ဥပေဒနဲ႔ မညီတဲ့ ဖြဲ႕စည္းပုံျပင္ေရးလုပ္ရင္ တိုင္းျပည္အႏၲရာယ္က်ႏိုင္ဟု စစ္တပ္သတိေပး

ဒုတိယဗိုလ္မွဴးႀကီး မ်ိဳးထြန္းေအာင္

(Zawgyi/Unicode)

တခ်ိန္တုန္းက ဒီမိုကေရစီအစိုးရအေနနဲ႔ တပါတီအာဏာရွင္ဆန္ဆန္ တဘက္သတ္ လုပ္ေဆာင္မႈေတြေၾကာင့္ တပ္မေတာ္က အာဏာသိမ္းယူခဲ့ရတဲ့အျဖစ္မ်ိဳး အနာဂတ္မွာ မျဖစ္ဖို႔ ဖြဲ႕စည္းပုံျပင္ဆင္ေရးနဲ႔ပတ္သတ္လို႔ သမိုင္းသင္ခန္းစာ ယူသင့္တယ္လို႔ တပ္မေတာ္ ကိုယ္စားလွယ္ကဒီကေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ ေျပာဆိုလိုက္ပါတယ္။ ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရးကို ဥပေဒအတိုင္း မလုပ္ဘူးဆိုရင္ အႏၲရာယ္ႀကီးတယ္လို႔လည္း တပ္မေတာ္ ကိုယ္စားလွယ္ဘက္က သတိေပးပါတယ္။ ႏိုင္ငံေရး အကဲခတ္ေတြဘက္ကေတာ့ ဖြဲ႕စည္းပုံျပင္ဆင္ေရးမွာ တဘက္နဲ႔တဘက္ တင္းမာေနရင္ လိုရာခရီး မေရာက္ႏိုင္တာကို သတိျပဳဖို႔ ေထာက္ျပေနၾကပါတယ္။ ဒီသတင္းေတြကို ဗြီအိုေအ သတင္းေထာက္ေမခက စုစည္းတင္ျပထားပါတယ္။

ဒီကေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ ကရင္ျပည္နယ္ မဲဆႏၵနယ္ အမွတ္ ၅ က စုိင္းသန္းႏိုင္ အပါအ၀င္တျခား ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ တင္ျပထားတဲ့ ဖြဲ႕စည္းပုံအေျခခံ ဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒ မူၾကမ္းလနဲ႔ ပတ္သတ္ၿပီး ေဆြးေႏြးတာမွာ အခုလို တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္က တင္ျပခဲ့တာ ျဖစ္ပါတယ္။

အဆိုပါ သမိုင္းျဖစ္ရပ္မ်ားကို ေထာက္ရႈၿပီး လက္ရွိေဆာင္ရြက္ေနမႈ မွန္သမွ်ကို ျပည္သူ လူထုအေနျဖင့္ ဒီမိုကေရစီ အႏိုင္က်င့္ၿပီး မ်ားရာမဲျဖင့္သာ ဆုံးျဖတ္ေနသည္ဟု မမွတ္ယူ စလိုပဲ တစ္ပါတီ အာဏာရွင္စနစ္ ပုံစံမ်ိဳး ျဖစ္ေနသည္ဟုလည္း မျမင္ေစခ်င္ေၾကာင္း၊ တိုင္းတပါး၏ လႊမ္းမိုးဖိႏွိပ္စြက္ဖက္ ခ်ယ္လွယ္မႈ ေအာက္မွာ မလူးသာ မလြန္႕သာ အေကာင္အထည္ေဖာ္ ေလွ်ာက္လွမ္းေနရသည့္ ဒီမိုကေရစီ ႏုိင္ငံႀကီးဟု လည္း လက္ရွိကာလမွ မျမင္ေစခ်င္သည့္ အတြက္ စိစစ္ေရး ပူးေပါင္းေကာ္မတီ၏ အစီရင္ခံစာကို ကန္႕ကြက္ပါေၾကာင္းႏွင့္ ဥပေဒ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီသာ ေဆာင္ရြက္သင့္ပါေၾကာင္း ဒုတိယဗိုလ္မွဴးႀကီး မ်ိဳးထြန္းေအာင္က ခုလိုေဆြးေႏြးခဲ့တာပါ။

ဒီလိုေဆြးေႏြးခဲ့တာနဲ႔ပတ္သတ္လို႔ လႊတ္ေတာ္မွာ အာဏာရပါတီ NLD ဘက္က ေဆြးေႏြးခ်က္ကိစၥနဲ႔ မသက္ဆိုင္တာေၾကာင့္ဆိုၿပီး ကန္႔ကြက္ခဲ့တာ ရွိပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒကုိ ျပင္ဆင္ေရး အစီအစဥ္ေတြနဲ႔ ပတ္သက္လုိ႔ လက္ရွိ လႊတ္ေတာ္ သက္တမ္းအတြင္း အၿပီးသတ္မယ့္အေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္က ေျပာဆိုထားတာရွိပါတယ္။

ဖဲြ႔စည္းပုံ ျပင္ဆင္ေရးမွာ အဓိက အဟန္႔အတား ျဖစ္ေနတယ္လုိ႔ ေ၀ဖန္ခံေနရတဲ့ တပ္မေတာ္ ဘက္ကေတာ့ လုိအပ္ရင္ ျပင္ဆင္တာေတြကုိ ေထာက္ခံမွာျဖစ္ေၾကာင္း ေျပာဆုိထားတာပါ။ ဒါေပမဲ့လည္း တပ္မေတာ္သား ကုိယ္စားလွယ္ေတြ အေနနဲ႔ လက္ရွိ အာဏာရ အမ်ဳိးသား ဒီမုိကေရစီ အဖဲြ႔ခ်ဳပ္ (NLD) ပါတီက ျပင္ဆင္လုိတဲ့ အခ်က္ေတြကုိ ေထာက္ခံပါ့မလား ဆုိတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိပါဘူး။

ႏိုင္ငံေရးအကဲခတ္ေတြ ဘက္ကေတာ့ ဖြဲ႔စည္းပံုျပင္ဆင္ေရးမွာ တဘက္နဲ႔တဘက္ တင္းမာေနရင္ လိုရာခရီးမ ေရာက္ႏိုင္တာကို သတိျပဳဖို႔ ေထာက္ျပေနၾကပါတယ္။

ဒီလိုအေျခအေနမ်ိဳးကို ေက်ာ္လႊားႏိုင္ဖို႔ဆိုရင္ တဘက္နဲ႔တဘက္ တိုင္းျပည္အက်ိဳးအတြက္ အေသအခ်ာေရွးရႈဖို႔ တိုက္တြန္းလာသူက ႏိုင္ငံေရး ေလ့လာသံုးသပ္သူ ေဒါက္တာရန္မ်ိဳးသိန္းပါ။

"အမ်ိဳးသားဒီမိုကေရစီ လႊတ္ေတာ္ကိုယ္စားလွယ္ေတြြနဲ႔ တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္စားလွယ္ေတြ အျမင္သေဘာထာ ကြဲလြဲမႈေတြ ပြတ္တိုက္မႈေတြ ျဖစ္ေနတဲ့ေနရာမွာလဲပဲ တကယ္တမ္းအရႏိုင္ငံေရးအရ ညိႈႏိႈင္း ေဆြးေႏြးၿပီးေတာ့ ႏိုင္ငံေတာ္နဲ႔ႏိုင္ငံသားေတြရဲ႕ အက်ိဳးစီးပြားအတြက္ ခ်ဥ္းကပ္အေျဖရွာဖို႔ လိုအပ္တယ္လို႔ျမင္တယ္။ တပ္မေတာ္သားေတြအေနနဲ႔လည္း သူတို႔ေန႔စဥ္ရြတ္ဆိုရသလို ငါ့ႏိုင္ငံေတာ္ ငါ့ႏိုင္ငံသား အတြက္ေရွ႕တန္းတင္ၿပီးေတာ့ က်ေနာ္တို႔ႏို င္ငံဒီမိုကေရစီ အေျပာင္းအလဲအတြက္ အေကာင္းဆံုးျဖစ္မယ့္ ဖြဲ႔စည္းပံုပေျခခံဥပေဒ ဆိုင္ရာျပင္ဆင္မႈေတြကို ေဖာ္ေဆာင္ႏိုင္ဖို႔အတြက္ အေမွ်ာ္အျမင္ရွိရွိနဲ႔ ညိွႏိႈင္းေဆြးေႏြး အေျဖရွာ သြားၾကဖို႔ လိုအပ္တယ္လို႔ေျပာခ်င္ပါတယ္။"

ႏိုင္ငံေရး၊ စီးပြားေရး ေလ့လာသုံးသပ္သူ ဦးမင္းခင္ ကေတာ့ ၂ ဘက္ ဘံုသေဘာတူညီခ်က္ရေအာင္ ညိွႏိႈင္း လုပ္ေဆာင္ဖို႔လိုေနၿပီလို႔ ေထာက္ျပသြားပါတယ္။

"ေသေသခ်ာခ်ာ ထိတ္ပိုင္းကေန ညိွႏိႈင္းခ်င္တယ္။ တကယ့္ဘံုအက်ိဳးစီးပြား ဘယ္သြားမလဲဆိုတာကို ေရြးၿပီးေတာ့ အဲအေပၚမွာ တကယ္ ရပ္တည္ႏိုင္တယ္ဆိုရင္ေတာ့ အေျဖရႏိုင္တယ္။ အဲဒါမျဖစ္ႏိုင္ဘဲနဲ႔ အက်ိဳးစီးပြားမတူတဲ့ ရႈေထာက္ကေနသြားေနလို႔ကေတာ့ ေျပလည္ေအာင္ ရွင္းဖို႔မလြယ္ဘူး။ အဲဒီက ေနာက္တဆင့္က်ေတာ့မွ လူငယ္ေတြရဲ႕ အျမင္ေတြ ခံယူေနတဲ့ အေတြးေတြ သေဘာထားေတြ အဲဒီလိုသြားရမယ္။"

အတုိက္အခံ ျပည္ေထာင္စု ႀကံ့ခုိင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီကေတာ့ ဖြဲ႔စည္းပံုျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ စတင္ဖြဲ႔႔စည္းခ်ိန္မွာပဲ ဖြဲ႔စည္းပုံနဲ႔ မကုိက္ညီေၾကာင္း ကန္႔ကြက္ခဲ့တာပါ။ တပ္မေတာ္သား ကုိယ္စားလွယ္ေတြကလည္း ပူးေပါင္းေကာ္မတီရဲ႕ ေဆြးေႏြးမႈေတြမွာ ပါ၀င္ဖုိ႔ ျငင္းဆန္ထားသလုိ ရခုိင္တုိင္းရင္းသား ကုိယ္စားလွယ္ တခ်ဳိ႕ကလည္း ႏုတ္ထြက္ ထားၾကပါတယ္။

[Unicode Version]

သမ္မတ Trump ကို အရေးယူရေးလုပ်ငန်းစတင်ပြီလို့ အောက်လွှတ်တော်ဥက္ကဋ္ဌကြေညာ

တချိန်တုန်းက ဒီမိုကရေစီအစိုးရအနေနဲ့ တပါတီအာဏာရှင်ဆန်ဆန် တဘက်သတ် လုပ်ဆောင်မှုတွေကြောင့် တပ်မတော်က အာဏာသိမ်းယူခဲ့ရတဲ့အဖြစ်မျိုး အနာဂတ်မှာ မဖြစ်ဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သတ်လို့ သမိုင်းသင်ခန်းစာ ယူသင့်တယ်လို့ တပ်မတော် ကိုယ်စားလှယ်ကဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောဆိုလိုက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ဥပဒေအတိုင်း မလုပ်ဘူးဆိုရင် အန္တရာယ်ကြီးတယ်လို့လည်း တပ်မတော် ကိုယ်စားလှယ်ဘက်က သတိပေးပါတယ်။ နိုင်ငံရေး အကဲခတ်တွေဘက်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တဘက်နဲ့တဘက် တင်းမာနေရင် လိုရာခရီး မရောက်နိုင်တာကို သတိပြုဖို့ ထောက်ပြနေကြပါတယ်။ ဒီသတင်းတွေကို ဗွီအိုအေ သတင်းထောက်မေခက စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၅ က စိုင်းသန်းနိုင် အပါအဝင်တခြား ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေ တင်ပြထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ မူကြမ်းလနဲ့ ပတ်သတ်ပြီး ဆွေးနွေးတာမှာ အခုလို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က တင်ပြခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သမိုင်းဖြစ်ရပ်များကို ထောက်ရှုပြီး လက်ရှိဆောင်ရွက်နေမှု မှန်သမျှကို ပြည်သူ လူထုအနေဖြင့် ဒီမိုကရေစီ အနိုင်ကျင့်ပြီး များရာမဲဖြင့်သာ ဆုံးဖြတ်နေသည်ဟု မမှတ်ယူ စလိုပဲ တစ်ပါတီ အာဏာရှင်စနစ် ပုံစံမျိုး ဖြစ်နေသည်ဟုလည်း မမြင်စေချင်ကြောင်း၊ တိုင်းတပါး၏ လွှမ်းမိုးဖိနှိပ်စွက်ဖက် ချယ်လှယ်မှု အောက်မှာ မလူးသာ မလွန့်သာ အကောင်အထည်ဖော် လျှောက်လှမ်းနေရသည့် ဒီမိုကရေစီ နိုင်ငံကြီးဟု လည်း လက်ရှိကာလမှ မမြင်စေချင်သည့် အတွက် စိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ကန့်ကွက်ပါကြောင်းနှင့် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက်သင့်ပါကြောင်း ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်က ခုလိုဆွေးနွေးခဲ့တာပါ။

ဒီလိုဆွေးနွေးခဲ့တာနဲ့ပတ်သတ်လို့ လွှတ်တော်မှာ အာဏာရပါတီ NLD ဘက်က ဆွေးနွေးချက်ကိစ္စနဲ့ မသက်ဆိုင်တာကြောင့်ဆိုပြီး ကန့်ကွက်ခဲ့တာ ရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ လက်ရှိ လွှတ်တော် သက်တမ်းအတွင်း အပြီးသတ်မယ့်အကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောဆိုထားတာရှိပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အဓိက အဟန့်အတား ဖြစ်နေတယ်လို့ ဝေဖန်ခံနေရတဲ့ တပ်မတော် ဘက်ကတော့ လိုအပ်ရင် ပြင်ဆင်တာတွေကို ထောက်ခံမှာဖြစ်ကြောင်း ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း တပ်မတော်သား ကိုယ်စားလှယ်တွေ အနေနဲ့ လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြင်ဆင်လိုတဲ့ အချက်တွေကို ထောက်ခံပါ့မလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

နိုင်ငံရေးအကဲခတ်တွေ ဘက်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တဘက်နဲ့တဘက် တင်းမာနေရင် လိုရာခရီးမ ရောက်နိုင်တာကို သတိပြုဖို့ ထောက်ပြနေကြပါတယ်။

ဒီလိုအခြေအနေမျိုးကို ကျော်လွှားနိုင်ဖို့ဆိုရင် တဘက်နဲ့တဘက် တိုင်းပြည်အကျိုးအတွက် အသေအချာရှေးရှုဖို့ တိုက်တွန်းလာသူက နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းပါ။

"အမျိုးသားဒီမိုကရေစီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ အမြင်သဘောထာ ကွဲလွဲမှုတွေ ပွတ်တိုက်မှုတွေ ဖြစ်နေတဲ့နေရာမှာလဲပဲ တကယ်တမ်းအရနိုင်ငံရေးအရ ညှိုနှိုင်း ဆွေးနွေးပြီးတော့ နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် ချဉ်းကပ်အဖြေရှာဖို့ လိုအပ်တယ်လို့မြင်တယ်။ တပ်မတော်သားတွေအနေနဲ့လည်း သူတို့နေ့စဉ်ရွတ်ဆိုရသလို ငါ့နိုင်ငံတော် ငါ့နိုင်ငံသား အတွက်ရှေ့တန်းတင်ပြီးတော့ ကျနော်တို့နို င်ငံဒီမိုကရေစီ အပြောင်းအလဲအတွက် အကောင်းဆုံးဖြစ်မယ့် ဖွဲ့စည်းပုံပခြေခံဥပဒေ ဆိုင်ရာပြင်ဆင်မှုတွေကို ဖော်ဆောင်နိုင်ဖို့အတွက် အမျှော်အမြင်ရှိရှိနဲ့ ညှိနှိုင်းဆွေးနွေး အဖြေရှာ သွားကြဖို့ လိုအပ်တယ်လို့ပြောချင်ပါတယ်။"

နိုင်ငံရေး၊ စီးပွားရေး လေ့လာသုံးသပ်သူ ဦးမင်းခင် ကတော့ ၂ ဘက် ဘုံသဘောတူညီချက်ရအောင် ညှိနှိုင်း လုပ်ဆောင်ဖို့လိုနေပြီလို့ ထောက်ပြသွားပါတယ်။

"သေသေချာချာ ထိတ်ပိုင်းကနေ ညှိနှိုင်းချင်တယ်။ တကယ့်ဘုံအကျိုးစီးပွား ဘယ်သွားမလဲဆိုတာကို ရွေးပြီးတော့ အဲအပေါ်မှာ တကယ်ရပ်တည်နိုင်တယ်ဆိုရင်တော့ အဖြေရနိုင်တယ်။ အဲဒါမဖြစ်နိုင်ဘဲနဲ့ အကျိုးစီးပွားမတူတဲ့ ရှုထောက်ကနေသွားနေလို့ကတော့ ပြေလည်အောင် ရှင်းဖို့မလွယ်ဘူး။ အဲဒီက နောက်တဆင့်ကျတော့မှ လူငယ်တွေရဲ့ အမြင်တွေ ခံယူနေတဲ့ အတွေးတွေ သဘောထားတွေ အဲဒီလိုသွားရမယ်။"

အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ စတင်ဖွဲ့စည်းချိန်မှာပဲ ဖွဲ့စည်းပုံနဲ့ မကိုက်ညီကြောင်း ကန့်ကွက်ခဲ့တာပါ။ တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း ပူးပေါင်းကော်မတီရဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်ဖို့ ငြင်းဆန်ထားသလို ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် တချို့ကလည်း နုတ်ထွက် ထားကြပါတယ်။

ေမခ/ VOA Burmese
https://burmese.voanews.com
ဥပေဒနဲ႔ မညီတဲ့ ဖြဲ႕စည္းပုံျပင္ေရးလုပ္ရင္ တိုင္းျပည္အႏၲရာယ္က်ႏိုင္ဟု စစ္တပ္သတိေပး ဥပေဒနဲ႔ မညီတဲ့ ဖြဲ႕စည္းပုံျပင္ေရးလုပ္ရင္ တိုင္းျပည္အႏၲရာယ္က်ႏိုင္ဟု စစ္တပ္သတိေပး Reviewed by THITHTOOLWIN on 05:41 Rating: 5
Powered by Blogger.