တိုက္ပြဲေတြၾကားထဲက ႐ြာေဟာင္းေတာ႐ြာ

‌ေျမာက္ဦးၿမိဳ႕ လက္ေကာက္ေဈးေက်ာင္းမွာခိုလႈံေနတဲ့ စစ္ေဘးဒုကၡသည္ေတြကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕အေရွ႕ဘက္မွာ တပ္မေတာ္နဲ႔  ေအေအအဖြဲ႕တို႔အၾကား မၾကာခဏဆိုသလို တိုက္ပြဲျဖစ္ေလ့တဲ့အတြက္ ၿမိဳ႕အေရွ႕ဘက္က ႐ြာေဟာင္းေတာေက်း႐ြာက ႐ြာသားေတြဟာ စစ္ေဘးကို ေၾကာက္လန႔္ထြက္ေျပးၾကလို႔ အိမ္ေျခ ၂၀၀ ေက်ာ္အနက္ အိမ္ေျခ ၃၀ ခန႔္ပဲ လူက်န္ပါေတာ့တယ္။

ေရွးေဟာင္း ကိုးေသာင္းဘုရားအနီးမွာရွိတဲ့ ႐ြာေဟာင္းေတာေက်း႐ြာမွာ အိမ္ေျခ ၂၀၀ ေက်ာ္နဲ႔ လူဦး ေရ ၁၂၀၀ ေက်ာ္ရွိတာပါ။

ဒီ႐ြာဟာ ရခိုင္စစ္ေရးပဋိပကၡအတြင္း စစ္ေရးအရ အေရးပါတဲ့ ေျမာက္ဦး-ပန္းေျမာင္း လမ္းေပၚမွာရွိတဲ့ ႐ြာျဖစ္ၿပီး AA အဖြဲ႕နဲ႔ အစိုးရတပ္မေတာ္တို႔ဟာ ႐ြာနဲ႔မလွမ္းမကမ္းမွာ မၾကာခဏဆိုသလို တိုက္ပြဲျဖစ္ေလ့ရွိပါတယ္။

႐ြာနဲ႔မလွမ္းမကမ္းမွာရွိတဲ့ တံတားအနီးမွာ တပ္မေတာ္စစ္ေၾကာင္းေတြကို ေအေအအဖြဲ႕က မိုင္းခြဲတိုက္ခိုက္ခဲ့တဲ့ က်င္းေတြ ၁၀ ခုထက္မနည္း ေတြ႕ရပါတယ္။

႐ြာသားေတြက ၿပီးခဲ့တဲ့ မတ္လကတည္းက နီးစပ္ရာ ကယ္ဆယ္ေရး စခန္းေတြဆီကို  ထြက္ေျပးတိမ္းေရွာင္သြားၾကတာပါ။

အခုဆိုရင္ အိမ္ေျခ ၃၀ နဲ႔ လူ ၁၀၀ ခန႔္ေလာက္ပဲ က်န္ပါေတာ့တယ္လို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေအာင္သိန္းေက်ာ္က ေျပာပါတယ္။

“မတ္လေလာက္ကစၿပီး ထြက္ေျပးၾကတယ္။ စစ္ပြဲေတြနည္းေနခ်ိန္မွာ ျပန္လာၾကတယ္။ သြားလိုက္လာလိုက္ ျဖစ္ေနခဲ့ၾကတာ ဇူလိုင္လေလာက္က အကုန္ထြက္ေျပးၾကရတာပါ။ သြားလိုက္လာလိုက္ ျဖစ္ရင္သြားတယ္။ ျပန္လာၾကတယ္။ အခုေတာ့ အိမ္ေျခ ၃၀ ေလာက္ပဲရွိပါတယ္”

တပ္မေတာ္စစ္ေၾကာင္းေတြက ေက်း႐ြာေတြနဲ႔ မလွမ္းမကမ္းမွာ မိုင္းဆြဲတိုက္ခိုက္ခံရရင္ မသကၤာတဲ့ ေနရာေတြ ျပန္လည္ပစ္ခတ္ေလ့ရွိတာေၾကာင့္ စစ္ေရးနဲ႔မသက္ဆိုင္တဲ့ ေဒသခံေတြ အထိနာေလ့ရွိပါတယ္။
ၿပီးခဲ့တဲ့ မတ္လ ၁၈ ရက္ေန႔က ေက်း႐ြာထဲ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲတာေၾကာင့္  ေနအိမ္တစ္လုံး မီးေလာင္ဆုံးရႈံးခဲ့ရသလို ႐ြာသားအခ်ိဳ႕လည္း ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

ဇူလိုင္လ ၁၃ ရက္ေန႔ကလည္း ႐ြာထဲကိုပစ္ခတ္ခံရလို႔ ႐ြာထဲမွာရွိတဲ့ ကိုးႏွစ္အ႐ြယ္ကေလးတစ္ဦး အပါအဝင္ ႐ြာထဲမွာရွိတဲ့လူ သုံးဦးထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

တပ္မေတာ္ ေျပာခြင့္ရသူေတြကေတာ့ ႐ြာထဲကိုပစ္ခတ္တာမရွိေၾကာင္း  ျငင္းဆိုထားၾကပါတယ္။ အခုေတာ့ ႐ြာသားေတြဟာ ၿမိဳ႕ေပၚမွာရွိတဲ့ ကယ္ဆယ္ေရးစခန္းေတြဆီကို ထြက္ေျပးတိမ္းေရွာင္ေနၾကရလို႔ လူမေနတဲ့အိမ္ေတြမွာ ခ်ဳံႏြယ္ေတြေပါက္ေနတာေၾကာင့္ ႐ြာပ်က္တစ္ခုလိုျဖစ္ေနပါတယ္။

ထြက္မေျပးဘဲ ႐ြာမွာက်န္ရစ္ခဲ့တဲ့ ဦးစံဂိုးေအာင္က သူတို႔ရဲ႕အေျခအေနေတြကို အခုလို ေျပာျပပါတယ္။

“ပစ္သံၾကားရင္ ပုန္းေနရ၊ ဝွက္ေနရ၊ ျပားျပားဝပ္ေနၾကရတယ္။ ဟိုဘက္အပိုင္းကဆိုရင္  အိမ္ေခါင္မိုးေတြ ေပါက္သြားတယ္။ ဗုံးေပါက္သံၾကားတာနဲ႔ ပစ္ၾကတယ္။ ႐ြာကလူေတြကေတာ့ အကာအကြယ္ ယူၿပီးျပားျပားဝပ္ေနၾကရတယ္။ ပစ္သံၾကားတာနဲ႔ လူေတြက စုၿပီးေနၾကရတယ္။ တစ္ေယာက္တည္းလည္း မေနရဲၾကဘူး။ အခုလည္း အေရွ႕ဘက္ကအတန္းမွာ လူေတြမရွိၾကေတာ့လို႔ ႐ြာအတြင္းပိုင္းမွာ စုၿပီးေနၾကရတယ္”

ေျမာက္ဦးၿမိဳ႕နယ္မွာ ႐ြာေဟာင္းေတာေက်း႐ြာ အပါအဝင္ ႏွစ္ဘက္တိုက္ပြဲေတြေၾကာင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပး ေနၾကရတဲ့ လူဦးေရေပါင္း ၁၃၀၀၀ ေက်ာ္ရွိတယ္လို႔  အကူအညီေပးေနသူေတြ က ေျပာပါတယ္။

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ ေျပာခြင့္ရသူ စည္ပင္ဝန္ႀကီး ဦးဝင္းျမင့္ကေတာ့ စစ္ေရးပဋိပကၡေတြ ခ်ဳပ္ၿငိမ္းဖို႔ဆိုတာ ႏွစ္ဘက္အဖြဲ႕ေတြရဲ႕ သေဘာထားအေပၚမွာမူတည္ၿပီး အစိုးရကေတာ့ ေနရပ္စြန႔္ခြာ ထြက္ေျပးရသူေတြကို အတတ္ႏိုင္ဆုံးအကူအညီေတြေပးေနတယ္လို႔ ေျပာပါတယ္။

႐ြာေဟာင္းေတာေက်း႐ြာဟာ အေျမာက္ပစ္သံေတြ၊ တိုက္ပြဲသံေတြၾကားမွာ ဆိတ္ၿငိမ္ေနပါတယ္။
ေက်း႐ြာထဲကို ေနာက္ထပ္ဘယ္အခ်ိန္မွာ ပစ္ခတ္ခံရမလဲဆိုတာကိုလည္း ေက်း႐ြာသားေတြက ရင္တထိတ္ထိတ္နဲ႔ စိုးရိမ္ေနၾကတာကို ေတြ႕ရပါတယ္။

ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံး(REC) ရဲ႕ထုတ္ျပန္ခ်က္အရ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၄ ရက္ေန႔အထိ ရခိုင္ျပည္နယ္မွာ စစ္ေရးေၾကာင့္  ေနရပ္စြန႔္ခြာထြက္ေျပးေနရသူဟာ  တစ္သိန္းနီးပါးအထိ ရွိေနပါတယ္။

RFA Burmese
https://www.rfa.org
---------
(Unicode)⤵⤵⤵
တိုက်ပွဲတွေကြားထဲက ရွာဟောင်းတောရွာ

‌မြောက်ဦးမြို့ လက်ကောက်ဈေးကျောင်းမှာခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့အရှေ့ဘက်မှာ တပ်မတော်နဲ့  အေအေအဖွဲ့တို့အကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်လေ့တဲ့အတွက် မြို့အရှေ့ဘက်က ရွာဟောင်းတောကျေးရွာက ရွာသားတွေဟာ စစ်ဘေးကို ကြောက်လန့်ထွက်ပြေးကြလို့ အိမ်ခြေ ၂၀၀ ကျော်အနက် အိမ်ခြေ ၃၀ ခန့်ပဲ လူကျန်ပါတော့တယ်။

ရှေးဟောင်း ကိုးသောင်းဘုရားအနီးမှာရှိတဲ့ ရွာဟောင်းတောကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်နဲ့ လူဦး ရေ ၁၂၀၀ ကျော်ရှိတာပါ။

ဒီရွာဟာ ရခိုင်စစ်ရေးပဋိပက္ခအတွင်း စစ်ရေးအရ အရေးပါတဲ့ မြောက်ဦး-ပန်းမြောင်း လမ်းပေါ်မှာရှိတဲ့ ရွာဖြစ်ပြီး AA အဖွဲ့နဲ့ အစိုးရတပ်မတော်တို့ဟာ ရွာနဲ့မလှမ်းမကမ်းမှာ မကြာခဏဆိုသလို တိုက်ပွဲဖြစ်လေ့ရှိပါတယ်။

ရွာနဲ့မလှမ်းမကမ်းမှာရှိတဲ့ တံတားအနီးမှာ တပ်မတော်စစ်ကြောင်းတွေကို အေအေအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ ကျင်းတွေ ၁၀ ခုထက်မနည်း တွေ့ရပါတယ်။

ရွာသားတွေက ပြီးခဲ့တဲ့ မတ်လကတည်းက နီးစပ်ရာ ကယ်ဆယ်ရေး စခန်းတွေဆီကို  ထွက်ပြေးတိမ်းရှောင်သွားကြတာပါ။

အခုဆိုရင် အိမ်ခြေ ၃၀ နဲ့ လူ ၁၀၀ ခန့်လောက်ပဲ ကျန်ပါတော့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်က ပြောပါတယ်။

“မတ်လလောက်ကစပြီး ထွက်ပြေးကြတယ်။ စစ်ပွဲတွေနည်းနေချိန်မှာ ပြန်လာကြတယ်။ သွားလိုက်လာလိုက် ဖြစ်နေခဲ့ကြတာ ဇူလိုင်လလောက်က အကုန်ထွက်ပြေးကြရတာပါ။ သွားလိုက်လာလိုက် ဖြစ်ရင်သွားတယ်။ ပြန်လာကြတယ်။ အခုတော့ အိမ်ခြေ ၃၀ လောက်ပဲရှိပါတယ်”

တပ်မတော်စစ်ကြောင်းတွေက ကျေးရွာတွေနဲ့ မလှမ်းမကမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရရင် မသင်္ကာတဲ့ နေရာတွေ ပြန်လည်ပစ်ခတ်လေ့ရှိတာကြောင့် စစ်ရေးနဲ့မသက်ဆိုင်တဲ့ ဒေသခံတွေ အထိနာလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က ကျေးရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့်  နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရသလို ရွာသားအချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ကလည်း ရွာထဲကိုပစ်ခတ်ခံရလို့ ရွာထဲမှာရှိတဲ့ ကိုးနှစ်အရွယ်ကလေးတစ်ဦး အပါအဝင် ရွာထဲမှာရှိတဲ့လူ သုံးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တပ်မတော် ပြောခွင့်ရသူတွေကတော့ ရွာထဲကိုပစ်ခတ်တာမရှိကြောင်း  ငြင်းဆိုထားကြပါတယ်။ အခုတော့ ရွာသားတွေဟာ မြို့ပေါ်မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြရလို့ လူမနေတဲ့အိမ်တွေမှာ ချုံနွယ်တွေပေါက်နေတာကြောင့် ရွာပျက်တစ်ခုလိုဖြစ်နေပါတယ်။

ထွက်မပြေးဘဲ ရွာမှာကျန်ရစ်ခဲ့တဲ့ ဦးစံဂိုးအောင်က သူတို့ရဲ့အခြေအနေတွေကို အခုလို ပြောပြပါတယ်။

“ပစ်သံကြားရင် ပုန်းနေရ၊ ဝှက်နေရ၊ ပြားပြားဝပ်နေကြရတယ်။ ဟိုဘက်အပိုင်းကဆိုရင်  အိမ်ခေါင်မိုးတွေ ပေါက်သွားတယ်။ ဗုံးပေါက်သံကြားတာနဲ့ ပစ်ကြတယ်။ ရွာကလူတွေကတော့ အကာအကွယ် ယူပြီးပြားပြားဝပ်နေကြရတယ်။ ပစ်သံကြားတာနဲ့ လူတွေက စုပြီးနေကြရတယ်။ တစ်ယောက်တည်းလည်း မနေရဲကြဘူး။ အခုလည်း အရှေ့ဘက်ကအတန်းမှာ လူတွေမရှိကြတော့လို့ ရွာအတွင်းပိုင်းမှာ စုပြီးနေကြရတယ်”

မြောက်ဦးမြို့နယ်မှာ ရွာဟောင်းတောကျေးရွာ အပါအဝင် နှစ်ဘက်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြရတဲ့ လူဦးရေပေါင်း ၁၃၀၀၀ ကျော်ရှိတယ်လို့  အကူအညီပေးနေသူတွေ က ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကတော့ စစ်ရေးပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ဆိုတာ နှစ်ဘက်အဖွဲ့တွေရဲ့ သဘောထားအပေါ်မှာမူတည်ပြီး အစိုးရကတော့ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေကို အတတ်နိုင်ဆုံးအကူအညီတွေပေးနေတယ်လို့ ပြောပါတယ်။

ရွာဟောင်းတောကျေးရွာဟာ အမြောက်ပစ်သံတွေ၊ တိုက်ပွဲသံတွေကြားမှာ ဆိတ်ငြိမ်နေပါတယ်။
ကျေးရွာထဲကို နောက်ထပ်ဘယ်အချိန်မှာ ပစ်ခတ်ခံရမလဲဆိုတာကိုလည်း ကျေးရွာသားတွေက ရင်တထိတ်ထိတ်နဲ့ စိုးရိမ်နေကြတာကို တွေ့ရပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ရဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ စစ်ရေးကြောင့်  နေရပ်စွန့်ခွာထွက်ပြေးနေရသူဟာ  တစ်သိန်းနီးပါးအထိ ရှိနေပါတယ်။

RFA Burmese
https://www.rfa.org
တိုက္ပြဲေတြၾကားထဲက ႐ြာေဟာင္းေတာ႐ြာ တိုက္ပြဲေတြၾကားထဲက ႐ြာေဟာင္းေတာ႐ြာ Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.