KIA စခန္းကို တပ္က သိမ္း၊ ၿငိမ္းခ်မ္းေရး ပိုေဝးေစ

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္မွာ တပ္မေတာ္က သိမ္းဆည္းရမိတဲ့ KIA ရဲ႕ လက္နက္ခဲယမ္းေတြကို ၂ဝ၁၉ ဒီဇင္ဘာ ၄ ရက္ေန႔က ေတြ႕ရစဥ္
ဓါတ္ပုံ - တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး
(Zawgyi)⤵⤵⤵
တပ္မေတာ္နဲ႔ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ KIA တို႔ ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္ နန္ဆန္ယန္ေက်း ႐ြာနားမွာ ႏိုဝင္ဘာလကုန္ပိုင္းက တိုက္ပြဲျပန္ျဖစ္ပြားခဲ့ၿပီး KIA ေရွ႕တန္းကာကင္း တစ္ခုနဲ႔ လက္နက္ခဲယမ္းေတြ အသိမ္းခံလိုက္ရတာ မွန္ကန္ေၾကာင္း KIA ဘက္က အတည္ျပဳေျပာဆိုပါတယ္။

KIA ဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ အစိုးရလက္ထက္ အပစ္ရပ္လက္မွတ္ေရးထိုးမယ္လို႔ သတင္းထြက္ေပၚေနတဲ့ အဖြဲ႕လည္းျဖစ္ပါတယ္။

ျမန္မာ့တပ္မေတာ္နဲ႔ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ KIA တို႔ ထိေတြ႕တိုက္ပြဲမျဖစ္တာ တစ္ႏွစ္ေက်ာ္ၾကာ အထိၿမဲခဲ့ေပမယ့္၊ ဒီႏွစ္ ေအာက္တိုဘာလကစၿပီး ထိေတြ႕တိုက္ပြဲအခ်ိဳ႕ ျပန္လည္ျဖစ္ပြားလာခဲ့ပါတယ္။ ထိခိုက္ ဆုံးရႈံးမႈက ႀကီးႀကီးမားမား ဒါမွမဟုတ္ စခန္းသိမ္းဆည္းတာမ်ိဳးထိေတာ့ မရွိခဲ့ပါဘူး။

ဒါေပမဲ့  ႏိုဝင္ဘာလကုန္ ၂၉ ရက္ေန႔မွာျဖစ္တဲ့ ႏွစ္ဖက္ထိေတြ႕တိုက္ပြဲမွာေတာ့ ကခ်င္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္ဖြဲ႕ KIA ဘက္က တိုက္ခိုက္ေရးသမားတစ္ဦး က်ဆုံးၿပီးေတာ့၊ လက္နက္ႀကီးတခ်ိဳ႕နဲ႔ ၁၀၇ မမ ေရွာ့တိုက္ ဒုံးေတြ သိမ္းဆည္းရရွိတာအထိ ျဖစ္လာပါတယ္။

တိုက္ပြဲျဖစ္ခဲ့တာက ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္ နန္ဆန္ယန္ ေက်း႐ြာနားမွာပါ။ ဝိုင္းေမာ္ဟာ ကခ်င္ျပည္ နယ္ၿမိဳ႕ေတာ္ ျမစ္ႀကီးနားရဲ႕ တဖက္ကမ္းမွာရွိတဲ့ၿမိဳ႕ ျဖစ္ပါတယ္။ ကားနဲ႔သြားရင္ ၁၅ မိနစ္သာ ၾကာျမင့္တဲ့ခရီးပါ။ တိုက္ပြဲျဖစ္တဲ့ နမ့္ဆန္ယန္ေက်း႐ြာဟာ ၂၀၁၁ မတိုင္ခင္တုန္းက အိမ္ေျခရာခ်ီရွိတဲ့ ျမစ္ႀကီးနား-ဗန္းေမာ္ အေဝးေျပးလမ္းမနံေဘးမွာ ရွိတဲ့႐ြာလည္းျဖစ္ပါတယ္။

အခုကေတာ့ တပ္မေတာ္နဲ႔ KIA တို႔ လမ္းေဘး၊ ဝဲ၊ ယာ တဖက္စီမွာ ယာယီစခန္းေတြ တပ္စြဲထားတဲ့ေနရာ လည္းျဖစ္ပါတယ္။ အဲဒီတိုက္ပြဲမွာ KIA အေလာင္းတစ္ေလာင္းနဲ႔ လက္နက္ခဲယမ္းေတြ သိမ္းဆည္းရမိခဲ့တယ္လို႔ တပ္မေတာ္ဘက္က ဒီဇင္ဘာလ ၄ ရက္ေန႔ မေန႔က သတင္းထုတ္ျပန္ပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕  အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ႏွစ္ဖက္ ထိေတြ႕ တိုက္ပြဲျဖစ္တဲ့ ပုံစံျဖစ္ၿပီး စခန္းတစ္ခုနဲ႔ လက္နက္ေတြ သိမ္းဆည္းရမိတယ္လို႔ RFA ကို ေျပာပါတယ္။

"တိုက္ပြဲျဖစ္တဲ့အေျခအေနကေတာ့ ၁၂ နာရီေလာက္မွာ ႏွစ္ဖက္ထိေတြ႕တိုက္ပြဲ ျဖစ္တဲ့ပုံစံပါပဲ၊"

၃၀ ရက္ေန႔ ညေနပိုင္းမွာလည္း အဲ့ဒီေနရာတစ္ဝိုက္မွာပဲ တိုက္ပြဲထပ္မံျဖစ္ပြားခဲ့ေပမယ့္ ထိခိုက္ေသဆုံး တာေတြေတာ့ မရွိခဲ့ဘူးလို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကဆိုပါတယ္။

KIA ဘက္က ေျပာခြင့္ရ ဗိုလ္မႉးႀကီး ေနာ္ဘူကေတာ့ တပ္မေတာ္ဘက္က အလစ္အငိုက္ ဝင္ေရာက္တိုက္ခိုက္ တာျဖစ္တယ္လို႔ တုံ႔ျပန္ပါတယ္။ သိမ္းဆည္းခံရတဲ့လက္နက္ေတြလည္း အသိမ္းခံရတာလည္း မွန္ကန္ ေၾကာင္းေျပာပါတယ္။

သိမ္းဆည္းခံရတဲ့ ကာကင္းဟာ KIA တပ္မဟာ (၅)၊ တပ္ရင္း (၁၈) လက္ေအာက္ခံ ေရွ႕တန္းကာကင္းျဖစ္ၿပီး တပ္မေတာ္က သတင္းထုတ္ျပန္ထားသလို လက္နက္ခဲယမ္းေတြအားလုံး KIA ပိုင္ဆိုင္တဲ့ပစၥည္းေတြဟုတ္၊ မဟုတ္ အတိအက်မသိႏိုင္ဘူးလို႔ ဗိုလ္မႉးႀကီး ေနာ္ဘူက ဆိုပါတယ္။ ဒီလိုလုပ္ရပ္ေတြေၾကာင့္ ႏွစ္ဖက္ယုံၾကည္ မႈကို ပ်က္ျပားေစတယ္လို႔ သူက ေျပာပါတယ္။

"ဟုတ္ပါတယ္၊ ႏိုဝင္ဘာလ ၂၉ ရက္ေန႔မွာ တိုက္ပြဲျဖစ္တာ မွန္ပါတယ္၊ တပ္မေတာ္ဘက္ကေန ကြၽန္ေတာ္တို႔ KIA ရဲ႕ ေရွ႕တန္းကာကင္းကို လာၿပီးေတာ့မွ ဝင္စီးတဲ့တိုက္ပြဲျဖစ္ပါတယ္။"

KIA ဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီအစိုးရဦးေဆာင္တဲ့ ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္ေတြနဲ႔ အပစ္ ရပ္လက္မွတ္ေရးထိုးႏိုင္ေရး ႀကိဳးပမ္းေနတဲ့ အဖြဲ႕လည္းျဖစ္ပါတယ္။ တဖက္မွာ သူ႔ရဲ႕ စစ္ေရးမဟာ မိတ္ေတြအျဖစ္ ဖြဲ႕စည္းထားတဲ့ တေအာင္းလြတ္ေျမာက္ေရးတပ္ဖြဲ႕ TNLA၊ ရခိုင့္တပ္ေတာ္ AA ၊ ကိုးကန႔္တပ္ဖြဲ႕ MNDAA တို႔လို တပ္မေတာ္နဲ႔ တိုက္ပြဲျပင္းထန္ေနတဲ့အဖြဲ႕ မဟုတ္ပါဘူး။

စစ္ေရးနဲ႔ ႏိုင္ငံေရးေလ့လာသူ ဗကပ တပ္ဖြဲ႕ဝင္ေဟာင္း ဦးေမာင္ေမာင္စိုးကလည္း အခုလိုျပန္လည္တိုက္ပြဲျဖစ္ တာကို ေသခ်ာမထိန္းခ်ဳပ္ႏိုင္ရင္ တိုက္ပြဲေတြဆက္ျဖစ္လာႏိုင္ၿပီး ၿငိမ္းခ်မ္းေရးအတြက္ အလားအလာမေကာင္း ဘူးလို႔ သုံးသပ္ပါတယ္။

"လက္နက္ကိုင္ပဋိပကၡေတြ ကခ်င္ျပည္နယ္မွာ ၿငိမ္သက္ေနတာ တစ္ႏွစ္ေက်ာ္ၾကာၿပီးမွ ျပန္တိုက္ပြဲျဖစ္တာေတာ့ ၿငိမ္းခ်မ္းေရးအတြက္ေတာ့ အလားအလာမေကာင္းဘူးေပါ့၊ ေနာက္ထပ္တိုက္ပြဲေတြကို မထိန္းခ်ဳပ္ႏိုင္ရင္ေတာ့ ေနာက္ထပ္တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားႏိုင္တဲ့ အေနအထားမ်ိဳးရွိပါတယ္။"

တပ္မေတာ္ရဲ႕ မေန႔က သတင္းထုတ္ျပန္ခ်က္ထဲမွာ KIA စခန္း ၁ ခု၊ အေလာင္း တစ္ေလာင္း၊  တ႐ုတ္ႏိုင္ငံထုတ္ ၁၀၇ မမ ေရွာ့တိုက္ဒုံးပစ္စင္ ၁ ခုနဲ႔ ဒုံးသီး ၁ လုံး၊ ၆၀ မမ စိန္ေျပာင္း ၁ လက္၊ ၆၀ မမ ေမာ္တာ ၄ လုံးနဲ႔ ဆက္စပ္ စစ္လက္နက္ပစၥည္းေတြပါ သိမ္းဆည္းရမိတယ္လို႔ ပါရွိပါတယ္။

ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္မွာ တပ္မေတာ္ဘက္က ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ ၂၁ ရက္ကေန ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၂၁ ရက္ေန႔အထိ ၉ လၾကာ ထိုးစစ္ရပ္ထားခဲ့ၿပီးေနာက္ ေအာက္တိုဘာလလယ္ ေလာက္ကစၿပီး ကခ်င္ျပည္နယ္ထဲမွာ တိုက္ပြဲေတြျပန္လည္ျဖစ္ခဲ့တာျဖစ္ပါတယ္။

အစိုးရဘက္က ကခ်င္စစ္ေဘးေရွာင္ေတြ ေနရပ္ျပန္ႏိုင္ေရးအတြက္ ႀကိဳးပမ္းေနတဲ့အထဲမွာ နမ့္ဆန္ယန္လို ေဒသေတြလည္းပါပါတယ္။ အဲဒီ႐ြာက စစ္ေဘးေရွာင္ေတြဟာ ျမစ္ႀကီးနား၊ ဝိုင္းေမာ္ၿမိဳ႕နယ္ထဲက စစ္ေဘးေရွာင္ စခန္းေတြမွာ ၂၀၁၁ ကတည္းကေနၾကရတာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
KIA စခန်းကို တပ်က သိမ်း၊ ငြိမ်းချမ်းရေး ပိုဝေးစေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ တပ်မတော်က သိမ်းဆည်းရမိတဲ့ KIA ရဲ့ လက်နက်ခဲယမ်းတွေကို ၂ဝ၁၉ ဒီဇင်ဘာ ၄ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး

တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေး ရွာနားမှာ နိုဝင်ဘာလကုန်ပိုင်းက တိုက်ပွဲပြန်ဖြစ်ပွားခဲ့ပြီး KIA ရှေ့တန်းကာကင်း တစ်ခုနဲ့ လက်နက်ခဲယမ်းတွေ အသိမ်းခံလိုက်ရတာ မှန်ကန်ကြောင်း KIA ဘက်က အတည်ပြုပြောဆိုပါတယ်။

KIA ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရလက်ထက် အပစ်ရပ်လက်မှတ်ရေးထိုးမယ်လို့ သတင်းထွက်ပေါ်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ထိတွေ့တိုက်ပွဲမဖြစ်တာ တစ်နှစ်ကျော်ကြာ အထိမြဲခဲ့ပေမယ့်၊ ဒီနှစ် အောက်တိုဘာလကစပြီး ထိတွေ့တိုက်ပွဲအချို့ ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။ ထိခိုက် ဆုံးရှုံးမှုက ကြီးကြီးမားမား ဒါမှမဟုတ် စခန်းသိမ်းဆည်းတာမျိုးထိတော့ မရှိခဲ့ပါဘူး။

ဒါပေမဲ့  နိုဝင်ဘာလကုန် ၂၉ ရက်နေ့မှာဖြစ်တဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာတော့ ကချင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ KIA ဘက်က တိုက်ခိုက်ရေးသမားတစ်ဦး ကျဆုံးပြီးတော့၊ လက်နက်ကြီးတချို့နဲ့ ၁၀၇ မမ ရှော့တိုက် ဒုံးတွေ သိမ်းဆည်းရရှိတာအထိ ဖြစ်လာပါတယ်။

တိုက်ပွဲဖြစ်ခဲ့တာက ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နန်ဆန်ယန် ကျေးရွာနားမှာပါ။ ဝိုင်းမော်ဟာ ကချင်ပြည် နယ်မြို့တော် မြစ်ကြီးနားရဲ့ တဖက်ကမ်းမှာရှိတဲ့မြို့ ဖြစ်ပါတယ်။ ကားနဲ့သွားရင် ၁၅ မိနစ်သာ ကြာမြင့်တဲ့ခရီးပါ။ တိုက်ပွဲဖြစ်တဲ့ နမ့်ဆန်ယန်ကျေးရွာဟာ ၂၀၁၁ မတိုင်ခင်တုန်းက အိမ်ခြေရာချီရှိတဲ့ မြစ်ကြီးနား-ဗန်းမော် အဝေးပြေးလမ်းမနံဘေးမှာ ရှိတဲ့ရွာလည်းဖြစ်ပါတယ်။

အခုကတော့ တပ်မတော်နဲ့ KIA တို့ လမ်းဘေး၊ ဝဲ၊ ယာ တဖက်စီမှာ ယာယီစခန်းတွေ တပ်စွဲထားတဲ့နေရာ လည်းဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ KIA အလောင်းတစ်လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်ဘက်က ဒီဇင်ဘာလ ၄ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့  အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်တဲ့ ပုံစံဖြစ်ပြီး စခန်းတစ်ခုနဲ့ လက်နက်တွေ သိမ်းဆည်းရမိတယ်လို့ RFA ကို ပြောပါတယ်။

"တိုက်ပွဲဖြစ်တဲ့အခြေအနေကတော့ ၁၂ နာရီလောက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်တဲ့ပုံစံပါပဲ၊"

၃၀ ရက်နေ့ ညနေပိုင်းမှာလည်း အဲ့ဒီနေရာတစ်ဝိုက်မှာပဲ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပေမယ့် ထိခိုက်သေဆုံး တာတွေတော့ မရှိခဲ့ဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဆိုပါတယ်။

KIA ဘက်က ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကတော့ တပ်မတော်ဘက်က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက် တာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ သိမ်းဆည်းခံရတဲ့လက်နက်တွေလည်း အသိမ်းခံရတာလည်း မှန်ကန် ကြောင်းပြောပါတယ်။

သိမ်းဆည်းခံရတဲ့ ကာကင်းဟာ KIA တပ်မဟာ (၅)၊ တပ်ရင်း (၁၈) လက်အောက်ခံ ရှေ့တန်းကာကင်းဖြစ်ပြီး တပ်မတော်က သတင်းထုတ်ပြန်ထားသလို လက်နက်ခဲယမ်းတွေအားလုံး KIA ပိုင်ဆိုင်တဲ့ပစ္စည်းတွေဟုတ်၊ မဟုတ် အတိအကျမသိနိုင်ဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် နှစ်ဖက်ယုံကြည် မှုကို ပျက်ပြားစေတယ်လို့ သူက ပြောပါတယ်။

"ဟုတ်ပါတယ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ တိုက်ပွဲဖြစ်တာ မှန်ပါတယ်၊ တပ်မတော်ဘက်ကနေ ကျွန်တော်တို့ KIA ရဲ့ ရှေ့တန်းကာကင်းကို လာပြီးတော့မှ ဝင်စီးတဲ့တိုက်ပွဲဖြစ်ပါတယ်။"

KIA ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအစိုးရဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ အပစ် ရပ်လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ တဖက်မှာ သူ့ရဲ့ စစ်ရေးမဟာ မိတ်တွေအဖြစ် ဖွဲ့စည်းထားတဲ့ တအောင်းလွတ်မြောက်ရေးတပ်ဖွဲ့ TNLA၊ ရခိုင့်တပ်တော် AA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့လို တပ်မတော်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အဖွဲ့ မဟုတ်ပါဘူး။

စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူ ဗကပ တပ်ဖွဲ့ဝင်ဟောင်း ဦးမောင်မောင်စိုးကလည်း အခုလိုပြန်လည်တိုက်ပွဲဖြစ် တာကို သေချာမထိန်းချုပ်နိုင်ရင် တိုက်ပွဲတွေဆက်ဖြစ်လာနိုင်ပြီး ငြိမ်းချမ်းရေးအတွက် အလားအလာမကောင်း ဘူးလို့ သုံးသပ်ပါတယ်။

"လက်နက်ကိုင်ပဋိပက္ခတွေ ကချင်ပြည်နယ်မှာ ငြိမ်သက်နေတာ တစ်နှစ်ကျော်ကြာပြီးမှ ပြန်တိုက်ပွဲဖြစ်တာတော့ ငြိမ်းချမ်းရေးအတွက်တော့ အလားအလာမကောင်းဘူးပေါ့၊ နောက်ထပ်တိုက်ပွဲတွေကို မထိန်းချုပ်နိုင်ရင်တော့ နောက်ထပ်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနိုင်တဲ့ အနေအထားမျိုးရှိပါတယ်။"

တပ်မတော်ရဲ့ မနေ့က သတင်းထုတ်ပြန်ချက်ထဲမှာ KIA စခန်း ၁ ခု၊ အလောင်း တစ်လောင်း၊  တရုတ်နိုင်ငံထုတ် ၁၀၇ မမ ရှော့တိုက်ဒုံးပစ်စင် ၁ ခုနဲ့ ဒုံးသီး ၁ လုံး၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ မော်တာ ၄ လုံးနဲ့ ဆက်စပ် စစ်လက်နက်ပစ္စည်းတွေပါ သိမ်းဆည်းရမိတယ်လို့ ပါရှိပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တပ်မတော်ဘက်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့အထိ ၉ လကြာ ထိုးစစ်ရပ်ထားခဲ့ပြီးနောက် အောက်တိုဘာလလယ် လောက်ကစပြီး ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ခဲ့တာဖြစ်ပါတယ်။

အစိုးရဘက်က ကချင်စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းနေတဲ့အထဲမှာ နမ့်ဆန်ယန်လို ဒေသတွေလည်းပါပါတယ်။ အဲဒီရွာက စစ်ဘေးရှောင်တွေဟာ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်ထဲက စစ်ဘေးရှောင် စခန်းတွေမှာ ၂၀၁၁ ကတည်းကနေကြရတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
KIA စခန္းကို တပ္က သိမ္း၊ ၿငိမ္းခ်မ္းေရး ပိုေဝးေစ KIA စခန္းကို တပ္က သိမ္း၊ ၿငိမ္းခ်မ္းေရး ပိုေဝးေစ Reviewed by THITHTOOLWIN on 01:04 Rating: 5
Powered by Blogger.