႐ု႐ွားေထာက္လွမ္းေရး ႐ံုးခ်ဳပ္အနီး ပစ္ခတ္မႈ

႐ု႐ွားေထာက္လွမ္းေရး ႐ံုးခ်ဳပ္အနီး ပစ္ခတ္မႈ

(Zawgyi/Unicode)

မေန႕ ၾကာသပေတးေန႕ က Moscow ၿမိဳ႕ ရုရွား ေထာက္လွမ္းေရး ဌာန FSB ရံုးခ်ဳပ္ ၀င္ေပါက္အနီး ေသနတ္သမားတဦး ၀င္ေရာက္ ပစ္ခတ္ခဲ့တဲ့ အတြက္ အရာရွိ ၁ ဦးေသဆံုးျပီး ၅ ဦး ဒဏ္ရာရသြားခဲ့ပါတယ္။ ေသနတ္သမားကိုေတာ့ လံုျခံဳေရးတပ္ဖြဲ႕က အေသ ပစ္ခတ္ဖမ္းဆီးခဲ့ပါတယ္။

ေဒသစံေတာ္ခ်ိန္ ေန႕လည္ ၃ နာရီေလာက္မွာ ျဖစ္ပြားခဲ့တဲ့ ဒီပစ္ခတ္မႈ ျဖစ္စဥ္ အေသးစိတ္ကိုေတာ့ မသိရေသးပါဘူး။ ဒဏ္ရာရသူေတြကို ေဆးရံုကို ပို႕ေဆာင္ေပးထားျပီး ဒီအထဲ ၂ ဦးက အေျခအေန စိုးရိမ္ရတယ္လို႕ ရုရွား က်န္မာေရး ၀န္ၾကီးဌာန ေျပာခြင့္ရက ေျပာပါတယ္။ ဒီပစ္ခတ္မႈက ေသာၾကာေန႔မွာ က်ေရာက္မယ့္ ရုရွား အစိုးရလံုျခံဳေရးတပ္ဖြဲ႕ အထိမ္းအမွတ္ေန႔ အတြက္ ကရင္မလင္ခန္းမမွာ သမၼတ Putin မိန္႕ခြန္းေျပာၾကားေနတဲ့ အခ်ိန္ ၀န္းက်င္ေလာက္မွာျဖစ္ခဲ့တာပါ။

ရုရွားမွာ ၂၀၁၉ ခုနွစ္အတြင္း အၾကမ္းဖက္မႈ နဲ႕ဆက္ႏြယ္တဲ့ ရာဇ၀တ္မႈ အနည္းဆံုး ၅၄ ၾကိမ္ျဖစ္ခဲ့ျပီး ဒီအထဲ တိုက္ခိုက္မႈက ၃၃ ၾကိမ္ျဖစ္ခဲ့တာပါ။ အခုတိုက္ခိုက္မႈကိုလည္း အၾကမ္းဖက္လုပ္ရပ္အျဖစ္ ရုရွားေထာက္လွမ္းေရးဌာနက ေဖာ္ျပေၾကာင္း ရုရွား RT ရုပ္သံကေဖာ္ျပပါတယ္။

အေစာပိုင္းက တိုက္ခိုက္သူ ၃ ေယာက္လို႔ သတင္းေတြမွာ ေဖာ္ျပေနတာကို FSB က ျငင္းဆိုျပီး ေသနတ္သမားက တကို္ယ္ေတာ္ လႈပ္ရွားခဲ့တာလို႔ ေျပာပါတယ္။ ဒီပစ္ခတ္မႈျဖစ္ျပီးေနာက္ နာရီအေတာ္ၾကာတဲ့ အထိ FSB ရံုးခ်ဳပ္ တ၀ိုက္ကို ပိတ္ထားျပီး ဘတ္စ္ကားေတြကို လမ္းေၾကာင္းေျပာင္း ေျပးဆြဲခိုင္းထားပါတယ္။

.....................

ရုရှားထောက်လှမ်းရေးရုံးချုပ်အနီး ပစ်ခတ်မှု

(Unicode)

မနေ့ ကြာသပတေးနေ့ က Moscow မြို့ ရုရှား ထောက်လှမ်းရေး ဌာန FSB ရုံးချုပ် ဝင်ပေါက်အနီး သေနတ်သမားတဦး ဝင်ရောက် ပစ်ခတ်ခဲ့တဲ့ အတွက် အရာရှိ ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ သေနတ်သမားကိုတော့ လုံခြုံရေးတပ်ဖွဲ့က အသေ ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

ဒေသစံတော်ချိန် နေ့လည် ၃ နာရီလောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှု ဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင်ပေးထားပြီး ဒီအထဲ ၂ ဦးက အခြေအနေ စိုးရိမ်ရတယ်လို့ ရုရှား ကျန်မာရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ ဒီပစ်ခတ်မှုက သောကြာနေ့မှာ ကျရောက်မယ့် ရုရှား အစိုးရလုံခြုံရေးတပ်ဖွဲ့ အထိမ်းအမှတ်နေ့ အတွက် ကရင်မလင်ခန်းမမှာ သမ္မတ Putin မိန့်ခွန်းပြောကြားနေတဲ့ အချိန် ဝန်းကျင်လောက်မှာဖြစ်ခဲ့တာပါ။

ရုရှားမှာ ၂၀၁၉ ခုနှစ်အတွင်း အကြမ်းဖက်မှု နဲ့ဆက်နွယ်တဲ့ ရာဇဝတ်မှု အနည်းဆုံး ၅၄ ကြိမ်ဖြစ်ခဲ့ပြီး ဒီအထဲ တိုက်ခိုက်မှုက ၃၃ ကြိမ်ဖြစ်ခဲ့တာပါ။ အခုတိုက်ခိုက်မှုကိုလည်း အကြမ်းဖက်လုပ်ရပ်အဖြစ် ရုရှားထောက်လှမ်းရေးဌာနက ဖော်ပြကြောင်း ရုရှား RT ရုပ်သံကဖော်ပြပါတယ်။

အစောပိုင်းက တိုက်ခိုက်သူ ၃ ယောက်လို့ သတင်းတွေမှာ ဖော်ပြနေတာကို FSB က ငြင်းဆိုပြီး သေနတ်သမားက တကိုယ်တော် လှုပ်ရှားခဲ့တာလို့ ပြောပါတယ်။ ဒီပစ်ခတ်မှုဖြစ်ပြီးနောက် နာရီအတော်ကြာတဲ့ အထိ FSB ရုံးချုပ် တဝိုက်ကို ပိတ်ထားပြီး ဘတ်စ်ကားတွေကို လမ်းကြောင်းပြောင်း ပြေးဆွဲခိုင်းထားပါတယ်။

VOA Burmese
https://burmese.voanews.com
႐ု႐ွားေထာက္လွမ္းေရး ႐ံုးခ်ဳပ္အနီး ပစ္ခတ္မႈ ႐ု႐ွားေထာက္လွမ္းေရး ႐ံုးခ်ဳပ္အနီး ပစ္ခတ္မႈ Reviewed by THITHTOOLWIN on 02:16 Rating: 5
Powered by Blogger.