ေတာင္ကိုရီးယားႏိုင္ငံ ငါးဖမ္းေလွနစ္ျမဳပ္မႈတြင္ ဗီယက္နမ္ သေဘၤာသားႏွစ္ဦးေသဆုံးေၾကာင္း အတည္ျပဳ

“Daeseong” သေဘၤာနစ္ျမဳပ္မႈတြင္ ေသဆုံးသူ႐ုပ္အေလာင္းကို သယ္ေဆာင္လာစဥ္ (ဓာတ္ပုံ-အင္တာနက္)
(Zawgyi)⤵⤵⤵
ဆိုးလ္၊ ဒီဇင္ဘာ ၁၁ ရက္ (ဆင္ဟြာ)

နစ္ျမဳပ္သြားေသာ ေတာင္ကိုရီးယားသေဘၤာအနီးတြင္ ေတြ႕ရသည့္ ႐ုပ္အေလာင္းႏွစ္ေလာင္းမွာ ဗီယက္နမ္ႏိုင္ငံသား သေဘၤာသားမ်ား ျဖစ္ေၾကာင္း Yonhap သတင္းေအဂ်င္စီက ေတာင္ကိုရီးယား ကမ္းေျခေစာင့္တပ္ဖြဲ႕ သတင္းရင္းျမစ္အား ကိုးကား၍ ဒီဇင္ဘာ ၁၁ ရက္တြင္ အတည္ျပဳေျပာၾကားလိုက္သည္။

၂၉ တန္ရွိေသာ “Daeseong” သေဘၤာသည္ ႏိုဝင္ဘာ ၁၉ ရက္က ေတာင္ကိုရီးယားႏိုင္ငံ ေတာင္ပိုင္း ဂ်ယ္ဂ်ဴးကြၽန္းအနီး Chagwi ကြၽန္းငယ္ အေနာက္ဘက္ ၇၆ ကီလိုမီတာခန႔္အကြာတြင္ မီးေလာင္ၿပီးေနာက္ နစ္ျမဳပ္သြားခဲ့သည္။

အဆိုပါ သေဘၤာ၌ ေတာင္ကိုရီးယားႏိုင္ငံသား သေဘၤာသားေျခာက္ဦးႏွင့္ ဗီယက္နမ္ႏိုင္ငံသား သေဘၤာသားေျခာက္ဦး လိုက္ပါသြားခဲ့သည္။ အသက္ ၆၀ အ႐ြယ္ ေတာင္ကိုရီးယားႏိုင္ငံသား သေဘၤာသားတစ္ဦးကိုလည္း ေတြ႕ရွိခဲ့ၿပီး ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး သေဘၤာနစ္ျမဳပ္သည့္ေန႔တြင္ပင္ ေသဆုံးသြားခဲ့ေၾကာင္း၊ ဒီဇင္ဘာ ၈ ရက္တြင္ နစ္ျမဳပ္သည့္ သေဘၤာအနီး ပင္လယ္ေရေအာက္ ၄၄ မီတာႏွင့္ မီတာ၅၀ ခန႔္၌ ႐ုပ္အေလာင္းႏွစ္ေလာင္းကို အသီးသီး ဆယ္ယူရရွိခဲ့ေၾကာင္း သိရသည္။

DNA စစ္ေဆးမႈလုပ္ေဆာင္ၿပီးေနာက္ ႐ုပ္အေလာင္းႏွစ္ေလာင္းမွာ ဗီယက္နမ္ႏိုင္ငံသား သေဘၤာသားမ်ားျဖစ္ေၾကာင္း၊ ႏွစ္ဦးလုံးမွာ အသက္ ၃၂ ႏွစ္အ႐ြယ္မ်ား ျဖစ္သည္ဟု ဆိုသည္။

အဆိုပါ ႐ုပ္အေလာင္းမ်ားအား ဗီယက္နမ္သံ႐ုံးမွတစ္ဆင့္ ၎တို႔၏ မိသားစုထံ လႊဲေျပာင္းေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

နစ္ျမဳပ္သြားေသာ သေဘၤာေပၚရွိ က်န္ရွိေသာ အျခားသေဘၤာသားကိုးဦး၏ ကံၾကမၼာကိုမူ မသိရေသးေပ။

(Xinhua)
http://www.xinhuamyanmar.com
-----------------
(Unicode)⤵⤵⤵
တောင်ကိုရီးယားနိုင်ငံ ငါးဖမ်းလှေနစ်မြုပ်မှုတွင် ဗီယက်နမ် သင်္ဘောသားနှစ်ဦးသေဆုံးကြောင်း အတည်ပြု

“Daeseong” သင်္ဘောနစ်မြုပ်မှုတွင် သေဆုံးသူရုပ်အလောင်းကို သယ်ဆောင်လာစဉ် (ဓာတ်ပုံ-အင်တာနက်)

    ဆိုးလ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

    နစ်မြုပ်သွားသော တောင်ကိုရီးယားသင်္ဘောအနီးတွင် တွေ့ရသည့် ရုပ်အလောင်းနှစ်လောင်းမှာ ဗီယက်နမ်နိုင်ငံသား သင်္ဘောသားများ ဖြစ်ကြောင်း Yonhap သတင်းအေဂျင်စီက တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ သတင်းရင်းမြစ်အား ကိုးကား၍ ဒီဇင်ဘာ ၁၁ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။

၂၉ တန်ရှိသော “Daeseong” သင်္ဘောသည် နိုဝင်ဘာ ၁၉ ရက်က တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း ဂျယ်ဂျူးကျွန်းအနီး Chagwi ကျွန်းငယ် အနောက်ဘက် ၇၆ ကီလိုမီတာခန့်အကွာတွင် မီးလောင်ပြီးနောက် နစ်မြုပ်သွားခဲ့သည်။

အဆိုပါ သင်္ဘော၌ တောင်ကိုရီးယားနိုင်ငံသား သင်္ဘောသားခြောက်ဦးနှင့် ဗီယက်နမ်နိုင်ငံသား သင်္ဘောသားခြောက်ဦး လိုက်ပါသွားခဲ့သည်။ အသက် ၆၀ အရွယ် တောင်ကိုရီးယားနိုင်ငံသား သင်္ဘောသားတစ်ဦးကိုလည်း တွေ့ရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သင်္ဘောနစ်မြုပ်သည့်နေ့တွင်ပင် သေဆုံးသွားခဲ့ကြောင်း၊ ဒီဇင်ဘာ ၈ ရက်တွင် နစ်မြုပ်သည့် သင်္ဘောအနီး ပင်လယ်ရေအောက် ၄၄ မီတာနှင့် မီတာ၅၀ ခန့်၌ ရုပ်အလောင်းနှစ်လောင်းကို အသီးသီး ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

DNA စစ်ဆေးမှုလုပ်ဆောင်ပြီးနောက် ရုပ်အလောင်းနှစ်လောင်းမှာ ဗီယက်နမ်နိုင်ငံသား သင်္ဘောသားများဖြစ်ကြောင်း၊ နှစ်ဦးလုံးမှာ အသက် ၃၂ နှစ်အရွယ်များ ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ရုပ်အလောင်းများအား ဗီယက်နမ်သံရုံးမှတစ်ဆင့် ၎င်းတို့၏ မိသားစုထံ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နစ်မြုပ်သွားသော သင်္ဘောပေါ်ရှိ ကျန်ရှိသော အခြားသင်္ဘောသားကိုးဦး၏ ကံကြမ္မာကိုမူ မသိရသေးပေ။

(Xinhua)
http://www.xinhuamyanmar.com
ေတာင္ကိုရီးယားႏိုင္ငံ ငါးဖမ္းေလွနစ္ျမဳပ္မႈတြင္ ဗီယက္နမ္ သေဘၤာသားႏွစ္ဦးေသဆုံးေၾကာင္း အတည္ျပဳ ေတာင္ကိုရီးယားႏိုင္ငံ ငါးဖမ္းေလွနစ္ျမဳပ္မႈတြင္ ဗီယက္နမ္ သေဘၤာသားႏွစ္ဦးေသဆုံးေၾကာင္း အတည္ျပဳ Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.