နမ့္ဆန္ၿမိဳ႕နယ္ အမ်ိဳးသား ၂ဦး မုိင္းနင္းမိ တဦးေသ၊ တဦးဒဏ္ရာရ

နမ့္ဆန္ၿမိဳ႕နယ္ အမ်ိဳးသား ၂ဦး မုိင္းနင္းမိ တဦးေသ၊ တဦးဒဏ္ရာရ
(Zawgyi)⤵⤵⤵
ဒီဇင္ဘာ ၁၂၊၂၀၁၉

သွ်မ္းျပည္ ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ႕နယ္ ပန္နင္းေက်းရြာ တြင္ ယမန္ေန႔( ဒီဇင္ဘာ ၁၁) ရက္တြင္ အမ်ိဳးသား ၂ဦး ေျမျမဳပ္မုိင္းနင္းမိကာ တဦး ေသဆံုး၊တဦး ဒဏ္ရာရရွိေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဒီဇင္ဘာ၁၁) ရက္ ေန႔လည္ ၁၂နာရီခန္႔တြင္ နမ့္ဆန္ၿမိဳ႕နယ္ ပန္နင္းေက်းရြာ မွ ေသာက္သံုးေရး ျပင္ရန္ အတြက္ သြားစဥ္ အမ်ိဳးသား ၂ဦး သည္ မိုင္းနင္းမိကာ အသက္ ၂၃ႏွစ္ အရြယ္ နႏၵာ သည္ ပြဲခ်င္းၿပီးေသဆံုးၿပီး၊ အသက္ ၅၆ႏွစ္ အရြယ္ ဦးျမေဇာ္သည္ ထိခုိက္ဒဏ္ရာရရွိခဲ့ေၾကာင္း အိုမ္တေမာဝ္ လူမႈကူညီေရးအသင္း မွ မိုင္းအဘမ္း က ေျပာသည္။

“ ေသဆံုးသူက ထိခုိက္ဒဏ္ရာ သိပ္မျပင္းဘူး။ သူလန္႔ၿပီး ပြဲခ်င္းဆံုးသြားတာေနမယ္။ ဦးျမေဇာ္ကေတာ့ ရင္ဘတ္နဲ႔ ဒူးေခါင္း ထိတယ္။ ရင္ဘတ္ထိေတာ့ ဓာတ္မွန္ရုိက္ထားရတယ္။ ရွပ္ၿပီးထိရင္ေတာ့ စိုးရိမ္စရာမရွိဘူး။ အဆုတ္ေတြ ႏွလံုးေတြ ထိမွာ ပဲ စိုးရိမ္ရတယ္” ဟု မုိင္းအဘမ္းက ဆုိသည္။

ဒဏ္ရာရသည့္ ဦးျမင့္ေဇာ္သည္ ယမန္ေန႔ ည ၇နာရီ ခြဲ အခ်ိန္၌ ေက်ာက္မဲ ျပည္သူ႔ေဆးရံု သို႔ေရာက္ရွိကာ ေဆးကုသခံယူေနေၾကာင္း လည္း သိရသည္။

ယခုေနာက္ပိုင္း သွ်မ္းျပည္ ေျမာက္ပိုင္း ေက်ာက္မဲခရုိင္ အတြင္း ေျမျမဳပ္မုိင္းမ်ားသည္ ေက်းရြာ ေဒသခံမ်ား လႈပ္ရွားသြားလာသည့္ေနရာ၊ ေက်းရြာ အနီးတဝွိက္တြင္ ရွိေနသည့္ ေန႔စဥ္ႏွင့္အမွ် မုိင္းဒဏ္ကို ခံေနရေၾကာင္းလည္း မိုင္းအဘမ္း က ေျပာသည္။

“ ေျမျမဳပ္မုိင္းေတြ က အခုဆိုရင္ ရြာနားမွာ ရွိေနေတာ့ မုိင္းရဲ့ ဒဏ္ကို ျပည္သူေတြ ဆက္ခံေနရအံုးမယ္” မိုင္းအဘမ္း က ေျပာသည္။

ေျမျမဳပ္မုိင္း ထိသူမ်ားသည့္ ေန႔စဥ္ ေသဆံုးမႈ၊ ဒဏ္ရာရရွိမႈကို ေတြ႔ရွိရသည္မွာ စိတ္မေကာင္းေၾကာင္း၊ လက္နက္ကိုင္တပ္မ်ားအေနျဖင့္ ျပည္သူမ်ားေနထုိင္သည့္ ေက်းရြာအနီးတြင္ မုိင္းမေထာင္ရန္ ေတာင္းဆုိခ်င္ေၾကာင္း လည္း ေက်ာက္မဲၿမိဳ႕ေဒသခံ လံုးလွ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ စစ္ျဖစ္တဲ့ေနရာေတြ က မိုင္းအႏၱရာယ္မကင္းၾကပါဘူး။ ဒါေပမယ့္ စစ္ေျမျပင္မွာ ေျမျမဳပ္မုိင္း မသံုးတာေကာင္းတယ္။စစ္ပြဲမျဖစ္ရင္လည္း မုိင္းအႏၱရာယ္ က ဆက္ၿပီး စိုးရိမ္ရအံုးမယ္” ဟု လံုးလွ က ဆုိသည္။

ယခုႏွစ္ အတြင္း သွ်မ္းေျမာက္ ေက်ာက္မဲၿမိဳ႕နယ္ အတြင္း မုိင္းအႏၱရာယ္ မ်ားပိုၿပီး ဆုိးရြားကာ တေန႔လွ်င္ တဦးႏႈန္း မိုင္းထိေနေၾကာင္းလည္း ေက်ာက္မဲၿမိဳ႕ လူမႈကူညီေရးအသင္းမ်ား က ေျပာသည္။

သွ်မ္းျပည္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ ႏွင့္ သီေပါၿမိဳ႕နယ္ အတြင္း ျမန္မာ့တပ္မေတာ္ ႏွင့္ တိုင္းရင္းသား လက္နက္ကိုင္မ်ား လႈပ္ရွားသည့္ ေနရာျဖစ္ၿပီး ေျမျမဳပ္မိုင္းမ်ားစြာ ရွိေၾကာင္း သိရသည္။

လြန္ခဲ့သည့္ ဒီဇင္ဘာ ၆ ရက္တြင္ ေက်ာက္မဲၿမိဳ႕နယ္ ခံုငင္းေက်းရြာသား ၂ဦးသည္ လက္ဖက္ၿခံသြားၿပီးမုိင္းနင္းမိကာ ဒဏ္ရာစိုးရိမ္သျဖင့္ မႏၱေလး ျပည္သူ႔ေဆး႐ံုသို႔ ပို႔ေဆာင္ရေၾကာင္း သိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
------------------
(Unicode)⤵⤵⤵
နမ့်ဆန်မြို့နယ် အမျိုးသား ၂ဦး မိုင်းနင်းမိ တဦးသေ၊ တဦးဒဏ်ရာရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဒီဇင်ဘာ ၁၂၊၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ် ပန်နင်းကျေးရွာ တွင် ယမန်နေ့( ဒီဇင်ဘာ ၁၁) ရက်တွင် အမျိုးသား ၂ဦး မြေမြုပ်မိုင်းနင်းမိကာ တဦး သေဆုံး၊တဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဒီဇင်ဘာ၁၁) ရက် နေ့လည် ၁၂နာရီခန့်တွင် နမ့်ဆန်မြို့နယ် ပန်နင်းကျေးရွာ မှ သောက်သုံးရေး ပြင်ရန် အတွက် သွားစဉ် အမျိုးသား ၂ဦး သည် မိုင်းနင်းမိကာ အသက် ၂၃နှစ် အရွယ် နန္ဒာ သည် ပွဲချင်းပြီးသေဆုံးပြီး၊ အသက် ၅၆နှစ် အရွယ် ဦးမြဇော်သည် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အိုမ်တမောဝ် လူမှုကူညီရေးအသင်း မှ မိုင်းအဘမ်း က ပြောသည်။

“ သေဆုံးသူက ထိခိုက်ဒဏ်ရာ သိပ်မပြင်းဘူး။ သူလန့်ပြီး ပွဲချင်းဆုံးသွားတာနေမယ်။ ဦးမြဇော်ကတော့ ရင်ဘတ်နဲ့ ဒူးခေါင်း ထိတယ်။ ရင်ဘတ်ထိတော့ ဓာတ်မှန်ရိုက်ထားရတယ်။ ရှပ်ပြီးထိရင်တော့ စိုးရိမ်စရာမရှိဘူး။ အဆုတ်တွေ နှလုံးတွေ ထိမှာ ပဲ စိုးရိမ်ရတယ်” ဟု မိုင်းအဘမ်းက ဆိုသည်။

ဒဏ်ရာရသည့် ဦးမြင့်ဇော်သည် ယမန်နေ့ ည ၇နာရီ ခွဲ အချိန်၌ ကျောက်မဲ ပြည်သူ့ဆေးရုံ သို့ရောက်ရှိကာ ဆေးကုသခံယူနေကြောင်း လည်း သိရသည်။

ယခုနောက်ပိုင်း သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် အတွင်း မြေမြုပ်မိုင်းများသည် ကျေးရွာ ဒေသခံများ လှုပ်ရှားသွားလာသည့်နေရာ၊ ကျေးရွာ အနီးတဝှိက်တွင် ရှိနေသည့် နေ့စဉ်နှင့်အမျှ မိုင်းဒဏ်ကို ခံနေရကြောင်းလည်း မိုင်းအဘမ်း က ပြောသည်။

“ မြေမြုပ်မိုင်းတွေ က အခုဆိုရင် ရွာနားမှာ ရှိနေတော့ မိုင်းရဲ့ ဒဏ်ကို ပြည်သူတွေ ဆက်ခံနေရအုံးမယ်” မိုင်းအဘမ်း က ပြောသည်။

မြေမြုပ်မိုင်း ထိသူများသည့် နေ့စဉ် သေဆုံးမှု၊ ဒဏ်ရာရရှိမှုကို တွေ့ရှိရသည်မှာ စိတ်မကောင်းကြောင်း၊ လက်နက်ကိုင်တပ်များအနေဖြင့် ပြည်သူများနေထိုင်သည့် ကျေးရွာအနီးတွင် မိုင်းမထောင်ရန် တောင်းဆိုချင်ကြောင်း လည်း ကျောက်မဲမြို့ဒေသခံ လုံးလှ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ စစ်ဖြစ်တဲ့နေရာတွေ က မိုင်းအန္တရာယ်မကင်းကြပါဘူး။ ဒါပေမယ့် စစ်မြေပြင်မှာ မြေမြုပ်မိုင်း မသုံးတာကောင်းတယ်။စစ်ပွဲမဖြစ်ရင်လည်း မိုင်းအန္တရာယ် က ဆက်ပြီး စိုးရိမ်ရအုံးမယ်” ဟု လုံးလှ က ဆိုသည်။

ယခုနှစ် အတွင်း သျှမ်းမြောက် ကျောက်မဲမြို့နယ် အတွင်း မိုင်းအန္တရာယ် များပိုပြီး ဆိုးရွားကာ တနေ့လျှင် တဦးနှုန်း မိုင်းထိနေကြောင်းလည်း ကျောက်မဲမြို့ လူမှုကူညီရေးအသင်းများ က ပြောသည်။

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ် အတွင်း မြန်မာ့တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်များ လှုပ်ရှားသည့် နေရာဖြစ်ပြီး မြေမြုပ်မိုင်းများစွာ ရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် ကျောက်မဲမြို့နယ် ခုံငင်းကျေးရွာသား ၂ဦးသည် လက်ဖက်ခြံသွားပြီးမိုင်းနင်းမိကာ ဒဏ်ရာစိုးရိမ်သဖြင့် မန္တလေး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
နမ့္ဆန္ၿမိဳ႕နယ္ အမ်ိဳးသား ၂ဦး မုိင္းနင္းမိ တဦးေသ၊ တဦးဒဏ္ရာရ နမ့္ဆန္ၿမိဳ႕နယ္ အမ်ိဳးသား ၂ဦး မုိင္းနင္းမိ တဦးေသ၊ တဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.