တရားစီရင္ေရးကို ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ေတြ သပိတ္ေမွာက္မယ္

(Zawgyi)⤵⤵⤵
ရန္ကုန္-ဒီဇင္ဘာ-၁၁-၂၀၁၉

တပ္မေတာ္က တရားစြဲဆိုထားတဲ့ က်န္အမူေတြအတြက္ တရား႐ုံးနဲ႔ မပူးေပါင္းေတာ့ဘဲ တရားစီရင္ေရးကို သပိတ္ေမွာက္မယ္လို႔ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ေတြက ဒီဇင္ဘာ ၁၁ရက္ေန႔ ႐ုံးထုတ္မွာ ေျပာဆိုခဲ့ၾကပါတယ္။

“ကြၽန္ေတာ္တို႔ကို တပ္မေတာ္က တရားစြဲဆိုတာ ရွစ္မူရွိတယ္။ သုံးမူ အမိန႔္ခ်ၿပီးသြားၿပီ။ အဲဒါကေတာ့ ႏွစ္ႏွစ္နဲ႔ ေျခာက္လ။ ေနာက္ထပ္ ငါးမူက်န္ေသးတယ္။ တပ္မေတာ္က တရားလိုစြဲဆိုထားတဲ့ ငါးမႈကို သပိတ္ေမွာက္မွာျဖစ္ပါတယ္။ က်န္တဲ့ အမူေတြ အားလုံးကို တရား႐ုံးနဲ႔လည္းပူးေပါင္းမွာ မဟုတ္ေတာ့ဘူး။”လို႔ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ ကိုပိုင္ရဲသူက မရမ္းကုန္းတရား႐ုံး အမိန႔္ခ်ၿပီး အထြက္မွာ ေျပာဆိုခဲ့ပါတယ္။

“ တရားစီရင္ေရးကိုလည္း သပိတ္ေမွာက္မွာျဖစ္ပါတယ္။ သပိတ္ေမွာက္တဲ့အခါ ပုဒ္မ ၅၀၅(က)နဲ႔၆၆(ဃ) တို႔ အမူေတြမွာ က်င့္ (၂၀၂) မစစ္ေဆးခဲ့ပဲ ကြၽန္ေတာ္တို႔ကို တရား႐ုံးတင္ၿပီးေတာ့ စစ္ေဆးခဲ့တယ္။ အဲလို မစစ္ေဆးခဲ့တဲ့ အတြက္ေၾကာင့္မို႔လို႔ ကိုၿငိမ္းခ်မ္းစိုး(ခ်စ္ယုံ)က ေထာင္မွာ ေျခာက္လေလာက္ေနခဲ့ရတယ္။ အမိန႔္ခ်ခါနီးမွ သူမပါမွန္းသိၿပီးေတာ့ ျပန္လႊတ္ခဲ့ရတယ္။ အဲဒီအတြက္ နစ္နာတယ္။ ၿပီးေတာ့ ၆၆(ဃ)နဲ႔ပတ္သက္ၿပီးေတာ့ လူမူကြန္ရက္ေပၚတင္တယ္ဆိုၿပီးေတာ့ တရားစြဲထားတယ္။ ျပစ္မူတစ္ခုကို ျပစ္ဒဏ္ထပ္ခါထပ္ခါ ခ်လို႔မရဘူးဆိုၿပီးေတာ့ ျပစ္မူတစ္ခုကို ျပစ္ဒဏ္ေတြ ထပ္ခါထပ္ခါခ်ေနတယ္။ အဲဒီ့အတြက္ ကြၽန္ေတာ္တို႔ တရား႐ုံးကို သပိတ္ေမွာက္ပါမယ္” လို႔လည္း ကိုပိုင္ရဲသူက ထည့္သြင္းေျပာခဲ့ပါတယ္။

ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ကို သံခ်ပ္ထိုးတာနဲ႔ ပက္သက္ၿပီး တပ္မေတာ္က တရားလိုျပဳလုပ္ၿပီး ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ - ၅၀၅(က) / ဆက္သြယ္ေရး ဥပေဒ ပုဒ္မ - ၆၆(ဃ) တို႔နဲ႔ တရားစြဲထားၿပီး အခု အမႈစုစုေပါင္း (၈) မႈရွိပါတယ္။ ေလာေလာဆယ္ သုံးမႈကို အျပစ္ရွိတယ္လို႔ တရား႐ုံးေတြက ဆုံးျဖတ္ၿပီး အလုပ္နဲ႔ ေထာင္ဒဏ္ေတြ ခ်မွတ္ခဲ့ၿပီး စုစုေပါင္းေထာင္ဒဏ္ (၂) ႏွစ္နဲ႔ (၆) လ ခ်မွတ္ ခံထားရျဖစ္ပါတယ္။

ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ၊ ကိုပိုင္ၿဖိဳးမင္း (ခ) ဒီေရ ႏွင့္ မဆုရတနာျမင့္ တို႔ (၄) ဦးကို မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးက ဒီဇင္ဘာ ၁၁ရက္ေန႔မွာတရား႐ုံးထုတ္ခဲ့ၿပီးေတာ့ ပုဒ္မ - ၆၆(ဃ) နဲ႔ ေထာင္ဒဏ္ (၆) လ ထပ္မံ ခ်မွတ္ခဲ့ပါတယ္။

“အရင္တုန္းက တရား႐ုံးေတြနဲ႔ ပူးေပါင္းခဲ့တယ္။ တရားမွ်တမူကို ေမွ်ာ္လင့္ခဲ့တယ္။ဒါေပမဲ့ ကြၽန္မတို႔ လိုခ်င္တဲ့ တရားမွ်တမူကို တရား႐ုံးေတြကလည္း မေပးဘူး။. တရားသူႀကီးကလည္း မေပးဘူး။ ဒါေၾကာင့္ ကြၽန္မတို႔က တရားစီရင္ေရးစနစ္ကို ဆက္ၿပီးေတာ့ မပူးေပါင္းဖို႔ ဆုံးျဖတ္လိုက္တယ္။ ကြၽန္မတို႔ကို စြဲဆိုတဲ့ထားတဲ့ က်န္ပုဒ္မေတြနဲ႔ ပတ္သက္ၿပီးေတာ့ တရား႐ုံးေတြနဲ႔ ဆက္ၿပီးေတာ့ မပူးေပါင္းေတာ့ဘူး။ တရာစီရင္ေရးကို သပိတ္ေမွာက္မယ္လို႔ ဆုံးျဖတ္ခဲ့ၾကတယ္”
ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ မဆုရတနာျမင့္က မရမ္းကုန္းတရား႐ုံး အမိန႔္ခ်ၿပီး အထြက္မွာ ေျပာခဲ့ပါတယ္။

လက္ရွိမွာ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးက ပုဒ္မ - ၅၀၅(က) နဲ႔ေထာင္ဒဏ္ (၁) ႏွစ္၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ တရား႐ုံးက ပုဒ္မ - ၅၀၅(က) ျဖင့္ ေထာင္ဒဏ္ (၁) ႏွစ္နဲ႔ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးကပုဒ္မ - ၆၆(ဃ) နဲ႔ ေထာင္ဒဏ္ (၆) လ စုစုေပါင္း (၂) ႏွစ္ (၆) လ ကိုခ်မွတ္ခံထားရၿပီးေတာ့ က်န္ရွိေသာ အမႈေတြကို ဆက္လက္ ရင္ဆိုင္ေနရတယ္လို႔ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕က ေျပာၾကပါတယ္။

စြဲ႕ဝတီ (VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
----------------
(Unicode)⤵⤵⤵
တရားစီရင်ရေးကို ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေ သပိတ်မှောက်မယ်

ရန်ကုန်-ဒီဇင်ဘာ-၁၁-၂၀၁၉

တပ်မတော်က တရားစွဲဆိုထားတဲ့ ကျန်အမူတွေအတွက် တရားရုံးနဲ့ မပူးပေါင်းတော့ဘဲ တရားစီရင်ရေးကို သပိတ်မှောက်မယ်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေက ဒီဇင်ဘာ ၁၁ရက်နေ့ ရုံးထုတ်မှာ ပြောဆိုခဲ့ကြပါတယ်။

“ကျွန်တော်တို့ကို တပ်မတော်က တရားစွဲဆိုတာ ရှစ်မူရှိတယ်။ သုံးမူ အမိန့်ချပြီးသွားပြီ။ အဲဒါကတော့ နှစ်နှစ်နဲ့ ခြောက်လ။ နောက်ထပ် ငါးမူကျန်သေးတယ်။ တပ်မတော်က တရားလိုစွဲဆိုထားတဲ့ ငါးမှုကို သပိတ်မှောက်မှာဖြစ်ပါတယ်။ ကျန်တဲ့ အမူတွေ အားလုံးကို တရားရုံးနဲ့လည်းပူးပေါင်းမှာ မဟုတ်တော့ဘူး။”လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုပိုင်ရဲသူက မရမ်းကုန်းတရားရုံး အမိန့်ချပြီး အထွက်မှာ ပြောဆိုခဲ့ပါတယ်။

“ တရားစီရင်ရေးကိုလည်း သပိတ်မှောက်မှာဖြစ်ပါတယ်။ သပိတ်မှောက်တဲ့အခါ ပုဒ်မ ၅၀၅(က)နဲ့၆၆(ဃ) တို့ အမူတွေမှာ ကျင့် (၂၀၂) မစစ်ဆေးခဲ့ပဲ ကျွန်တော်တို့ကို တရားရုံးတင်ပြီးတော့ စစ်ဆေးခဲ့တယ်။ အဲလို မစစ်ဆေးခဲ့တဲ့ အတွက်ကြောင့်မို့လို့ ကိုငြိမ်းချမ်းစိုး(ချစ်ယုံ)က ထောင်မှာ ခြောက်လလောက်နေခဲ့ရတယ်။ အမိန့်ချခါနီးမှ သူမပါမှန်းသိပြီးတော့ ပြန်လွှတ်ခဲ့ရတယ်။ အဲဒီအတွက် နစ်နာတယ်။ ပြီးတော့ ၆၆(ဃ)နဲ့ပတ်သက်ပြီးတော့ လူမူကွန်ရက်ပေါ်တင်တယ်ဆိုပြီးတော့ တရားစွဲထားတယ်။ ပြစ်မူတစ်ခုကို ပြစ်ဒဏ်ထပ်ခါထပ်ခါ ချလို့မရဘူးဆိုပြီးတော့ ပြစ်မူတစ်ခုကို ပြစ်ဒဏ်တွေ ထပ်ခါထပ်ခါချနေတယ်။ အဲဒီ့အတွက် ကျွန်တော်တို့ တရားရုံးကို သပိတ်မှောက်ပါမယ်” လို့လည်း ကိုပိုင်ရဲသူက ထည့်သွင်းပြောခဲ့ပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို သံချပ်ထိုးတာနဲ့ ပက်သက်ပြီး တပ်မတော်က တရားလိုပြုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ - ၅၀၅(က) / ဆက်သွယ်ရေး ဥပဒေ ပုဒ်မ - ၆၆(ဃ) တို့နဲ့ တရားစွဲထားပြီး အခု အမှုစုစုပေါင်း (၈) မှုရှိပါတယ်။ လောလောဆယ် သုံးမှုကို အပြစ်ရှိတယ်လို့ တရားရုံးတွေက ဆုံးဖြတ်ပြီး အလုပ်နဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး စုစုပေါင်းထောင်ဒဏ် (၂) နှစ်နဲ့ (၆) လ ချမှတ် ခံထားရဖြစ်ပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ နှင့် မဆုရတနာမြင့် တို့ (၄) ဦးကို မရမ်းကုန်းမြို့နယ် တရားရုံးက ဒီဇင်ဘာ ၁၁ရက်နေ့မှာတရားရုံးထုတ်ခဲ့ပြီးတော့ ပုဒ်မ - ၆၆(ဃ) နဲ့ ထောင်ဒဏ် (၆) လ ထပ်မံ ချမှတ်ခဲ့ပါတယ်။

“အရင်တုန်းက တရားရုံးတွေနဲ့ ပူးပေါင်းခဲ့တယ်။ တရားမျှတမူကို မျှော်လင့်ခဲ့တယ်။ဒါပေမဲ့ ကျွန်မတို့ လိုချင်တဲ့ တရားမျှတမူကို တရားရုံးတွေကလည်း မပေးဘူး။. တရားသူကြီးကလည်း မပေးဘူး။ ဒါကြောင့် ကျွန်မတို့က တရားစီရင်ရေးစနစ်ကို ဆက်ပြီးတော့ မပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မတို့ကို စွဲဆိုတဲ့ထားတဲ့ ကျန်ပုဒ်မတွေနဲ့ ပတ်သက်ပြီးတော့ တရားရုံးတွေနဲ့ ဆက်ပြီးတော့ မပူးပေါင်းတော့ဘူး။ တရာစီရင်ရေးကို သပိတ်မှောက်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်”
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် မဆုရတနာမြင့်က မရမ်းကုန်းတရားရုံး အမိန့်ချပြီး အထွက်မှာ ပြောခဲ့ပါတယ်။

လက်ရှိမှာ မရမ်းကုန်းမြို့နယ် တရားရုံးက ပုဒ်မ - ၅၀၅(က) နဲ့ထောင်ဒဏ် (၁) နှစ်၊ ဗိုလ်တထောင်မြို့နယ် တရားရုံးက ပုဒ်မ - ၅၀၅(က) ဖြင့် ထောင်ဒဏ် (၁) နှစ်နဲ့ မရမ်းကုန်းမြို့နယ် တရားရုံးကပုဒ်မ - ၆၆(ဃ) နဲ့ ထောင်ဒဏ် (၆) လ စုစုပေါင်း (၂) နှစ် (၆) လ ကိုချမှတ်ခံထားရပြီးတော့ ကျန်ရှိသော အမှုတွေကို ဆက်လက် ရင်ဆိုင်နေရတယ်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ပြောကြပါတယ်။

စွဲ့ဝတီ (VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တရားစီရင္ေရးကို ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ေတြ သပိတ္ေမွာက္မယ္ တရားစီရင္ေရးကို ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ေတြ သပိတ္ေမွာက္မယ္ Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.