AA စစ္ဦးစီးခ်ဳပ္ ဇနီးႏွင့္ ကေလးငယ္ ႏွစ္ဦး ဖမ္းဆီးခံရ

AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္၏ဇနီး ေဒၚႏွင္းဇာျဖဴႏွင့္ သားသမီးျဖစ္သူမ်ားကို ၂ဝ၁၉ ဒီဇင္ဘာ ၆ ရက္ေန႔က ခ်င္းမိုင္ၿမိဳ႕ လူဝင္မႈႀကီးၾကပ္ေရးဌာနတြင္ ေတြ႕ရစဥ္။
(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္မေတာ္ စစ္ဦးစီးခ်ဳပ္ရဲ႕ဇနီး၊ သားသမီးေတြကို ထိုင္းေထာက္လွမ္းေရးေတြက ခ်င္းမိုင္မွာ ဒီဇင္ဘာ ၄ ရက္ေန႔က ဖမ္းဆီးလိုက္ၿပီး ဒီကေန႔မွာေတာ့ ျမန္မာဘက္ကိုလႊဲေျပာင္းေပးဖို႔ စီစဥ္ေနပါတယ္။

ခ်င္းမိုင္ဟာ ျမန္မာ့ဒီမိုကေရစီအေရးနဲ႔ ေတာ္လွန္ေရးလႈပ္ရွားသူေတြရဲ႕ နယ္ေျမအျဖစ္ ထင္ရွားေပမယ့္ ဒီေနရာဟာ မလုံၿခဳံေတာ့ဘူးလို႔ ေဝဖန္လာၾကပါတယ္။

နယ္စပ္ျဖတ္ေက်ာ္ ဖမ္းဆီးလႊဲေျပာင္းတဲ့လုပ္ရပ္ကို လူ႔အခြင့္အေရးတက္ႂကြလႈပ္ရွားသူေတြက နယ္စပ္ျဖတ္ေက်ာ္ ဓါးစာခံေတြကို ဖမ္းဆီးတဲ့လုပ္ရပ္နဲ႔ တူတယ္လို႔ ေဝဖန္ေနၾကပါတယ္။

ရကၡိဳင့္တပ္ေတာ္ (AA) စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ရဲ႕ ဇနီး မႏွင္းဇာျဖဴ၊ သမီးနဲ႔ သားျဖစ္သူ ကေလးငယ္ ႏွစ္ေယာက္ကို ထိုင္းအာဏာပိုင္ေတြက ခ်င္းမိုင္ၿမိဳ႕မွာ ဒီဇင္ဘာလ ၄ ရက္ေန႔၊ မနက္ ၁၀ နာရီဝန္းက်င္မွာ ဖမ္းဆီးလိုက္တယ္လို႔ မိသားစုနဲ႔ နီးစပ္သူေတြက RFA ကို ေျပာပါတယ္။

ဖမ္းဆီးခံရသူေတြကေတာ့ အသက္ ၃၉ ႏွစ္အ႐ြယ္ မႏွင္းဇာျဖဴ၊ သမီးျဖစ္သူ အသက္ ၁၁  ႏွစ္အ႐ြယ္ မေစာျပည့္ရွင္နဲ႔ သားျဖစ္သူ ၁၁ လသားအ႐ြယ္ ေမာင္ျမတ္လင္းဇင္တို႔ ျဖစ္ၾကပါတယ္။

ဒီလိုဖမ္းဆီးရတာဟာ ျမန္မာအစိုးရဘက္က AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္နဲ႔ ဇနီးျဖစ္သူ မႏွင္းဇာျဖဴ အပါအဝင္ ညီအစ္ကိုေမာင္ႏွမ ေတာ္စပ္သူ ၁၀ ေယာက္ဟာ အဖ်က္အေမွာက္ လုပ္ငန္းေတြ လုပ္ကိုင္ေနသူ ျဖစ္တာေၾကာင့္ ဖမ္းဆီးေပးဖို႔ ထိုင္းအစိုးရကို ျမန္မာဘက္က  ေတာင္းဆိုလာတာျဖစ္တယ္လို႔ သိရပါတယ္။

ဒီကေန႔ ေန႔လယ္ ၂ နာရီခြဲ အခ်ိန္မွာေတာ့ ထိုင္းလူဝင္မႈႀကီးၾကပ္ေရးဌာနက ဒုတိယရဲခ်ဳပ္ ဦးေဆာင္ၿပီး မႏွင္းဇာျဖဴနဲ႔ သားသမီးေတြကို ထိုင္း ျမန္မာနယ္စပ္တစ္ေနရာကို ခ်င္းမိုင္ၿမိဳ႕ကေန ရဟတ္ယာဥ္နဲ႔ ေခၚေဆာင္သြားခဲ့ပါတယ္။

ဖမ္းဆီးခံရသူ မိသားစု သုံးေယာက္ကို လိုက္ပါကူညီေပးေနတဲ့ ထိုင္းႏိုင္ငံအေျခစိုက္ ရခိုင္လူ႔အခြင့္အေရးအဖြဲ႕ သုေတသနာဌာနရဲ႕ အဖြဲ႕ဝင္တစ္ေယာက္ကလည္း AA စစ္ဦးစီးခ်ဳပ္ရဲ႕ ဇနီး အပါအဝင္၊ တျခား လူဆယ္ေယာက္ ခန႔္ကို ျမန္မာႏိုင္ငံအစိုးရဘက္က ဖမ္းေပးဖို႔ ကူညီေတာင္းခံေနတာရွိေၾကာင္း ေျပာပါတယ္။

“သူတို႔မိသားစုဝင္ေတြ အပါအဝင္ ေနာက္ၿပီးေတာ့ ဖမ္းဝရမ္းထုတ္တာေတြေရာ ေနာက္ၿပီးေတာ့ မိသားစုနဲ႔အျခားပုဂၢိဳလ္ေတြ ေတာ္ေတာ္မ်ားမ်ားကို ထိုင္းလဝကတို႔ ရဲတို႔မွာ ဗမာအစိုးရက ေပးထားတာရွိတယ္ခင္ဗ်၊ ဆိုေတာ့ သူတို႔ဗီဇာသက္တမ္းတိုးတဲ့အခါမွာ သူတို႔နာမည္ေတြက ကြန္ပ်ဴတာမွာေပၚလာတဲ့အခါၾကေတာ့ ဒီလိုမ်ိဳးျဖစ္သြားတာေပါ့ခင္ဗ်”

ထိုင္းတာဝန္ရွိသူေတြထံက သိရွိရတာကေတာ့ မႏွင္းဇာျဖဴ ကိုင္ေဆာင္ထားတဲ့ ႏိုင္ငံကူးလက္မွတ္စာအုပ္ဟာ မွန္ကန္မႈ မရွိတဲ့အတြက္ ျမန္မာႏိုင္ငံသားအျဖစ္ အသိအမွတ္မျပဳေၾကာင္း ျမန္မာအစိုးရဘက္က ၿပီးခဲ့တဲ့ ႏိုဝင္ဘာလလယ္ပိုင္းက အေၾကာင္းၾကားလာတယ္လို႔လည္း သိရပါတယ္။ မႏွင္းဇာျဖဴဟာ ကေလးငယ္ေတြနဲ႔အတူ ထိုင္းႏိုင္ငံမွာ ေနထိုင္တာ ဆယ္စုႏွစ္နဲ႔ခ်ီ ၾကာျမင့္ခဲ့ၿပီျဖစ္ပါတယ္။ ရကၡိဳင့္တပ္ေတာ္ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္နဲ႔ ထိပ္ပိုင္းေခါင္းေဆာင္ေတြဟာ ခ်င္းမိုင္ၿမိဳ႕နယ္ဘက္မွာ ေထာက္ခံဝန္းရံသူေတြနဲ႔ ေတြ႕ဆုံပြဲေတြ တက္ေရာက္ဖူးပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခ်မ္းေအးနဲ႔ ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာခြင့္ရ ဦးေဇာ္ေဌးတို႔ကို RFA က ဒီကေန႔ ဆက္သြယ္ေပမယ့္ ဖုန္းလက္ခံ ေျဖဆိုျခင္းမရွိပါဘူး။

ဒါ့အျပင္ ရကၡိဳင့္တပ္ေတာ္ ေျပာခြင့္ရ ခိုင္သုခ၊ ဒုစစ္ဦးစီးခ်ဳပ္ ဗိုလ္မႉးခ်ဳပ္ ေဒါက္တာ ညိဳထြန္းေအာင္၊ ရကၡိဳင့္တပ္ေတာ္ AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္တို႔ဆီကို ဆက္သြယ္ဖို႔ႀကိဳးစားေပမယ့္ သီးျခားမွတ္ခ်က္ ရယူႏိုင္ျခင္း မရွိပါဘူး။

AA စစ္ဦးစီးခ်ဳပ္ရဲ႕ဇနီး မႏွင္းဇာျဖဴဟာ လက္ရွိ ရခိုင္အမ်ိဳးသားပါတီ (ANP) ရခိုင္ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ ဦးစံေက်ာ္လွရဲ႕ သမီးအရင္းျဖစ္ပါတယ္။ RFA က လႊတ္ေတာ္ဥကၠ႒ ဦးစံေက်ာ္လွကို ဆက္သြယ္တဲ့အခါ သူ႔အေနနဲ႔ သတင္းကို ၾကားသိရေပမယ့္၊ အေျခအေနေစာေနေသးေၾကာင္း၊ ဆက္လက္ေစာင့္ၾကည့္ဦးမယ္လို႔ ေျပာပါတယ္။

“ကြၽန္ေတာ္လည္းဒီဘက္မွာ သတင္းေတြကေနသိရတယ္၊ ဒါေပမဲ့ ေလာေလာဆယ္ ေျပာစရာတစ္ခုမွ မရွိေသးဘူး၊ ေလာေလာဆယ္ေျပာဖို႔ေစာေသးတယ္၊ အေျခအေနကို တိတိက်က်တစ္ခုမွမသိရေသးတဲ့အတြက္ တစ္ခုခုေျပာမွားဆိုမွားျဖစ္သြားရင္မေကာင္းဘူး၊ ေစာင့္ၾကည့္ရမယ့္သေဘာရွိတယ္”

လူ႔အခြင့္ေရးတက္ႂကြလႈပ္ရွားသူ မသၪၨာ႐ႊန္းလဲ့ရည္က အခုလိုလုပ္ရပ္မ်ိဳးကို လုံးဝလက္မခံႏိုင္ေၾကာင္း၊ ရႈတ္ခ်ေၾကာင္းနဲ႔ အမ်ိဳးသမီးတစ္ေယာက္နဲ႔ ကေလးငယ္ႏွစ္ေယာက္ကို နယ္စပ္ျဖတ္ေက်ာ္ၿပီးေတာ့ ဓါးစာခံဖမ္းသလို လုပ္ရပ္ဟာ ႂကြက္မႏိုင္ က်ီမီးနဲ႔ရႈိ႕တဲ့ လုပ္ရပ္နဲ႔တူေၾကာင္း ေဝဖန္ပါတယ္။

“အခု စစ္တိုက္ၾကတာဟာ ေယာက္က်ားေတြအခ်င္းခ်င္း တိုက္ၾကတာျဖစ္တယ္၊ သူတို႔မေက်နပ္လို႔ စစ္တိုက္ၾကတဲ့အခါမွာ စစ္ေရးနဲ႔ပဲ ေျဖရွင္းသင့္တယ္လို႔ျမင္တယ္၊ အခုလိုမ်ိဳး မိန္းမတစ္ေယာက္နဲ႔ ကေလးႏွစ္ေယာက္ကို ဓားစာခံလိုဖမ္းဆီးတဲ့လုပ္ရပ္ဟာ တကယ့္ကိုလူမဆန္တဲ့ လုပ္ရပ္လို႔ ေျပာလို႔ရတယ္”

အသံ- Athan အဖြဲ႕တည္ေထာင္သူ ဒါ႐ိုက္တာ ေမာင္ေဆာင္းခ ကလည္း မိသားစုဝင္ေတြကို အခုလို ဖမ္းဆီးတာကို လက္မခံႏိုင္ေၾကာင္း ေျပာပါတယ္။

“လူ႔အခြင့္အေရးရႈေထာင့္က ေျပာမယ္ဆိုရင္ အဲဒီလိုမ်ိဳး ဖမ္းလို႔မရဘူး၊ ဒါကမိသားစု၊ ၿပီးေတာ့ သူတို႔ဟာ လက္နက္ကိုင္ကိစၥအေပၚမွာလည္း ပါဝင္ပတ္သက္ေနတာ မရွိဘူး၊ စစ္တပ္ကပဲျဖစ္ျဖစ္ အစိုးရကပဲျဖစ္ျဖစ္ AA ကိုအၾကမ္းဖက္လို႔ သတ္မွတ္ၿပီး တရားစြဲခ်င္တယ္ဆိုရင္ သူတို႔ကိုပဲ တရားစြဲဖို႔ႀကိဳးစားရမွာျဖစ္တယ္၊ သူတို႔နဲ႔သက္ဆိုင္တဲ့ မိသားစုဝင္ေတြကို ဖမ္းဆီးတာဟာ ဥပေဒနဲ႔ လုံးဝမညီဘူး၊ လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္တယ္လို႔ပဲ ျမင္ပါတယ္ခင္ဗ်”

ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းကလည္း ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ရဲ႕ ႏွမ မိုးႏွင္းျဖဴနဲ႔ ေယာက္ဖျဖစ္သူ ကိုေက်ာ္ႏိုင္တို႔ကို ထိုင္းေထာက္လွမ္းရဲေတြက ဖမ္းဆီးၿပီး ျမန္မာအာဏာပိုင္ေတြကို လႊဲေျပာင္းေပးခဲ့ပါတယ္။

သူတို႔ႏွစ္ေယာက္ကို ျပည္ထဲေရးဝန္ႀကီးဌာနက တရားလိုလုပ္ၿပီး အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္တရားစြဲဆိုထားပါတယ္။

ဇူလိုင္လတုန္းကလည္း ရကၡိဳင့္တပ္ေတာ္ကို ေထာက္ခံအားေပးလို႔ဆိုၿပီး စကၤာပူမွာေနထိုင္တဲ့ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ရဲ႕ညီ ကိုေအာင္ျမတ္ေက်ာ္ အပါအဝင္ ေျခာက္ေယာက္ကို စကၤာပူအာဏာပိုင္ေတြက ဖမ္းဆီးၿပီးေတာ့ ျမန္မာဘက္ကို လႊဲေျပာင္းေပးခဲ့ပါတယ္။ သူတို႔ ေျခာက္ေယာက္ကိုလည္း ျပည္ထဲေရးဝန္ႀကီးဌာနက တရားလိုလုပ္ၿပီးေတာ့ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ တရားစြဲဆိုထားပါတယ္။

တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး စာခ်ဳပ္မွာ လက္မွတ္ထိုးထားတဲ့ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ (RCSS)၊ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) အစရွိတဲ့ လက္နက္ကိုင္အဖြဲ႕ေတြရဲ႕ ေခါင္းေဆာင္ေတြ၊ မိသားစုေတြကေတာ့ ထိုင္းႏိုင္ငံမွာ ဝင္ထြက္သြားလာ လႈပ္ရွားေနတာရွိေပမယ့္လည္း ထိုင္းအာဏာပိုင္ေတြကေတာ့ ဖမ္းဆီးျခင္းမရွိပါဘူး။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
AA စစ်ဦးစီးချုပ် ဇနီးနှင့် ကလေးငယ် နှစ်ဦး ဖမ်းဆီးခံရ

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ဇနီး ဒေါ်နှင်းဇာဖြူနှင့် သားသမီးဖြစ်သူများကို ၂ဝ၁၉ ဒီဇင်ဘာ ၆ ရက်နေ့က ချင်းမိုင်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနတွင် တွေ့ရစဉ်။
Photo: Citizen Journalist

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်ရဲ့ဇနီး၊ သားသမီးတွေကို ထိုင်းထောက်လှမ်းရေးတွေက ချင်းမိုင်မှာ ဒီဇင်ဘာ ၄ ရက်နေ့က ဖမ်းဆီးလိုက်ပြီး ဒီကနေ့မှာတော့ မြန်မာဘက်ကိုလွှဲပြောင်းပေးဖို့ စီစဉ်နေပါတယ်။

ချင်းမိုင်ဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ တော်လှန်ရေးလှုပ်ရှားသူတွေရဲ့ နယ်မြေအဖြစ် ထင်ရှားပေမယ့် ဒီနေရာဟာ မလုံခြုံတော့ဘူးလို့ ဝေဖန်လာကြပါတယ်။

နယ်စပ်ဖြတ်ကျော် ဖမ်းဆီးလွှဲပြောင်းတဲ့လုပ်ရပ်ကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက နယ်စပ်ဖြတ်ကျော် ဓါးစာခံတွေကို ဖမ်းဆီးတဲ့လုပ်ရပ်နဲ့ တူတယ်လို့ ဝေဖန်နေကြပါတယ်။

ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီး မနှင်းဇာဖြူ၊ သမီးနဲ့ သားဖြစ်သူ ကလေးငယ် နှစ်ယောက်ကို ထိုင်းအာဏာပိုင်တွေက ချင်းမိုင်မြို့မှာ ဒီဇင်ဘာလ ၄ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်မှာ ဖမ်းဆီးလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ အသက် ၃၉ နှစ်အရွယ် မနှင်းဇာဖြူ၊ သမီးဖြစ်သူ အသက် ၁၁  နှစ်အရွယ် မစောပြည့်ရှင်နဲ့ သားဖြစ်သူ ၁၁ လသားအရွယ် မောင်မြတ်လင်းဇင်တို့ ဖြစ်ကြပါတယ်။

ဒီလိုဖမ်းဆီးရတာဟာ မြန်မာအစိုးရဘက်က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ ဇနီးဖြစ်သူ မနှင်းဇာဖြူ အပါအဝင် ညီအစ်ကိုမောင်နှမ တော်စပ်သူ ၁၀ ယောက်ဟာ အဖျက်အမှောက် လုပ်ငန်းတွေ လုပ်ကိုင်နေသူ ဖြစ်တာကြောင့် ဖမ်းဆီးပေးဖို့ ထိုင်းအစိုးရကို မြန်မာဘက်က  တောင်းဆိုလာတာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ နေ့လယ် ၂ နာရီခွဲ အချိန်မှာတော့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ဒုတိယရဲချုပ် ဦးဆောင်ပြီး မနှင်းဇာဖြူနဲ့ သားသမီးတွေကို ထိုင်း မြန်မာနယ်စပ်တစ်နေရာကို ချင်းမိုင်မြို့ကနေ ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားခဲ့ပါတယ်။

ဖမ်းဆီးခံရသူ မိသားစု သုံးယောက်ကို လိုက်ပါကူညီပေးနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် ရခိုင်လူ့အခွင့်အရေးအဖွဲ့ သုတေသနာဌာနရဲ့ အဖွဲ့ဝင်တစ်ယောက်ကလည်း AA စစ်ဦးစီးချုပ်ရဲ့ ဇနီး အပါအဝင်၊ တခြား လူဆယ်ယောက် ခန့်ကို မြန်မာနိုင်ငံအစိုးရဘက်က ဖမ်းပေးဖို့ ကူညီတောင်းခံနေတာရှိကြောင်း ပြောပါတယ်။

“သူတို့မိသားစုဝင်တွေ အပါအဝင် နောက်ပြီးတော့ ဖမ်းဝရမ်းထုတ်တာတွေရော နောက်ပြီးတော့ မိသားစုနဲ့အခြားပုဂ္ဂိုလ်တွေ တော်တော်များများကို ထိုင်းလဝကတို့ ရဲတို့မှာ ဗမာအစိုးရက ပေးထားတာရှိတယ်ခင်ဗျ၊ ဆိုတော့ သူတို့ဗီဇာသက်တမ်းတိုးတဲ့အခါမှာ သူတို့နာမည်တွေက ကွန်ပျူတာမှာပေါ်လာတဲ့အခါကြတော့ ဒီလိုမျိုးဖြစ်သွားတာပေါ့ခင်ဗျ”

ထိုင်းတာဝန်ရှိသူတွေထံက သိရှိရတာကတော့ မနှင်းဇာဖြူ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်စာအုပ်ဟာ မှန်ကန်မှု မရှိတဲ့အတွက် မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်မပြုကြောင်း မြန်မာအစိုးရဘက်က ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ပိုင်းက အကြောင်းကြားလာတယ်လို့လည်း သိရပါတယ်။ မနှင်းဇာဖြူဟာ ကလေးငယ်တွေနဲ့အတူ ထိုင်းနိုင်ငံမှာ နေထိုင်တာ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ချင်းမိုင်မြို့နယ်ဘက်မှာ ထောက်ခံဝန်းရံသူတွေနဲ့ တွေ့ဆုံပွဲတွေ တက်ရောက်ဖူးပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးနဲ့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးတို့ကို RFA က ဒီကနေ့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါဘူး။

ဒါ့အပြင် ရက္ခိုင့်တပ်တော် ပြောခွင့်ရ ခိုင်သုခ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့ဆီကို ဆက်သွယ်ဖို့ကြိုးစားပေမယ့် သီးခြားမှတ်ချက် ရယူနိုင်ခြင်း မရှိပါဘူး။

AA စစ်ဦးစီးချုပ်ရဲ့ဇနီး မနှင်းဇာဖြူဟာ လက်ရှိ ရခိုင်အမျိုးသားပါတီ (ANP) ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှရဲ့ သမီးအရင်းဖြစ်ပါတယ်။ RFA က လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကို ဆက်သွယ်တဲ့အခါ သူ့အနေနဲ့ သတင်းကို ကြားသိရပေမယ့်၊ အခြေအနေစောနေသေးကြောင်း၊ ဆက်လက်စောင့်ကြည့်ဦးမယ်လို့ ပြောပါတယ်။

“ကျွန်တော်လည်းဒီဘက်မှာ သတင်းတွေကနေသိရတယ်၊ ဒါပေမဲ့ လောလောဆယ် ပြောစရာတစ်ခုမှ မရှိသေးဘူး၊ လောလောဆယ်ပြောဖို့စောသေးတယ်၊ အခြေအနေကို တိတိကျကျတစ်ခုမှမသိရသေးတဲ့အတွက် တစ်ခုခုပြောမှားဆိုမှားဖြစ်သွားရင်မကောင်းဘူး၊ စောင့်ကြည့်ရမယ့်သဘောရှိတယ်”

လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က အခုလိုလုပ်ရပ်မျိုးကို လုံးဝလက်မခံနိုင်ကြောင်း၊ ရှုတ်ချကြောင်းနဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကလေးငယ်နှစ်ယောက်ကို နယ်စပ်ဖြတ်ကျော်ပြီးတော့ ဓါးစာခံဖမ်းသလို လုပ်ရပ်ဟာ ကြွက်မနိုင် ကျီမီးနဲ့ရှို့တဲ့ လုပ်ရပ်နဲ့တူကြောင်း ဝေဖန်ပါတယ်။

“အခု စစ်တိုက်ကြတာဟာ ယောက်ကျားတွေအချင်းချင်း တိုက်ကြတာဖြစ်တယ်၊ သူတို့မကျေနပ်လို့ စစ်တိုက်ကြတဲ့အခါမှာ စစ်ရေးနဲ့ပဲ ဖြေရှင်းသင့်တယ်လို့မြင်တယ်၊ အခုလိုမျိုး မိန်းမတစ်ယောက်နဲ့ ကလေးနှစ်ယောက်ကို ဓားစာခံလိုဖမ်းဆီးတဲ့လုပ်ရပ်ဟာ တကယ့်ကိုလူမဆန်တဲ့ လုပ်ရပ်လို့ ပြောလို့ရတယ်”

အသံ- Athan အဖွဲ့တည်ထောင်သူ ဒါရိုက်တာ မောင်ဆောင်းခ ကလည်း မိသားစုဝင်တွေကို အခုလို ဖမ်းဆီးတာကို လက်မခံနိုင်ကြောင်း ပြောပါတယ်။

“လူ့အခွင့်အရေးရှုထောင့်က ပြောမယ်ဆိုရင် အဲဒီလိုမျိုး ဖမ်းလို့မရဘူး၊ ဒါကမိသားစု၊ ပြီးတော့ သူတို့ဟာ လက်နက်ကိုင်ကိစ္စအပေါ်မှာလည်း ပါဝင်ပတ်သက်နေတာ မရှိဘူး၊ စစ်တပ်ကပဲဖြစ်ဖြစ် အစိုးရကပဲဖြစ်ဖြစ် AA ကိုအကြမ်းဖက်လို့ သတ်မှတ်ပြီး တရားစွဲချင်တယ်ဆိုရင် သူတို့ကိုပဲ တရားစွဲဖို့ကြိုးစားရမှာဖြစ်တယ်၊ သူတို့နဲ့သက်ဆိုင်တဲ့ မိသားစုဝင်တွေကို ဖမ်းဆီးတာဟာ ဥပဒေနဲ့ လုံးဝမညီဘူး၊ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ပဲ မြင်ပါတယ်ခင်ဗျ”

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ နှမ မိုးနှင်းဖြူနဲ့ ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကို ထိုင်းထောက်လှမ်းရဲတွေက ဖမ်းဆီးပြီး မြန်မာအာဏာပိုင်တွေကို လွှဲပြောင်းပေးခဲ့ပါတယ်။

သူတို့နှစ်ယောက်ကို ပြည်ထဲရေးဝန်ကြီးဌာနက တရားလိုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်တရားစွဲဆိုထားပါတယ်။

ဇူလိုင်လတုန်းကလည်း ရက္ခိုင့်တပ်တော်ကို ထောက်ခံအားပေးလို့ဆိုပြီး စင်္ကာပူမှာနေထိုင်တဲ့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော် အပါအဝင် ခြောက်ယောက်ကို စင်္ကာပူအာဏာပိုင်တွေက ဖမ်းဆီးပြီးတော့ မြန်မာဘက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။ သူတို့ ခြောက်ယောက်ကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနက တရားလိုလုပ်ပြီးတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အစရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ၊ မိသားစုတွေကတော့ ထိုင်းနိုင်ငံမှာ ဝင်ထွက်သွားလာ လှုပ်ရှားနေတာရှိပေမယ့်လည်း ထိုင်းအာဏာပိုင်တွေကတော့ ဖမ်းဆီးခြင်းမရှိပါဘူး။

RFA Burmese
https://www.rfa.org
AA စစ္ဦးစီးခ်ဳပ္ ဇနီးႏွင့္ ကေလးငယ္ ႏွစ္ဦး ဖမ္းဆီးခံရ AA စစ္ဦးစီးခ်ဳပ္ ဇနီးႏွင့္ ကေလးငယ္ ႏွစ္ဦး ဖမ္းဆီးခံရ Reviewed by THITHTOOLWIN on 02:58 Rating: 5
Powered by Blogger.