တိုင္းရင္းသားပါတီေတြနဲ႔ NLD ေတြ႕ဆုံေဆြးေႏြးမည္

NLD ပါတီေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္ ကို ေတြ႕ရစဥ္

(Zawgyi)⤵⤵⤵
NLD ပါတီက တိုင္းရင္းသားပါတီေတြနဲ႔ ဆက္ဆံေရးတိုးျမႇင့္ဖို႔၊ ထိေတြ႕ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔အတြက္ အဖြဲ႕တစ္ဖြဲ႕ ဖြဲ႕စည္းဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

NLD ပါတီဟာ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုကို ဦးတည္ေနတာျဖစ္တဲ့အတြက္ ေနာင္ဖြဲ႕စည္းမယ့္ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုရဲ႕ ပုံသ႑ာန္ကို အဓိကညႇိႏႈိင္းေဆြးေႏြးသြားဖို႔၊ ႏိုင္ငံေရးအရ သေဘာထား အျမင္ခ်င္း ဖလွယ္တာ၊ ပါတီခ်င္း ဆက္သြယ္ေရးအပါအဝင္ အေျခအေနအားလုံးကို ေဆြးေႏြးသြားဖို႔ ရည္႐ြယ္ၿပီး မေန႔ကက်င္းပတဲ့ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕အစည္းအေဝးမွာ အခုလိုဆုံးျဖတ္လိုက္တာလို႔ ပါတီေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ မ်ိဳးၫြန႔္က RFA ကိုေျပာပါတယ္။

ပါတီဟာ၂၀၁၅ ေ႐ြးေကာက္ပြဲႏိုင္ၿပီး အစိုးရျဖစ္လာၿပီးေနာက္ပိုင္း တိုင္းရင္းသားႏိုင္ငံေရးပါတီေတြနဲ႔ ထိေတြ႕ ဆက္ဆံမႈ အားနည္းတယ္လို႔ ေဝဖန္ခံရမႈေတြရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း ထိေတြ႕ဆက္ဆံမႈ ပိုမ်ားလာေအာင္ သီးျခားတာဝန္ေပးထားတဲ့ အဖြဲ႕တစ္ခု ဖြဲ႕စည္းဖို႔ ဆုံးျဖတ္လိုက္တာလို႔ ေဒါက္တာ မ်ိဳးၫြန႔္က ေျပာပါတယ္။

“ဒါကေတာ့ ကြၽန္ေတာ္တို႔သြားေနတဲ့ လမ္းေၾကာင္းမွာ လိုအပ္တဲ့ လုပ္ငန္းတစ္ရပ္ပါပဲ။ အခုလုပ္ဖို႔လိုၿပီလို႔ ယူဆတဲ့အတြက္ ဒီအဖြဲ႕ကို ဖြဲ႕စည္းလိုက္တယ္။ ဖြဲ႕စည္းၿပီး တိုင္းရင္းသားႏိုင္ငံေရးပါတီ အခ်င္းခ်င္းၾကားမွာ ပိုၿပီးနားလည္မႈေတြရလာမယ္။ တူရာတူရာမွာ ပိုၿပီးေတာ့ ပူးေပါင္း ေဆာင္႐ြက္ႏိုင္မယ္လို႔ျမင္ပါတယ္။”

NLD အစိုးရ အာဏာရၿပီး ခ်ိန္ကစၿပီး တိုင္းရင္းသားပါတီေတြနဲ႔ ဆက္ဆံမႈဟာ ပိုေဝးကြာခဲ့တယ္လို႔ တိုင္းရင္းသားပါတီေတြက တစ္ညီတစ္ၫြတ္တည္းေျပာၾကပါတယ္။

ပါတီအေနနဲ႔ အစိုးရအာဏာ ရကတည္းက ရခိုင္အေရးကိစၥေတြ ေတြ႕ဆုံေဆြးေႏြးဖို႔ ရခိုင္အမ်ိဳးသားပါတီကို ဖိတ္ေခၚတာမ်ိဳး တစ္ႀကိမ္မွ မရွိခဲ့ဘူးလို႔ ANP ရဲ႕ မူဝါဒေရးရာ ဦးေဆာင္ေကာ္မတီဝင္ ဦးထြန္းေအာင္ေက်ာ္က ဆိုပါတယ္။

“၂၀၁၅ မွာ အမ်ားဆုံးအႏိုင္ရခဲ့တဲ့ ရခိုင္အမ်ိဳးသားပါတီနဲ႔ ေရာရွမ္းျပည္နယ္က SNLD ပါတီနဲ႔ေရာ NLD က အဆင္ေျပတာကို မေတြ႕ရဘူး။ ဒါေၾကာင့္ တိုင္းရင္းသားေတြနဲ႔ ဆက္ဆံတဲ့အေပၚမွာ NLD ပါတီရဲ႕ ကိုင္တြယ္မႈေတြဟာ လမ္းေၾကာင္းေတြ မွားေနၿပီလို႔ ယူဆတယ္။ အထူးသျဖင့္ အေပၚစီးကေန သူတို႔ ပါတီႀကီး မာနနဲ႔ ဆက္ဆံေနတာကိုပဲ ေတြ႕ေနရတယ္။”

NLD ပါတီေခါင္းေဆာင္တခ်ိဳ႕က ၫြန႔္ေပါင္းအစိုးရေတြ မဟာမိတ္မူဝါဒေတြ မရွိဘူးလို႔ ၿပီးခဲ့တဲ့ လပိုင္းေတြက ေျပာၾကားခဲ့တာေတြဟာ တိုင္းရင္းသားႏိုင္ငံေရးပါတီေတြနဲ႔ ပိုၿပီး အလွမ္းေဝးေစတယ္လို႔ SNLD ပါတီ တြဲဖက္အတြင္းေရးမႉး ဦးစိုင္းလိတ္ သုံးသပ္ပါတယ္။

“၂၀၂၀ မွာ စစ္မွန္တဲ့ ဖက္ဒရယ္ ျပည္ေထာင္စုကို တည္ေဆာက္ေရးကို သြားခ်င္တယ္ဆိုရင္ တိုင္းရင္းသား ေတြနဲ႔ သဟဇာတမျဖစ္လို႔ မရဘူး။ ဒီႏိုင္ငံမွာ လူမ်ိဳးတစ္မ်ိဳးတည္း ေနထိုင္ေနတာ မဟုတ္သလို ပါတီႀကီး တစ္ခုကပဲ အၿမဲတမ္း အႏိုင္ရေနမယ္ဆိုရင္ ဒါဟာ တစ္ပါတီအာဏာရွင္စနစ္ရဲ႕ လႊမ္မိုးမႈကို ျပန္ေရာက္ သြားႏိုင္တယ္။ ဒါေၾကာင့္ ေတြ႕ဆုံေဆြးေႏြးဖို႔ လိုအပ္တယ္။”

အခုလိုဖြဲ႕စည္းတာဟာ ၿငိမ္းခ်မ္းေရးနဲ႔ ႏိုင္ငံတကာမွာ ႀကဳံေနရတဲ့ လက္ရွိႏိုင္ငံေရး အခင္းအက်င္းရဲ႕ စိန္ေခၚမႈေတြကို ဝိုင္းဝန္းေျဖရွင္းဖို႔ ရည္႐ြယ္ဖြဲ႕စည္းတာမ်ိဳး ျဖစ္ႏိုင္သလို တစ္ဖက္မွာလည္း ေ႐ြးေကာက္ပြဲ ကာလနဲ႔နီးလို႔ ၂၀၂၀ ေ႐ြးေကာက္ပြဲကို တိုင္းရင္းသားပါတီေတြနဲ႔ အတူတူျဖတ္သန္းခ်င္တဲ့ ရည္႐ြယ္ခ်က္လည္း ရွိႏိုင္တယ္လို႔ သုံးသပ္မႈေတြလည္းရွိေနပါတယ္။

“အစိုးရဖြဲ႕ရာမွာလည္း တိုင္းရင္းသားပါတီေတြ သူလက္တြဲခဲ့တဲ့ သူေတြကို တန္ဖိုးထားမႈေတြ မေတြ႕ရပါဘူး။ ဒီေတာ့ ၂၀၂၀ လည္းပဲအလားတူပဲ ျဖတ္သန္းခ်င္တဲ့ သေဘာေတာ့ ရွိတာေပါ့ေလ။ သူတိုရဲ႕ ေျပာဆိုခ်က္ေတြကို ေတာက္ေလွ်ာက္ ကြၽန္ေတာ္တို႔ နားေထာင္ေနတယ္။ မဟာမိတ္ေတြ၊ ၫြန႔္ေပါင္းအစိုးရေတြ လက္တြဲ ေဆာင္႐ြက္ဖို႔ေတြ တိုင္းရင္းသားပါတီေတြနဲ႔ ညႇိႏႈိင္းဖို႔ေတြ တျခား ဘာမွမရွိဘူးလို႔ သူတို႔ေျပာခဲ့တယ္။ အခုက်မွ သူတို႔ အဲလိုပုံစံမ်ိဳး ရွိေနတယ္ဆိုေတာ့ ဘာပဲျဖစ္ျဖစ္ အခ်ိန္ေတာ့ ရွိေသးတာေပါ့ ”

ခ်င္းအမ်ိဳးသားဒီမိုကရက္တစ္ပါတီ အတြင္းေရးမႉး ဆလိုင္းက်ဲအိုဘိေထာင္ ေျပာသြားတာပါ။

တိုင္းရင္းသားပါတီေတြနဲ႔ ထိေတြ႕ ဆက္ဆံတဲ့ေနရာမွာ ကန႔္သတ္ခ်က္ေတြ မ်ားေနရင္ ယုံၾကည္မႈတည္ေဆာင္ရာမွာ အားနည္းသြားႏိုင္တာေၾကာင့္ ႀကိဳတင္ကန႔္သတ္ခ်က္ေတြ မထားသင့္ဘူးလို႔ ကခ်င္ျပည္သူ႔ပါတီ ဥကၠ႒ ေဒါက္တာတူးဂ်ာက သုံးသပ္ပါတယ္။

“ပါတီႀကီးေတြအေနနဲ႔ တိုင္းရင္းသားအေရး ထည့္စဥ္းစားဖို႔ လိုအပ္တယ္။ တိုင္းရင္းသားေတြက ခံစားမႈေတြရွိတယ္။ ဒါေၾကာင့္ တိုင္းရင္းသားပါတီေတြနဲ႔ ထိေတြ႕ ဆက္ဆံမႈလုပ္မယ္ အျပဳသေဘာေဆာင္ လုပ္မယ္ဆိုတဲ့ သေဘာထားမ်ိဳး ျဖစ္တဲ့အတြက္ေၾကာင့္ ဒါကေကာင္းတယ္လို႔ ျမင္ပါတယ္။ အျပဳသေဘာေဆာင္ၿပီး အေပးအယူမွ်မွ်နဲ႔ အျပန္အလွန္ နားလည္မႈရွိရွိနဲ႔ ဆက္ဆံသြားမယ္ဆိုရင္ေတာ့ အေကာင္းဆုံးေပါ့။ ”

လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္းေနရာကို အေပးအယူလုပ္တဲ့ ကိစၥမ်ိဳးေတြကိုေတာ့ ေဆြးေႏြးမွာ မဟုတ္ဘဲ အနာဂတ္ႏိုင္ငံေရး လုပ္ငန္းစဥ္ေတြ ခ်မွတ္ဖို႔ အဓိက ေဆြးေႏြးသြားမွာ ျဖစ္တယ္လို႔ ေဒါက္တာမ်ိဳးၫြန႔္က ဆိုပါတယ္။

NLD က အခုလိုခ်ိန္မွ တိုင္းရင္းသားေတြနဲ႔ ဆက္ဆံေရးတိုးျမႇင့္ဖို႔ ေဆာင္႐ြက္တာ ေနာက္က်တယ္လို႔ တိုင္းရင္းသားအေရး၊ ႏိုင္ငံေရးေလ့လာသူ ဦးေမာင္ေမာင္စိုးက သုံးသပ္ပါတယ္။

“၂၀၂၀ ေ႐ြးေကာက္ပြဲ မဲဆႏၵနယ္နဲ႔ ပတ္သက္ၿပီး ညႇိႏႈိင္းမႈ ရွိမွာမဟုတ္ဘူးဆိုရင္ေတာ့ တိုင္းရင္းသားေတြနဲ႔ ေဆြးေႏြးဖို႔ ခက္ခဲပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲဆိုတာက တိုင္းရင္းသားပါတီေတြ အတြက္ လက္ေတြ႕က်တဲ့ ျပႆနာ ျဖစ္ေနလို႔ပါပဲ ”

ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြမွာ တိုင္းရင္းသားေတြနဲ႔ ထိေတြ႕ဆက္ဆံမႈရွိတဲ့ ပါတီဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာ တင္မ်ိဳးဝင္းကို အဖြဲ႕ေခါင္းေဆာင္အေနနဲ႔ ေဆာင္႐ြက္ေစမွာျဖစ္ၿပီး အဖြဲ႕ရဲ႕ ေရွ႕လုပ္ငန္းစဥ္ေတြနဲ႔ အဖြဲ႕မွာပါဝင္မယ့္ အဖြဲ႕ဝင္ အေရအတြက္ကိုေတာ့ အတိအက်မသိရေသးပါဘူး။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
တိုင်းရင်းသားပါတီတွေနဲ့ NLD တွေ့ဆုံဆွေးနွေးမည်

NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကို တွေ့ရစဉ်

NLD ပါတီက တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့၊ ထိတွေ့ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

NLD ပါတီဟာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်နေတာဖြစ်တဲ့အတွက် နောင်ဖွဲ့စည်းမယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုရဲ့ ပုံသဏ္ဍာန်ကို အဓိကညှိနှိုင်းဆွေးနွေးသွားဖို့၊ နိုင်ငံရေးအရ သဘောထား အမြင်ချင်း ဖလှယ်တာ၊ ပါတီချင်း ဆက်သွယ်ရေးအပါအဝင် အခြေအနေအားလုံးကို ဆွေးနွေးသွားဖို့ ရည်ရွယ်ပြီး မနေ့ကကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးမှာ အခုလိုဆုံးဖြတ်လိုက်တာလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က RFA ကိုပြောပါတယ်။

ပါတီဟာ၂၀၁၅ ရွေးကောက်ပွဲနိုင်ပြီး အစိုးရဖြစ်လာပြီးနောက်ပိုင်း တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ထိတွေ့ ဆက်ဆံမှု အားနည်းတယ်လို့ ဝေဖန်ခံရမှုတွေရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ထိတွေ့ဆက်ဆံမှု ပိုများလာအောင် သီးခြားတာဝန်ပေးထားတဲ့ အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်တာလို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

“ဒါကတော့ ကျွန်တော်တို့သွားနေတဲ့ လမ်းကြောင်းမှာ လိုအပ်တဲ့ လုပ်ငန်းတစ်ရပ်ပါပဲ။ အခုလုပ်ဖို့လိုပြီလို့ ယူဆတဲ့အတွက် ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်။ ဖွဲ့စည်းပြီး တိုင်းရင်းသားနိုင်ငံရေးပါတီ အချင်းချင်းကြားမှာ ပိုပြီးနားလည်မှုတွေရလာမယ်။ တူရာတူရာမှာ ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်နိုင်မယ်လို့မြင်ပါတယ်။”

NLD အစိုးရ အာဏာရပြီး ချိန်ကစပြီး တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံမှုဟာ ပိုဝေးကွာခဲ့တယ်လို့ တိုင်းရင်းသားပါတီတွေက တစ်ညီတစ်ညွတ်တည်းပြောကြပါတယ်။

ပါတီအနေနဲ့ အစိုးရအာဏာ ရကတည်းက ရခိုင်အရေးကိစ္စတွေ တွေ့ဆုံဆွေးနွေးဖို့ ရခိုင်အမျိုးသားပါတီကို ဖိတ်ခေါ်တာမျိုး တစ်ကြိမ်မှ မရှိခဲ့ဘူးလို့ ANP ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ဆိုပါတယ်။

“၂၀၁၅ မှာ အများဆုံးအနိုင်ရခဲ့တဲ့ ရခိုင်အမျိုးသားပါတီနဲ့ ရောရှမ်းပြည်နယ်က SNLD ပါတီနဲ့ရော NLD က အဆင်ပြေတာကို မတွေ့ရဘူး။ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ ဆက်ဆံတဲ့အပေါ်မှာ NLD ပါတီရဲ့ ကိုင်တွယ်မှုတွေဟာ လမ်းကြောင်းတွေ မှားနေပြီလို့ ယူဆတယ်။ အထူးသဖြင့် အပေါ်စီးကနေ သူတို့ ပါတီကြီး မာနနဲ့ ဆက်ဆံနေတာကိုပဲ တွေ့နေရတယ်။”

NLD ပါတီခေါင်းဆောင်တချို့က ညွန့်ပေါင်းအစိုးရတွေ မဟာမိတ်မူဝါဒတွေ မရှိဘူးလို့ ပြီးခဲ့တဲ့ လပိုင်းတွေက ပြောကြားခဲ့တာတွေဟာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ပိုပြီး အလှမ်းဝေးစေတယ်လို့ SNLD ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် သုံးသပ်ပါတယ်။

“၂၀၂၀ မှာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရေးကို သွားချင်တယ်ဆိုရင် တိုင်းရင်းသား တွေနဲ့ သဟဇာတမဖြစ်လို့ မရဘူး။ ဒီနိုင်ငံမှာ လူမျိုးတစ်မျိုးတည်း နေထိုင်နေတာ မဟုတ်သလို ပါတီကြီး တစ်ခုကပဲ အမြဲတမ်း အနိုင်ရနေမယ်ဆိုရင် ဒါဟာ တစ်ပါတီအာဏာရှင်စနစ်ရဲ့ လွှမ်မိုးမှုကို ပြန်ရောက် သွားနိုင်တယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်။”

အခုလိုဖွဲ့စည်းတာဟာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာမှာ ကြုံနေရတဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်းရဲ့ စိန်ခေါ်မှုတွေကို ဝိုင်းဝန်းဖြေရှင်းဖို့ ရည်ရွယ်ဖွဲ့စည်းတာမျိုး ဖြစ်နိုင်သလို တစ်ဖက်မှာလည်း ရွေးကောက်ပွဲ ကာလနဲ့နီးလို့ ၂၀၂၀ ရွေးကောက်ပွဲကို တိုင်းရင်းသားပါတီတွေနဲ့ အတူတူဖြတ်သန်းချင်တဲ့ ရည်ရွယ်ချက်လည်း ရှိနိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

“အစိုးရဖွဲ့ရာမှာလည်း တိုင်းရင်းသားပါတီတွေ သူလက်တွဲခဲ့တဲ့ သူတွေကို တန်ဖိုးထားမှုတွေ မတွေ့ရပါဘူး။ ဒီတော့ ၂၀၂၀ လည်းပဲအလားတူပဲ ဖြတ်သန်းချင်တဲ့ သဘောတော့ ရှိတာပေါ့လေ။ သူတိုရဲ့ ပြောဆိုချက်တွေကို တောက်လျှောက် ကျွန်တော်တို့ နားထောင်နေတယ်။ မဟာမိတ်တွေ၊ ညွန့်ပေါင်းအစိုးရတွေ လက်တွဲ ဆောင်ရွက်ဖို့တွေ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဖို့တွေ တခြား ဘာမှမရှိဘူးလို့ သူတို့ပြောခဲ့တယ်။ အခုကျမှ သူတို့ အဲလိုပုံစံမျိုး ရှိနေတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် အချိန်တော့ ရှိသေးတာပေါ့ ”

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိထောင် ပြောသွားတာပါ။

တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့နေရာမှာ ကန့်သတ်ချက်တွေ များနေရင် ယုံကြည်မှုတည်ဆောင်ရာမှာ အားနည်းသွားနိုင်တာကြောင့် ကြိုတင်ကန့်သတ်ချက်တွေ မထားသင့်ဘူးလို့ ကချင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက သုံးသပ်ပါတယ်။

“ပါတီကြီးတွေအနေနဲ့ တိုင်းရင်းသားအရေး ထည့်စဉ်းစားဖို့ လိုအပ်တယ်။ တိုင်းရင်းသားတွေက ခံစားမှုတွေရှိတယ်။ ဒါကြောင့် တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ ဆက်ဆံမှုလုပ်မယ် အပြုသဘောဆောင် လုပ်မယ်ဆိုတဲ့ သဘောထားမျိုး ဖြစ်တဲ့အတွက်ကြောင့် ဒါကကောင်းတယ်လို့ မြင်ပါတယ်။ အပြုသဘောဆောင်ပြီး အပေးအယူမျှမျှနဲ့ အပြန်အလှန် နားလည်မှုရှိရှိနဲ့ ဆက်ဆံသွားမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ”

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းနေရာကို အပေးအယူလုပ်တဲ့ ကိစ္စမျိုးတွေကိုတော့ ဆွေးနွေးမှာ မဟုတ်ဘဲ အနာဂတ်နိုင်ငံရေး လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ အဓိက ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။

NLD က အခုလိုချိန်မှ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ဆောင်ရွက်တာ နောက်ကျတယ်လို့ တိုင်းရင်းသားအရေး၊ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲ မဲဆန္ဒနယ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းမှု ရှိမှာမဟုတ်ဘူးဆိုရင်တော့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ ခက်ခဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲဆိုတာက တိုင်းရင်းသားပါတီတွေ အတွက် လက်တွေ့ကျတဲ့ ပြဿနာ ဖြစ်နေလို့ပါပဲ ”

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားတွေနဲ့ ထိတွေ့ဆက်ဆံမှုရှိတဲ့ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာ တင်မျိုးဝင်းကို အဖွဲ့ခေါင်းဆောင်အနေနဲ့ ဆောင်ရွက်စေမှာဖြစ်ပြီး အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ အဖွဲ့မှာပါဝင်မယ့် အဖွဲ့ဝင် အရေအတွက်ကိုတော့ အတိအကျမသိရသေးပါဘူး။

RFA Burmese
https://www.rfa.org

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား