ေပ ၁၅၀ ခန႔္နက္သည့္ ေခ်ာက္အတြင္းသို႔ ေမာ္ေတာ္ယာဥ္တစ္စီး ထိုးက်တိမ္းေမွာက္ လူတစ္ဦးေသဆုံး

(Zawgyi)⤵⤵⤵
မိုင္းေယာင္း ဒီဇင္ဘာ ၂၀
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခ႐ိုင္ မိုင္းေယာင္းၿမိဳ႕နယ္တြင္ ဒီဇင္ဘာ ၂၀ ရက္ နံနက္ ၁၀ နာရီက ေပ ၁၅၀ ခန႔္နက္သည့္ ေခ်ာက္အတြင္းသို႔ ေမာ္ေတာ္ယာဥ္တစ္စီး ထိုးက်တိမ္းေမွာက္ရာ လူတစ္ဦးေသဆုံးသြားခဲ့ေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ မိုင္းေယာင္းၿမိဳ႕နယ္၌ KBZ Pay ဆိုင္ခြဲမ်ား ဖြင့္လွစ္ရန္အတြက္ နံနက္ ၈ နာရီခြဲတြင္ မိုင္းျဖတ္မွ မိုင္းေယာင္းသို႔ ရဲမင္း(၂၄ ႏွစ္) ေမာင္းႏွင္ၿပီး ေဒၚနန္းခမ္းတစ္(၃၀ ႏွစ္)ႏွင့္ မဝတ္ရည္စံ(၂၄ ႏွစ္)တို႔ လိုက္ပါလာသည့္ 4L-------၊ Vegio(ခဲေရာင္)လိုင္စင္ရွိယာဥ္သည္ မိုင္းေယာင္းၿမိဳ႕နယ္ မုန္းလိုက္ေက်း႐ြာအုပ္စု ဖတၱဴေက်း႐ြာအနီးရွိ မိုင္းျဖတ္-မိုင္းေယာင္း ကားလမ္းေပၚ မိုင္တိုင္အမွတ္(၃၆၅)အနီး လမ္းအေကြ႕ေနရာအေရာက္တြင္ လမ္းေခ်ာ္၍ လမ္းမ၏ ဝဲဘက္ရွိ ေပ ၁၅၀ ခန႔္နက္သည့္ ေခ်ာက္အတြင္းသို႔ ထိုးက်တိမ္းေမွာက္သြားခဲ့သျဖင့္ ေဒၚနန္းခမ္းတစ္အား ေဆးကုသမႈခံယူရန္ မိုင္းျဖတ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ ရရွိဒဏ္ရာျဖင့္ လမ္းတြင္ ေသဆုံးသြားခဲ့သည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ယာဥ္ကို မဆင္မျခင္ေမာင္းႏွင္သူ ရဲမင္းအား မိုင္းေယာင္းၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူ ေဆာင္႐ြက္ ထားေၾကာင္း သိရသည္။

စိုင္းေအာင္ေဇာ္လင္း(ျပန္/ဆက္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
------------
(Unicode)⤵⤵⤵
ပေ ၁၅၀ ခန့်နက်သည့် ချောက်အတွင်းသို့ မော်တော်ယာဉ်တစ်စီး ထိုးကျတိမ်းမှောက် လူတစ်ဦးသေဆုံး

မိုင်းယောင်း ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီက ပေ ၁၅၀ ခန့်နက်သည့် ချောက်အတွင်းသို့ မော်တော်ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်ရာ လူတစ်ဦးသေဆုံးသွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မိုင်းယောင်းမြို့နယ်၌ KBZ Pay ဆိုင်ခွဲများ ဖွင့်လှစ်ရန်အတွက် နံနက် ၈ နာရီခွဲတွင် မိုင်းဖြတ်မှ မိုင်းယောင်းသို့ ရဲမင်း(၂၄ နှစ်) မောင်းနှင်ပြီး ဒေါ်နန်းခမ်းတစ်(၃၀ နှစ်)နှင့် မဝတ်ရည်စံ(၂၄ နှစ်)တို့ လိုက်ပါလာသည့် 4L-------၊ Vegio(ခဲရောင်)လိုင်စင်ရှိယာဉ်သည် မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု ဖတ္တူကျေးရွာအနီးရှိ မိုင်းဖြတ်-မိုင်းယောင်း ကားလမ်းပေါ် မိုင်တိုင်အမှတ်(၃၆၅)အနီး လမ်းအကွေ့နေရာအရောက်တွင် လမ်းချော်၍ လမ်းမ၏ ဝဲဘက်ရှိ ပေ ၁၅၀ ခန့်နက်သည့် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့သဖြင့် ဒေါ်နန်းခမ်းတစ်အား ဆေးကုသမှုခံယူရန် မိုင်းဖြတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာဖြင့် လမ်းတွင် သေဆုံးသွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ ရဲမင်းအား မိုင်းယောင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ေပ ၁၅၀ ခန႔္နက္သည့္ ေခ်ာက္အတြင္းသို႔ ေမာ္ေတာ္ယာဥ္တစ္စီး ထိုးက်တိမ္းေမွာက္ လူတစ္ဦးေသဆုံး ေပ ၁၅၀ ခန႔္နက္သည့္ ေခ်ာက္အတြင္းသို႔ ေမာ္ေတာ္ယာဥ္တစ္စီး ထိုးက်တိမ္းေမွာက္ လူတစ္ဦးေသဆုံး Reviewed by THITHTOOLWIN on 02:06 Rating: 5
Powered by Blogger.