၄၅ ဦး ေကာ္မတီကို တပ္မေတာ္ ကန႔္ကြက္

ျပ‌ည္ေထာင္စုလႊတ္ေတာ္ ကိုတက္ေရာက္လာ‌‌တဲ့ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္‌‌ေတြကို ‌ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီဟာ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလမွာ ျပန္လည္စတင္မယ့္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးကို ဥပေဒမူၾကမ္း တစ္ေစာင္ တင္ျပႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။

လႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္က ၂၀၂၀ ျပည့္ႏွစ္ မကုန္ဆုံးခင္ အေျခခံဥပေဒ  ျပင္ဆင္ႏိုင္ေရး ေဆာင္႐ြက္ သြားမယ္လို႔ လႊတ္ေတာ္မွာ ေျပာၾကားထားပါတယ္။

ပူးေပါင္းေကာ္မတီမွာ ပါဝင္တဲ့ တပ္မေတာ္သား ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္ခ်ဳပ္ တင္ေဆြဝင္းက ဒီေန႔ ရက္စြဲနဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ နာယကကို စာေပးပို႔ တင္ျပခဲ့တာျဖစ္ၿပီး အဲဒီစာထဲမွာ ေကာ္မတီဝင္ တပ္မေတာ္သား ကိုယ္စားလွယ္ ရွစ္ဦးဟာ လႊတ္ေတာ္ရဲ႕ ဆုံးျဖတ္ခ်က္ကို ေလးစားလိုက္နာတဲ့ အေနနဲ႔ စိတ္ရွည္သည္းခံၿပီး တက္ေရာက္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ နာယကထံ ကန႔္ကြက္စာ ေပးပို႔ထားတာနဲ႔ ပတ္သက္ၿပီး  ဗိုလ္ခ်ဳပ္ တင္ေဆြဝင္းကို သတင္းေထာက္ေတြက  ေမးျမန္းရာမွာ ဘာမွမွတ္ခ်က္ေပးစရာ မရွိဘူးလို႔ ေျပာပါတယ္။

ပူးေပါင္းေကာ္မတီမွာ အားလုံး ဘုံသေဘာတူညီခ်က္ရေအာင္ ညႇိဳႏႈိင္းေဆာင္႐ြက္မယ္လို႔ စကားလုံး လွလွနဲ႔ ေျပာထားေပမယ့္ NLD ပါတီရဲ႕ ျပင္ဆင္ခ်က္ေတြသာ အတည္ျဖစ္ေနတာဟာ အားလုံးပါဝင္ႏိုင္တဲ့ အေျခအေန မဟုတ္တာေၾကာင့္ ကန႔္ကြက္တယ္လို႔လည္း ေဝဖန္ထားပါတယ္။

ဥပေဒမူၾကမ္းအတြက္ ပူးေပါင္းေကာ္မတီမွာ မဲခြဲဆုံးျဖတ္ရင္ အခ်က္တစ္ခ်က္ကို စဥ္းစားသုံးသပ္၊  ေထာက္ခံ၊ ကန႔္ကြက္ဖို႔ အမ်ားဆုံး အခ်ိန္ ၅ မိနစ္အတြင္း  ေဆာင္႐ြက္ေစတာဟာ  သင့္တင့္ေလ်ာက္ပတ္တဲ့ လုပ္ေဆာင္ခ်က္ မဟုတ္တဲ့ အတြက္လည္း ေကာ္မတီဝင္  တပ္မေတာ္သား ကိုယ္စားလွယ္ေတြက ကန႔္ကြက္တယ္လို႔ ဆိုပါတယ္။

ဖြဲ႕စည္းပုံျပင္ဆင္ေရးအတြက္ NLD ပါတီက ဦးစီးေဆာင္႐ြက္ေနသူေတြထဲမွာ  တစ္ဦးပါဝင္တဲ့ ျပင္ဆင္ေရး ေကာ္မတီဝင္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ၾကည္ၫြန႔္က အဲဒီကန႔္ကြက္စာကို တပ္မေတာ္ဘက္က ဘယ္ကိုတင္ျပတယ္၊ ဘာေတြပါတယ္ဆိုတာ သူမသိေသးတဲ့အတြက္ မွတ္ခ်က္ျပဳ ေဆြးေႏြးဖို႔ မရွိေသးဘူးလို႔ ေျပာပါတယ္။

ဒါေပမဲ့ ဒီမိုကေရစီစနစ္အရ သေဘာထား မတိုက္ဆိုင္တဲ့အခါ ျငင္းခုန္ေဆြးေႏြးၾကတာ ျဖစ္႐ိုးျဖစ္စဥ္ျဖစ္လို႔ ေျခာက္ျခားစရာမရွိေပမယ့္ ေဆြးေႏြးတဲ့အခါ ဥပေဒစည္းကမ္းေတြနဲ႔  အညီေဆြးေႏြးၾကရင္ သင့္ေတာ္မယ္လို႔ ဦးေအာင္ၾကည္ၫြန႔္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း  အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ တပ္မေတာ္သား ကိုယ္စားလွယ္ေတြနဲ႔ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက ကိုယ္စားလွယ္ေတြ တင္ျပတဲ့ ဥပေဒမူၾကမ္းေတြအေပၚ  လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေဆြးေႏြးစဥ္ အသုံးအႏႈန္းေတြ ျပင္းထန္ခဲ့တာကို သူကရည္ၫႊန္း ေျပာဆိုခဲ့တာပါ။

လက္ရွိမွာ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ တပ္မေတာ္နဲ႔ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက ကိုယ္စားလွယ္ေတြ တင္ျပထားတဲ့ ဥပေဒမူၾကမ္း ငါးခုရွိၿပီး ၄၅ ဦး ပူးေပါင္းေကာ္မတီက တင္ျပလာမယ့္ မူၾကမ္းနဲ႔ပါဆိုရင္ စုစုေပါင္း ‌‌ေျခာက္ခုထိ ရွိပါမယ္။

အဲဒီ မူၾကမ္းေတြကို ျပည္ေထာင္စုလႊတ္ေတာ္မွာ တၿပိဳင္တည္း ယွဥ္တြဲေဆြးေႏြးၿပီး အေျခခံဥပေဒျပင္ဆင္ေရး  ဥပေဒမူၾကမ္းတစ္ခု ေပၚထြက္လာဖို႔ စီစဥ္ထားၾကတာပါ။

မူလက ဖြဲ႕စည္းပုံျပင္ဆင္ေရး ပူးေပါင္းေကာ္မတီမွာ အဖြဲ႕ဝင္ ၄၅ ဦးရွိေပမယ့္ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီ၊ ရခိုင္အမ်ိဳးသားပါတီနဲ႔ အမ်ိဳးသားညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ႏုတ္ထြက္ခဲ့တဲ့အတြက္ ေကာ္မတီဝင္ အေယာက္ ၄၀ က်န္ရွိပါတယ္။

အဲဒီအထဲမွာ ဒူးေလးပါတီက ဦးလာမာေလးကလည္း ေကာ္မတီအစည္းအေဝးေတြကို ၉ လခန႔္  မတက္ေရာက္ဘဲ ပ်က္ကြက္ေနတဲ့အတြက္ ၃၉ ဦးသာ က်န္ရွိတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ အခ်ိဳးညီညီ ဖြဲ႕စည္းထားတဲ့ ၄၅ ဦးေကာ္မတီဟာ အခ်ိဳးမညီ မဲေပးမႈ မမွ်တတဲ့အတြက္  ျပန္လည္ ဆန္းစစ္သင့္တယ္လို႔လည္း ဆိုပါတယ္။

ဒါ့အျပင္ ဥပေဒမူၾကမ္းအတြက္ မဲခြဲရင္ တိုင္းရင္းသားပါတီေတြရဲ႕ ျပင္ဆင္ျဖည့္စြက္ဖို႔ တင္ျပခ်က္ေတြ မပါဝင္ေတာ့ဘဲ အႏိုင္ရ NLD ပါတီရဲ႕ ျပင္ဆင္ခ်က္ေတြသာ မဲမ်ားသူသာ ႏိုင္သည့္စနစ္အရ အတည္ ျဖစ္ေနတာေၾကာင့္ ကန႔္ကြက္တယ္လို႔ နာယကထံ တင္ျပစာမွာ ပါရွိပါတယ္။

ကိုးကန႔္ ဒီမိုကေရစီႏွင့္ ညီၫြတ္ေရးပါတီရဲ႕ ကြမ္းလုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္  ဦးယန္က်င္းကန္ က တိုင္းရင္းသားပါတီေတြ  ေကာ္မတီမွာ ဆက္ၿပီးရွိေနတဲ့အေပၚ  ရပ္တည္ခ်က္  သေဘာထားကို ေျပာျပပါတယ္။

ဖြဲ႕စည္းပုံျပင္ဆင္ေရး ပူးေပါင္းေကာ္မတီဟာ ႏိုင္ငံေရးပါတီ အသီးသီးနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ  တင္ျပထားတဲ့ အခ်က္ေပါင္း ၃၇၀၀ ေက်ာ္ထဲက ဥပေဒမူၾကမ္းတစ္ေစာင္ ေပၚထြက္ဖို႔ ႀကိဳးစားေနတာပါ။

ဒီလို ေဆာင္႐ြက္တာဟာ ေ႐ြးေကာက္ပြဲ အႏိုင္ရဖို႔အတြက္ NLD ပါတီက ႏိုင္ငံေရး ကစားေနသလို မျဖစ္ဖို႔ တပ္မေတာ္သား ကိုယ္စားလွယ္ေတြက ေဝဖန္ထားသလို NLD ပါတီ ကိုယ္စားလွယ္ေတြ ကလည္း ဖြဲ႕စည္းပုံ ျပင္ဆင္ေရး အမွန္တကယ္ ဆႏၵရွိတယ္ဆိုရင္ အားလုံးပူးေပါင္း ေဆာင္႐ြက္သင့္တယ္လို႔ တုံ႔ျပန္ထားပါတယ္။

အေျခခံဥပေဒျပင္ဆင္ဖို႔ NLD ပါတီက လႊတ္ေတာ္တြင္း ႀကိဳးပမ္းခ်က္ေတြဟာ အျငင္းပြားစရာ ျဖစ္ေနတဲ့အျပင္ တိုင္းျပည္ရဲ႕ လိုအပ္ခ်က္ကို ထင္ဟပ္ႏိုင္ျခင္း မရွိဘူးလို႔ ျပည္သူ႔ပါတီ အေထြေထြအတြင္းေရးမႉး ဦးရဲႏိုင္ေအာင္က ေျပာပါတယ္။

ရခိုင္ျပည္နယ္ ပဋိပကၡအပါအဝင္ ေျဖရွင္းဖို႔ တျခားျပႆနာ အမ်ားအျပား ရွိေနခ်ိန္မွာ  အေျခခံ ဥပေဒျပင္ဆင္ဖို႔ အခ်က္ေပါင္း ၃၇ဝဝ ေက်ာ္ တင္ျပလာတာကို သူကေထာက္ျပပါတယ္။

“ျပင္ဆင္ေရးရဲ႕ရည္႐ြယ္ခ်က္က ဘာလဲ၊ ဘာလုပ္ခ်င္တာလဲ၊ ဘာလုပ္ခ်င္တာလဲ ဆိုတာက မေပၚလြင္ဘူး ျဖစ္ေနတယ္။ မလိုလားအပ္တဲ့ ရႈပ္ေထြးမႈေတြ ျဖစ္ေနတယ္” လို႔ ဦးရဲႏိုင္ေအာင္က RFA က ေအာက္တိုဘာ လဆန္းပိုင္းက ထုတ္လႊင့္တဲ့ ယေန႔ႏိုင္ငံေရး ႐ုပ္သံအစီအစဥ္မွာ ေျပာပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
 ၄၅ ဦး ကော်မတီကို တပ်မတော် ကန့်ကွက်

ပြ‌ည်ထောင်စုလွှတ်တော် ကိုတက်ရောက်လာ‌‌တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်‌‌တွေကို ‌တွေ့ရစဉ်
Photo: Thiha Tun/ RFA

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဟာ လာမယ့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ ပြန်လည်စတင်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဥပဒေမူကြမ်း တစ်စောင် တင်ပြနိုင်ဖို့ ကြိုးစားနေပါတယ်။

လွှတ်တော် နာယက ဦးတီခွန်မြတ်က ၂၀၂၀ ပြည့်နှစ် မကုန်ဆုံးခင် အခြေခံဥပဒေ  ပြင်ဆင်နိုင်ရေး ဆောင်ရွက် သွားမယ်လို့ လွှတ်တော်မှာ ပြောကြားထားပါတယ်။

ပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ် တင်ဆွေဝင်းက ဒီနေ့ ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော် နာယကကို စာပေးပို့ တင်ပြခဲ့တာဖြစ်ပြီး အဲဒီစာထဲမှာ ကော်မတီဝင် တပ်မတော်သား ကိုယ်စားလှယ် ရှစ်ဦးဟာ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာတဲ့ အနေနဲ့ စိတ်ရှည်သည်းခံပြီး တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယကထံ ကန့်ကွက်စာ ပေးပို့ထားတာနဲ့ ပတ်သက်ပြီး  ဗိုလ်ချုပ် တင်ဆွေဝင်းကို သတင်းထောက်တွေက  မေးမြန်းရာမှာ ဘာမှမှတ်ချက်ပေးစရာ မရှိဘူးလို့ ပြောပါတယ်။

ပူးပေါင်းကော်မတီမှာ အားလုံး ဘုံသဘောတူညီချက်ရအောင် ညှိုနှိုင်းဆောင်ရွက်မယ်လို့ စကားလုံး လှလှနဲ့ ပြောထားပေမယ့် NLD ပါတီရဲ့ ပြင်ဆင်ချက်တွေသာ အတည်ဖြစ်နေတာဟာ အားလုံးပါဝင်နိုင်တဲ့ အခြေအနေ မဟုတ်တာကြောင့် ကန့်ကွက်တယ်လို့လည်း ဝေဖန်ထားပါတယ်။

ဥပဒေမူကြမ်းအတွက် ပူးပေါင်းကော်မတီမှာ မဲခွဲဆုံးဖြတ်ရင် အချက်တစ်ချက်ကို စဉ်းစားသုံးသပ်၊  ထောက်ခံ၊ ကန့်ကွက်ဖို့ အများဆုံး အချိန် ၅ မိနစ်အတွင်း  ဆောင်ရွက်စေတာဟာ  သင့်တင့်လျောက်ပတ်တဲ့ လုပ်ဆောင်ချက် မဟုတ်တဲ့ အတွက်လည်း ကော်မတီဝင်  တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်တယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် NLD ပါတီက ဦးစီးဆောင်ရွက်နေသူတွေထဲမှာ  တစ်ဦးပါဝင်တဲ့ ပြင်ဆင်ရေး ကော်မတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အဲဒီကန့်ကွက်စာကို တပ်မတော်ဘက်က ဘယ်ကိုတင်ပြတယ်၊ ဘာတွေပါတယ်ဆိုတာ သူမသိသေးတဲ့အတွက် မှတ်ချက်ပြု ဆွေးနွေးဖို့ မရှိသေးဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ဒီမိုကရေစီစနစ်အရ သဘောထား မတိုက်ဆိုင်တဲ့အခါ ငြင်းခုန်ဆွေးနွေးကြတာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်လို့ ခြောက်ခြားစရာမရှိပေမယ့် ဆွေးနွေးတဲ့အခါ ဥပဒေစည်းကမ်းတွေနဲ့  အညီဆွေးနွေးကြရင် သင့်တော်မယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း  အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ တင်ပြတဲ့ ဥပဒေမူကြမ်းတွေအပေါ်  လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးစဉ် အသုံးအနှုန်းတွေ ပြင်းထန်ခဲ့တာကို သူကရည်ညွှန်း ပြောဆိုခဲ့တာပါ။

လက်ရှိမှာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ တင်ပြထားတဲ့ ဥပဒေမူကြမ်း ငါးခုရှိပြီး ၄၅ ဦး ပူးပေါင်းကော်မတီက တင်ပြလာမယ့် မူကြမ်းနဲ့ပါဆိုရင် စုစုပေါင်း ‌‌ခြောက်ခုထိ ရှိပါမယ်။

အဲဒီ မူကြမ်းတွေကို ပြည်ထောင်စုလွှတ်တော်မှာ တပြိုင်တည်း ယှဉ်တွဲဆွေးနွေးပြီး အခြေခံဥပဒေပြင်ဆင်ရေး  ဥပဒေမူကြမ်းတစ်ခု ပေါ်ထွက်လာဖို့ စီစဉ်ထားကြတာပါ။

မူလက ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ အဖွဲ့ဝင် ၄၅ ဦးရှိပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီနဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ နုတ်ထွက်ခဲ့တဲ့အတွက် ကော်မတီဝင် အယောက် ၄၀ ကျန်ရှိပါတယ်။

အဲဒီအထဲမှာ ဒူးလေးပါတီက ဦးလာမာလေးကလည်း ကော်မတီအစည်းအဝေးတွေကို ၉ လခန့်  မတက်ရောက်ဘဲ ပျက်ကွက်နေတဲ့အတွက် ၃၉ ဦးသာ ကျန်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် အချိုးညီညီ ဖွဲ့စည်းထားတဲ့ ၄၅ ဦးကော်မတီဟာ အချိုးမညီ မဲပေးမှု မမျှတတဲ့အတွက်  ပြန်လည် ဆန်းစစ်သင့်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဥပဒေမူကြမ်းအတွက် မဲခွဲရင် တိုင်းရင်းသားပါတီတွေရဲ့ ပြင်ဆင်ဖြည့်စွက်ဖို့ တင်ပြချက်တွေ မပါဝင်တော့ဘဲ အနိုင်ရ NLD ပါတီရဲ့ ပြင်ဆင်ချက်တွေသာ မဲများသူသာ နိုင်သည့်စနစ်အရ အတည် ဖြစ်နေတာကြောင့် ကန့်ကွက်တယ်လို့ နာယကထံ တင်ပြစာမှာ ပါရှိပါတယ်။

ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီရဲ့ ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးယန်ကျင်းကန် က တိုင်းရင်းသားပါတီတွေ  ကော်မတီမှာ ဆက်ပြီးရှိနေတဲ့အပေါ်  ရပ်တည်ချက်  သဘောထားကို ပြောပြပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဟာ နိုင်ငံရေးပါတီ အသီးသီးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ  တင်ပြထားတဲ့ အချက်ပေါင်း ၃၇၀၀ ကျော်ထဲက ဥပဒေမူကြမ်းတစ်စောင် ပေါ်ထွက်ဖို့ ကြိုးစားနေတာပါ။

ဒီလို ဆောင်ရွက်တာဟာ ရွေးကောက်ပွဲ အနိုင်ရဖို့အတွက် NLD ပါတီက နိုင်ငံရေး ကစားနေသလို မဖြစ်ဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေက ဝေဖန်ထားသလို NLD ပါတီ ကိုယ်စားလှယ်တွေ ကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး အမှန်တကယ် ဆန္ဒရှိတယ်ဆိုရင် အားလုံးပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ တုံ့ပြန်ထားပါတယ်။

အခြေခံဥပဒေပြင်ဆင်ဖို့ NLD ပါတီက လွှတ်တော်တွင်း ကြိုးပမ်းချက်တွေဟာ အငြင်းပွားစရာ ဖြစ်နေတဲ့အပြင် တိုင်းပြည်ရဲ့ လိုအပ်ချက်ကို ထင်ဟပ်နိုင်ခြင်း မရှိဘူးလို့ ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခအပါအဝင် ဖြေရှင်းဖို့ တခြားပြဿနာ အများအပြား ရှိနေချိန်မှာ  အခြေခံ ဥပဒေပြင်ဆင်ဖို့ အချက်ပေါင်း ၃၇ဝဝ ကျော် တင်ပြလာတာကို သူကထောက်ပြပါတယ်။

“ပြင်ဆင်ရေးရဲ့ရည်ရွယ်ချက်က ဘာလဲ၊ ဘာလုပ်ချင်တာလဲ၊ ဘာလုပ်ချင်တာလဲ ဆိုတာက မပေါ်လွင်ဘူး ဖြစ်နေတယ်။ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ ဖြစ်နေတယ်” လို့ ဦးရဲနိုင်အောင်က RFA က အောက်တိုဘာ လဆန်းပိုင်းက ထုတ်လွှင့်တဲ့ ယနေ့နိုင်ငံရေး ရုပ်သံအစီအစဉ်မှာ ပြောပါတယ်။

RFA Burmese
https://www.rfa.org
၄၅ ဦး ေကာ္မတီကို တပ္မေတာ္ ကန႔္ကြက္ ၄၅ ဦး ေကာ္မတီကို တပ္မေတာ္ ကန႔္ကြက္ Reviewed by THITHTOOLWIN on 02:14 Rating: 5
Powered by Blogger.