မဲဆြယ္ကာလ အြန္လိုင္းေရးသားမႈ Facebook နဲ႔ ေ႐ြးေကာ္ေဆြးေႏြး

Facebook တာဝန္ရွိသူေတြနဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ေတြ ၂၀၁၉ ဒီဇင္ဘာလ ၁၈ ရက္က ‌ေနျပည္ေတာ္တြင္ ေတြ႕ဆုံစဥ္
(Zawgyi)⤵⤵⤵
Facebook တာဝန္ရွိသူ တခ်ိဳ႕ဟာ ေနျပည္ေတာ္မွာရွိတဲ့ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးကို သြားေရာက္ၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲကာလ သတင္းအမွားေတြ၊ အမုန္းစကားေတြနဲ႔ သတင္းအတုေတြကို ကာကြယ္တားဆီးႏိုင္မယ့္ အစီအစဥ္ေတြအေၾကာင္း ေဆြးေႏြးခဲ့ၾကတယ္လို႔ ျပန္ၾကားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

ဒီဇင္ဘာလ ၁၈ ရက္ေန႔က ေဆြးေႏြးတဲ့ အေၾကာင္းအရာေတြထဲမွာ ျပည္သူလူထုကို ေ႐ြးေကာက္ပြဲဆိုင္ရာ အသိပညာေပးေရး၊ ေ႐ြးေကာက္ပြဲဆိုင္ရာ သတင္းမွန္ျပန္ၾကားေရးတို႔အတြက္ Facebook က ကူညီ ေဆာင္႐ြက္ေပးမယ့္ အစီအစဥ္ေတြလည္း ပါဝင္တယ္လို႔ ဆိုပါတယ္။

ေဆြးေႏြးပြဲ ဦးေဆာင္သူေတြကေတာ့ Facebook ကုမၸဏီရဲ႕ အေရွ႕ေတာင္အာရွ ျပည္သူ႔ေရးရာ မူဝါမ်ားဆိုင္ရာ ဒါ႐ိုက္တာ ရဖဲ ဖရန္ကယ္ ( Mr. Rafael Frankel ) နဲ႔ ေကာ္မရွင္ဥကၠ႒ ဦးလွသိန္းတို႔ ျဖစ္ပါတယ္။

၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲမွာ မိုဘိုင္းဖုန္းသုံးစြဲသူ ခုႏွစ္သန္းခန႔္ရွိခဲ့ၿပီး လက္ရွိမွာ ၂၁ သန္း ခန႔္ ရွိေနတဲ့ အတြက္ ဆိုရွယ္မီဒီယာေတြကတစ္ဆင့္ အမုန္းစကားေတြ ပိုမ်ားလာႏိုင္မယ္လို႔ ခန႔္မွန္းေနၾကပါတယ္။

ေကာ္မရွင္အဖြဲ႕ဝင္ ဦးမင္းေဆြက ဒီဇင္ဘာလ ၁၈ ရက္က ျပဳလုပ္ခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ေကာ္မရွင္နဲ႔ ပတ္သက္တဲ့ သတင္းအမွား၊ အမုန္းစကားနဲ႔ အျပဳသေဘာမေဆာင္တဲ့ မွတ္ခ်က္ေတြကို ေစာင့္ၾကည့္မယ့္ အဖြဲ႕ ဖြဲ႕စည္းသြားမယ္လို႔ ထည့္သြင္းေျပာခဲ့ပါေသးတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
မဲဆွယ်ကာလ အွန်လိုင်းရေးသားမှု Facebook နဲ့ ရွေးကော်ဆွေးနွေး

Facebook တာဝန်ရှိသူတွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ ၂၀၁၉ ဒီဇင်ဘာလ ၁၈ ရက်က ‌နေပြည်တော်တွင် တွေ့ဆုံစဉ်
Photo - MNA

Facebook တာဝန်ရှိသူ တချို့ဟာ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးကို သွားရောက်ပြီး ၂၀၂၀ ရွေးကောက်ပွဲကာလ သတင်းအမှားတွေ၊ အမုန်းစကားတွေနဲ့ သတင်းအတုတွေကို ကာကွယ်တားဆီးနိုင်မယ့် အစီအစဉ်တွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က ဆွေးနွေးတဲ့ အကြောင်းအရာတွေထဲမှာ ပြည်သူလူထုကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးရေး၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းမှန်ပြန်ကြားရေးတို့အတွက် Facebook က ကူညီ ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲ ဦးဆောင်သူတွေကတော့ Facebook ကုမ္ပဏီရဲ့ အရှေ့တောင်အာရှ ပြည်သူ့ရေးရာ မူဝါများဆိုင်ရာ ဒါရိုက်တာ ရဖဲ ဖရန်ကယ် ( Mr. Rafael Frankel ) နဲ့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းတို့ ဖြစ်ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မိုဘိုင်းဖုန်းသုံးစွဲသူ ခုနှစ်သန်းခန့်ရှိခဲ့ပြီး လက်ရှိမှာ ၂၁ သန်း ခန့် ရှိနေတဲ့ အတွက် ဆိုရှယ်မီဒီယာတွေကတစ်ဆင့် အမုန်းစကားတွေ ပိုများလာနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ကော်မရှင်အဖွဲ့ဝင် ဦးမင်းဆွေက ဒီဇင်ဘာလ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကော်မရှင်နဲ့ ပတ်သက်တဲ့ သတင်းအမှား၊ အမုန်းစကားနဲ့ အပြုသဘောမဆောင်တဲ့ မှတ်ချက်တွေကို စောင့်ကြည့်မယ့် အဖွဲ့ ဖွဲ့စည်းသွားမယ်လို့ ထည့်သွင်းပြောခဲ့ပါသေးတယ်။

RFA Burmese
https://www.rfa.org
မဲဆြယ္ကာလ အြန္လိုင္းေရးသားမႈ Facebook နဲ႔ ေ႐ြးေကာ္ေဆြးေႏြး မဲဆြယ္ကာလ အြန္လိုင္းေရးသားမႈ Facebook နဲ႔ ေ႐ြးေကာ္ေဆြးေႏြး Reviewed by THITHTOOLWIN on 02:12 Rating: 5
Powered by Blogger.