ဗစ္တိုးရီးယားအမႈ - သံသယတရားခံ လႊတ္ေပးလိုက္အၿပီး ဘာဆက္ျဖစ္မလဲ

(Zawgyi)⤵⤵⤵
ဗစ္တိုးရီးယားအမႈက သံသယတရားခံအျဖစ္ စြပ္စြဲခံထားရသူ ကိုေအာင္ႀကီးကို တရားရွင္လႊတ္ေပးၿပီးေနာက္ အမႈေရွ႕ဆက္ဘယ္လိုျဖစ္မလဲဆိုတာနဲ႔ ပတ္သက္ၿပီး တရား႐ုံးရဲ႕ အမိန႔္ကို မေက်နပ္တဲ့သူအေနနဲ႔ အဆင္ျမင့္ တရား႐ုံးကို တက္ေရာက္ႏိုင္တယ္လို႔ ဒကၡိဏခ႐ိုင္တရား႐ုံး တရား႐ုံးသတင္းျပန္ၾကားေရး အရာရွိက ေျပာပါတယ္။

ေနျပည္ေတာ္ Wisdom Hill မူႀကိဳက အသက္ သုံးႏွစ္မျပည္ေသးတဲ့ ေက်ာင္းသူမိန္းကေလး လိင္အႏိုင္က်င့္ခံရတယ္ဆိုၿပီး စြပ္စြဲထားတဲ့ အမႈက သံသယတရားခံကို တရားရွင္လႊတ္ေပးလိုက္ၿပီး ဒုတိယေျမာက္ေန႔မွာ အဲဒီလို ဆုံးျဖတ္လႊတ္ေပးခဲ့တဲ့ ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္တရား႐ုံးက သတင္းျပန္ၾကားေရးအရာရွိ ေဒၚျဖဴဝင္းလတ္က မီဒီယာေတြကို အထက္ပါအတိုင္းေျပာခဲ့တာ ျဖစ္ပါတယ္။

"နစ္နာတဲ့သူေတြ တရားလိုတို႔၊ အမိန႔္ကို မေက်နပ္တဲ့သူ ဘယ္သူမဆို အဆင့္ျမင့္ တရား႐ုံးကို ဆက္ၿပီးေတာ့ ျပင္ဆင္ တက္ေရာက္ႏိုင္ပါတယ္" လို႔ ေျပာပါတယ္။

ဒီလို ျပင္ဆင္တက္ေရာက္တာကို ကန႔္သတ္အခ်ိန္ ႏွစ္လ အတြင္း တက္ေရာက္ႏိုင္တယ္လို႔ ေျပာပါတယ္။

တရား႐ုံးက ကိုေအာင္ႀကီးကို လႊတ္ေပးလိုက္ၿပီး ေနာက္တစ္ေန႔မွာ ရဲတပ္ဖြဲ႕ကေတာ့ ဒီအမႈကို ဥပေဒနဲ႔ အညီ ဆက္လုပ္မယ္လို႔ ေျပာပါတယ္။

"သက္ဆိုင္ရာ တရား႐ုံးရဲ႕ စီရင္ခ်က္ မရေသးပါဘူး။ စီရင္ခ်က္ရလို႔ရွိရင္ေတာ့ ဥပေဒနဲ႔ အညီ ဘယ္လို ဆက္လက္ေဆာင္႐ြက္မလဲ ဆိုတာကို ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္" လို႔ မႈခင္းရဲတပ္ဖြဲ႕ ၫႊန္ၾကားေရးမႉး ရဲမႉးႀကီးမင္းဟန္က ဗစ္တိုးရီးယားအမႈနဲ႔ ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

နစ္နာသူ မိသားစုကို ကူညီေဆာင္႐ြက္ေပးေနတဲ့ ေဒါက္တာဝင္းကိုကိုသိန္းကေတာ့ မိသားစုက ေတာင္းဆိုထားတဲ့ ဒီအန္ေအကို ျပည္ပပို႔ စစ္ေပးဖို႔ ေတာင္းဆိုခ်က္နဲ႔ ပတ္သက္ၿပီး "ကြၽန္ေတာ္တို႔က ဘာမွ ေတာင္းဆိုလို႔ မရေတာ့ဘူးေပါ့။ ဘာလို႔လဲဆိုေတာ့ တရားခြင္လည္း မရွိေတာ့ဘူး။ အဲလိုျဖစ္သြားတယ္" လို႔ ေျပာပါတယ္။

ဒါေပမဲ့ မိသားစုကို ကူညီေဆာင္႐ြက္ေပးေနတဲ့ အဖြဲ႕ေတာ့ ဆက္ရွိေနၿပီး အဲဒီေရွ႕ေနနဲ႔ေတာ့ တိုင္ပင္မႈေတြ ဆက္ရွိေနတယ္လို႔ ေျပာပါတယ္။

ကိုေအာင္ႀကီးရဲ႕ ေရွ႕ေန ဦးခင္ေမာင္ေဇာ္ကေတာ့ "ဒီအမႈက ရဲက ေျပာသြားတယ္ အခ်ိန္ေစာလြန္းတယ္ ဘာညာဆိုေတာ့ ရက္ေပါင္း ၆၀ အတြင္းမွာေတာ့ အေျဖေပၚမွာ မဟုတ္ေသးဘူး"

"ဘာလို႔ဆိုေတာ့ မႏၲေလးတိုင္း တရားလႊတ္ေတာ္ကေနၿပီးေတာ့မွ စြဲခ်က္မတင္ခင္ လႊတ္ထားတဲ့ ကိစၥကို ဆက္စစ္ဦး၊ ၂၅၃ (၁) အရ အကုန္ကုန္မွ လႊတ္တာ ျဖစ္ေစ၊ စြဲခ်က္တင္ၿပီးေတာ့မွ အၿပီးသတ္ အမိန႔္ခ်တာ ျဖစ္ေစ လုပ္ဦးဆိုရင္ ဒါက ဆက္သြားရမွာ"

"ရက္ေပါင္း ၆၀ အတြင္းမွာ မီးမေသေသးဘူး။ အေပၚ႐ုံးက ျပင္ေကာင္း ျပင္ႏိုင္တယ္" လို႔ လည္း ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

သံသယတရားခံကို တရား႐ုံးက ပယ္လိုက္တဲ့အတြက္ အမွန္တရားကို ရွာဖို႔က ရဲတပ္ဖြဲ႕ရဲ႕ တာဝန္ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

တရား႐ုံးက ဒီဇင္ဘာ ၂၀ ရက္မွာ မီဒီယာေတြနဲ႔ ေတြ႕ဆုံေျပာၾကားရာမွာေတာ့ တရား႐ုံးက တရားလို အပါအဝင္ သက္ေသ ၁၉ ေယာက္ စစ္ေဆးခဲ့တယ္၊ ႐ုံးေခၚသက္ေသ အေနနဲ႔ ကြန္ပ်ဴတာနဲ႔ ပတ္သက္တဲ့ သက္ေသေတြကိုလည္း စစ္ေဆးခဲ့တယ္၊ အဲဒီသက္ေသေတြ စစ္ေဆးၿပီးတဲ့အခါမွာ သက္ေသေတြက ကိုေအာင္ႀကီးက က်ဴးလြန္ႏိုင္ဖြယ္ရာ အခြင့္အေရးမရွိဘူးလို႔ ထြက္ဆိုထားၾကတဲ့အတြက္ စြပ္စြဲခံရသူမွာ စြဲခ်က္တင္ႏိုင္တဲ့ အေထာက္အထား တစ္စုံ တရာမေတြ႕ဘူးဆိုၿပီး တရား႐ုံးက ရာဇဝတ္က်င့္ထုံးပုဒ္မ ၂၅၃ (၂) အရ စြပ္စြဲခံရသူ ေအာင္ႀကီး ေခၚ ေအာင္ေက်ာ္မ်ိဳးကို စြဲခ်က္မတင္ခင္ လႊတ္ခဲ့တာ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

ဒီအမႈဟာ ေမလလယ္မွာ စတင္ခဲ့တာျဖစ္ၿပီး ႐ုံးခ်ိန္း ၁၃ ခ်ိန္း အၿပီးမွာ သံသယတရားခံကို တရား႐ုံးက လႊတ္ေပးလိုက္တာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဗစ်တိုးရီးယားအမှု - သံသယတရားခံ လွှတ်ပေးလိုက်အပြီး ဘာဆက်ဖြစ်မလဲ

ဗစ်တိုးရီးယားအမှုက သံသယတရားခံအဖြစ် စွပ်စွဲခံထားရသူ ကိုအောင်ကြီးကို တရားရှင်လွှတ်ပေးပြီးနောက် အမှုရှေ့ဆက်ဘယ်လိုဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ အမိန့်ကို မကျေနပ်တဲ့သူအနေနဲ့ အဆင်မြင့် တရားရုံးကို တက်ရောက်နိုင်တယ်လို့ ဒက္ခိဏခရိုင်တရားရုံး တရားရုံးသတင်းပြန်ကြားရေး အရာရှိက ပြောပါတယ်။

နေပြည်တော် Wisdom Hill မူကြိုက အသက် သုံးနှစ်မပြည်သေးတဲ့ ကျောင်းသူမိန်းကလေး လိင်အနိုင်ကျင့်ခံရတယ်ဆိုပြီး စွပ်စွဲထားတဲ့ အမှုက သံသယတရားခံကို တရားရှင်လွှတ်ပေးလိုက်ပြီး ဒုတိယမြောက်နေ့မှာ အဲဒီလို ဆုံးဖြတ်လွှတ်ပေးခဲ့တဲ့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက သတင်းပြန်ကြားရေးအရာရှိ ဒေါ်ဖြူဝင်းလတ်က မီဒီယာတွေကို အထက်ပါအတိုင်းပြောခဲ့တာ ဖြစ်ပါတယ်။

    "ကျွန်တော်တို့က ဘာမှ တောင်းဆိုလို့ မရတော့ဘူးပေါ့။ ဘာလို့လဲဆိုတော့ တရားခွင်လည်း မရှိတော့ဘူး"
    ရဲတပ်ဖွဲ့ ထုတ်ဖော်ပြောဆိုချက် ဥပဒေနဲ့ငြိရင် တရားစွဲမယ်လို့ ဗစ်တိုရီးယားမိသားစုဆို

"နစ်နာတဲ့သူတွေ တရားလိုတို့၊ အမိန့်ကို မကျေနပ်တဲ့သူ ဘယ်သူမဆို အဆင့်မြင့် တရားရုံးကို ဆက်ပြီးတော့ ပြင်ဆင် တက်ရောက်နိုင်ပါတယ်" လို့ ပြောပါတယ်။

ဒီလို ပြင်ဆင်တက်ရောက်တာကို ကန့်သတ်အချိန် နှစ်လ အတွင်း တက်ရောက်နိုင်တယ်လို့ ပြောပါတယ်။

တရားရုံးက ကိုအောင်ကြီးကို လွှတ်ပေးလိုက်ပြီး နောက်တစ်နေ့မှာ ရဲတပ်ဖွဲ့ကတော့ ဒီအမှုကို ဥပဒေနဲ့ အညီ ဆက်လုပ်မယ်လို့ ပြောပါတယ်။

"သက်ဆိုင်ရာ တရားရုံးရဲ့ စီရင်ချက် မရသေးပါဘူး။ စီရင်ချက်ရလို့ရှိရင်တော့ ဥပဒေနဲ့ အညီ ဘယ်လို ဆက်လက်ဆောင်ရွက်မလဲ ဆိုတာကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" လို့ မှုခင်းရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ရဲမှူးကြီးမင်းဟန်က ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နစ်နာသူ မိသားစုကို ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါက်တာဝင်းကိုကိုသိန်းကတော့ မိသားစုက တောင်းဆိုထားတဲ့ ဒီအန်အေကို ပြည်ပပို့ စစ်ပေးဖို့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး "ကျွန်တော်တို့က ဘာမှ တောင်းဆိုလို့ မရတော့ဘူးပေါ့။ ဘာလို့လဲဆိုတော့ တရားခွင်လည်း မရှိတော့ဘူး။ အဲလိုဖြစ်သွားတယ်" လို့ ပြောပါတယ်။

ဒါပေမဲ့ မိသားစုကို ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တော့ ဆက်ရှိနေပြီး အဲဒီရှေ့နေနဲ့တော့ တိုင်ပင်မှုတွေ ဆက်ရှိနေတယ်လို့ ပြောပါတယ်။

ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်ကတော့ "ဒီအမှုက ရဲက ပြောသွားတယ် အချိန်စောလွန်းတယ် ဘာညာဆိုတော့ ရက်ပေါင်း ၆၀ အတွင်းမှာတော့ အဖြေပေါ်မှာ မဟုတ်သေးဘူး"

"ဘာလို့ဆိုတော့ မန္တလေးတိုင်း တရားလွှတ်တော်ကနေပြီးတော့မှ စွဲချက်မတင်ခင် လွှတ်ထားတဲ့ ကိစ္စကို ဆက်စစ်ဦး၊ ၂၅၃ (၁) အရ အကုန်ကုန်မှ လွှတ်တာ ဖြစ်စေ၊ စွဲချက်တင်ပြီးတော့မှ အပြီးသတ် အမိန့်ချတာ ဖြစ်စေ လုပ်ဦးဆိုရင် ဒါက ဆက်သွားရမှာ"

"ရက်ပေါင်း ၆၀ အတွင်းမှာ မီးမသေသေးဘူး။ အပေါ်ရုံးက ပြင်ကောင်း ပြင်နိုင်တယ်" လို့ လည်း ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

သံသယတရားခံကို တရားရုံးက ပယ်လိုက်တဲ့အတွက် အမှန်တရားကို ရှာဖို့က ရဲတပ်ဖွဲ့ရဲ့ တာဝန်ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

တရားရုံးက ဒီဇင်ဘာ ၂၀ ရက်မှာ မီဒီယာတွေနဲ့ တွေ့ဆုံပြောကြားရာမှာတော့ တရားရုံးက တရားလို အပါအဝင် သက်သေ ၁၉ ယောက် စစ်ဆေးခဲ့တယ်၊ ရုံးခေါ်သက်သေ အနေနဲ့ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ သက်သေတွေကိုလည်း စစ်ဆေးခဲ့တယ်၊ အဲဒီသက်သေတွေ စစ်ဆေးပြီးတဲ့အခါမှာ သက်သေတွေက ကိုအောင်ကြီးက ကျူးလွန်နိုင်ဖွယ်ရာ အခွင့်အရေးမရှိဘူးလို့ ထွက်ဆိုထားကြတဲ့အတွက် စွပ်စွဲခံရသူမှာ စွဲချက်တင်နိုင်တဲ့ အထောက်အထား တစ်စုံ တရာမတွေ့ဘူးဆိုပြီး တရားရုံးက ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၅၃ (၂) အရ စွပ်စွဲခံရသူ အောင်ကြီး ခေါ် အောင်ကျော်မျိုးကို စွဲချက်မတင်ခင် လွှတ်ခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီအမှုဟာ မေလလယ်မှာ စတင်ခဲ့တာဖြစ်ပြီး ရုံးချိန်း ၁၃ ချိန်း အပြီးမှာ သံသယတရားခံကို တရားရုံးက လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ဗစ္တိုးရီးယားအမႈ - သံသယတရားခံ လႊတ္ေပးလိုက္အၿပီး ဘာဆက္ျဖစ္မလဲ ဗစ္တိုးရီးယားအမႈ - သံသယတရားခံ လႊတ္ေပးလိုက္အၿပီး ဘာဆက္ျဖစ္မလဲ Reviewed by THITHTOOLWIN on 02:02 Rating: 5
Powered by Blogger.