ပညာေရးဝန္ထမ္း ႏွစ္ဦး ရေသ့ေတာင္မွာ အဖမ္းခံရ

ရေသ့ေတာင္ၿမိဳ႕နယ္ အငူေမာ္ကုန္တန္း႐ြာက လုံၿခဳံေရးဂိတ္ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ အငူေမာ္ကုန္တန္းေက်း႐ြာမွာ တာဝန္က်ေနတဲ့ အလယ္တန္းျပဆရာ တစ္ဦးနဲ႔ ေက်ာင္းစာေရး တစ္ဦးတို႔ကို AA အဖြဲ႕နဲ႔ ပတ္သက္တယ္ဆိုတဲ့ သံသယနဲ႔ ေဒသလုံၿခဳံေရးတပ္ဖြဲ႕က ဒီဇင္ဘာ ၃ ရက္ေန႔က ဖမ္းဆီးထိန္းသိမ္း လိုက္တယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

ဖမ္းဆီးခံရသူေတြဟာ အသက္ ၃၄ ႏွစ္အ႐ြယ္ အလယ္တန္းျပဆရာ ဦးေက်ာ္ဆန္းႏိုင္နဲ႔ အသက္ ၂၈ ႏွစ္ အ႐ြယ္ အလယ္တန္းေက်ာင္းစာေရး ဦးေနေဇာ္ထြန္း တို႔ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၃ ရက္ေန႔က သူတို႔တာဝန္က်ေနတဲ့ အငူေမာ္ကုန္တန္းေက်း႐ြာ အလယ္တန္းေက်ာင္းမွာ ကေလးေတြကို စာသင္ျပေနစဥ္ တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ႐ြာထဲကိုေရာက္ရွိလာၿပီး ေက်ာင္းထဲမွာရွိေနတဲ့ ဆရာ၊ ဆရာမေတြအားလုံးကို ႐ြာသားေတြနဲ႔အတူ ဘုန္းေတာ္ႀကီးေက်ာင္းမွာ စုခိုင္းၿပီးေနာက္ ညေနပိုင္းမွာ သူတို႔ႏွစ္ဦးကို ဖမ္းဆီးေခၚေဆာင္သြားတာလို႔ မိသားစုဝင္ေတြ RFA ကိုေျပာပါတယ္။

သူတို႔ႏွစ္ဦးကို မေန႔ညေနက ေမာင္ေတာၿမိဳ႕နယ္ အင္းဒင္နယ္ျခားေစာင့္ ရဲစခန္းဘက္ကို ေခၚေဆာင္သြားတယ္လို႔ ဖမ္းဆီးခံရသူ ဦးေနေဇာ္ထြန္းရဲ႕ေဆြမ်ိဳးတစ္ဦးျဖစ္သူ ဦးသန္းဝင္း က ေျပာပါတယ္။
“အငူေမာ္ကုန္တန္းမွာ တာဝန္က်ေနတဲ့ ကြၽန္ေတာ့္ေယာက္ဖ စာေရးဦးေနေဇာ္ထြန္းကို ျမန္မာ့တပ္မေတာ္က ဖမ္းဆီးတယ္လို႔ ကြၽန္ေတာ္တို႔သိရပါတယ္။ ၿပီးရင္ ဦးေနေဇာ္ထြန္းနဲ႔အတူ ေက်ာင္းဆရာ ဦးေက်ာ္ဆန္းႏိုင္ ကိုလည္း ဖမ္းဆီးတယ္လို႔ ကြၽန္ေတာ္တို႔ သိရပါတယ္ခင္ဗ်။ အခုဆိုရင္ အင္းဒင္ဘက္ကိုေခၚသြားတယ္လို႔လည္း ကြၽန္ေတာ္တို႔ၾကားသိထားပါတယ္။ ျပည္သူေတြပဲျဖစ္ျဖစ္၊ ပညာေရးဝန္ထမ္းေတြကိုပဲျဖစ္ျဖစ္ အျပစ္မရွိသူေတြကို ဒီလိုမ်ိဳးမလုပ္ေစခ်င္ဘူးေပါ့ေနာ္။ အခုဆိုရင္ ပညာေရးဝန္ထမ္းေတြကိုဖမ္းတာ၊ တရားစြဲတာေတြလုပ္ေနေတာ့ ကြၽန္ေတာ္တို႔က ပိုၿပီးေတာ့ စိုးရိမ္ရမယ့္အေျခအေနျဖစ္ေနပါတယ္ခင္ဗ်”

လုံၿခဳံေရးအရအမည္မေဖာ္လိုတဲ့ အငူေမာ္ကုန္တန္းေက်း႐ြာက လူႀကီးတစ္ဦးက အဲဒီေန႔က တပ္မေတာ္ စစ္ေၾကာင္းတစ္ခုဟာ ႐ြာထဲကို ေသနတ္ပစ္ေဖာက္ ဝင္ေရာက္လာၿပီးေနာက္ အခုလိုဖမ္းဆီးခံလိုက္ရတာပဲလို႔ ေျပာပါတယ္။

“ကုန္တန္း႐ြာကို ဟိုဘက္ဒီဘက္ဝိုင္းတယ္ေပါ့ေနာ္။ သူတို႔က ေသနတ္အခ်က္ ၁၀ ေလာက္ပစ္ေဖာက္ၿပီးေတာ့ အိမ္ေထာင္စုေတြဘာေတြစစ္တယ္။ သူတို႔မွာစာရင္းေတြပါလာၿပီး မသကၤာတဲ့အိမ္ေတြကို ဝင္ၿပီးေတာ့ရွာတယ္။ ညေန ၄ နာရီ ၅ နာရီေလာက္မွာေတာ့ ေက်ာင္းဆရာေတြကိုဖမ္းတယ္။ ေအေအအဖြဲ႕နဲ႔ ပတ္သက္တယ္ဆိုၿပီး ျဖစ္မယ္ထင္တယ္။ ဖုန္းေတြကိုသိမ္းတဲ့အခါမွာ ေက်ာင္းဆရာေတြရဲ႕ဖုန္းကိုရသြားၾကတာ။ ကြၽန္ေတာ္ကေတာ့ ဒီေလာက္ပဲသိတယ္”

တပ္မေတာ္စစ္ေၾကာင္းက ေမးျမန္းစရာရွိတယ္လို႔ဆိုၿပီး ေခၚေဆာင္သြားၿပီးေနာက္ ကိုးတန္ေကာက္ နယ္ျခားေစာင့္ရဲကို လႊဲအပ္လိုက္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ပညာေရးမႉး ဦးေက်ာ္ျမကေတာ့ ပညာေရးဝန္ထမ္းႏွစ္ဦးကို ထိန္းသိမ္းထားတာနဲ႔ ပတ္သက္လို႔ ဒီေန႔အထိ တရားဝင္ အသိေပး အေၾကာင္းၾကားလာတာ မရွိေသးဘူးလို႔ေျပာပါတယ္။ ဒါဟာ ဌာနတစ္ခုနဲ႔ တစ္ခုကို မေလးစားရာ ေရာက္ေနတယ္လို႔လည္း ၿမိဳ႕နယ္ပညာေရးမႉး ဦးေက်ာ္ျမက ဒီေန႔ေဝဖန္ေျပာဆိုလိုက္ပါတယ္။


“ကြၽန္ေတာ္တို႔ဝန္ထမ္းေတြကို အဲဒီလိုထိန္းသိမ္းမယ္ဆိုရင္လည္း၊ ေခၚယူေမးျမန္းမယ္ဆိုရင္လည္း အထက္ လူႀကီးေတြကို သတင္းပို႔ဖို႔ေတာ့သင့္တယ္။ သူတို႔လည္း လုံၿခဳံေရးဝန္ထမ္း၊ ကြၽန္ေတာ္တို႔လည္း ပညာေရးဝန္ထမ္း ေတြေလ။ ႏိုင္ငံေတာ္ဝန္ထမ္းခ်င္း အတူတူပဲေလ။ တစ္ေယာက္ကိုတစ္ေယာက္ ဌာနတစ္ခုကတစ္ခုကို ေလးစား သင့္တာေပါ့။ ပညာေရးလည္း မရွိမျဖစ္ဘူး၊ ကာကြယ္ေရးလည္းမရွိလို႔ မျဖစ္ဘူးေလ။ ဒါေပမဲ့ ဌာနတစ္ခုကတစ္ခု ကိုေတာ့ ေလးစားမႈေတာ့ရွိရမယ္ေလ။ အဲဒီလိုဝန္ထမ္းေတြကို ေခၚထားမယ္ဆိုရင္ ကြၽန္ေတာ္တို႔မွာလည္း အဲဒီ ပုဂၢိဳလ္ဟာ ဌာနမွာမရွိဘူးဆိုတာကို အထက္ကို သတင္းပို႔ရမယ္ေလ။ အေရးယူတာ မယူတာက ေနာက္အပိုင္း၊ အခုထိန္းသိမ္းတယ္ေခၚတယ္ဆိုတာက ပထမအပိုင္းေပါ့ေလ။ ကြၽန္ေတာ္တို႔ဝန္ထမ္းေတြအတြက္ အသိေပးသင့္ တာေပါ့”

ပညာေရးဌာနက နယ္ျခားေစာင့္ ရဲစခန္းတာဝန္ရွိသူေတြကို တယ္လီဖုန္းနဲ႔ ဆက္သြယ္ရာမွာ အလုပ္မအားဘူး ဆိုၿပီး လက္ခံေျဖၾကားတာ မရွိဘူးလို႔ ၿမိဳ႕နယ္ပညာေရးမႉး ဦးေက်ာ္ျမကေျပာပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦး က ဒီသတင္းကို သူ႔အေနနဲ႔ မသိရေသးေပမယ့္ တပ္မေတာ္က ပညာေရးဝန္ထမ္းႏွစ္ဦးကို ေခၚေဆာင္တယ္ဆိုတာ မျဖစ္ႏိုင္ဘူးလို႔ တုံ႔ျပန္ပါတယ္။

“အဲဒါကေတာ့ ကြၽန္ေတာ္လည္း မသိေသးဘူးခင္ဗ်။ အဲဒီလိုမ်ိဳးလည္း ေခၚမွာေတာ့မဟုတ္ဘူးခင္ဗ်။ ကြၽန္ေတာ္လည္း ခရီးသြားေနလို႔ခင္ဗ်။ ပညာေရးဝန္ထမ္းကို ကြၽန္ေတာ္တို႔က ဘာလို႔ေခၚမွာလဲဗ်ာ အေၾကာင္းမဟုတ္ဘဲနဲ႔။ အဲဒီသတင္းကလည္း မဟုတ္ဘူးနဲ႔တူတယ္ခင္ဗ်။ ကြၽန္ေတာ္ကေတာ့ အဆက္အသြယ္မရေသးဘူး။ ဒါေပမဲ့ အဆက္အသြယ္မရေသးလည္း အဲဒါကေတာ့ မျဖစ္ႏိုင္ဘူးခင္ဗ်”

RFA က ကိုးတန္ေကာက္ နယ္ျခားေစာင့္ရဲစခန္းနဲ႔ အင္းဒင္နယ္ျခားေစာင့္ရဲစခန္းတာဝန္ရွိသူေတြကို ဆက္သြယ္ ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမဲ့ ဆက္သြယ္လို႔မရခဲ့ပါဘူး။

ရခိုင္ျပည္နယ္မွာ လက္ရွိစစ္ေရးကာလအတြင္း ရေသ့ေတာင္နဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္ေတြက ေက်း႐ြာေတြမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ေက်ာင္းဆရာ၊ ဆရာမေတြကို AA အဖြဲ႕နဲ႔ ဆက္ႏြယ္ၿပီးေတာ့ မၾကာခဏဆိုသလို ေခၚယူစစ္ေဆးခံေနရတာေတြ ရွိေနတယ္လို႔ ေဒသခံေက်ာင္းဆရာေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၃ ရက္ေန႔ကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္ ေက်ာက္ရံေက်း႐ြာမွာ တာဝန္ထမ္းေဆာင္ေနတဲ့ မူလတန္းျပဆရာ ဦးႏိုင္ေအာင္ထြန္းဟာ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒနဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္တရား႐ုံးမွာ စြဲခ်က္တင္ခံထားရပါတယ္။

RFA Burmese
https://www.rfa.org
-------------------
(Unicode)⤵⤵⤵
ပညာရေးဝန်ထမ်း နှစ်ဦး ရသေ့တောင်မှာ အဖမ်းခံရ

ရသေ့တောင်မြို့နယ် အငူမော်ကုန်တန်းရွာက လုံခြုံရေးဂိတ်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ကုန်တန်းကျေးရွာမှာ တာဝန်ကျနေတဲ့ အလယ်တန်းပြဆရာ တစ်ဦးနဲ့ ကျောင်းစာရေး တစ်ဦးတို့ကို AA အဖွဲ့နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ဒေသလုံခြုံရေးတပ်ဖွဲ့က ဒီဇင်ဘာ ၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်း လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၃၄ နှစ်အရွယ် အလယ်တန်းပြဆရာ ဦးကျော်ဆန်းနိုင်နဲ့ အသက် ၂၈ နှစ် အရွယ် အလယ်တန်းကျောင်းစာရေး ဦးနေဇော်ထွန်း တို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က သူတို့တာဝန်ကျနေတဲ့ အငူမော်ကုန်တန်းကျေးရွာ အလယ်တန်းကျောင်းမှာ ကလေးတွေကို စာသင်ပြနေစဉ် တပ်မတော်စစ်ကြောင်းတစ်ခုက ရွာထဲကိုရောက်ရှိလာပြီး ကျောင်းထဲမှာရှိနေတဲ့ ဆရာ၊ ဆရာမတွေအားလုံးကို ရွာသားတွေနဲ့အတူ ဘုန်းတော်ကြီးကျောင်းမှာ စုခိုင်းပြီးနောက် ညနေပိုင်းမှာ သူတို့နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မိသားစုဝင်တွေ RFA ကိုပြောပါတယ်။

သူတို့နှစ်ဦးကို မနေ့ညနေက မောင်တောမြို့နယ် အင်းဒင်နယ်ခြားစောင့် ရဲစခန်းဘက်ကို ခေါ်ဆောင်သွားတယ်လို့ ဖမ်းဆီးခံရသူ ဦးနေဇော်ထွန်းရဲ့ဆွေမျိုးတစ်ဦးဖြစ်သူ ဦးသန်းဝင်း က ပြောပါတယ်။
“အငူမော်ကုန်တန်းမှာ တာဝန်ကျနေတဲ့ ကျွန်တော့်ယောက်ဖ စာရေးဦးနေဇော်ထွန်းကို မြန်မာ့တပ်မတော်က ဖမ်းဆီးတယ်လို့ ကျွန်တော်တို့သိရပါတယ်။ ပြီးရင် ဦးနေဇော်ထွန်းနဲ့အတူ ကျောင်းဆရာ ဦးကျော်ဆန်းနိုင် ကိုလည်း ဖမ်းဆီးတယ်လို့ ကျွန်တော်တို့ သိရပါတယ်ခင်ဗျ။ အခုဆိုရင် အင်းဒင်ဘက်ကိုခေါ်သွားတယ်လို့လည်း ကျွန်တော်တို့ကြားသိထားပါတယ်။ ပြည်သူတွေပဲဖြစ်ဖြစ်၊ ပညာရေးဝန်ထမ်းတွေကိုပဲဖြစ်ဖြစ် အပြစ်မရှိသူတွေကို ဒီလိုမျိုးမလုပ်စေချင်ဘူးပေါ့နော်။ အခုဆိုရင် ပညာရေးဝန်ထမ်းတွေကိုဖမ်းတာ၊ တရားစွဲတာတွေလုပ်နေတော့ ကျွန်တော်တို့က ပိုပြီးတော့ စိုးရိမ်ရမယ့်အခြေအနေဖြစ်နေပါတယ်ခင်ဗျ”

လုံခြုံရေးအရအမည်မဖော်လိုတဲ့ အငူမော်ကုန်တန်းကျေးရွာက လူကြီးတစ်ဦးက အဲဒီနေ့က တပ်မတော် စစ်ကြောင်းတစ်ခုဟာ ရွာထဲကို သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီးနောက် အခုလိုဖမ်းဆီးခံလိုက်ရတာပဲလို့ ပြောပါတယ်။

“ကုန်တန်းရွာကို ဟိုဘက်ဒီဘက်ဝိုင်းတယ်ပေါ့နော်။ သူတို့က သေနတ်အချက် ၁၀ လောက်ပစ်ဖောက်ပြီးတော့ အိမ်ထောင်စုတွေဘာတွေစစ်တယ်။ သူတို့မှာစာရင်းတွေပါလာပြီး မသင်္ကာတဲ့အိမ်တွေကို ဝင်ပြီးတော့ရှာတယ်။ ညနေ ၄ နာရီ ၅ နာရီလောက်မှာတော့ ကျောင်းဆရာတွေကိုဖမ်းတယ်။ အေအေအဖွဲ့နဲ့ ပတ်သက်တယ်ဆိုပြီး ဖြစ်မယ်ထင်တယ်။ ဖုန်းတွေကိုသိမ်းတဲ့အခါမှာ ကျောင်းဆရာတွေရဲ့ဖုန်းကိုရသွားကြတာ။ ကျွန်တော်ကတော့ ဒီလောက်ပဲသိတယ်”

တပ်မတော်စစ်ကြောင်းက မေးမြန်းစရာရှိတယ်လို့ဆိုပြီး ခေါ်ဆောင်သွားပြီးနောက် ကိုးတန်ကောက် နယ်ခြားစောင့်ရဲကို လွှဲအပ်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရသေ့တောင်မြို့နယ် ပညာရေးမှူး ဦးကျော်မြကတော့ ပညာရေးဝန်ထမ်းနှစ်ဦးကို ထိန်းသိမ်းထားတာနဲ့ ပတ်သက်လို့ ဒီနေ့အထိ တရားဝင် အသိပေး အကြောင်းကြားလာတာ မရှိသေးဘူးလို့ပြောပါတယ်။ ဒါဟာ ဌာနတစ်ခုနဲ့ တစ်ခုကို မလေးစားရာ ရောက်နေတယ်လို့လည်း မြို့နယ်ပညာရေးမှူး ဦးကျော်မြက ဒီနေ့ဝေဖန်ပြောဆိုလိုက်ပါတယ်။


“ကျွန်တော်တို့ဝန်ထမ်းတွေကို အဲဒီလိုထိန်းသိမ်းမယ်ဆိုရင်လည်း၊ ခေါ်ယူမေးမြန်းမယ်ဆိုရင်လည်း အထက် လူကြီးတွေကို သတင်းပို့ဖို့တော့သင့်တယ်။ သူတို့လည်း လုံခြုံရေးဝန်ထမ်း၊ ကျွန်တော်တို့လည်း ပညာရေးဝန်ထမ်း တွေလေ။ နိုင်ငံတော်ဝန်ထမ်းချင်း အတူတူပဲလေ။ တစ်ယောက်ကိုတစ်ယောက် ဌာနတစ်ခုကတစ်ခုကို လေးစား သင့်တာပေါ့။ ပညာရေးလည်း မရှိမဖြစ်ဘူး၊ ကာကွယ်ရေးလည်းမရှိလို့ မဖြစ်ဘူးလေ။ ဒါပေမဲ့ ဌာနတစ်ခုကတစ်ခု ကိုတော့ လေးစားမှုတော့ရှိရမယ်လေ။ အဲဒီလိုဝန်ထမ်းတွေကို ခေါ်ထားမယ်ဆိုရင် ကျွန်တော်တို့မှာလည်း အဲဒီ ပုဂ္ဂိုလ်ဟာ ဌာနမှာမရှိဘူးဆိုတာကို အထက်ကို သတင်းပို့ရမယ်လေ။ အရေးယူတာ မယူတာက နောက်အပိုင်း၊ အခုထိန်းသိမ်းတယ်ခေါ်တယ်ဆိုတာက ပထမအပိုင်းပေါ့လေ။ ကျွန်တော်တို့ဝန်ထမ်းတွေအတွက် အသိပေးသင့် တာပေါ့”

ပညာရေးဌာနက နယ်ခြားစောင့် ရဲစခန်းတာဝန်ရှိသူတွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်ရာမှာ အလုပ်မအားဘူး ဆိုပြီး လက်ခံဖြေကြားတာ မရှိဘူးလို့ မြို့နယ်ပညာရေးမှူး ဦးကျော်မြကပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး က ဒီသတင်းကို သူ့အနေနဲ့ မသိရသေးပေမယ့် တပ်မတော်က ပညာရေးဝန်ထမ်းနှစ်ဦးကို ခေါ်ဆောင်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ တုံ့ပြန်ပါတယ်။

“အဲဒါကတော့ ကျွန်တော်လည်း မသိသေးဘူးခင်ဗျ။ အဲဒီလိုမျိုးလည်း ခေါ်မှာတော့မဟုတ်ဘူးခင်ဗျ။ ကျွန်တော်လည်း ခရီးသွားနေလို့ခင်ဗျ။ ပညာရေးဝန်ထမ်းကို ကျွန်တော်တို့က ဘာလို့ခေါ်မှာလဲဗျာ အကြောင်းမဟုတ်ဘဲနဲ့။ အဲဒီသတင်းကလည်း မဟုတ်ဘူးနဲ့တူတယ်ခင်ဗျ။ ကျွန်တော်ကတော့ အဆက်အသွယ်မရသေးဘူး။ ဒါပေမဲ့ အဆက်အသွယ်မရသေးလည်း အဲဒါကတော့ မဖြစ်နိုင်ဘူးခင်ဗျ”

RFA က ကိုးတန်ကောက် နယ်ခြားစောင့်ရဲစခန်းနဲ့ အင်းဒင်နယ်ခြားစောင့်ရဲစခန်းတာဝန်ရှိသူတွေကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်မှာ လက်ရှိစစ်ရေးကာလအတွင်း ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေက ကျေးရွာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို AA အဖွဲ့နဲ့ ဆက်နွယ်ပြီးတော့ မကြာခဏဆိုသလို ခေါ်ယူစစ်ဆေးခံနေရတာတွေ ရှိနေတယ်လို့ ဒေသခံကျောင်းဆရာတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် ကျောက်ရံကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ မူလတန်းပြဆရာ ဦးနိုင်အောင်ထွန်းဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဘူးသီးတောင်မြို့နယ်တရားရုံးမှာ စွဲချက်တင်ခံထားရပါတယ်။

RFA Burmese
https://www.rfa.org
ပညာေရးဝန္ထမ္း ႏွစ္ဦး ရေသ့ေတာင္မွာ အဖမ္းခံရ ပညာေရးဝန္ထမ္း ႏွစ္ဦး ရေသ့ေတာင္မွာ အဖမ္းခံရ Reviewed by THITHTOOLWIN on 08:56 Rating: 5
Powered by Blogger.