အမရပူရၿမိဳ႕သစ္စီမံကိန္းမွာ နစ္နာသူေတာင္သူေတြက ေျမေလ်ာ္ေၾကးေတာင္း

အမရပူရၿမိဳ႕ျပဖြံ႕ၿဖိဳးေရး စီမံကိန္းအတြင္းမွာ ၂၀၁၉ ဒီဇင္ဘာ ၂၆ ရက္‌ေန႔က ေျမယာေလ်ာ္‌ေၾကး ေတာင္းဆိုေနစဥ္
(Zawgyi)⤵⤵⤵
မႏၲေလး၊ အမရပူရၿမိဳ႕နယ္၊ ရွမ္းေလးကြၽန္း႐ြာအနီး တည္ေဆာက္ေနတဲ့ အမရပူရၿမိဳ႕ျပဖြံ႕ၿဖိဳးေရး စီမံကိန္းအတြင္းမွာ ေတာင္သူ ၆၅ ဦးရဲ႕ ေျမႏုကြၽန္းေျမ ဧက ၂၀၀ ေက်ာ္ဟာ ပါဝင္ေနၿပီး ဒီေျမေတြအတြက္ ေလွ်ာ္ေၾကးလည္းမရ၊ လုပ္ကိုင္စားလို႔လည္း မရတာေၾကာင့္ နစ္နာေနရတယ္လို႔ ေတာင္သူေတြက RFA ကို ေျပာပါတယ္။

ဒီေျမေတြအပါအဝင္ ဧက ၂၅ဝဝ ေက်ာ္ရွိတဲ့ အက်ယ္အဝန္းကို ေဆာက္လုပ္ေရး လုပ္ငန္းရွင္တစ္ဦးျဖစ္ၿပီး ယခင္စစ္အစိုးရနဲ႔ နီးစပ္ခဲ့သူတစ္ဦးလည္းျဖစ္တဲ့ ဦးေမာင္ဝိတ္ က Mandalay Business Capital City Development ဆိုတဲ့ ကုမၸဏီနာမည္နဲ႔ စီမံကိန္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။

အမရပူရၿမိဳ႕ျပစီမံကိန္းဟာ ဧရာဝတီျမစ္ကမ္းေဘးမွာ တည္ေဆာက္ဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး နစ္နာေၾကး ယူမထားတဲ့ ေတာင္သူပိုင္ေျမေတြကို ကုမၸဏီဘက္က သြပ္ျပားေတြ သစ္သားေတြနဲ႔ ကာထား တာေၾကာင့္ ဝင္ေရာက္စိုက္ပ်ိဳးလို႔ မရဘူးျဖစ္ေနတယ္လို႔ ရွမ္းေလးကြၽန္းေက်း႐ြာက  ေဒၚၾကည္စိန္ကေျပာပါတယ္။

“ႏွစ္တိုင္း လုပ္စားေနရတယ္။ အခုေတာ့ ဒီေနရာေတြ ကာထားလို႔ လုပ္စားမရဘူး၊ ကုမၸဏီကိုလည္း တားတာလည္းမဟုတ္ပါဘူး၊ ရပ္ခိုင္းတာလည္းမဟုတ္ပါဘူး၊ ေတာင္သူေတြ နစ္နာေနတာကို  ညိႏႈိင္းေပးေစခ်င္တာ”

ေျမႏုကြၽန္း နစ္နာသူေတာင္သူေတြဟာ တစ္ဦးကို က်ပ္သိန္း ၃၀၀ ရလိုၾကတာျဖစ္တယ္လို႔ ေျပာၾကပါတယ္။

ေျမယာေလ်ာ္ေၾကးရခ်င္တဲ့ ေတာင္သူေတြဘက္က ေခါင္းေဆာင္အခ်ိဳ႕နဲ႔ ကုမၸဏီဘက္က တာဝန္ရွိ သူေတြ၊ လယ္ယာေျမ စီမံခန႔္ခြဲမႈေကာ္မတီနဲ႔ ရွမ္းေလးကြၽန္းေက်း႐ြာက အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ ဒီကေန႔ ေတြ႕ဆုံ ေဆြးေႏြးၾကပါတယ္။

ေဆြးေႏြးမႈ ရလဒ္နဲ႔ပတ္သက္ၿပီး ကုမၸဏီက လက္ေထာက္မန္ေနဂ်ာျဖစ္တဲ့ ဦးေက်ာ္ဝင္းက အခုလိုေျပာပါတယ္။

“ စီမံကိန္းေျမမွာ လက္က်န္ ကြက္ေလးေတြရွိတယ္ေပါ့၊ အဲဒီအေပၚမွာ သူတို႔ရဲ႕ ရလိုမႈေလး၊ အတိုင္း အတာတစ္ခုလိုခ်င္တယ္ေပါ့၊ ေက်း႐ြာလယ္စီရဲ႕ စီမံခန႔္ခြဲမႈေအာက္မွာ ေဆာင္႐ြက္ၾကတဲ့အတြက္ တင္ျပခ်င္တာကို  ေက်း႐ြာလယ္စီကိုတင္ျပ၊ အဲဒီကေန ကုမၸဏီကိုတင္ျပမယ္။ ကုမၸဏီကိုပို႔တဲ့အခါ မွာလည္း ၿမိဳ႕နယ္ေျမစားရင္းမွာ ခိုင္မာမႈ ရွိ မရွိ စစ္ရမယ္၊ ကုမၸဏီကလည္း ညိႏႈိင္းေဆာင္႐ြက္မႈေတြနဲ႔ ‌ေဆာင္႐ြက္သြားမွာပါ”

ကုမၸဏီဟာဆိုရင္ စီမံကိန္းဧရိယာအေနနဲ႔ကေတာ့ ေျမဧက ၂၅၀၀ ေက်ာ္အသုံးျပဳမွာျဖစ္ၿပီး  အသုံးျပဳမယ့္ ေျမေတြအတြက္ တန္ရာတန္ေၾကး ေပးဝယ္ထားတာျဖစ္တယ္လို႔ ကုမၸဏီက လက္ေထာက္မန္ေန ဂ်ာ ဦးေက်ာ္ဝင္းကေျပာပါတယ္။

ဒီစီမံကိန္းဟာ လက္ရွိမွာေတာ့ ေျမဖို႔တဲ့လုပ္ငန္းေတြ ၂၀၁၇ ခုႏွစ္က စတင္လုပ္ေဆာင္ေနတာျဖစ္ၿပီး  အေဆာက္အဦးေတြေဆာက္မဲ့ ပုံစံကိုေတာ့ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီနဲ႔ တိုင္ပင္ထားၿပီးျဖစ္တယ္လို႔ ကုမၸဏီဘက္ကသိရပါတယ္။

ေတာင္သူေတြ ေတာင္းဆိုခ်က္နဲ႔ ပတ္သက္လို႔ကေတာ့ ပိုင္ဆိုင္မႈ မွန္ကန္ရင္ နစ္နာေၾကးရမွာျဖစ္တယ္လို႔ ရွမ္းေလးကြၽန္း ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးလည္းျဖစ္သလို ေျမယာစီမံခန႔္ခြဲမႈေကာ္မတီ ဥကၠ႒လည္းျဖစ္တဲ့ ဦးေက်ာ္ဆန္းလြင္က ေျပာပါတယ္။

“အုပ္ခ်ဳပ္ေရး အဖြဲ႕ဆိုတာကေတာ့ ဒီ႐ြာရဲ႕ ရပ္မိရပ္ဖဆိုလည္း ဟုတ္တယ္၊ ျဖစ္လာတဲ့ ျပႆနာ ေျဖရွင္း ရမယ္ဆိုတာလည္း မွန္ပါတယ္။ ဒီေတာင္းဆိုမႈက ဟုတ္သလား၊ မဟုတ္ဘူးလားဆိုတာ ဥပေဒေၾကာင္း အရရွိတယ္။ ေတာင္းဆိုမႈက တကယ္လည္းရွိခဲ့တယ္။ စိုက္ခဲ့တယ္ဆိုရင္ သူရတဲ့ အခြင့္အေရးကေတာ့ ရမွာေပါ့”

ကုမၸဏီဘက္က ေျပာစကားနဲ႔ ပတ္သက္ၿပီး ရွမ္းေလးကြၽန္းေက်း႐ြာက မေအးခိုင္က

“ကုမၸဏီနဲ႔ ေျမစားရင္းနဲ႔ လယ္စီနဲ႔ေပါင္းၿပီး လွည့္ထားတာ၊ လွည့္ကြက္ေပါ့၊ အဲလိုပဲ က်မတို႔က ယူဆတယ္၊ သူတို႔သုံးဖြဲ႕က ေဘာလီေဘာ႐ိုက္ေနတာ၊ က်မတို႔ေတာင္သူေတြက ခံေနရတာ၊  က်မတို႔ကို နစ္နာေၾကး ရာဂဏန္းေလာက္ ေပးလိုက္ရတယ္”

စီမံကိန္းက ျမန္မာႏိုင္ငံ ရင္းႏွီးျမဳပ္ႏွံမႈေကာ္မရွင္ ခြင့္ျပဳမိန႔္ ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။


စီမံကိန္းကေန မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ၂၅ ရာခိုင္ႏႈန္းရမယ္လို႔ ၂၀၁၇ ခုႏွစ္ကျပဳလုပ္တဲ့ အမရပူရၿမိဳ႕ျပစီမံကိန္းနဲ႔ပတ္သက္ၿပီး ပညာရွင္ေတြ၊ ေဒသခံအခ်ိဳ႕ ေတြ႕ဆုံပြဲက သိရပါတယ္။

ေျမႏုကြၽန္းျပႆနာကို ေျဖရွင္းေပးဖို႔အတြက္ ႏိုင္ငံေတာ္အတိုင္ပင္ခံ၊ သမၼတ႐ုံး၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္၊ ျပည္သူ႔လြတ္ေတာ္ကိုလည္း အခုႏွစ္ ဇြန္လက နစ္နာသူ ေတာင္သူေတြက တိုင္ၾကားထားတယ္လို႔ သိရပါတယ္။

ဒီေျမႏုကြၽန္းေတြမွာ ႏွစ္စဥ္မိုးကုန္ရင္ ေျမပဲ၊ ပဲ၊ ႏွမ္း လိုသီးႏွံေတြ စိုက္ပ်ိဳးၾကတာျဖစ္ၿပီး ဒီယာထြက္ကုန္ေတြဟာ ေဒသခံေတာင္သူေတြရဲ႕ စားဝတ္ေနေရးအတြက္ အေရးပါတဲ့ သီးႏွံေတြလည္းျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
အမရပူရမြို့သစ်စီမံကိန်းမှာ နစ်နာသူတောင်သူတွေက မြေလျော်ကြေးတောင်း

အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအတွင်းမှာ ၂၀၁၉ ဒီဇင်ဘာ ၂၆ ရက်‌နေ့က မြေယာလျော်‌ကြေး တောင်းဆိုနေစဉ်
Photo: Kaymani Win/ RFA

မန္တလေး၊ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းရွာအနီး တည်ဆောက်နေတဲ့ အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအတွင်းမှာ တောင်သူ ၆၅ ဦးရဲ့ မြေနုကျွန်းမြေ ဧက ၂၀၀ ကျော်ဟာ ပါဝင်နေပြီး ဒီမြေတွေအတွက် လျှော်ကြေးလည်းမရ၊ လုပ်ကိုင်စားလို့လည်း မရတာကြောင့် နစ်နာနေရတယ်လို့ တောင်သူတွေက RFA ကို ပြောပါတယ်။

ဒီမြေတွေအပါအဝင် ဧက ၂၅ဝဝ ကျော်ရှိတဲ့ အကျယ်အဝန်းကို ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ယခင်စစ်အစိုးရနဲ့ နီးစပ်ခဲ့သူတစ်ဦးလည်းဖြစ်တဲ့ ဦးမောင်ဝိတ် က Mandalay Business Capital City Development ဆိုတဲ့ ကုမ္ပဏီနာမည်နဲ့ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။

အမရပူရမြို့ပြစီမံကိန်းဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ဆောက်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး နစ်နာကြေး ယူမထားတဲ့ တောင်သူပိုင်မြေတွေကို ကုမ္ပဏီဘက်က သွပ်ပြားတွေ သစ်သားတွေနဲ့ ကာထား တာကြောင့် ဝင်ရောက်စိုက်ပျိုးလို့ မရဘူးဖြစ်နေတယ်လို့ ရှမ်းလေးကျွန်းကျေးရွာက  ဒေါ်ကြည်စိန်ကပြောပါတယ်။

“နှစ်တိုင်း လုပ်စားနေရတယ်။ အခုတော့ ဒီနေရာတွေ ကာထားလို့ လုပ်စားမရဘူး၊ ကုမ္ပဏီကိုလည်း တားတာလည်းမဟုတ်ပါဘူး၊ ရပ်ခိုင်းတာလည်းမဟုတ်ပါဘူး၊ တောင်သူတွေ နစ်နာနေတာကို  ညိနှိုင်းပေးစေချင်တာ”

မြေနုကျွန်း နစ်နာသူတောင်သူတွေဟာ တစ်ဦးကို ကျပ်သိန်း ၃၀၀ ရလိုကြတာဖြစ်တယ်လို့ ပြောကြပါတယ်။

မြေယာလျော်ကြေးရချင်တဲ့ တောင်သူတွေဘက်က ခေါင်းဆောင်အချို့နဲ့ ကုမ္ပဏီဘက်က တာဝန်ရှိ သူတွေ၊ လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီနဲ့ ရှမ်းလေးကျွန်းကျေးရွာက အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြပါတယ်။

ဆွေးနွေးမှု ရလဒ်နဲ့ပတ်သက်ပြီး ကုမ္ပဏီက လက်ထောက်မန်နေဂျာဖြစ်တဲ့ ဦးကျော်ဝင်းက အခုလိုပြောပါတယ်။

“ စီမံကိန်းမြေမှာ လက်ကျန် ကွက်လေးတွေရှိတယ်ပေါ့၊ အဲဒီအပေါ်မှာ သူတို့ရဲ့ ရလိုမှုလေး၊ အတိုင်း အတာတစ်ခုလိုချင်တယ်ပေါ့၊ ကျေးရွာလယ်စီရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဆောင်ရွက်ကြတဲ့အတွက် တင်ပြချင်တာကို  ကျေးရွာလယ်စီကိုတင်ပြ၊ အဲဒီကနေ ကုမ္ပဏီကိုတင်ပြမယ်။ ကုမ္ပဏီကိုပို့တဲ့အခါ မှာလည်း မြို့နယ်မြေစားရင်းမှာ ခိုင်မာမှု ရှိ မရှိ စစ်ရမယ်၊ ကုမ္ပဏီကလည်း ညိနှိုင်းဆောင်ရွက်မှုတွေနဲ့ ‌ဆောင်ရွက်သွားမှာပါ”

ကုမ္ပဏီဟာဆိုရင် စီမံကိန်းဧရိယာအနေနဲ့ကတော့ မြေဧက ၂၅၀၀ ကျော်အသုံးပြုမှာဖြစ်ပြီး  အသုံးပြုမယ့် မြေတွေအတွက် တန်ရာတန်ကြေး ပေးဝယ်ထားတာဖြစ်တယ်လို့ ကုမ္ပဏီက လက်ထောက်မန်နေ ဂျာ ဦးကျော်ဝင်းကပြောပါတယ်။

ဒီစီမံကိန်းဟာ လက်ရှိမှာတော့ မြေဖို့တဲ့လုပ်ငန်းတွေ ၂၀၁၇ ခုနှစ်က စတင်လုပ်ဆောင်နေတာဖြစ်ပြီး  အဆောက်အဦးတွေဆောက်မဲ့ ပုံစံကိုတော့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ တိုင်ပင်ထားပြီးဖြစ်တယ်လို့ ကုမ္ပဏီဘက်ကသိရပါတယ်။

တောင်သူတွေ တောင်းဆိုချက်နဲ့ ပတ်သက်လို့ကတော့ ပိုင်ဆိုင်မှု မှန်ကန်ရင် နစ်နာကြေးရမှာဖြစ်တယ်လို့ ရှမ်းလေးကျွန်း ကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်သလို မြေယာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးကျော်ဆန်းလွင်က ပြောပါတယ်။

“အုပ်ချုပ်ရေး အဖွဲ့ဆိုတာကတော့ ဒီရွာရဲ့ ရပ်မိရပ်ဖဆိုလည်း ဟုတ်တယ်၊ ဖြစ်လာတဲ့ ပြဿနာ ဖြေရှင်း ရမယ်ဆိုတာလည်း မှန်ပါတယ်။ ဒီတောင်းဆိုမှုက ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာ ဥပဒေကြောင်း အရရှိတယ်။ တောင်းဆိုမှုက တကယ်လည်းရှိခဲ့တယ်။ စိုက်ခဲ့တယ်ဆိုရင် သူရတဲ့ အခွင့်အရေးကတော့ ရမှာပေါ့”

ကုမ္ပဏီဘက်က ပြောစကားနဲ့ ပတ်သက်ပြီး ရှမ်းလေးကျွန်းကျေးရွာက မအေးခိုင်က

“ကုမ္ပဏီနဲ့ မြေစားရင်းနဲ့ လယ်စီနဲ့ပေါင်းပြီး လှည့်ထားတာ၊ လှည့်ကွက်ပေါ့၊ အဲလိုပဲ ကျမတို့က ယူဆတယ်၊ သူတို့သုံးဖွဲ့က ဘောလီဘောရိုက်နေတာ၊ ကျမတို့တောင်သူတွေက ခံနေရတာ၊  ကျမတို့ကို နစ်နာကြေး ရာဂဏန်းလောက် ပေးလိုက်ရတယ်”

စီမံကိန်းက မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့် ဆောင်ရွက်နေတာဖြစ်ပါတယ်။


စီမံကိန်းကနေ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ၂၅ ရာခိုင်နှုန်းရမယ်လို့ ၂၀၁၇ ခုနှစ်ကပြုလုပ်တဲ့ အမရပူရမြို့ပြစီမံကိန်းနဲ့ပတ်သက်ပြီး ပညာရှင်တွေ၊ ဒေသခံအချို့ တွေ့ဆုံပွဲက သိရပါတယ်။

မြေနုကျွန်းပြဿနာကို ဖြေရှင်းပေးဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံ၊ သမ္မတရုံး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ ပြည်သူ့လွတ်တော်ကိုလည်း အခုနှစ် ဇွန်လက နစ်နာသူ တောင်သူတွေက တိုင်ကြားထားတယ်လို့ သိရပါတယ်။

ဒီမြေနုကျွန်းတွေမှာ နှစ်စဉ်မိုးကုန်ရင် မြေပဲ၊ ပဲ၊ နှမ်း လိုသီးနှံတွေ စိုက်ပျိုးကြတာဖြစ်ပြီး ဒီယာထွက်ကုန်တွေဟာ ဒေသခံတောင်သူတွေရဲ့ စားဝတ်နေရေးအတွက် အရေးပါတဲ့ သီးနှံတွေလည်းဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
အမရပူရၿမိဳ႕သစ္စီမံကိန္းမွာ နစ္နာသူေတာင္သူေတြက ေျမေလ်ာ္ေၾကးေတာင္း အမရပူရၿမိဳ႕သစ္စီမံကိန္းမွာ နစ္နာသူေတာင္သူေတြက ေျမေလ်ာ္ေၾကးေတာင္း Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.