ေက်ာက္ေတာ္မွာ ပစ္ခတ္မႈျဖစ္၊ ၈ ႏွစ္အ႐ြယ္ ကေလးတစ္ဦး ေသဆုံး

ေက်ာက္ေတာ္ၿမိဳ႕အဝင္ တစ္ေနရာကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နားမွာ ဒီေန႔မနက္က ပစ္ခတ္မႈျဖစ္လို႔  ၈ ႏွစ္အ႐ြယ္  ေက်ာင္းသားတစ္ဦး ေသဆုံးသြားပါတယ္။

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕အဝင္နားမွာ ဒီေန႔မနက္ ၉ နာရီခန႔္က ေပါက္ကြဲမႈတစ္ခု ျဖစ္ပြားတဲ့ေနရာကို တပ္မေတာ္က ရွင္းလင္း ပစ္ခတ္ခဲ့ရာမွာ အသက္ ၈ ႏွစ္အ႐ြယ္ ကေလးတစ္ဦး ေသဆုံးသြားတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

တတိယတန္းေက်ာင္းသား ေမာင္ေက်ာ္မင္းျမတ္ဟာ ပိုက္သည္ရပ္စာသင္ေက်ာင္းကို  အသြား ပစ္ခတ္ခံရတာလို႔ သူ႔အဖြားျဖစ္သူ ေဒၚမေစာလွက RFA ကို ေျပာပါတယ္။

“ေက်ာင္းသြားတဲ့အခ်ိန္မွာ ပစ္ခတ္သံေတြၾကားလို႔ အိမ္ကိုျပန္လာတယ္။ အဲဒီအခ်ိန္မွာ သူ႔ကို ေတ့ၿပီးပစ္လိုက္ တာလို႔သိရပါတယ္။ သူက မနက္ ၉ နာရီ ေက်ာင္းတက္ဖို႔ သြားတာပါ။ ကြၽန္မကေတာ့ ဝမ္းနည္း႐ုံမွအပ ဘာမွ မတတ္ႏိုင္ပါဘူး”

ကေလးရဲ႕မိဘေတြဟာ မေလးရွားႏိုင္ငံကို သြားေရာက္ အလုပ္လုပ္ကိုင္ေနၾကလို႔ အဖြားျဖစ္သူနဲ႔ အတူေနတာလို႔ သိရပါတယ္။

ဒီေန႔မနက္ ျဖစ္ရပ္ေၾကာင့္ ကေလးရဲ႕အုပ္ထိန္းသူေတြကို အကူအညီေတြေပးေနတဲ့ ေက်ာက္ေတာ္ၿမိဳ႕ ျဖဴစင္ေမတၱာ ပရဟိတလူမႈကူ ညီေရးအသင္း ဥကၠ႒ ဦးညီပုကေတာ့ ပစ္ခတ္မႈနဲ႔ ပတ္သက္လို႔ ေျပာပါတယ္။

“ေက်ာင္းသြားတာက သူတစ္ေယာက္ တည္းေတာ့မဟုတ္ဘူး။ အျခားကေလးေတြက ေရွ႕ကေနျပန္ သြားတယ္။ အဲဒီကေလးကေတာ့ တစ္ေယာက္တည္းဆိုေတာ့ မသြားရဲဘူးထင္တယ္။ ေက်ာင္းမွာပဲ ပုန္းေနတာ။ ေနာက္ဆုံး က်မွ လူေတြလည္း မရွိေတာ့ဘူးဆိုေတာ့ ကေလးကလည္းထြက္ေျပးတာ။ အဲဒီအခ်ိန္မွာ ပစ္ခတ္ခံရတာပါ။ ဒီကေလးနဲ႔ ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ေက်ာက္ေတာ္ေဆး႐ုံက သြားယူတဲ့အခါမွာ ကေလးကေတာ့ အသက္မရွိေတာ့ပါဘူး။ ေဆး႐ုံကိုေရာက္ေအာင္အထိေတာ့ ကြၽန္ေတာ္တို႔ပို႔ထားပါတယ္။ အဲဒီမွာ ဆရာဝန္ ေတြစစ္ေဆးေနပါတယ္”

ၿမိဳ႕မေ႐ႊေက်ာင္းမွာရွိေနတဲ့  စစ္ေၾကာင္းက ပစ္ခတ္ခဲ့တာလို႔ ၿမိဳ႕ခံတခ်ိဳ႕က ေျပာပါတယ္။

ပစ္ခတ္မႈေနာက္ပိုင္းမွာေတာ့ ၿမိဳ႕ေပၚမွာ ေဈးဆိုင္ေတြ ပိတ္ထားၾကၿပီး တိတ္ဆိတ္ေနတယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

“မနက္ ၉ နာရီ ဝန္းက်င္ေလာက္မွာ ကြၽန္ေတာ္တို႔ ေပါက္ကြဲသံတစ္ခ်က္ေတာ့ ၾကားလိုက္တယ္ဗ်။ အဲဒီ ေပါက္ကြဲသံရဲ႕ေနာက္ပိုင္းမွာ တရစပ္ပစ္ခတ္သံေတြ ေတာက္ေလွ်ာက္ထြက္လာတယ္။ ကြၽန္ေတာ္တို႔ ေက်ာက္ေတာ္ၿမိဳ႕ရဲ႕ ၿမိဳ႕မေ႐ႊေက်ာင္းမွာ စခန္းခ်ေနတဲ့အဖြဲ႕က တရစပ္ပစ္တာပါ။ ပစ္သံၾကားတာနဲ႔အတူ ကြၽန္ေတာ္တို႔ ေက်ာက္ေတာ္ၿမိဳ႕ အလယ္မွာရွိတဲ့ ၿမိဳ႕မေဈးတစ္ေဈးလုံးကို ပိတ္ၿပီးေတာ့ အကုန္လုံးျပန္ၾကတယ္။ အခုဆိုရင္ ေက်ာက္ေတာ္ၿမိဳ႕ဟာ သုႆာန္တစ္စျပင္လို ဆိတ္ၿငိမ္ေနတယ္ဗ်”

ဒီေန႔မနက္က ပစ္ခတ္မႈဟာ ရကၡိဳင့္တပ္ေတာ္ AA က မိုင္းခြဲ တိုက္ခိုက္တာကို အေၾကာင္းျပဳၿပီး တပ္မေတာ္က တုံ႔ျပန္ရာက ေပၚေပါက္လာတာလို႔ ေဒသခံတခ်ိဳ႕က ယူဆေနၾကပါတယ္။

ဒီအခ်က္နဲ႔ပတ္သက္လို႔ ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ေျပာခြင့္ရသူ ခိုင္သုခက တုံ႔ျပန္ပါတယ္။

“ကြၽန္ေတာ္တို႔နဲ႔ေတာ့ တိုက္ပြဲျဖစ္တာ လုံးဝမရွိဘူးဗ်ေနာ္။ ကြၽန္ေတာ္တို႔ သိသေလာက္ကေတာ့ ဗမာစစ္တပ္က ေက်ာက္ေတာ္ၿမိဳ႕ထဲမွာ ေ႐ႊေက်ာင္းနားက ဓမၼာ႐ုံထဲမွာ စခန္းခ်ေနတဲ့ ဗမာစစ္တပ္က ေနၿပီးေတာ့ ေက်ာင္းက ျပန္လာတဲ့ အဲဒီေက်ာင္းသားေလးကို ေသနတ္နဲ႔ပစ္သတ္တာလို႔သိရတယ္။ ဆိုေတာ့ အဲဒီမွာသူတို႔ ဘာမွ တိုက္ပြဲျဖစ္တာမရွိဘဲနဲ႔ အဲလိုမ်ိဳး အရပ္သားေတြကို ပစ္မွတ္ထားၿပီးေတာ့ ေက်ာင္းသားေလးေတြကို သတ္ျဖတ္ေနတဲ့ဥစၥာကေတာ့ ဒါဟာ စစ္ရာဇဝတ္မႈကို ေျပာင္ေျပာင္တင္းတင္း က်ဴးလြန္တာျဖစ္တယ္ဗ်”

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ဒီေန႔မနက္က ျဖစ္စဥ္နဲ႔ပတ္သက္လို႔  ေျပာပါတယ္။

ဒီေန႔မနက္က မနက္ ၉ နာရီ ေလာက္ကေန ၁၁ နာရီဝန္းက်င္အထိ ေသနတ္သံေတြ ၾကားရတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ႏွစ္ဘက္စစ္ေရး အေျခအေနေတြ ပိုမိုဆိုး႐ြားေနသလို တိုက္ပြဲေတြေၾကာင့္ အရပ္သားေသဆုံးမႈေတြဟာလည္း ပိုမ်ားလာေနပါတယ္။

ရခိုင္ျပည္နယ္မွာ တိုက္ပြဲအရွိန္ ရပ္နားျခင္းမရွိဘဲ အဆက္မျပတ္ျဖစ္ပြားခဲ့တာ တစ္ႏွစ္ၾကာလာပါၿပီ။

တိုက္ပြဲကာလအတြင္း အခုလို အရပ္သား ေသဆုံးရတာ ရာဂဏန္းနီးပါး ရွိေနၿပီျဖစ္သလို ထိခိုက္ဒဏ္ရာရသူ ၁၄၀ ထက္မနည္း ရွိေနႏိုင္တယ္လို႔ ေဒသခံေတြက ခန႔္မွန္းၾကပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ကျောက်တော်မှာ ပစ်ခတ်မှုဖြစ်၊ ၈ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး

ကျောက်တော်မြို့အဝင် တစ်နေရာကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နားမှာ ဒီနေ့မနက်က ပစ်ခတ်မှုဖြစ်လို့  ၈ နှစ်အရွယ်  ကျောင်းသားတစ်ဦး သေဆုံးသွားပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်နားမှာ ဒီနေ့မနက် ၉ နာရီခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားတဲ့နေရာကို တပ်မတော်က ရှင်းလင်း ပစ်ခတ်ခဲ့ရာမှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တတိယတန်းကျောင်းသား မောင်ကျော်မင်းမြတ်ဟာ ပိုက်သည်ရပ်စာသင်ကျောင်းကို  အသွား ပစ်ခတ်ခံရတာလို့ သူ့အဖွားဖြစ်သူ ဒေါ်မစောလှက RFA ကို ပြောပါတယ်။

“ကျောင်းသွားတဲ့အချိန်မှာ ပစ်ခတ်သံတွေကြားလို့ အိမ်ကိုပြန်လာတယ်။ အဲဒီအချိန်မှာ သူ့ကို တေ့ပြီးပစ်လိုက် တာလို့သိရပါတယ်။ သူက မနက် ၉ နာရီ ကျောင်းတက်ဖို့ သွားတာပါ။ ကျွန်မကတော့ ဝမ်းနည်းရုံမှအပ ဘာမှ မတတ်နိုင်ပါဘူး”

ကလေးရဲ့မိဘတွေဟာ မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်နေကြလို့ အဖွားဖြစ်သူနဲ့ အတူနေတာလို့ သိရပါတယ်။

ဒီနေ့မနက် ဖြစ်ရပ်ကြောင့် ကလေးရဲ့အုပ်ထိန်းသူတွေကို အကူအညီတွေပေးနေတဲ့ ကျောက်တော်မြို့ ဖြူစင်မေတ္တာ ပရဟိတလူမှုကူ ညီရေးအသင်း ဥက္ကဋ္ဌ ဦးညီပုကတော့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ပြောပါတယ်။

“ကျောင်းသွားတာက သူတစ်ယောက် တည်းတော့မဟုတ်ဘူး။ အခြားကလေးတွေက ရှေ့ကနေပြန် သွားတယ်။ အဲဒီကလေးကတော့ တစ်ယောက်တည်းဆိုတော့ မသွားရဲဘူးထင်တယ်။ ကျောင်းမှာပဲ ပုန်းနေတာ။ နောက်ဆုံး ကျမှ လူတွေလည်း မရှိတော့ဘူးဆိုတော့ ကလေးကလည်းထွက်ပြေးတာ။ အဲဒီအချိန်မှာ ပစ်ခတ်ခံရတာပါ။ ဒီကလေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကျောက်တော်ဆေးရုံက သွားယူတဲ့အခါမှာ ကလေးကတော့ အသက်မရှိတော့ပါဘူး။ ဆေးရုံကိုရောက်အောင်အထိတော့ ကျွန်တော်တို့ပို့ထားပါတယ်။ အဲဒီမှာ ဆရာဝန် တွေစစ်ဆေးနေပါတယ်”

မြို့မရွှေကျောင်းမှာရှိနေတဲ့  စစ်ကြောင်းက ပစ်ခတ်ခဲ့တာလို့ မြို့ခံတချို့က ပြောပါတယ်။

ပစ်ခတ်မှုနောက်ပိုင်းမှာတော့ မြို့ပေါ်မှာ ဈေးဆိုင်တွေ ပိတ်ထားကြပြီး တိတ်ဆိတ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

“မနက် ၉ နာရီ ဝန်းကျင်လောက်မှာ ကျွန်တော်တို့ ပေါက်ကွဲသံတစ်ချက်တော့ ကြားလိုက်တယ်ဗျ။ အဲဒီ ပေါက်ကွဲသံရဲ့နောက်ပိုင်းမှာ တရစပ်ပစ်ခတ်သံတွေ တောက်လျှောက်ထွက်လာတယ်။ ကျွန်တော်တို့ ကျောက်တော်မြို့ရဲ့ မြို့မရွှေကျောင်းမှာ စခန်းချနေတဲ့အဖွဲ့က တရစပ်ပစ်တာပါ။ ပစ်သံကြားတာနဲ့အတူ ကျွန်တော်တို့ ကျောက်တော်မြို့ အလယ်မှာရှိတဲ့ မြို့မဈေးတစ်ဈေးလုံးကို ပိတ်ပြီးတော့ အကုန်လုံးပြန်ကြတယ်။ အခုဆိုရင် ကျောက်တော်မြို့ဟာ သုဿာန်တစ်စပြင်လို ဆိတ်ငြိမ်နေတယ်ဗျ”

ဒီနေ့မနက်က ပစ်ခတ်မှုဟာ ရက္ခိုင့်တပ်တော် AA က မိုင်းခွဲ တိုက်ခိုက်တာကို အကြောင်းပြုပြီး တပ်မတော်က တုံ့ပြန်ရာက ပေါ်ပေါက်လာတာလို့ ဒေသခံတချို့က ယူဆနေကြပါတယ်။

ဒီအချက်နဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက တုံ့ပြန်ပါတယ်။

“ကျွန်တော်တို့နဲ့တော့ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူးဗျနော်။ ကျွန်တော်တို့ သိသလောက်ကတော့ ဗမာစစ်တပ်က ကျောက်တော်မြို့ထဲမှာ ရွှေကျောင်းနားက ဓမ္မာရုံထဲမှာ စခန်းချနေတဲ့ ဗမာစစ်တပ်က နေပြီးတော့ ကျောင်းက ပြန်လာတဲ့ အဲဒီကျောင်းသားလေးကို သေနတ်နဲ့ပစ်သတ်တာလို့သိရတယ်။ ဆိုတော့ အဲဒီမှာသူတို့ ဘာမှ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ အဲလိုမျိုး အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ ကျောင်းသားလေးတွေကို သတ်ဖြတ်နေတဲ့ဥစ္စာကတော့ ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်တယ်ဗျ”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီနေ့မနက်က ဖြစ်စဉ်နဲ့ပတ်သက်လို့  ပြောပါတယ်။

ဒီနေ့မနက်က မနက် ၉ နာရီ လောက်ကနေ ၁၁ နာရီဝန်းကျင်အထိ သေနတ်သံတွေ ကြားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ နှစ်ဘက်စစ်ရေး အခြေအနေတွေ ပိုမိုဆိုးရွားနေသလို တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုတွေဟာလည်း ပိုများလာနေပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲအရှိန် ရပ်နားခြင်းမရှိဘဲ အဆက်မပြတ်ဖြစ်ပွားခဲ့တာ တစ်နှစ်ကြာလာပါပြီ။

တိုက်ပွဲကာလအတွင်း အခုလို အရပ်သား သေဆုံးရတာ ရာဂဏန်းနီးပါး ရှိနေပြီဖြစ်သလို ထိခိုက်ဒဏ်ရာရသူ ၁၄၀ ထက်မနည်း ရှိနေနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

RFA Burmese
https://www.rfa.org
ေက်ာက္ေတာ္မွာ ပစ္ခတ္မႈျဖစ္၊ ၈ ႏွစ္အ႐ြယ္ ကေလးတစ္ဦး ေသဆုံး ေက်ာက္ေတာ္မွာ ပစ္ခတ္မႈျဖစ္၊ ၈ ႏွစ္အ႐ြယ္ ကေလးတစ္ဦး ေသဆုံး Reviewed by THITHTOOLWIN on 03:01 Rating: 5
Powered by Blogger.