယူဆကြောင်းနဲ့ ဗစ်တိုးရီးယားနဲ့ မိသားစုရဲ့ ထိခိုက်နစ်နာမှုတွေ အတွက် တာဝန်ရှိသူတွေက စစ်ဆေးပြီးတော့ စီရင်ဆောင်ရွက်သင့်ကြောင်း ပြောပါတယ်။

“မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကို မသိတာလား။ ဒါတော့ ဖြစ်လည်း မဖြစ်သင့်ဘူး၊ မဖြစ်လည်း မဖြစ်နိုင်ဘူးလို့ ကျွန်မတို့ ယူဆတယ်။ နောက်တစ်ချက်က ဘာကြောင့် ဒီလို ထုတ်ပြန်လိုက်တာလဲ။ အခုတော့ အဲဒီ Page ကို ဖြုတ်ချလိုက်ပါပြီး သို့သော် တော်တော်များများ ပြန့်နှံ့ သွားပြီဖြစ်တဲ့အတွက် ဒီသမီးငယ်လေးအတွက် အလွန်ပဲ နစ်နာတယ်။ သူ့မိဘတွေလည်း ထိခိုက် ခံစားကြရတယ်။ မြန်မာနိုင်ငံရဲတပ်အဖွဲ့အနေနဲ့ ဘယ်လို ဆက်လက်ဆောင်ရွက်မှာလဲ။ ထိခိုက်နစ်နာသူတဲ့ သူတွေအတွက် တာဝန်ရှိသူ အသီးသီးဟာ ဒါကို စစ်ဆေးပြီးတော့ စီရင်ဆောင်ရွက်သင့်ပါတယ်လို့ ပြောလိုပါတယ်။”

လိင်အကြမ်းဖက် ခံထားရတဲ့ ဗစ်တိုးရီးယား ကလေးငယ်ရဲ့ နာမည်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ဖော် ပြောဆိုခဲ့တာဟာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာစာချုပ် CRC မှာပါတဲ့ ကလေးများရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိခိုက်သလို ကလေးသူငယ် အခွင့်ရေးဆိုင်ရာဥပဒေကို ချိုးဖောက်ပြီး ရာဇဝတ်မှု မြောက်တယ်လို့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက RFA ကို ပြောပါတယ်။

“အခုလိုမျိုး ရဲတပ်ဖွဲ့က ကလေးသူငယ်ရဲ့အမည်တွေ၊ ကိုယ်ရေးအချက်အလက်တွေ အများသိအောင် သတင်းစာရှင်းလင်းပွဲမှာပြောတာ၊ ဆိုရှယ်မီဒီယာမှာ တင်ပြတဲ့အချက်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ စာချုပ် CRC မှာပါတဲ့ ကလေးများရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ထိခိုက်ရာရောက်ပါတယ်။ နောက်ထပ် ကျွန်တော်တို့ နိုင်ငံမှာ ၂၀၁၉ ခုနှစ်က ပြဌာန်းခဲ့တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်ပြီး ရာဇဝတ်မှုမြောက်နေတာကို တွေ့ရပါတယ်။”

ရဲတပ်ဖွဲ့ဆိုတာ ထုတ်ထားတဲ့ ဥပဒေတွေကို ဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိတဲ့ ဌာနဖြစ်ပြီး ဥပဒေကို ထိန်းသိမ်း ရမယ့်သူတွေ ကိုယ်တိုင်က ဥပဒေကို ချိုးဖောက်တာဟာ  ပြည်သူ့ရဲတပ်ဖွဲ့ဆိုတဲ့ ဂုဏ်သိက္ခာကိုလည်း အများကြီး ထိခိုက်စေတယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။



မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့  လုပ်ဆောင်ချက်ဟာ ရဲကျင့်ဝတ်ကို ဖောက်ဖျက်တာဖြစ်ပြီး သူ့အနေနဲ့ လုံးဝ ရှုတ်ချသလို အရာရှိကြီးတွေအနေနဲ့ ကျင့်ဝတ်ကို ပိုပြီးလေးစား လိုက်နာသင့်တယ်လို့ မန္တလေးမြို့မှာ နေပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေတဲ့ ရဲဝန်ထမ်းဟောင်း ကိုမြတ်သူဟိန်းက ပြောပါတယ်။

“ကျင့်ဝတ်ဖောက်တာပေါ့။ ကျွန်တော်တို့ ကလေးသူငယ်ဥပဒေကိုလည်း ချိုးဖောက်ရာကျတယ်။ သာမန် တခြားမှုခင်းတွေတောင်မှပဲ တရားခံဓာတ်ပုံကို ဖောက်ဖျက်ပေးရတယ်။ နောက်ပြီး မျက်နှာဖျက်ပေးရတယ်။ ဓာတ်ပုံ တင်ရင်တောင်မှ ဒါဟာ ကျွန်တော်တို့ ရဲရဲ့ လုပ်ထုံးလုပ်နည်းပဲလေ။ သူခိုးတစ်ယောက်ကို မိတယ်ဆိုရင်တောင် အဲဒီသူခိုးဓာတ်ပုံတင်ရင် ကျွန်တော်တို့က ကျင့်ဝတ်အရ လူပုဂ္ဂိုလ် သူရဲ့ဂုဏ်သိက္ခာအရ မျက်နှာကို ဖုံးပြီးဖော်ပြရတယ်။ အဲဒီကျင့်ဝတ်တွေကို ဒါဖောက်ဖျက်တာပဲလေ။ လုံးဝ ကျွန်တော်တို့ကတော့ ရှုတ်ချတယ်။”

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ ဥပဒေကြောင်းအရ အခုလို ပြောပါတယ်။

“နိုင်ငံတော်သမ္မတရဲ့ ခွင့်ပြုချက်ရမှ စွဲနိုင်တဲ့ အမှုအမျိုးအစားဖြစ်တယ်။ သို့သော် ရဲစည်းကမ်း ထိန်းသိမ်းရေးအရတော့ သူတို့ အရေးယူနိုင်တယ်။ ရဲစည်းကမ်းထိန်းသိမ်းရေးကိုလည်း တိုင်နိုင်တယ်။ တရားစွဲတာလည်း စွဲပေါ့၊ ပြည်ထဲရေးဝန်ကြီးကိုလည်း တိုင်မယ်ဆိုရင် ပထမဦးဆုံး သူတို့ ရဲစည်းကမ်း ထိန်းသိမ်းရေးမှာ သူတို့ကို တင်မှာပဲ တိုင်စာအရ။ အပြစ်မရှိဘူးဆိုလည်း လွှတ်လိုက်မှာပေါ့ဗျာ။ အပြစ်ရှိတယ်ဆိုလည်း အရေးယူမှာပေါ့။ အခုတော့ ဥပဒေလမ်းကြောင်းတွေအရတော့ အဲဒီလိုပဲ ပွင့်နေတယ်။ အမှန်တကယ် ကလေးသူငယ်ဥပဒေကို ချိုးဖောက်တာတော့ အတိအကျပဲ ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်တယ်ဆိုရင်တော့ ပိုဆိုးတာပေါ့ဗျာ။”

၂၀၁၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ ပုဒ်မ ၉၆ မှာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး ရာမှာဖြစ်စေ၊ ကလေးသူငယ်တရားရုံးရှေ့ဖြစ်စေ ၊ တရားရုံး တစ်ခုခုမှာဖြစ်စေ ပြစ်မှုကျူးလွန်တာခံရတဲ့ ကလေးသူငယ်တွေ၊ သက်သေအဖြစ် ထွက်ဆိုတဲ့ ကလေးသူငယ်တွေကို နာမည်နဲ့  မှုခင်းသတင်း အချက်အလက်တွေ ရယူတာ၊ ဓာတ်ပုံရိုက်တာ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ စာအုပ်စာတမ်းတွေ ထည့်သွင်းတာ၊ ရေဒီယို၊ ရုံမြင်သံကြားနဲ့ လူမှုကွန်ရက်ဆက်သွယ်ရေး နည်းလမ်းတွေမှာ ထုတ်လွှင့်ခြင်း မပြုရလို့ ပြဌာန်းထားပါတယ်။

အဲဒီပြဌာန်းချက်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် ကျူးလွန်သူဟာ အနည်းဆုံး ထောင်ဒဏ် ‌လေးလကနေ အများဆုံး  တစ်နှစ်ထိ ဖြစ်စေ၊ ငွေဒဏ်အနေနဲ့ အနည်းဆုံးကျပ် လေး သိန်းကနေ အများဆုံး ကျပ် ‌ခြောက်သိန်း အထိဖြစ်စေ၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

RFA Burmese
https://www.rfa.org
ဗစ္တိုးရီးယား နာမည္ရင္းထုတ္ေဖာ္မႈ ရဲတပ္ဖြဲ႕ ေဝဖန္ခံေနရ ဗစ္တိုးရီးယား နာမည္ရင္းထုတ္ေဖာ္မႈ ရဲတပ္ဖြဲ႕ ေဝဖန္ခံေနရ Reviewed by THITHTOOLWIN on 01:22 Rating: 5
Powered by Blogger.