ကရင္နီလူငယ္ ၆ ဦးကို ျပစ္ဒဏ္တိုးဖို႔ ျပင္ဆင္ခ်က္ ျပည္နယ္အစိုးရ ျပန္႐ုပ္

ကရင္နီလူငယ္ေတြရဲ႕ ေၾကညာခ်က္နဲ႔ ပတ္သက္ၿပီး စြဲဆိုထားတဲ့အမႈအတြက္ ေထာင္ဒဏ္ ၆လစီ က်
(Zawgyi)⤵⤵⤵
ျပည္နယ္ ဝန္ႀကီးခ်ဳပ္နဲ႔ တာဝန္ရွိသူတစ္ဦးကို အမ်ိဳးသား သစၥာေဖာက္အျဖစ္ ထုတ္ျပန္လို႔ တရားစြဲဆို ခံရၿပီး ေထာင္ဒဏ္ က်ခံေနရသူ ကရင္နီလူငယ္ ၆ ဦးကို ျပစ္ဒဏ္တိုးျမႇင့္ေပးဖို႔ ျပင္ဆင္ခ်က္ကို ဒီဇင္ဘာ ၆ ရက္မွာ ျပည္နယ္အစိုးရက ႐ုပ္သိမ္းလႊာ တင္လိုက္ပါတယ္။

ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ဆန႔္က်င္သူ ကရင္နီလူငယ္ေတြ ေထာင္၆ လ ျပစ္ဒဏ္ ခ်မွတ္ခံရၿပီး ျပစ္ဒဏ္ေစ့လို႔လြတ္လာခါနီးမွာ ျပည္နယ္အစိုးရဘက္က ျပစ္ဒဏ္တိုးဖို႔ျပင္ဆင္ခ်က္ ႏိုဝင္ဘာလ ၂၈ရက္ေန႔ က တင္သြင္းထားခဲ့တာပါ။

လြိဳင္ေကာ္ ခ႐ိုင္တရား႐ုံးမွာ ျပင္ဆင္ခ်က္ တင္သြင္းၿပီး ေနာက္တစ္ပတ္႐ုံးခ်ိန္းမွာေတာ့ အဲဒီျပစ္ဒဏ္တိုးေရး ျပင္ဆင္ခ်က္ကို ျပန္႐ုပ္သြားခဲ့တာ ျဖစ္ပါတယ္။

"ကေန႔ ႐ုံးခ်ိန္းမွာ ျပင္ဆင္ခ်က္တင္ခဲ့တဲ့ ကိစၥကို ျပန္႐ုပ္သိမ္းတယ္။ခ႐ိုင္ တရားသူႀကီးကေတာ့ လာမယ့္ ဒီဇင္ဘာ ၂၀ ႐ုံး ျပန္ခ်ိန္းတယ္။ တရားသူႀကီးလဲ ခ်ိန္းဖို႔ရွိေတာ့ ေနာက္႐ုံးခ်ိန္းမွာ ေလ်ာက္လဲခ်က္ ေပးရမယ္။ သူဘာဆုံးျဖတ္မယ္ မသိဘူး" လို႔ ျပစ္ဒဏ္က ျပန္လည္ လြတ္ေျမာက္လာသူ ဂူးဂူး(ခ)ခူးၾကဴးဖဲေကးက ေျပာပါတယ္။

လာမယ့္ ၂၀ ရက္ေန႔ က်ရင္ လက္ရွိ ခ႐ိုင္တရားသူႀကီးက ေျပာင္းေတာ့မွာ ျဖစ္တဲ့အတြက္ ခ႐ိုင္တရားသူႀကီးအသစ္ဆီကို ေလွ်ာက္လဲခ်က္ ေပးရမွာ ျဖစ္ပါတယ္။ ႏွစ္ဖက္ေလွ်ာက္လဲခ်က္ ၿပီးေနာက္မွသာ ခ႐ိုင္တရားသူႀကီးအသစ္က ျပင္ဆင္ခ်က္႐ုပ္သိမ္းမယ္၊ မ႐ုပ္သိမ္းဘူးဆိုတာကို ဆုံးျဖတ္မိန႔္ ေပးမွာျဖစ္ၿပီေတာ့ ျပင္ဆင္ခ်က္ကို ခ႐ိုင္တရား႐ုံးက မ႐ုပ္သိမ္းရင္လည္း အမႈကို ဆက္လက္ရင္ဆိုင္ရပါမယ္လို႔ ဂူးဂူး(ခ)ခူးၾကဴးဖဲေကးက ေျပာပါတယ္။

ကယားျပည္နယ္က ဗိုလ္ခ်ဳပ္ေၾကး႐ုပ္
တရားခံေတြဟာ ငယ္႐ြယ္သူေတြ ျဖစ္တဲ့အျပင္ သူတို႔အနာဂတ္ မထိခိုက္ေစခ်င္တာရယ္၊ ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ အခုလို ဥပေဒနဲ႔ အညီ ျပန္လည္႐ုပ္သိမ္းခြင့္ ျပဳဖို႔ ျပန္ေလွ်ာက္ခဲ့တာလို႔လည္း ျပည္နယ္အစိုးရရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ အပါအဝင္ ထိပ္ပိုင္းေခါင္းေဆာင္ေတြကို ေဝဖန္ခဲ့တဲ့အတြက္ ေထာင္ဒဏ္ေျခာက္လ အျပစ္ေပးခံခဲ့ရၿပီး အဲဒီျပစ္ဒဏ္ဟာ ဒီဇင္ဘာလ အတြင္းမွာ ၿပီးဆုံးၿပီး လြတ္ဖို႔ရွိပါတယ္ ။

လြိဳင္ေကာ္ၿမိဳ႕ ကႏၵာေဟဝန္ပန္းၿခံမွာ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္စိုက္ထူခဲ့တာနဲ႔ ပတ္သက္ၿပီး ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိ၊ စီမံဘ႑ာဝန္ႀကီး ဦးေမာ္ေမာ္တို႔ကို "ႏိုင္ငံေရးရာဇဝတ္ေကာင္မ်ား"၊ "ကရင္နီအမ်ိဳးသား သစၥာေဖာက္မ်ား" ဟု ေၾကညာခ်က္မွာ သုံးႏႈန္းခဲ့လို႔ လူငယ္ ေျခာက္ဦးကို ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္ခြင့္ႏွင့္ လုံၿခဳံမႈကို ကာကြယ္ေပးတဲ့ ဥပေဒ ပုဒ္မ ၁၀ နဲ႔ ႏိုဝင္ဘာ ၇ ရက္ေန႔ က အလုပ္ႏွင့္ေထာင္ဒဏ္ ေျခာက္လ ခ်မွတ္ခဲ့ပါတယ္။

အဲဒီ ကရင္နီလူငယ္ ေျခာက္ဦးထဲက တစ္ေယာက္ ျပစ္ဒဏ္ေစ့လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက ျပန္လြတ္လာၿပီး က်န္ကရင္နီလူငယ္ ၅ေယာက္ ကေတာ့ လာမယ့္ သီတင္းပတ္ အနည္းငယ္မွာ ျပန္လည္လြတ္လာဖို႔ ရွိပါတယ္။

ျပစ္ဒဏ္ေစ့လို႔ လြတ္လာတဲ့ ခူးၾကဴးဖဲေကး(ခ)ဂူးဂူး ကို အယူခံျပင္ဆင္ခ်က္ကို သိရွိေၾကာင္း လြိဳင္ေကာ္ခ႐ိုင္တရား႐ုံးက ႏိုဝင္ဘာ ၂၈ မွာ ဆင့္ေခၚၿပီး လက္မွတ္ ထိုးခိုင္းခဲ့ ပါတယ္။

ေထာင္တြင္းက်န္ရွိသူေတြကို ေထာင္ပိုင္ကတစ္ဆင့္ အယူခံျပင္ဆင္ခ်က္ကို သိရွိေၾကာင္း လက္မွတ္ေရးထိုးခိုင္းခဲ့တယ္လို႔ ခူးၾကဴးဖဲေကး ဆီက သိရပါတယ္။

 ကရင္နီလူငယ္ေတြရဲ႕ ေၾကညာခ်က္နဲ႔ ပတ္သက္ၿပီး စြဲဆိုထားတဲ့အမႈအတြက္ ေထာင္ဒဏ္ ၆လစီ က်
လြိဳင္ေကာ္ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉးက တရားလိုျပဳလုပ္ၿပီး ႏိုင္၊လြတ္၊လုံ ပုဒ္မ ၁ဝ နဲ႔ ကရင္နီ ျပည္သူ႔အင္အားစု အဖြဲ႕ဝင္ေတြကို တရားစြဲခဲ့တာပါ။

အဲဒီေနာက္ ကရင္နီလူငယ္ေတြကို ဇြန္လတုန္းက ဖမ္းဆီးခဲ့ပါတယ္။

ေထာင္ဒဏ္ ခ်မွတ္ခံလိုက္ရေပမယ့္လည္း ကရင္နီလူငယ္ေတြအေနနဲ႔ ကယားျပည္နယ္ကေန ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ ဖယ္ရွားေပးေရးနဲ႔ပတ္သက္ၿပီး ေတာင္းဆိုတဲ့ သေဘာထား ေျပာင္းလဲသြားျခင္း မရွိသလို ေထာင္က လြတ္လာရင္လည္း မူလရပ္တည္ခ်က္အတိုင္း ဆက္လက္လုပ္ေဆာင္သြားဖို႔ ရွိတယ္လို႔ ကရင္နီလူငယ္ေတြရဲ႕ သေဘာထားကို ကရင္နီလူငယ္ မူအန္းေဂ်လာက ေျပာခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
ကရင်နီလူငယ် ၆ ဦးကို ပြစ်ဒဏ်တိုးဖို့ ပြင်ဆင်ချက် ပြည်နယ်အစိုးရ ပြန်ရုပ်

ဓာတ်ပုံ မူပိုင် Alamy
Image caption ကရင်နီလူငယ်တွေရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး စွဲဆိုထားတဲ့အမှုအတွက် ထောင်ဒဏ် ၆လစီ ကျ

ပြည်နယ် ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတစ်ဦးကို အမျိုးသား သစ္စာဖောက်အဖြစ် ထုတ်ပြန်လို့ တရားစွဲဆို ခံရပြီး ထောင်ဒဏ် ကျခံနေရသူ ကရင်နီလူငယ် ၆ ဦးကို ပြစ်ဒဏ်တိုးမြှင့်ပေးဖို့ ပြင်ဆင်ချက်ကို ဒီဇင်ဘာ ၆ ရက်မှာ ပြည်နယ်အစိုးရက ရုပ်သိမ်းလွှာ တင်လိုက်ပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ဆန့်ကျင်သူ ကရင်နီလူငယ်တွေ ထောင်၆ လ ပြစ်ဒဏ် ချမှတ်ခံရပြီး ပြစ်ဒဏ်စေ့လို့လွတ်လာခါနီးမှာ ပြည်နယ်အစိုးရဘက်က ပြစ်ဒဏ်တိုးဖို့ပြင်ဆင်ချက် နိုဝင်ဘာလ ၂၈ရက်နေ့ က တင်သွင်းထားခဲ့တာပါ။

လွိုင်ကော် ခရိုင်တရားရုံးမှာ ပြင်ဆင်ချက် တင်သွင်းပြီး နောက်တစ်ပတ်ရုံးချိန်းမှာတော့ အဲဒီပြစ်ဒဏ်တိုးရေး ပြင်ဆင်ချက်ကို ပြန်ရုပ်သွားခဲ့တာ ဖြစ်ပါတယ်။

"ကနေ့ ရုံးချိန်းမှာ ပြင်ဆင်ချက်တင်ခဲ့တဲ့ ကိစ္စကို ပြန်ရုပ်သိမ်းတယ်။ခရိုင် တရားသူကြီးကတော့ လာမယ့် ဒီဇင်ဘာ ၂၀ ရုံး ပြန်ချိန်းတယ်။ တရားသူကြီးလဲ ချိန်းဖို့ရှိတော့ နောက်ရုံးချိန်းမှာ လျောက်လဲချက် ပေးရမယ်။ သူဘာဆုံးဖြတ်မယ် မသိဘူး" လို့ ပြစ်ဒဏ်က ပြန်လည် လွတ်မြောက်လာသူ ဂူးဂူး(ခ)ခူးကြူးဖဲကေးက ပြောပါတယ်။

လာမယ့် ၂၀ ရက်နေ့ ကျရင် လက်ရှိ ခရိုင်တရားသူကြီးက ပြောင်းတော့မှာ ဖြစ်တဲ့အတွက် ခရိုင်တရားသူကြီးအသစ်ဆီကို လျှောက်လဲချက် ပေးရမှာ ဖြစ်ပါတယ်။ နှစ်ဖက်လျှောက်လဲချက် ပြီးနောက်မှသာ ခရိုင်တရားသူကြီးအသစ်က ပြင်ဆင်ချက်ရုပ်သိမ်းမယ်၊ မရုပ်သိမ်းဘူးဆိုတာကို ဆုံးဖြတ်မိန့် ပေးမှာဖြစ်ပြီတော့ ပြင်ဆင်ချက်ကို ခရိုင်တရားရုံးက မရုပ်သိမ်းရင်လည်း အမှုကို ဆက်လက်ရင်ဆိုင်ရပါမယ်လို့ ဂူးဂူး(ခ)ခူးကြူးဖဲကေးက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် UKSY
Image caption ကယားပြည်နယ်က ဗိုလ်ချုပ်ကြေးရုပ်

တရားခံတွေဟာ ငယ်ရွယ်သူတွေ ဖြစ်တဲ့အပြင် သူတို့အနာဂတ် မထိခိုက်စေချင်တာရယ်၊ ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် အခုလို ဥပဒေနဲ့ အညီ ပြန်လည်ရုပ်သိမ်းခွင့် ပြုဖို့ ပြန်လျှောက်ခဲ့တာလို့လည်း ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို ဝေဖန်ခဲ့တဲ့အတွက် ထောင်ဒဏ်ခြောက်လ အပြစ်ပေးခံခဲ့ရပြီး အဲဒီပြစ်ဒဏ်ဟာ ဒီဇင်ဘာလ အတွင်းမှာ ပြီးဆုံးပြီး လွတ်ဖို့ရှိပါတယ် ။

လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခဲ့တာနဲ့ ပတ်သက်ပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ကို "နိုင်ငံရေးရာဇဝတ်ကောင်များ"၊ "ကရင်နီအမျိုးသား သစ္စာဖောက်များ" ဟု ကြေညာချက်မှာ သုံးနှုန်းခဲ့လို့ လူငယ် ခြောက်ဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံမှုကို ကာကွယ်ပေးတဲ့ ဥပဒေ ပုဒ်မ ၁၀ နဲ့ နိုဝင်ဘာ ၇ ရက်နေ့ က အလုပ်နှင့်ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပါတယ်။

အဲဒီ ကရင်နီလူငယ် ခြောက်ဦးထဲက တစ်ယောက် ပြစ်ဒဏ်စေ့လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်လွတ်လာပြီး ကျန်ကရင်နီလူငယ် ၅ယောက် ကတော့ လာမယ့် သီတင်းပတ် အနည်းငယ်မှာ ပြန်လည်လွတ်လာဖို့ ရှိပါတယ်။

ပြစ်ဒဏ်စေ့လို့ လွတ်လာတဲ့ ခူးကြူးဖဲကေး(ခ)ဂူးဂူး ကို အယူခံပြင်ဆင်ချက်ကို သိရှိကြောင်း လွိုင်ကော်ခရိုင်တရားရုံးက နိုဝင်ဘာ ၂၈ မှာ ဆင့်ခေါ်ပြီး လက်မှတ် ထိုးခိုင်းခဲ့ ပါတယ်။

ထောင်တွင်းကျန်ရှိသူတွေကို ထောင်ပိုင်ကတစ်ဆင့် အယူခံပြင်ဆင်ချက်ကို သိရှိကြောင်း လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ ခူးကြူးဖဲကေး ဆီက သိရပါတယ်။
ဓာတ်ပုံ မူပိုင် Alamy
Image caption ကရင်နီလူငယ်တွေရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး စွဲဆိုထားတဲ့အမှုအတွက် ထောင်ဒဏ် ၆လစီ ကျ

လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး နိုင်၊လွတ်၊လုံ ပုဒ်မ ၁ဝ နဲ့ ကရင်နီ ပြည်သူ့အင်အားစု အဖွဲ့ဝင်တွေကို တရားစွဲခဲ့တာပါ။

အဲဒီနောက် ကရင်နီလူငယ်တွေကို ဇွန်လတုန်းက ဖမ်းဆီးခဲ့ပါတယ်။

ထောင်ဒဏ် ချမှတ်ခံလိုက်ရပေမယ့်လည်း ကရင်နီလူငယ်တွေအနေနဲ့ ကယားပြည်နယ်ကနေ ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးရေးနဲ့ပတ်သက်ပြီး တောင်းဆိုတဲ့ သဘောထား ပြောင်းလဲသွားခြင်း မရှိသလို ထောင်က လွတ်လာရင်လည်း မူလရပ်တည်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ကရင်နီလူငယ်တွေရဲ့ သဘောထားကို ကရင်နီလူငယ် မူအန်းဂျေလာက ပြောခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ကရင္နီလူငယ္ ၆ ဦးကို ျပစ္ဒဏ္တိုးဖို႔ ျပင္ဆင္ခ်က္ ျပည္နယ္အစိုးရ ျပန္႐ုပ္ ကရင္နီလူငယ္ ၆ ဦးကို ျပစ္ဒဏ္တိုးဖို႔ ျပင္ဆင္ခ်က္ ျပည္နယ္အစိုးရ ျပန္႐ုပ္ Reviewed by THITHTOOLWIN on 09:31 Rating: 5
Powered by Blogger.