တ႐ုတ္ခရီးသြားေတြသုံးတဲ့ အြန္လိုင္းေငြေခ်စနစ္ အသုံးျပဳသူေတြကို အေရးယူမည္

ရန္ကုန္ၿမိဳ႕ကို လာ‌ေရာက္လည္ပတ္တဲ့ တ႐ုတ္ႏိုင္ငံသားမ်ားကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ဇီး႐ိုးဘတ္ဂ်က္တိုးလို႔ေခၚတဲ့ တ႐ုတ္ခရီးသြားဧည့္သည္ေတြ အသုံးျပဳေနတဲ့ Wechat၊ Alipay စနစ္နဲ႔ ေငြေပးေခ် စနစ္ကို အသုံးမျပဳဖို႔ ၫႊန္ၾကားထားၿပီး မလိုက္နာရင္ ဥပေဒအရ အေရးယူသြားမယ္လို႔ ဟိုတယ္ႏွင့္ ခရီးသြားလာ ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးတင္လတ္က ေျပာပါတယ္။

ဒီေန႔က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ရန္ကုန္တိုင္းေဒသႀကီး လႈိင္မဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ေက်ာ္ဦးက  ဇီး႐ိုးဘတ္ဂ်က္ တ႐ုတ္ခရီးသြားေတြ အသုံးျပဳတဲ့ အြန္လိုင္းေငြေပး ေခ်မႈစနစ္ We Chatနဲ႔  Alipay ကိုတားျမစ္ပိတ္ပင္ဖို႔နဲ႔ ဇီး႐ိုးဘတ္ဂ်က္ တားဆီးႏိုင္ဖို႔ အစီအစဥ္ရွိမရွိ သိလိုေၾကာင္း ေမးျမန္းရာမွာ ဒုဝန္ႀကီး ဦးတင္လတ္က ‌ေျပာဆိုခဲ့တာပါ။

ေငြေရးေၾကးေရး အဖြဲ႕အစည္းေတြအေနနဲ႔ ဗဟိုဘဏ္ခြင့္ျပဳခ်က္ မူေဘာင္းအတြင္းကေန လုပ္ေဆာင္ဖို႔ၫႊန္ၾကား ထားၿပီး ခုလိုတားျမစ္ခ်က္ေတြကို မလိုက္နာရင္ ေငြေရးေၾကးေရး အဖြဲ႕အစည္းမ်ား ဥပေဒအရ အေရးယူခံရ မွာျဖစ္ေၾကာင္း ဗဟိုဘဏ္က သက္ဆိုင္ရာ အဖြဲ႕အစည္းေတြကို အသိေပး အေၾကာင္းၾကားထားၿပီး ျဖစ္ေၾကာင္း လည္းေျပာပါတယ္။

ဒါ့အျပင္ ႏိုင္ငံေတာ္အတြင္း ေရာင္းခ်ဝယ္ယူတဲ့ ကုန္ပစၥည္းနဲ႔ ဝန္ေဆာင္မႈေတြအတြက္ က်သင့္ေငြ ေပးေခ်တာ၊ ေဈးႏႈန္းေဖာ္ျပတာေတြကို ျပည္တြင္းသုံးက်ပ္ေငြနဲ႔သာ ေဆာင္႐ြက္ဖို႔ ဗဟိုဘဏ္က ၫႊန္ၾကားထားေပမယ့္လည္း  ဟိုတယ္ေတြ၊ စားေသာက္ဆိုင္တခ်ိဳ႕နဲ႔  ျပည္တြင္းမွာ လာေရာက္ဖြင့္လွစ္တဲ့ ႏိုင္ငံျခားေက်ာင္းေတြ၊ ႏိုင္ငံျခားသား တိုက္ခန္းငွားရမ္းမႈေတြ အမွတ္တရ ပစၥည္းဆိုင္ေတြမွာေတာ့ က်ပ္ေငြအစား ႏိုင္ငံျခားေငြနဲ႔ ေပးေခ်ေဆာင္႐ြက္ေနတာကို ေတြ႕ရေၾကာင္းလည္း ဒုဝန္ႀကီး ဦးတင္လတ္က ေျပာပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ေက်ာ္ဦးကေတာ့ တ႐ုတ္ခရီးသြားေတြဟာ အြန္လိုင္းေငြေပးေခ်စနစ္ကို သုံးတာေၾကာင့္ ခရီးသြားလုပ္ငန္းက ရရွိမယ့္ ႏိုင္ငံဝင္ေငြေတြဟာ တ႐ုတ္ႏိုင္ငံကို ျပန္ေရာက္သြားတာေၾကာင့္ ဆုံးရႈံးမႈေတြရွိေၾကာင္း ေျပာပါတယ္။

ဒုဝန္ႀကီး ဦးတင္လတ္ကေတာ့ ဇီး႐ိုးဘတ္ဂ်က္ ခရီးသြားဆိုေပမယ့္  ႏိုင္ငံအတြက္ အက်ိဳးမရွိ ဝင္ေငြ မရွိတာမ်ိဳး မဟုတ္ဘဲ တျခားႏိုင္ငံသားေတြနဲ႔ ႏႈိင္းယွဥ္ရင္ တစ္ဦးခ်င္းသုံးစြဲမႈေလ်ာ့နည္းျခင္းနဲ႔ တရားမဝင္ ေငြေပးေခ်မႈ ေတြေၾကာင့္ ႏိုင္ငံေတာ္က ရသင့္ရထိုက္တဲ့ အခြန္အခေတြ ေလ်ာ့နည္းေနတာသာျဖစ္ေၾကာင္း ေျပာပါတယ္။

ဇီး႐ိုးဘတ္ဂ်က္ ျဖစ္ရတဲ့ေနာက္ခံ အေၾကာင္းအရင္းအေနနဲ႔ ခရီးသြားအဝင္ က်ဆင္းေနတဲ့ကာလေတြမွာ ခရီးသြားလုပ္ငန္း ကုမၸဏီတခ်ိဳ႕က ဟိုတယ္ေတြ၊ စားေသာက္ဆိုင္ေတြ၊ သယ္ယူပို႔ေဆာင္ေရးယာဥ္ေတြကို သာမန္အခ်ိန္ ေပါက္ေဈးထက္ေလ်ာ့နည္းတဲ့ ေဈးႏႈန္းနဲ႔ တစ္ႏွစ္စာႀကိဳတင္စာခ်ဳပ္ခ်ဳပ္ဆို ငွားရမ္းမႈေတြရွိတာ၊ လတ္မွတ္ရ ဧည့္လမ္းၫႊန္ေတြကို ငွားရမ္းျခင္းမျပဳဘဲ Tour Conductor ေတြက တရားမဝင္ ဧည့္လမ္းၫႊန္အျဖစ္ ေဆာင္႐ြက္တာေတြ ၊ လိုင္စင္မဲ့ ဟိုတယ္၊ တည္းခိုရိပ္သာေတြကို အသုံးျပဳတာေတြ၊ လိုင္စင္မရွိဘဲ ခရီးလွည့္လည္ေရးလုပ္ငန္း လုပ္ေဆာင္တာေတြ၊ တရားမဝင္ ေငြေပးေခ်မႈ နည္းလမ္းေတြကို အသုံးျပဳတာေတြ ရွိေနတယ္လို႔ ဆိုပါတယ္။

ဒီလို ခရီးစဥ္ေတြ ေရာင္းခ်ရာမွာ အမွန္ကုန္က်စရိတ္ထက္ ေလ်ာ့နည္းတဲ့ ေဈးႏႈန္းနဲ႔ ေရာင္းခ်ခဲ့ရင္ ယွဥ္ၿပိဳင္မႈ ဥပေဒနဲ႔ ၿငိစြန္းမွာျဖစ္ၿပီး စီမံခန႔္ခြဲေရး နည္းလမ္းအရျဖစ္ေစ ျပစ္မႈေၾကာင္းအရျဖစ္ေစ တရားမေၾကာင္းအရျဖစ္ေစ အေရးယူႏိုင္ဖို႔ သက္ဆိုင္ရာဌာနေတြနဲ႔ လိုအပ္တဲ့ ေဆြေႏြးညႇိႏႈိင္းမႈေတြ ျပဳလုပ္သြားမယ္လို႔လည္း ဒုဝန္ႀကီး ဦးတင္လတ္ကေျပာပါတယ္။

ရန္ကုန္၊ ေနျပည္ေတာ္နဲ႔ မႏၲေလးၿမိဳ႕ေတြမွာ နမူနာေကာက္ယူခဲ့တဲ့ စစ္တမ္းေတြအရ တ႐ုတ္ ခရီးသြားေတြဟာ ျမန္မာႏိုင္ငံအတြင္းမွာ ပ်မ္းမွ် ၄ ရက္ေနထိုင္ၿပီး တစ္ရက္ ပ်မ္းမွ် ၆၅ ေဒၚလာ သုံးစြဲေၾကာင္း သိရၿပီး၊ တစ္ဦး ခ်င္းသုံးစြဲမႈ ပ်မ္းမွ်ေဒၚလာ ၂၆၀ လူဦးေရ ၄ သိန္းအတြက္ဆိုရင္ ေဒၚလာ ၁၀၄ သန္းေလာက္ပိုမို သုံးစြဲတယ္လို႔ သိရပါတယ္။

ဒီသုံးစြဲမႈေတြမွာ ႏိုင္ငံသားလုပ္ငန္းရွင္ေတြကို အဓိက အက်ိဳးရွိေစဖို႔နဲ႔ ႏိုင္ငံေတာ္အတြက္ ထိုက္သင့္တဲ့ အခြန္အခေတြ ေကာက္ခံရရွိဖို႔ ဝန္ႀကီးဌာနအေနနဲ႔ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ သြားမယ္လို႔ ဆိုပါတယ္။

၂၀၁၅ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံကို ႏိုင္ငံျခားသား ခရီးသြားဧည့္သည္ ဝင္ေရာက္မႈ ေလးသန္းေက်ာ္ရွိခဲ့ပါတယ္။ ဒါေပမယ့္ ရခိုင္ေျမာက္ပိုင္းမွာ ပဋိပကၡျဖစ္ပြားခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံကို ခရီးသြားဧည့္သည္ ဝင္ေရာက္မႈ ၃ သန္းေက်ာ္အထိ က်ဆင္းသြားခဲ့ရာမွာ အေနာက္ႏိုင္ငံေတြက ခရီးသြားေတြ ဝင္ေရာက္မႈ သိသိသာသာ က်ဆင္းခဲ့ပါတယ္။

ဒါကို ကုစားဖို႔အတြက္ တ႐ုတ္၊ ဂ်ပန္နဲ႔ ကိုရီးယားႏိုင္ငံေတြကို ဗီဇာေျဖေလ်ာ့မႈေတြ လုပ္ေပးခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံကို လာေရာက္တဲ့ တ႐ုတ္ခရီးသြား အေရအတြက္ဟာ ၂၀၁၈ ခုႏွစ္က ႏွစ္သိန္းေက်ာ္သာရွိရာကေန ၂၀၁၉ ခုႏွစ္ ၁၀ လပိုင္းအကုန္မွာတင္ ၆ သိန္းေက်ာ္ ဝင္ေရာက္ခဲ့တဲ့အတြက္ ၄ သိန္းေက်ာ္ေလာက္ တိုးတက္ လာတယ္လို႔ ဒုတိယ ဝန္ႀကီး ဦးတင္လတ္က ေျပာပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
တရုတ်ခရီးသွားတွေသုံးတဲ့ အွန်လိုင်းငွေချေစနစ် အသုံးပြုသူတွေကို အရေးယူမည်

ရန်ကုန်မြို့ကို လာ‌ရောက်လည်ပတ်တဲ့ တရုတ်နိုင်ငံသားများကို တွေ့ရစဉ်
Photo: RFA

ဇီးရိုးဘတ်ဂျက်တိုးလို့ခေါ်တဲ့ တရုတ်ခရီးသွားဧည့်သည်တွေ အသုံးပြုနေတဲ့ Wechat၊ Alipay စနစ်နဲ့ ငွေပေးချေ စနစ်ကို အသုံးမပြုဖို့ ညွှန်ကြားထားပြီး မလိုက်နာရင် ဥပဒေအရ အရေးယူသွားမယ်လို့ ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက  ဇီးရိုးဘတ်ဂျက် တရုတ်ခရီးသွားတွေ အသုံးပြုတဲ့ အွန်လိုင်းငွေပေး ချေမှုစနစ် We Chatနဲ့  Alipay ကိုတားမြစ်ပိတ်ပင်ဖို့နဲ့ ဇီးရိုးဘတ်ဂျက် တားဆီးနိုင်ဖို့ အစီအစဉ်ရှိမရှိ သိလိုကြောင်း မေးမြန်းရာမှာ ဒုဝန်ကြီး ဦးတင်လတ်က ‌ပြောဆိုခဲ့တာပါ။

ငွေရေးကြေးရေး အဖွဲ့အစည်းတွေအနေနဲ့ ဗဟိုဘဏ်ခွင့်ပြုချက် မူဘောင်းအတွင်းကနေ လုပ်ဆောင်ဖို့ညွှန်ကြား ထားပြီး ခုလိုတားမြစ်ချက်တွေကို မလိုက်နာရင် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ အရေးယူခံရ မှာဖြစ်ကြောင်း ဗဟိုဘဏ်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အသိပေး အကြောင်းကြားထားပြီး ဖြစ်ကြောင်း လည်းပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတွင်း ရောင်းချဝယ်ယူတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအတွက် ကျသင့်ငွေ ပေးချေတာ၊ ဈေးနှုန်းဖော်ပြတာတွေကို ပြည်တွင်းသုံးကျပ်ငွေနဲ့သာ ဆောင်ရွက်ဖို့ ဗဟိုဘဏ်က ညွှန်ကြားထားပေမယ့်လည်း  ဟိုတယ်တွေ၊ စားသောက်ဆိုင်တချို့နဲ့  ပြည်တွင်းမှာ လာရောက်ဖွင့်လှစ်တဲ့ နိုင်ငံခြားကျောင်းတွေ၊ နိုင်ငံခြားသား တိုက်ခန်းငှားရမ်းမှုတွေ အမှတ်တရ ပစ္စည်းဆိုင်တွေမှာတော့ ကျပ်ငွေအစား နိုင်ငံခြားငွေနဲ့ ပေးချေဆောင်ရွက်နေတာကို တွေ့ရကြောင်းလည်း ဒုဝန်ကြီး ဦးတင်လတ်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးကတော့ တရုတ်ခရီးသွားတွေဟာ အွန်လိုင်းငွေပေးချေစနစ်ကို သုံးတာကြောင့် ခရီးသွားလုပ်ငန်းက ရရှိမယ့် နိုင်ငံဝင်ငွေတွေဟာ တရုတ်နိုင်ငံကို ပြန်ရောက်သွားတာကြောင့် ဆုံးရှုံးမှုတွေရှိကြောင်း ပြောပါတယ်။

ဒုဝန်ကြီး ဦးတင်လတ်ကတော့ ဇီးရိုးဘတ်ဂျက် ခရီးသွားဆိုပေမယ့်  နိုင်ငံအတွက် အကျိုးမရှိ ဝင်ငွေ မရှိတာမျိုး မဟုတ်ဘဲ တခြားနိုင်ငံသားတွေနဲ့ နှိုင်းယှဉ်ရင် တစ်ဦးချင်းသုံးစွဲမှုလျော့နည်းခြင်းနဲ့ တရားမဝင် ငွေပေးချေမှု တွေကြောင့် နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်အခတွေ လျော့နည်းနေတာသာဖြစ်ကြောင်း ပြောပါတယ်။

ဇီးရိုးဘတ်ဂျက် ဖြစ်ရတဲ့နောက်ခံ အကြောင်းအရင်းအနေနဲ့ ခရီးသွားအဝင် ကျဆင်းနေတဲ့ကာလတွေမှာ ခရီးသွားလုပ်ငန်း ကုမ္ပဏီတချို့က ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ သယ်ယူပို့ဆောင်ရေးယာဉ်တွေကို သာမန်အချိန် ပေါက်ဈေးထက်လျော့နည်းတဲ့ ဈေးနှုန်းနဲ့ တစ်နှစ်စာကြိုတင်စာချုပ်ချုပ်ဆို ငှားရမ်းမှုတွေရှိတာ၊ လတ်မှတ်ရ ဧည့်လမ်းညွှန်တွေကို ငှားရမ်းခြင်းမပြုဘဲ Tour Conductor တွေက တရားမဝင် ဧည့်လမ်းညွှန်အဖြစ် ဆောင်ရွက်တာတွေ ၊ လိုင်စင်မဲ့ ဟိုတယ်၊ တည်းခိုရိပ်သာတွေကို အသုံးပြုတာတွေ၊ လိုင်စင်မရှိဘဲ ခရီးလှည့်လည်ရေးလုပ်ငန်း လုပ်ဆောင်တာတွေ၊ တရားမဝင် ငွေပေးချေမှု နည်းလမ်းတွေကို အသုံးပြုတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီလို ခရီးစဉ်တွေ ရောင်းချရာမှာ အမှန်ကုန်ကျစရိတ်ထက် လျော့နည်းတဲ့ ဈေးနှုန်းနဲ့ ရောင်းချခဲ့ရင် ယှဉ်ပြိုင်မှု ဥပဒေနဲ့ ငြိစွန်းမှာဖြစ်ပြီး စီမံခန့်ခွဲရေး နည်းလမ်းအရဖြစ်စေ ပြစ်မှုကြောင်းအရဖြစ်စေ တရားမကြောင်းအရဖြစ်စေ အရေးယူနိုင်ဖို့ သက်ဆိုင်ရာဌာနတွေနဲ့ လိုအပ်တဲ့ ဆွေနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားမယ်လို့လည်း ဒုဝန်ကြီး ဦးတင်လတ်ကပြောပါတယ်။

ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ နမူနာကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ တရုတ် ခရီးသွားတွေဟာ မြန်မာနိုင်ငံအတွင်းမှာ ပျမ်းမျှ ၄ ရက်နေထိုင်ပြီး တစ်ရက် ပျမ်းမျှ ၆၅ ဒေါ်လာ သုံးစွဲကြောင်း သိရပြီး၊ တစ်ဦး ချင်းသုံးစွဲမှု ပျမ်းမျှဒေါ်လာ ၂၆၀ လူဦးရေ ၄ သိန်းအတွက်ဆိုရင် ဒေါ်လာ ၁၀၄ သန်းလောက်ပိုမို သုံးစွဲတယ်လို့ သိရပါတယ်။

ဒီသုံးစွဲမှုတွေမှာ နိုင်ငံသားလုပ်ငန်းရှင်တွေကို အဓိက အကျိုးရှိစေဖို့နဲ့ နိုင်ငံတော်အတွက် ထိုက်သင့်တဲ့ အခွန်အခတွေ ကောက်ခံရရှိဖို့ ဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံကို နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှု လေးသန်းကျော်ရှိခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်မြောက်ပိုင်းမှာ ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် မြန်မာနိုင်ငံကို ခရီးသွားဧည့်သည် ဝင်ရောက်မှု ၃ သန်းကျော်အထိ ကျဆင်းသွားခဲ့ရာမှာ အနောက်နိုင်ငံတွေက ခရီးသွားတွေ ဝင်ရောက်မှု သိသိသာသာ ကျဆင်းခဲ့ပါတယ်။

ဒါကို ကုစားဖို့အတွက် တရုတ်၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေကို ဗီဇာဖြေလျော့မှုတွေ လုပ်ပေးခဲ့တာကြောင့် မြန်မာနိုင်ငံကို လာရောက်တဲ့ တရုတ်ခရီးသွား အရေအတွက်ဟာ ၂၀၁၈ ခုနှစ်က နှစ်သိန်းကျော်သာရှိရာကနေ ၂၀၁၉ ခုနှစ် ၁၀ လပိုင်းအကုန်မှာတင် ၆ သိန်းကျော် ဝင်ရောက်ခဲ့တဲ့အတွက် ၄ သိန်းကျော်လောက် တိုးတက် လာတယ်လို့ ဒုတိယ ဝန်ကြီး ဦးတင်လတ်က ပြောပါတယ်။

RFA Burmese
https://www.rfa.org
တ႐ုတ္ခရီးသြားေတြသုံးတဲ့ အြန္လိုင္းေငြေခ်စနစ္ အသုံးျပဳသူေတြကို အေရးယူမည္ တ႐ုတ္ခရီးသြားေတြသုံးတဲ့ အြန္လိုင္းေငြေခ်စနစ္ အသုံးျပဳသူေတြကို အေရးယူမည္ Reviewed by THITHTOOLWIN on 23:41 Rating: 5
Powered by Blogger.