ျမန္မာဘက္က အိုင္စီေဂ်မွာ ေခ်ပခ်က္ေတြထဲက ေကာက္ႏုတ္ခ်က္

ANP/AFP/Getty Images
(Zawgyi)⤵⤵⤵
ႏိုင္ငံတကာ တရား႐ုံး ICJ မွာ ဂမ္ဘီယာက ျမန္မာကို လူမ်ိဳးတုံးသတ္ျဖတ္မႈ ဂ်ီႏိုဆိုက္ ကြန္ဗန္းရွင္း ခ်ိဳးေဖာက္တယ္ဆိုၿပီး ၾကားျဖတ္အစီအမံခ်မွတ္ေပးဖို႔ ေတာင္းဆိုတာကို ျမန္မာဘက္က ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ေရွ႕ေန သုံးဦးက ေလွ်ာက္လဲ ေခ်ပခဲ့ပါတယ္။

ၾကားျဖတ္အစီအမံ ခ်မွတ္ဖို႔ေတာင္းဆိုတာကို ၾကားနာတဲ့ ပထမေန႔ ဒီဇင္ဘာ ၁၀ ရက္မွာ ဂမ္ဘီယာဘက္က ေလွ်ာက္လဲခဲ့ၿပီး ဒုတိယေန႔ ဒီဇင္ဘာ ၁၁ ရက္မွာ ျမန္မာဘက္က ေခ်ပ ေလွ်ာက္လဲတာ ျဖစ္ပါတယ္။

အဲဒီ ၾကားနာမႈ ဒုတိယေန႔ ေျပာၾကားခ်က္ေတြထဲက တခ်ိဳ႕ကို ေကာက္ႏုတ္ေဖာ္ျပလိုက္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံျခားေရး ဝန္ႀကီး

ျမန္မာအစိုးရ ကိုယ္စားျပဳအဖြဲ႕ကို ဦးေဆာင္သူ

"အမွားလုပ္တယ္လို႔ စြပ္စြဲခံရတဲ့ စစ္သားေတြကို စုံစမ္းစစ္ေဆးတာ၊ အေရးယူ အျပစ္ေပးတာေတြလုပ္ေနတဲ့ အစိုးရ တရပ္မွာ လူမ်ိဳးတုံးေစတဲ့ ရည္႐ြယ္လုပ္ေဆာင္မႈမ်ိဳး ရွိႏိုင္ပါ့မလား။

ဒီမွာအထူးအာ႐ုံစိုက္ၿပီးေျပာေနတာက တပ္မေတာ္ တပ္ဖြဲ႕ဝင္ေတြကိုပါ၊ အရပ္သားက်ဴးလြန္သူေတြရွိရင္လည္း ဥပေဒအတိုင္း က်ခံရမယ့္ အေရးယူေဆာင္႐ြက္မႈ လုပ္မယ္ဆိုတာကို ကြၽန္မအေနနဲ႔ အာမခံၿပီးေျပာႏိုင္ပါတယ္။

ရခိုင္မွာပဲျဖစ္ျဖစ္၊ ျမန္မာျပည္ရဲ႕ဘယ္ေနရာမွာပဲ ျဖစ္ျဖစ္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို နည္းနည္းမွ သည္းခံမွာ မဟုတ္ပါဘူး။"

ANP/AFP/Getty Images

"ဥကၠ႒ႀကီးရွင္ တခ်ိဳ႕ေနရာေတြမွာ ႏိုင္ငံတကာ လူ႔အခြင့္အေရး ဥပေဒေတြနဲ႔ ဆန္႔က်င္ၿပီး ကာကြယ္ေရးအဖြဲ႕ဝင္ေတြက အင္အားကို အခ်ိဳးစားပိုလြန္စြာသုံးခဲ့တယ္ဆိုတာ၊ ဒါမွမဟုတ္ သူတို႔ဟာ အာဆာလက္နက္ကိုင္ေတြနဲ႔ အရပ္သားေတြကို ရွင္းရွင္းလင္းလင္း မခြဲျခားႏိုင္ခဲ့တာေတြ ရွိတယ္ဆိုတာ ဒါမွမဟုတ္ အရပ္သားေတြကို လုယက္တာ၊ တိုက္ခိုက္ၿပီး ပစၥည္းေတြဖ်က္ဆီးတာကို မကာကြယ္ႏိုင္ခဲ့တာေတြ မရွိခဲ့ဘူးလို႔ မေျပာပါဘူး။

ဒါေပမယ့္ ဒါေတြဟာ ရာဇဝတ္မႈ ကိုင္တြယ္ ေဆာင္႐ြက္တဲ့ လုပ္ငန္းစဥ္အေနနဲ႔ လုပ္ေဆာင္တာျဖစ္ၿပီး အစိုးရအဖြဲ႕ဝင္ေတြ အေနနဲ႔ လုပ္ခဲ့တာ မဟုတ္ပါဘူး။"

"ဂမ္ဘီယာက ကိုးကားထားတဲ့ ကုလသမဂၢ လူ႔အခြင့္အေရး လုပ္ပိုင္ခြင့္တခ်ိဳ႕က ျမန္မာရဲ႕ စစ္တပ္တြင္း တရားစီရင္မႈက တာ၀န္ခံမႈ မေပးႏိုင္ဘူးလို႔ ၫႊန္းတာ ရွိပါတယ္။

ဒါဟာ ျမန္မာအေျခခံဥပေဒ ပုဒ္မ ၂၀(ခ)ကို ဆန္႔က်င္ေန႐ုံမက စစ္တပ္နဲ႔ အရပ္သားအစိုးရတို႔ ပူးေပါင္းေဆာင္႐ြက္ႏိုင္ဖို႔ ခက္ခဲတဲ့ႀကိဳးပမ္းမႈေတြကိုပါ အားနည္းေစပါတယ္။

အဲဒီႀကိဳးပမ္းမႈကေတာ့ ဒီမိုကေရစီ အျပည့္အဝရေအာင္ အေျခခံဥပေဒျပင္ႏိုင္ဖို႔ပါ။"

"ကြၽန္မတို႔ဟာ အာဆာက ႀကိဳတင္ပူးေပါင္း တိုက္ခိုက္မႈေတြက စတင္ခဲ့တဲ့ ျပည္တြင္းစစ္ေရးပဋိပကၡကို ေျဖရွင္းေနရတာပါ။

ဒါကို ျမန္မာ့တပ္မေတာ္က တုံ႔ျပန္ေဆာင္႐ြက္ခဲ့ပါတယ္။ စိတ္မေကာင္းစရာက အဲဒီလက္နက္ကိုင္ပဋိပကၡေၾကာင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ၿမိဳ႕နယ္ ၃ ခုက သိန္းနဲ႔ခ်ီတဲ့ မြတ္ဆလင္ေတြဟာ ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးခဲ့ၾကပါတယ္။"
ICJ

ပါေမာကၡ ဝီလ်ံေရွဘတ္စ္

ျမန္မာအဖြဲ႕ကိုယ္စားျပဳ ေရွ႕ေန

ပါေမာကၡ ဝီလ်ံေရွဘတ္စ္

"ၾကားျဖတ္အေရးယူေဆာင္႐ြက္မႈေတြလို႔ ဆိုရင္ ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္းမွာ ေဖာ္ျပထားတဲ့ အတိုင္း လူမ်ိဳးတုံးေအာင္ ရည္႐ြယ္လုပ္ေဆာင္တယ္ဆိုတာကို ေဖာ္ျပတဲ့ သက္ေသအေထာက္အထားေတြ ျပသရမွာျဖစ္ပါတယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈကို ရည္႐ြယ္တယ္ ဆိုတဲ့အခ်က္မွာ လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ လူအေျမာက္အျမားအေပၚ ရက္စက္စြာက်ဴးလြန္တဲ့ ရာဇ၀တ္မႈ၊ စစ္ရာဇဝတ္မႈ စတာေတြနဲ႔ ကြဲျပားတယ္ဆိုတာ အလြန္အေရးႀကီးပါတယ္။ လူအေျမာက္အျမားအေပၚ ရက္စက္စြာက်ဴးလြန္တဲ့ ရာဇဝတ္မႈ၊ စစ္ရာဇဝတ္မႈကို ဒီတရား႐ုံးက စီရင္ခြင့္မရွိပါဘူး။"

"အိုင္စီစီႏိုင္ငံတကာ ရာဇဝတ္မႈခုံ႐ုံးရဲ႕ တရားခြင္အႀကိဳစစ္ေဆးမႈ က အတည္ျပဳထားတာကလည္း ၂၀၁၇ ခုႏွစ္မွာ လူအမ်ားအျပား ထြက္ခြာသြားတာဟာ လူေတြကို တနည္းနည္းနဲ႔ ဖိအားေပးႏွင္ထုတ္တာလို႔ ဆိုထားပါတယ္။

အစိုးရသို႔မဟုတ္ အဖြဲ႕အစည္းရဲ႕ မူဝါဒဟာ ႏွင္ထုတ္ေရးကို ရည္႐ြယ္တယ္လို႔ဆိုပါတယ္။ ဖိအားေပးေနရာေ႐ႊ႕ေျပာင္းခိုင္းတယ္ဆိုတာဟာ လူမ်ိဳးတုံးေအာင္လုပ္မႈ မေျမာက္ပါဘူး။"

ခရစၥတိုဖာ စတိတ္ကာ

ျမန္မာအဖြဲ႕ကိုယ္စားျပဳ ေရွ႕ေန
ခရစၥတိုဖာ စတိတ္ကာ

"ဂမ္ဘီယာႏိုင္ငံက ႐ုံးေတာ္ကို ဒီအမႈ တင္သြင္းေလွ်ာက္ခဲ့တာလို႔ ဆိုေပမယ့္လည္း တကယ္မွာ ဒီလိုလုပ္ခဲ့တာဟာ အိုအိုင္စီ ရဲ႕ ကိုယ္စား တင္သြင္းခဲ့တာပါ။

ဂမ္ဘီယာက အိုအိုင္စီ ရဲ႕ အဖြဲ႕ဝင္ႏိုင္ငံ ၊ အိုအိုင္စီရဲ႕ ဌာနတခုအႀကီးအကဲ စတဲ့ အေနအထားေတြနဲ႔ အိုအိုင္စီက ေပးအပ္တဲ့တာဝန္ကို လုပ္ေဆာင္တာပါ။

ဒီတရား႐ုံးကိစၥေတြမွာလည္း အိုအိုင္စီ က ရန္ပုံေငြထုတ္ေပးထားပါတယ္။

အိုအိုင္စီ က ဒီႏွစ္ မတ္လ ကတည္းက ဒီကိစၥကို အေရးယူေဆာင္႐ြက္ဖို႔ လုပ္ေနၿပီး ဒီ ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္းနဲ႔ ဆိုင္တဲ့ စြပ္စြဲခ်က္ လို႔ တရားဝင္ၫႊန္းဆိုတာ ကို ကြၽန္ေတာ္တို႔ အေစာဆုံးသိရတာက ၾသဂုတ္လထဲမွာပါ။

ေနာက္ၿပီး အခုတရား႐ုံးစြဲဆိုခ်က္နဲ႔ ပတ္သက္ၿပီး ဂမ္ဘီယာ က ျမန္မာဘက္ကို စာပို႔တဲ့ ေအာက္တိုဘာ ၁၁ ရက္ ေန႔မတိုင္ခင္ ရက္သတၱပတ္ ေစာၿပီး အခု တရားလိုေရွ႕ေနအဖြဲ႕ကို ဒီတရားစြဲဆိုေရး ကိစၥေတြျပင္ဆင္ဖို႔ ၫႊန္ၾကားခဲ့ၾကတာပါ။"

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
မြန်မာဘက်က အိုင်စီဂျေမှာ ချေပချက်တွေထဲက ကောက်နုတ်ချက်

ဓာတ်ပုံ မူပိုင် ANP/AFP/Getty Images

နိုင်ငံတကာ တရားရုံး ICJ မှာ ဂမ်ဘီယာက မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက် ကွန်ဗန်းရှင်း ချိုးဖောက်တယ်ဆိုပြီး ကြားဖြတ်အစီအမံချမှတ်ပေးဖို့ တောင်းဆိုတာကို မြန်မာဘက်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရှေ့နေ သုံးဦးက လျှောက်လဲ ချေပခဲ့ပါတယ်။

ကြားဖြတ်အစီအမံ ချမှတ်ဖို့တောင်းဆိုတာကို ကြားနာတဲ့ ပထမနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ ဂမ်ဘီယာဘက်က လျှောက်လဲခဲ့ပြီး ဒုတိယနေ့ ဒီဇင်ဘာ ၁၁ ရက်မှာ မြန်မာဘက်က ချေပ လျှောက်လဲတာ ဖြစ်ပါတယ်။

အဲဒီ ကြားနာမှု ဒုတိယနေ့ ပြောကြားချက်တွေထဲက တချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး

မြန်မာအစိုးရ ကိုယ်စားပြုအဖွဲ့ကို ဦးဆောင်သူ

"အမှားလုပ်တယ်လို့ စွပ်စွဲခံရတဲ့ စစ်သားတွေကို စုံစမ်းစစ်ဆေးတာ၊ အရေးယူ အပြစ်ပေးတာတွေလုပ်နေတဲ့ အစိုးရ တရပ်မှာ လူမျိုးတုံးစေတဲ့ ရည်ရွယ်လုပ်ဆောင်မှုမျိုး ရှိနိုင်ပါ့မလား။

ဒီမှာအထူးအာရုံစိုက်ပြီးပြောနေတာက တပ်မတော် တပ်ဖွဲ့ဝင်တွေကိုပါ၊ အရပ်သားကျူးလွန်သူတွေရှိရင်လည်း ဥပဒေအတိုင်း ကျခံရမယ့် အရေးယူဆောင်ရွက်မှု လုပ်မယ်ဆိုတာကို ကျွန်မအနေနဲ့ အာမခံပြီးပြောနိုင်ပါတယ်။

ရခိုင်မှာပဲဖြစ်ဖြစ်၊ မြန်မာပြည်ရဲ့ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းနည်းမှ သည်းခံမှာ မဟုတ်ပါဘူး။"
ဓာတ်ပုံ မူပိုင် ANP/AFP/Getty Images

"ဥက္ကဋ္ဌကြီးရှင် တချို့နေရာတွေမှာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေနဲ့ ဆန့်ကျင်ပြီး ကာကွယ်ရေးအဖွဲ့ဝင်တွေက အင်အားကို အချိုးစားပိုလွန်စွာသုံးခဲ့တယ်ဆိုတာ၊ ဒါမှမဟုတ် သူတို့ဟာ အာဆာလက်နက်ကိုင်တွေနဲ့ အရပ်သားတွေကို ရှင်းရှင်းလင်းလင်း မခွဲခြားနိုင်ခဲ့တာတွေ ရှိတယ်ဆိုတာ ဒါမှမဟုတ် အရပ်သားတွေကို လုယက်တာ၊ တိုက်ခိုက်ပြီး ပစ္စည်းတွေဖျက်ဆီးတာကို မကာကွယ်နိုင်ခဲ့တာတွေ မရှိခဲ့ဘူးလို့ မပြောပါဘူး။

ဒါပေမယ့် ဒါတွေဟာ ရာဇဝတ်မှု ကိုင်တွယ် ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်အနေနဲ့ လုပ်ဆောင်တာဖြစ်ပြီး အစိုးရအဖွဲ့ဝင်တွေ အနေနဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး။"

"ဂမ်ဘီယာက ကိုးကားထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး လုပ်ပိုင်ခွင့်တချို့က မြန်မာရဲ့ စစ်တပ်တွင်း တရားစီရင်မှုက တာဝန်ခံမှု မပေးနိုင်ဘူးလို့ ညွှန်းတာ ရှိပါတယ်။

ဒါဟာ မြန်မာအခြေခံဥပဒေ ပုဒ်မ ၂၀(ခ)ကို ဆန့်ကျင်နေရုံမက စစ်တပ်နဲ့ အရပ်သားအစိုးရတို့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ခက်ခဲတဲ့ကြိုးပမ်းမှုတွေကိုပါ အားနည်းစေပါတယ်။

အဲဒီကြိုးပမ်းမှုကတော့ ဒီမိုကရေစီ အပြည့်အဝရအောင် အခြေခံဥပဒေပြင်နိုင်ဖို့ပါ။"

"ကျွန်မတို့ဟာ အာဆာက ကြိုတင်ပူးပေါင်း တိုက်ခိုက်မှုတွေက စတင်ခဲ့တဲ့ ပြည်တွင်းစစ်ရေးပဋိပက္ခကို ဖြေရှင်းနေရတာပါ။

ဒါကို မြန်မာ့တပ်မတော်က တုံ့ပြန်ဆောင်ရွက်ခဲ့ပါတယ်။ စိတ်မကောင်းစရာက အဲဒီလက်နက်ကိုင်ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် ၃ ခုက သိန်းနဲ့ချီတဲ့ မွတ်ဆလင်တွေဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြပါတယ်။"
ဓာတ်ပုံ မူပိုင် ICJ

ပါမောက္ခ ဝီလျံရှေဘတ်စ်

မြန်မာအဖွဲ့ကိုယ်စားပြု ရှေ့နေ
ဓာတ်ပုံ မူပိုင် ICJ
Image caption ပါမောက္ခ ဝီလျံရှေဘတ်စ်

"ကြားဖြတ်အရေးယူဆောင်ရွက်မှုတွေလို့ ဆိုရင် ဂျီနိုဆိုက် ကွန်ဗင်းရှင်းမှာ ဖော်ပြထားတဲ့ အတိုင်း လူမျိုးတုံးအောင် ရည်ရွယ်လုပ်ဆောင်တယ်ဆိုတာကို ဖော်ပြတဲ့ သက်သေအထောက်အထားတွေ ပြသရမှာဖြစ်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုကို ရည်ရွယ်တယ် ဆိုတဲ့အချက်မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူအမြောက်အမြားအပေါ် ရက်စက်စွာကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု စတာတွေနဲ့ ကွဲပြားတယ်ဆိုတာ အလွန်အရေးကြီးပါတယ်။ လူအမြောက်အမြားအပေါ် ရက်စက်စွာကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုကို ဒီတရားရုံးက စီရင်ခွင့်မရှိပါဘူး။"

"အိုင်စီစီနိုင်ငံတကာ ရာဇဝတ်မှုခုံရုံးရဲ့ တရားခွင်အကြိုစစ်ဆေးမှု က အတည်ပြုထားတာကလည်း ၂၀၁၇ ခုနှစ်မှာ လူအများအပြား ထွက်ခွာသွားတာဟာ လူတွေကို တနည်းနည်းနဲ့ ဖိအားပေးနှင်ထုတ်တာလို့ ဆိုထားပါတယ်။

အစိုးရသို့မဟုတ် အဖွဲ့အစည်းရဲ့ မူဝါဒဟာ နှင်ထုတ်ရေးကို ရည်ရွယ်တယ်လို့ဆိုပါတယ်။ ဖိအားပေးနေရာရွှေ့ပြောင်းခိုင်းတယ်ဆိုတာဟာ လူမျိုးတုံးအောင်လုပ်မှု မမြောက်ပါဘူး။"

ခရစ္စတိုဖာ စတိတ်ကာ

မြန်မာအဖွဲ့ကိုယ်စားပြု ရှေ့နေ
ဓာတ်ပုံ မူပိုင် ICJ
Image caption ခရစ္စတိုဖာ စတိတ်ကာ

"ဂမ်ဘီယာနိုင်ငံက ရုံးတော်ကို ဒီအမှု တင်သွင်းလျှောက်ခဲ့တာလို့ ဆိုပေမယ့်လည်း တကယ်မှာ ဒီလိုလုပ်ခဲ့တာဟာ အိုအိုင်စီ ရဲ့ ကိုယ်စား တင်သွင်းခဲ့တာပါ။

ဂမ်ဘီယာက အိုအိုင်စီ ရဲ့ အဖွဲ့ဝင်နိုင်ငံ ၊ အိုအိုင်စီရဲ့ ဌာနတခုအကြီးအကဲ စတဲ့ အနေအထားတွေနဲ့ အိုအိုင်စီက ပေးအပ်တဲ့တာဝန်ကို လုပ်ဆောင်တာပါ။

ဒီတရားရုံးကိစ္စတွေမှာလည်း အိုအိုင်စီ က ရန်ပုံငွေထုတ်ပေးထားပါတယ်။

အိုအိုင်စီ က ဒီနှစ် မတ်လ ကတည်းက ဒီကိစ္စကို အရေးယူဆောင်ရွက်ဖို့ လုပ်နေပြီး ဒီ ဂျီနိုဆိုက် ကွန်ဗင်းရှင်းနဲ့ ဆိုင်တဲ့ စွပ်စွဲချက် လို့ တရားဝင်ညွှန်းဆိုတာ ကို ကျွန်တော်တို့ အစောဆုံးသိရတာက သြဂုတ်လထဲမှာပါ။

နောက်ပြီး အခုတရားရုံးစွဲဆိုချက်နဲ့ ပတ်သက်ပြီး ဂမ်ဘီယာ က မြန်မာဘက်ကို စာပို့တဲ့ အောက်တိုဘာ ၁၁ ရက် နေ့မတိုင်ခင် ရက်သတ္တပတ် စောပြီး အခု တရားလိုရှေ့နေအဖွဲ့ကို ဒီတရားစွဲဆိုရေး ကိစ္စတွေပြင်ဆင်ဖို့ ညွှန်ကြားခဲ့ကြတာပါ။"

BBC Burmese
https://www.bbc.com
ျမန္မာဘက္က အိုင္စီေဂ်မွာ ေခ်ပခ်က္ေတြထဲက ေကာက္ႏုတ္ခ်က္ ျမန္မာဘက္က အိုင္စီေဂ်မွာ ေခ်ပခ်က္ေတြထဲက ေကာက္ႏုတ္ခ်က္ Reviewed by THITHTOOLWIN on 09:52 Rating: 5
Powered by Blogger.