မုိင္းရယ္ၿမိဳ႕နယ္အတြင္း နမ့္တုန္း တံတားေျမသားၿပိဳ ကားတစီးကြ်ံက်

(Zawgyi)⤵⤵⤵
ဒီဇင္ဘာ ၁၂၊၂၀၁၉

သွ်မ္းျပည္ ေျမာက္ပိုင္း မုိင္းရယ္ၿမိဳ႕နယ္ အတြင္းရွိ နမ့္တုန္းတံတားသည္ ယေန႔ ေနလည္ပုိင္းတြင္ ေျမၿပိဳက်မႈျဖစ္ၿပီးကားတစီး ကြ်ံက်သြားေၾကာင္း သတင္းရရွိသည္။

မုိင္းရယ္ၿမိဳ႕နယ္ တန္႔ယန္း- မိုင္းရယ္ ကားလမ္း ရွိ နမ့္တုန္းတံတား သည္ ေျမၿပိဳက်မႈျဖစ္ပြားကာ ကားတစီး ကြ်ံက်သြားၿပီး လူ ၂ဦး ဒဏ္ရာရရွိသြားေၾကာင္း မ်က္ျမင္ႀကံဳေတြ႔ရသည့္ “ဝ” ျပင္ပ ဆက္ဆံေရး႐ံုး တာဝန္ရွိသူ ဦးညီရမ္း က ေျပာသည္။

“ ေျမသားၿပိဳသြားတာ။ ေခြးဘီလူးကားတစီး ကြ်ံသြားတယ္။ က်ေတာ့မက်ဘူး။ လူ ၂ဦး ကေတာ့ဒဏ္ရာ အနည္းငယ္ရပါတယ္” ဟု ဦးညီရမ္းက ေျပာသည္။

အဆုိပါလမ္းသည္ ၂လမ္းသြားကားလမ္းျဖစ္ကာ တဖက္ျခမ္းသာေျမသားၿပိဳသြားေၾကာင္း၊ လက္ရွိတြင္ ကားေသးသာ ျဖစ္သန္းေနရေၾကာင္း လည္း ထုိ ကားလမ္းကိုအသံုးျပဳေနသည့္ ကားဆရာ စိုင္းခမ္း က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ သက္ဆုိင္ရာက ကားတန္ခ်ိန္ပိုျဖတ္သန္းလို႔ ေျမသားၿပိဳတယ္လို႔ ေျပာတယ္။ က်ေနာ္အထင္ေတာ့ တန္ခ်ိန္ပိုတာမဟုတ္ဘူး။တည္ေဆာက္မႈ မခိုင္လုိ႔ပါ” ဟု စိုင္းခမ္းက ဆုိသည္။

လက္ရွိမွာ အဆုိပါ နမ့္တုန္း တံတား သည္ ခံႏုိင္ရည္မရွိေတာ့သျဖင့္ ျဖတ္သန္းသြားလာသည္ ကားေသးမ်ားအတြက္လည္း အႏၱရာယ္ရွိႏုိင္ေၾကာင္း လည္း စိုင္းခမ္းက ထပ္ေလာင္းေျပာသည္။

ဆက္လက္ၿပီး စိုင္းခမ္း က “ ကားေသးေတြကေတာ့ သြားေနတာပဲ။ လမ္းေတာ့မပိတ္ဘူး။ အႏၱရာယ္မ်ားတယ္။ တကယ္ဆုိ ေပးမျဖတ္သင့္ေတာ့ဘူး” ဟု လည္း ေျပာသည္။

သွ်မ္းျပည္ေျမာက္ပိုင္း တန္႔ယန္းၿမိဳ႕ ႏွင့္ မုိင္းရယ္ၿမိဳ႕ သြားလာသည္ ကားလမ္းကို ေကာင္းမြန္စြာ တည္ေဆာက္ေစခ်င္ေၾကာင္း၊ ခိုင္ခံ့သည့္ တံတားမ်ား ေဆာက္ေပးေစခ်င္ေၾကာင္းလည္း ထိုလမ္းတြင္ ေျပးဆြဲသည့္ ကားသမားမ်ားက ေျပာသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
----------------
(Unicode)⤵⤵⤵
မိုင်းရယ်မြို့နယ်အတွင်း နမ့်တုန်း တံတားမြေသားပြို ကားတစီးကျွံကျ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဒီဇင်ဘာ ၁၂၊၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်းရှိ နမ့်တုန်းတံတားသည် ယနေ့ နေလည်ပိုင်းတွင် မြေပြိုကျမှုဖြစ်ပြီးကားတစီး ကျွံကျသွားကြောင်း သတင်းရရှိသည်။

မိုင်းရယ်မြို့နယ် တန့်ယန်း- မိုင်းရယ် ကားလမ်း ရှိ နမ့်တုန်းတံတား သည် မြေပြိုကျမှုဖြစ်ပွားကာ ကားတစီး ကျွံကျသွားပြီး လူ ၂ဦး ဒဏ်ရာရရှိသွားကြောင်း မျက်မြင်ကြုံတွေ့ရသည့် “ဝ” ပြင်ပ ဆက်ဆံရေးရုံး တာဝန်ရှိသူ ဦးညီရမ်း က ပြောသည်။

“ မြေသားပြိုသွားတာ။ ခွေးဘီလူးကားတစီး ကျွံသွားတယ်။ ကျတော့မကျဘူး။ လူ ၂ဦး ကတော့ဒဏ်ရာ အနည်းငယ်ရပါတယ်” ဟု ဦးညီရမ်းက ပြောသည်။

အဆိုပါလမ်းသည် ၂လမ်းသွားကားလမ်းဖြစ်ကာ တဖက်ခြမ်းသာမြေသားပြိုသွားကြောင်း၊ လက်ရှိတွင် ကားသေးသာ ဖြစ်သန်းနေရကြောင်း လည်း ထို ကားလမ်းကိုအသုံးပြုနေသည့် ကားဆရာ စိုင်းခမ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ သက်ဆိုင်ရာက ကားတန်ချိန်ပိုဖြတ်သန်းလို့ မြေသားပြိုတယ်လို့ ပြောတယ်။ ကျနော်အထင်တော့ တန်ချိန်ပိုတာမဟုတ်ဘူး။တည်ဆောက်မှု မခိုင်လို့ပါ” ဟု စိုင်းခမ်းက ဆိုသည်။

လက်ရှိမှာ အဆိုပါ နမ့်တုန်း တံတား သည် ခံနိုင်ရည်မရှိတော့သဖြင့် ဖြတ်သန်းသွားလာသည် ကားသေးများအတွက်လည်း အန္တရာယ်ရှိနိုင်ကြောင်း လည်း စိုင်းခမ်းက ထပ်လောင်းပြောသည်။

ဆက်လက်ပြီး စိုင်းခမ်း က “ ကားသေးတွေကတော့ သွားနေတာပဲ။ လမ်းတော့မပိတ်ဘူး။ အန္တရာယ်များတယ်။ တကယ်ဆို ပေးမဖြတ်သင့်တော့ဘူး” ဟု လည်း ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ နှင့် မိုင်းရယ်မြို့ သွားလာသည် ကားလမ်းကို ကောင်းမွန်စွာ တည်ဆောက်စေချင်ကြောင်း၊ ခိုင်ခံ့သည့် တံတားများ ဆောက်ပေးစေချင်ကြောင်းလည်း ထိုလမ်းတွင် ပြေးဆွဲသည့် ကားသမားများက ပြောသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
မုိင္းရယ္ၿမိဳ႕နယ္အတြင္း နမ့္တုန္း တံတားေျမသားၿပိဳ ကားတစီးကြ်ံက် မုိင္းရယ္ၿမိဳ႕နယ္အတြင္း နမ့္တုန္း တံတားေျမသားၿပိဳ ကားတစီးကြ်ံက် Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.