မိုင္းဖုန္းဘုန္းႀကီးေက်ာင္းတြင္ ဆြမ္းကပ္ၿပီး အျပန္ ကားေမာင္းလာသည့္ အမ်ိဳးသမီး ေသနတ္ပစ္ခံရ

(Zawgyi)⤵⤵⤵
ဒီဇင္ဘာ ၅၊၂၀၁၉

သွ်မ္းျပည္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဖုန္းေက်း႐ြာအုပ္စု ရွိ ဘုန္းႀကီးေက်ာင္းသို႔ ဆြမ္းကပ္ၿပီး အျပန္ အမ်ိဳးသမီး တဦး ေမာင္းလာသည့္ ကားတစီး ေသနတ္ပစ္ခံရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဒီဇင္ဘာလ ၄ ရက္ မနက္(၁၀)နာရီ တြင္ အသက္ ၄၀ေက်ာ္ နန္းဝမ္းလီ သည္ မိုင္းဖုန္းေက်း႐ြာ (က) တြင္ အလႉအတန္းသြားလုပ္ၿပီး အျပန္တြင္ ဝမ္ပုံ ရဲစခန္း မွ ရဲသား မ်ားက ကားကို ေသနတ္ပစ္ခဲ့ေၾကာင္း ေဒသခံမ်ားေျပာၾကားခ်က္ အရ သိရသည္။

“ ဘုန္းႀကီးေက်ာင္းဆြမ္း သြားကပ္ၿပီး အျပန္မွာ ရဲ၁၀ေယာက္ေစာင့္တယ္။ က်မ ကား ေရွ႕မွာ ကာ ၃စီးရွိတယ္။ ရဲတေယာက္က လက္ျပေတာ့ က်မ အထင္ ေရွ႕ ကားက ျပသာနာရွိေနလို႔ လက္ျပ ျပန္ဆုတ္ခိုင္းတယ္။ က်မလည္း ကားကို ျဖည္းျဖည္းပဲ လွည့္ၿပီးဆုတ္ေနခ်ိန္ ရဲေတြက က်မကို လိုက္ၿပီး ပစ္ေတာ့တာပဲ။ က်မလည္း ေၾကာက္ေၾကာက္နဲ႔ သြားလႉခဲ့တဲ့ ဘုန္းႀကီးေက်ာင္းကို ျပန္ေမာင္းသြားတယ္” ဟု ေသနတ္ပစ္ခံရသည့္ နန္းဝမ္းလီ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

ဆက္လက္ၿပီး ရဲမ်ား ေသနတ္ပစ္ခတ္မႈ ကို ေၾကာက္လန႔္ကာ ဘုန္းႀကီးေက်ာင္းသို႔ ျပန္လည္ ေမာင္းလာေၾကာင္း၊ ရဲမ်ားသည္ လက္နက္မ်ားျဖင့္ ဘုန္းႀကီးေက်ာင္းအထိ လိုက္လာေၾကာင္း နန္းဝမ္းလီ ကေျပာသည္။

“ ရဲကေတာ့ မူးယစ္ေဆး သယ္တဲ့ကားထင္လို႔ပစ္တယ္ဆိုၿပီး ေျပာသြားတာပဲ။ ဒါေပမယ့္ ႐ြာကလူေတြ၊ တရားထိုင္တဲ့သူေတြ က ထိတ္လန႔္တယ္။ က်မလည္း လန႔္သြားတယ္။ မေသတာပဲ ကံေကာင္းတယ္” ဟု နန္းဝမ္းလီ က ဆိုသည္။

တာခ်ီလိတ္ခ႐ိုင္ ရဲတပ္ဖြဲ႕ မ်ား မင္းမဲ့ ဆန္စြာ ရမ္း ပစ္ခတ္ေနသည့္ ကိစၥ ႏွင့္ ပတ္သက္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဖုန္းေက်း႐ြာ အုပ္စု ေနထိုင္သူမ်ားက ရႈတ္ခ်ေၾကာင္း ေျပာဆိုလိုက္သည္။

“ မိုင္းဖုန္းေက်း႐ြာ ပတ္ဝန္းက်င္ မွာေနထိုင္တဲ့ က်ေနာ္တို႔ ရွမ္းေတြပဲ။ေနာက္ ခြင့္ျပဳမိန႔္မရွိဘဲ ဒီလို ပစ္ေနတဲ့အေပၚ က်ေနာ္တို႔ အထက္ကို တင္ျပမယ္။ မနက္ ၁၀နာရီ ခ်ိန္ မွာ ဒီလိုပစ္တာကိုေတာ့ လက္မခံႏိုင္ဘူး။ က်ေနာ္တို႔ ၿငိမ္ခံမယ္ဆိုရင္ သူတို႔ ဆက္ၿပီးေတာ့ အႏိုင့္က်င့္မယ္” ဟု ေဒသခံ စိုင္းသန္း က ေျပာသည္။

ကားကို ေသနတ္ပစ္ခတ္ခဲ့သည့္ ဝမ္ပုံ ရဲစခန္းမွ ကားကို ျပန္လည္ျပင္ပါက ေလ်ာ္ေၾကးေပးမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ ကားကို ျပန္ေရာင္းၿပီး အသစ္ဝယ္မည္ဆိုပါကလည္း ျပန္လည္ ဝယ္ေပးမည္ဟု ကားပိုင္ရွင္ကို ေျပာဆိုခဲ့သည္။

“ က်မကေတာ့ ကားေလ်ာ္ေၾကးထက္ ဒီလို ပစ္ခတ္တာကို လက္မခံဘူး။ က်မတို႔ကို သူတို႔ ထပ္လုပ္မွာ ေၾကာက္တယ္” ဟု နန္းဝမ္းလီ က ေျပာသည္။

ေဒသခံကားအား ရဲတပ္ဖြဲ႕ ပစ္ခတ္သည့္ ကိစၥႏွင့္ ပတ္သက္ၿပီး ရဲတပ္ဖြဲ႕ မ်ားကို ျမန္မာႏိုင္ငံေတာ္ သမၼတ ထံ စာေရး တင္ျပသြားမည္ ဟုလည္း ေဒသခံမ်ားက ေျပာဆိုသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-------------------
(Unicode)⤵⤵⤵
မိုင်းဖုန်းဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်ပြီး အပြန် ကားမောင်းလာသည့် အမျိုးသမီး သေနတ်ပစ်ခံရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဒီဇင်ဘာ ၅၊၂၀၁၉

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စု ရှိ ဘုန်းကြီးကျောင်းသို့ ဆွမ်းကပ်ပြီး အပြန် အမျိုးသမီး တဦး မောင်းလာသည့် ကားတစီး သေနတ်ပစ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၄ ရက် မနက်(၁၀)နာရီ တွင် အသက် ၄၀ကျော် နန်းဝမ်းလီ သည် မိုင်းဖုန်းကျေးရွာ (က) တွင် အလှူအတန်းသွားလုပ်ပြီး အပြန်တွင် ဝမ်ပုံ ရဲစခန်း မှ ရဲသား များက ကားကို သေနတ်ပစ်ခဲ့ကြောင်း ဒေသခံများပြောကြားချက် အရ သိရသည်။

“ ဘုန်းကြီးကျောင်းဆွမ်း သွားကပ်ပြီး အပြန်မှာ ရဲ၁၀ယောက်စောင့်တယ်။ ကျမ ကား ရှေ့မှာ ကာ ၃စီးရှိတယ်။ ရဲတယောက်က လက်ပြတော့ ကျမ အထင် ရှေ့ ကားက ပြသာနာရှိနေလို့ လက်ပြ ပြန်ဆုတ်ခိုင်းတယ်။ ကျမလည်း ကားကို ဖြည်းဖြည်းပဲ လှည့်ပြီးဆုတ်နေချိန် ရဲတွေက ကျမကို လိုက်ပြီး ပစ်တော့တာပဲ။ ကျမလည်း ကြောက်ကြောက်နဲ့ သွားလှူခဲ့တဲ့ ဘုန်းကြီးကျောင်းကို ပြန်မောင်းသွားတယ်” ဟု သေနတ်ပစ်ခံရသည့် နန်းဝမ်းလီ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ဆက်လက်ပြီး ရဲများ သေနတ်ပစ်ခတ်မှု ကို ကြောက်လန့်ကာ ဘုန်းကြီးကျောင်းသို့ ပြန်လည် မောင်းလာကြောင်း၊ ရဲများသည် လက်နက်များဖြင့် ဘုန်းကြီးကျောင်းအထိ လိုက်လာကြောင်း နန်းဝမ်းလီ ကပြောသည်။

“ ရဲကတော့ မူးယစ်ဆေး သယ်တဲ့ကားထင်လို့ပစ်တယ်ဆိုပြီး ပြောသွားတာပဲ။ ဒါပေမယ့် ရွာကလူတွေ၊ တရားထိုင်တဲ့သူတွေ က ထိတ်လန့်တယ်။ ကျမလည်း လန့်သွားတယ်။ မသေတာပဲ ကံကောင်းတယ်” ဟု နန်းဝမ်းလီ က ဆိုသည်။

တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ များ မင်းမဲ့ ဆန်စွာ ရမ်း ပစ်ခတ်နေသည့် ကိစ္စ နှင့် ပတ်သက်ပြီး တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာ အုပ်စု နေထိုင်သူများက ရှုတ်ချကြောင်း ပြောဆိုလိုက်သည်။

“ မိုင်းဖုန်းကျေးရွာ ပတ်ဝန်းကျင် မှာနေထိုင်တဲ့ ကျနော်တို့ ရှမ်းတွေပဲ။နောက် ခွင့်ပြုမိန့်မရှိဘဲ ဒီလို ပစ်နေတဲ့အပေါ် ကျနော်တို့ အထက်ကို တင်ပြမယ်။ မနက် ၁၀နာရီ ချိန် မှာ ဒီလိုပစ်တာကိုတော့ လက်မခံနိုင်ဘူး။ ကျနော်တို့ ငြိမ်ခံမယ်ဆိုရင် သူတို့ ဆက်ပြီးတော့ အနိုင့်ကျင့်မယ်” ဟု ဒေသခံ စိုင်းသန်း က ပြောသည်။

ကားကို သေနတ်ပစ်ခတ်ခဲ့သည့် ဝမ်ပုံ ရဲစခန်းမှ ကားကို ပြန်လည်ပြင်ပါက လျော်ကြေးပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ကားကို ပြန်ရောင်းပြီး အသစ်ဝယ်မည်ဆိုပါကလည်း ပြန်လည် ဝယ်ပေးမည်ဟု ကားပိုင်ရှင်ကို ပြောဆိုခဲ့သည်။

“ ကျမကတော့ ကားလျော်ကြေးထက် ဒီလို ပစ်ခတ်တာကို လက်မခံဘူး။ ကျမတို့ကို သူတို့ ထပ်လုပ်မှာ ကြောက်တယ်” ဟု နန်းဝမ်းလီ က ပြောသည်။

ဒေသခံကားအား ရဲတပ်ဖွဲ့ ပစ်ခတ်သည့် ကိစ္စနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ များကို မြန်မာနိုင်ငံတော် သမ္မတ ထံ စာရေး တင်ပြသွားမည် ဟုလည်း ဒေသခံများက ပြောဆိုသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
မိုင္းဖုန္းဘုန္းႀကီးေက်ာင္းတြင္ ဆြမ္းကပ္ၿပီး အျပန္ ကားေမာင္းလာသည့္ အမ်ိဳးသမီး ေသနတ္ပစ္ခံရ မိုင္းဖုန္းဘုန္းႀကီးေက်ာင္းတြင္ ဆြမ္းကပ္ၿပီး အျပန္ ကားေမာင္းလာသည့္ အမ်ိဳးသမီး ေသနတ္ပစ္ခံရ Reviewed by THITHTOOLWIN on 06:26 Rating: 5
Powered by Blogger.