ပလက္၀စီမံကိန္း လံုၿခံဳေရးသေဘၤာ တိုက္ခိုက္ခံရ

AA တပ္ဖြဲ႔ဝင္မ်ား။ (ဓာတ္ပုံ - ရကၡိဳင့္တပ္မေတာ္ - သတင္းႏွင့္ ျပန္ၾကားေရးဌာန)
(Zawgyi / Unicode)

ပလက္၀တံတားစီမံကိန္းအတြက္ သံေဘာင္နဲ႔ ေဆာက္လုပ္ေရးပစၥည္းေတြ သြားေရာက္ပို႔ေဆာင္တဲ့ ေရယာဥ္ေတြနဲ႔ တပ္မေတာ္ လုံၿခံဳေရးေရယာဥ္ေတြကို AA အဖြဲ႔ကေန ပစ္ခတ္တိုက္ခုိက္ခဲ့ေၾကာင္း တပ္မေတာ္ဘက္ကေန မေန႔က သတင္းထုတ္ျပန္ထားတာပါ။ ဒီတိုက္ခိုက္ခံရမႈအတြင္း စစ္သေဘၤာထိခိုက္ၿပီး ဒဏ္ရာတခ်ိဳ႕ ရရွိခဲ့တယ္လို႔ တပ္မေတာ္က ေျပာပါတယ္။ ရခိုင္တပ္မေတာ္ဘက္ကေတာ့ တပ္မေတာ္လုံၿခံဳေရးယာဥ္ကိုသာ ပစ္ခတ္တာလို႔ ဆိုပါတယ္။ အျပည့္အစုံကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ႏုိင္ကြန္းအိန္က ဆက္သြယ္ေမးျမန္း သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းမွာ ကုလားတန္စီမံကိန္းအတြက္ ပစၥည္းတင္ေဆာင္လာတဲ့ သေဘၤာ ႏွစ္ရက္ဆက္တိုက္ ပစ္ခတ္တိုက္ခုိက္ခံရတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။

“၂၉ ရက္ေန႔မွာေတာ့ က်ေနာ္တုိ႔ အဲဒီေရယာဥ္ ၆ စီး ပါတယ္ဗ်။ က်ေနာ္တို႔ တံတားထိုးဘက္ဟိုးနဲ႔ သံေဘာင္ေတြနဲ႔ ေဆာက္တဲ့ပစၥည္း တက္တဲ့ယာဥ္ေတြ ပါတယ္။ ၿပီးရင္ က်ေနာ္တုိ႔ လုံၿခံဳေရးအေစာင့္လိုက္တဲ့ တပ္မေတာ္က စစ္ေရယာဥ္ေတြ ပါတယ္။ အဲဒီအဖြဲ႔ေတြက က်ေနာ္တုိ႔ စစ္ေတြကေန ထြက္တယ္။ ၂၉ ရက္ေန႔မွာ မနက္ပိုင္းမွာ က်ေနာ္တုိ႔ တႀကိမ္ျဖစ္တယ္။ ညေနပိုင္းမွာေတာ့ ေက်ာက္ေတာ္ကို ေရာက္တယ္။ ေက်ာက္ေတာ္ကေန ျပန္ထြက္ေတာ့ က်ေနာ္တုိ႔ ထုတ္ျပန္ထားတဲ့ ေနရာမွာပဲ ၃၀ ရက္ေန႔ မနက္ ၁ နာရီေလာက္မွာ ျဖစ္တယ္။ အဲဒီမွာေတာ့ က်ေနာ္တို႔ စစ္ေရယာဥ္ကေန ျပန္လည္ၿပီးေတာ့ ပစ္ခတ္တာေၾကာင့္မို႔လို႔ ျပန္ၿပီးေတာ့ ဆုတ္သြားတယ္။ က်ေနာ္တုိ႔ ဒီဘက္က ေရယာဥ္တစီးေတာ့ အနည္းငယ္ က်ည္ထိမွန္မႈရွိတယ္။ ထိခိုက္မႈရွိတယ္။ ဆက္သြားတယ္။ က်ေနာ္တို႔ စစ္သည္တခ်ိဳ႕လည္း ထိခိုက္ဒဏ္ရာရမႈ ရွိပါတယ္။”

ပလက္၀တံတား စီမံကိန္းမွာ အသုံးျပဳမယ့္ သံေဘာင္နဲ႔ ေဆာက္လုပ္ေရးပစၥည္းေတြကို တင္ေဆာင္ထားတဲ့ ေရယာဥ္ေျခာက္စင္းဟာ ႏုိ၀င္ဘာ ၂၉ ရက္ နံနက္ပိုင္းက စစ္ေတြၿမိဳ႕၊ ေရႊမင္းဂံဆိပ္ကမ္းက ကုလားတန္ျမစ္အတိုင္း ထြက္ခြာလာရာမွာ ေက်ာက္ေတာ္ၿမိဳ႕နယ္ ကန္ေဇာက္ေက်းရြာ အေရွ႕ဘက္မွာ AA ဘက္က ပစ္ခတ္တိုက္ခိုက္ခဲ့သလို ႏုိ၀င္ဘာ ၃၀ မနက္ပိုင္းမွာလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ မီး၀ေက်းရြာဘက္မွာ ထပ္မံပစ္ခတ္ခံရတယ္လို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ရခိုင္လက္နက္ကိုင္ AA ေျပာခြင့္ရ ခိုင္သုခကေတာ့ ေဆာက္လုပ္ေရးပစၥည္းေတြ တင္ေဆာင္ထားတဲ့ ေရယာဥ္ကို ပစ္ခတ္တာမဟုတ္ဘဲ တပ္မေတာ္ လုံၿခံဳေရးယာဥ္ကိုသာ ပစ္ခတ္တာလို႔ ဆိုပါတယ္။

“က်ေနာ္တို႔ ဒီပစ္ခတ္တိုက္ခိုက္တဲ့ သေဘၤာေတြက ဗမာစစ္တပ္ရဲ႕ သေဘၤာေတြနဲ႔ ဗမာစစ္တပ္က အသုံးျပဳေနတဲ့ ေရယာဥ္ေတြသာ ျဖစ္တယ္ဗ်ေနာ္။ အဲဒီ ကုလားတန္စီမံကိန္း သေဘၤာေတြ မဟုတ္ဘူး။ က်ေနာ္တုိ႔ အႀကိမ္ႀကိမ္လည္း ေျပာၿပီးပါၿပီ။ စစ္ျဖစ္ေနတဲ့ေနရာမွာ စစ္ဆင္ေရးပုံစံမ်ိဳးနဲ႔ ခ်ီတက္လာတဲ့ ၾကည္းတပ္ကပဲျဖစ္ျဖစ္ ေရတပ္ကပဲျဖစ္ျဖစ္ က်ေနာ္တုိ႔က လိုအပ္သလို ပစ္ခတ္တားဆီးမွာပဲ။”

မေန႔ကလည္း စက္ခ်ိဳ႕ယြင္းေနတဲ့ ပစၥည္းတင္ ပင္လယ္မင္းသမီး သေဘၤာကိုလည္း AA အဖြဲ႔က စီးနင္းၿပီး ေအာက္ျပန္ဆုတ္ခိုင္းတယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးႀကီး၀င္းေဇာ္ဦးက ေျပာပါတယ္။

“မေန႔က ပင္လယ္မင္းသမီးေပါ့။ ပလက္၀-မီဇိုရမ္ ႏွစ္လမ္းသြား စီမံကိန္းအတြက္ ဆိုၿပီးေတာ့ သယ္လာတဲ့ ပင္လယ္မင္းသမီး အရပ္ဘက္ေရယာဥ္ဟာ ေသာင္ျပင္နဲ႔တင္တယ္။ တင္တဲ့အခါမွာ စက္အားနဲ႔ ႐ုန္းလိုက္တဲ့အတြက္ေၾကာင့္မို႔လို႔ သူ႔ပန္ကာ က်ိဳးသြားတယ္။ က်ိဳးသြားတဲ့အတြက္ေၾကာင့္မို႔လို႔ ေရွ႕ကယာဥ္ေတြနဲ႔ လိုက္လို႔မရတဲ့အတြက္ သူက အဲဒီမွာပဲ လိုအပ္တဲ့ဟာေတြ ျပင္ၿပီးေတာ့မွ ေအာက္ကိုျပန္ဆင္းလာတယ္၊ မေန႔က တင္းမမွာ။ တင္းမအနား ျပန္ဆင္းတဲ့အခ်ိန္မွာ တင္းမအနား ေရာက္တဲ့အခါမွာ AA ေတြက အေနာက္ဘက္ကမ္းက ေသနတ္ေဖာက္ၿပီးေတာ့မွ အဲဒီေရယာဥ္ကို ေခၚတယ္လို႔ က်ေနာ္တို႔ အၾကမ္းဖ်င္း သိရတယ္။ ေခၚၿပီးေတာ့မွ အဲဒီေရယာဥ္ကို အေပၚကို ဆက္မတက္နဲ႔ ဘာညာ သူတို႔ ေျပာတယ္လို႔ ေျပာတယ္။ ေအာက္ကို ျပန္တက္လာတယ္။”

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔အေနနဲ႔ ျမန္မာအစိုးရနဲ႔ အိႏၵိယႏုိင္ငံ အစိုးရတို႔ အက်ိဳးတူပူးေပါင္း ေဆာင္ရြက္ေနတဲ့ ကုလားတန္ပေရာဂ်က္ကို ဆန္႔က်င္မွာ မဟုတ္ဘူးလို႔ ထုတ္ျပန္ထားေပမယ့္ လက္ေတြ႔မွာ ဆန္႔က်င္ လုပ္ေဆာင္ေနတယ္လို႔ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၁၆ ရက္က ေဆာက္လုပ္ေရးပစၥည္းေတြ တင္ေဆာင္လာတဲ့ သေဘၤာတစင္းကို AA ဘက္ကေန လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ မီး႐ႈိ႕ဖ်က္ဆီးခဲ့သလို ႏုိ၀င္ဘာလ ၂၁ ရက္ကလည္း ေဆာက္လုပ္ေရးပစၥည္းေတြကို တင္ေဆာင္ထားတဲ့ ေရယာဥ္ေတြကို ရခိုင္လက္ကိုင္ AA အဖြဲ႔က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တာေၾကာင့္ တပ္သားတဦး ဒဏ္ရာရရွိခဲ့ပါတယ္။

AA ေျပာခြင့္ရ ခိုင္သုခကေတာ့ ကုလားတန္ပေရာဂ်က္ လုပ္ေဆာင္သူေတြ ပစၥည္းသယ္ေဆာင္ရာမွာ ႀကိဳတင္အေၾကာင္းၾကားဖို႔နဲ႔ ျမန္မာလုံုၿခံဳေရးအေစာင့္ေတြ ေခၚမလာဖို႔ အခုလို သတိေပး ေျပာဆိုပါတယ္။

“ကုလားတန္ပေရာဂ်က္လုပ္တဲ့သူေတြ အေနနဲ႔လည္းပဲ ပိုၿပီးေတာ့ အႏၱရာယ္ကင္းဖို႔ ဆိုလို႔ရွိရင္ ကုလားတန္ပေရာဂ်က္ပစၥည္း ဘယ္ေန႔မွာ ဘယ္အခ်ိန္ ေရာက္မယ္ဆိုတဲ့ ဥစၥာကို ဟိုတခါ ေဆာက္လုပ္ေရး၀န္ႀကီးဌာနက ေၾကညာၿပီးေတာ့ သြားသလိုမ်ိဳး ပုံစံေနာ္။ အဲဒီလိုမ်ိဳး သြားလို႔ရွိရင္ အႏၱရာယ္အကင္းဆုံးပဲ။ အဓိကကေတာ့ အဲဒီလိုသြားလာတဲ့အခါ ဗမာစစ္တပ္၊ ဗမာရဲ၊ ဘယ္ဗမာလက္နက္ကိုင္ အစိုးရကို ကိုယ္စားျပဳတဲ့ ဘက္နက္ကိုင္အဖြဲ႔အစည္း ပါလာလို႔မရဘူး။ ပါလာလို႔ရွိရင္ က်ေနာ္တုိ႔ ပစ္ခတ္မွာပဲ။ ဘာေၾကာင့္လဲဆိုလို႔ရွိရင္ အခုဟာ က်ေနာ္တို႔ အစိုးရနဲ႔ စစ္ျဖစ္ေနတာ။ အဲဒါေတြ ပါလာလို႔ရွိရင္ ပစ္ခတ္မွာပဲ။”

ရခိုင္ျပည္နယ္အတြင္း ေရေၾကာင္းခရီးသြားလာမႈနဲ႔ ကုန္ပစၥည္းတင္ေဆာင္မႈ လုပ္ေဆာင္ရင္ AA ရခိုင္လက္နက္ကိုင္တပ္ဖြဲ႔ကို အေၾကာင္းၾကားဖို႔ AA ဘက္ကေန ႏုိ၀င္ဘာ ၂၉ ရက္ေန႔က သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာစစ္တပ္ဘက္ကေန အရပ္ဘက္ေလွေတြကို အသုံးျပဳၿပီး စစ္လက္နက္ပစၥည္း တပ္အင္အားေတြ တင္ေဆာင္ေနတဲ့ အေျခအေနေၾကာင့္ ဒီလိုထုတ္ျပန္တာလို႔ AA ဘက္က ေျပာပါတယ္။

-------------------------------------

(Unicode)

ပလက်ဝစီမံကိန်း လုံခြုံရေးသင်္ဘော တိုက်ခိုက်ခံရ

ပလက်ဝတံတားစီမံကိန်းအတွက် သံဘောင်နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ သွားရောက်ပို့ဆောင်တဲ့ ရေယာဉ်တွေနဲ့ တပ်မတော် လုံခြုံရေးရေယာဉ်တွေကို AA အဖွဲ့ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ဘက်ကနေ မနေ့က သတင်းထုတ်ပြန်ထားတာပါ။ ဒီတိုက်ခိုက်ခံရမှုအတွင်း စစ်သင်္ဘောထိခိုက်ပြီး ဒဏ်ရာတချို့ ရရှိခဲ့တယ်လို့ တပ်မတော်က ပြောပါတယ်။ ရခိုင်တပ်မတော်ဘက်ကတော့ တပ်မတော်လုံခြုံရေးယာဉ်ကိုသာ ပစ်ခတ်တာလို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာ ကုလားတန်စီမံကိန်းအတွက် ပစ္စည်းတင်ဆောင်လာတဲ့ သင်္ဘော နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“၂၉ ရက်နေ့မှာတော့ ကျနော်တို့ အဲဒီရေယာဉ် ၆ စီး ပါတယ်ဗျ။ ကျနော်တို့ တံတားထိုးဘက်ဟိုးနဲ့ သံဘောင်တွေနဲ့ ဆောက်တဲ့ပစ္စည်း တက်တဲ့ယာဉ်တွေ ပါတယ်။ ပြီးရင် ကျနော်တို့ လုံခြုံရေးအစောင့်လိုက်တဲ့ တပ်မတော်က စစ်ရေယာဉ်တွေ ပါတယ်။ အဲဒီအဖွဲ့တွေက ကျနော်တို့ စစ်တွေကနေ ထွက်တယ်။ ၂၉ ရက်နေ့မှာ မနက်ပိုင်းမှာ ကျနော်တို့ တကြိမ်ဖြစ်တယ်။ ညနေပိုင်းမှာတော့ ကျောက်တော်ကို ရောက်တယ်။ ကျောက်တော်ကနေ ပြန်ထွက်တော့ ကျနော်တို့ ထုတ်ပြန်ထားတဲ့ နေရာမှာပဲ ၃၀ ရက်နေ့ မနက် ၁ နာရီလောက်မှာ ဖြစ်တယ်။ အဲဒီမှာတော့ ကျနော်တို့ စစ်ရေယာဉ်ကနေ ပြန်လည်ပြီးတော့ ပစ်ခတ်တာကြောင့်မို့လို့ ပြန်ပြီးတော့ ဆုတ်သွားတယ်။ ကျနော်တို့ ဒီဘက်က ရေယာဉ်တစီးတော့ အနည်းငယ် ကျည်ထိမှန်မှုရှိတယ်။ ထိခိုက်မှုရှိတယ်။ ဆက်သွားတယ်။ ကျနော်တို့ စစ်သည်တချို့လည်း ထိခိုက်ဒဏ်ရာရမှု ရှိပါတယ်။”

ပလက်ဝတံတား စီမံကိန်းမှာ အသုံးပြုမယ့် သံဘောင်နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို တင်ဆောင်ထားတဲ့ ရေယာဉ်ခြောက်စင်းဟာ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းက ကုလားတန်မြစ်အတိုင်း ထွက်ခွာလာရာမှာ ကျောက်တော်မြို့နယ် ကန်ဇောက်ကျေးရွာ အရှေ့ဘက်မှာ AA ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၃၀ မနက်ပိုင်းမှာလည်း ကျောက်တော်မြို့နယ် မီးဝကျေးရွာဘက်မှာ ထပ်မံပစ်ခတ်ခံရတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်လက်နက်ကိုင် AA ပြောခွင့်ရ ခိုင်သုခကတော့ ဆောက်လုပ်ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ရေယာဉ်ကို ပစ်ခတ်တာမဟုတ်ဘဲ တပ်မတော် လုံခြုံရေးယာဉ်ကိုသာ ပစ်ခတ်တာလို့ ဆိုပါတယ်။

“ကျနော်တို့ ဒီပစ်ခတ်တိုက်ခိုက်တဲ့ သင်္ဘောတွေက ဗမာစစ်တပ်ရဲ့ သင်္ဘောတွေနဲ့ ဗမာစစ်တပ်က အသုံးပြုနေတဲ့ ရေယာဉ်တွေသာ ဖြစ်တယ်ဗျနော်။ အဲဒီ ကုလားတန်စီမံကိန်း သင်္ဘောတွေ မဟုတ်ဘူး။ ကျနော်တို့ အကြိမ်ကြိမ်လည်း ပြောပြီးပါပြီ။ စစ်ဖြစ်နေတဲ့နေရာမှာ စစ်ဆင်ရေးပုံစံမျိုးနဲ့ ချီတက်လာတဲ့ ကြည်းတပ်ကပဲဖြစ်ဖြစ် ရေတပ်ကပဲဖြစ်ဖြစ် ကျနော်တို့က လိုအပ်သလို ပစ်ခတ်တားဆီးမှာပဲ။”

မနေ့ကလည်း စက်ချို့ယွင်းနေတဲ့ ပစ္စည်းတင် ပင်လယ်မင်းသမီး သင်္ဘောကိုလည်း AA အဖွဲ့က စီးနင်းပြီး အောက်ပြန်ဆုတ်ခိုင်းတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

“မနေ့က ပင်လယ်မင်းသမီးပေါ့။ ပလက်ဝ-မီဇိုရမ် နှစ်လမ်းသွား စီမံကိန်းအတွက် ဆိုပြီးတော့ သယ်လာတဲ့ ပင်လယ်မင်းသမီး အရပ်ဘက်ရေယာဉ်ဟာ သောင်ပြင်နဲ့တင်တယ်။ တင်တဲ့အခါမှာ စက်အားနဲ့ ရုန်းလိုက်တဲ့အတွက်ကြောင့်မို့လို့ သူ့ပန်ကာ ကျိုးသွားတယ်။ ကျိုးသွားတဲ့အတွက်ကြောင့်မို့လို့ ရှေ့ကယာဉ်တွေနဲ့ လိုက်လို့မရတဲ့အတွက် သူက အဲဒီမှာပဲ လိုအပ်တဲ့ဟာတွေ ပြင်ပြီးတော့မှ အောက်ကိုပြန်ဆင်းလာတယ်၊ မနေ့က တင်းမမှာ။ တင်းမအနား ပြန်ဆင်းတဲ့အချိန်မှာတင်းမအနား ရောက်တဲ့အခါမှာ AA တွေက အနောက်ဘက်ကမ်းက သေနတ်ဖောက်ပြီးတော့မှ အဲဒီရေယာဉ်ကို ခေါ်တယ်လို့ ကျနော်တို့ အကြမ်းဖျင်း သိရတယ်။ ခေါ်ပြီးတော့မှ အဲဒီရေယာဉ်ကို အပေါ်ကို ဆက်မတက်နဲ့ ဘာညာ သူတို့ ပြောတယ်လို့ ပြောတယ်။ အောက်ကို ပြန်တက်လာတယ်။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ မြန်မာအစိုးရနဲ့ အိန္ဒိယနိုင်ငံ အစိုးရတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေတဲ့ ကုလားတန်ပရောဂျက်ကို ဆန့်ကျင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပေမယ့် လက်တွေ့မှာ ဆန့်ကျင် လုပ်ဆောင်နေတယ်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်က ဆောက်လုပ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောတစင်းကို AA ဘက်ကနေ လက်နက်ငယ်တွေနဲ့ ပစ်ခတ် မီးရှို့ဖျက်ဆီးခဲ့သလို နိုဝင်ဘာလ ၂၁ ရက်ကလည်း ဆောက်လုပ်ရေးပစ္စည်းတွေကို တင်ဆောင်ထားတဲ့ ရေယာဉ်တွေကို ရခိုင်လက်ကိုင် AA အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တပ်သားတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

AA ပြောခွင့်ရ ခိုင်သုခကတော့ ကုလားတန်ပရောဂျက် လုပ်ဆောင်သူတွေ ပစ္စည်းသယ်ဆောင်ရာမှာ ကြိုတင်အကြောင်းကြားဖို့နဲ့ မြန်မာလုံခြုံရေးအစောင့်တွေ ခေါ်မလာဖို့ အခုလို သတိပေး ပြောဆိုပါတယ်။

“ကုလားတန်ပရောဂျက်လုပ်တဲ့သူတွေ အနေနဲ့လည်းပဲ ပိုပြီးတော့ အန္တရာယ်ကင်းဖို့ ဆိုလို့ရှိရင် ကုလားတန်ပရောဂျက်ပစ္စည်း ဘယ်နေ့မှာ ဘယ်အချိန် ရောက်မယ်ဆိုတဲ့ ဥစ္စာကို ဟိုတခါ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာပြီးတော့ သွားသလိုမျိုး ပုံစံနော်။ အဲဒီလိုမျိုး သွားလို့ရှိရင် အန္တရာယ်အကင်းဆုံးပဲ။ အဓိကကတော့ အဲဒီလိုသွားလာတဲ့အခါ ဗမာစစ်တပ်၊ ဗမာရဲ၊ ဘယ်ဗမာလက်နက်ကိုင် အစိုးရကို ကိုယ်စားပြုတဲ့ ဘက်နက်ကိုင်အဖွဲ့အစည်း ပါလာလို့မရဘူး။ ပါလာလို့ရှိရင် ကျနော်တို့ ပစ်ခတ်မှာပဲ။ ဘာကြောင့်လဲဆိုလို့ရှိရင် အခုဟာ ကျနော်တို့ အစိုးရနဲ့ စစ်ဖြစ်နေတာ။ အဲဒါတွေ ပါလာလို့ရှိရင် ပစ်ခတ်မှာပဲ။”

ရခိုင်ပြည်နယ်အတွင်း ရေကြောင်းခရီးသွားလာမှုနဲ့ ကုန်ပစ္စည်းတင်ဆောင်မှု လုပ်ဆောင်ရင် AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကို အကြောင်းကြားဖို့ AA ဘက်ကနေ နိုဝင်ဘာ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်ဘက်ကနေ အရပ်ဘက်လှေတွေကို အသုံးပြုပြီး စစ်လက်နက်ပစ္စည်း တပ်အင်အားတွေ တင်ဆောင်နေတဲ့ အခြေအနေကြောင့် ဒီလိုထုတ်ပြန်တာလို့ AA ဘက်က ပြောပါတယ်။

ႏုိင္ကြန္းအိန္/ VOA Burmese
https://burmese.voanews.com
ပလက္၀စီမံကိန္း လံုၿခံဳေရးသေဘၤာ တိုက္ခိုက္ခံရ ပလက္၀စီမံကိန္း လံုၿခံဳေရးသေဘၤာ တိုက္ခိုက္ခံရ Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.