ေအေအစစ္ဦးစီးခ်ဳပ္ရဲ႕ဇနီးနဲ႔ ကေလးႏွစ္ဦးကို ထိုင္းအစိုးရ အျပည့္အဝကာကြယ္ေပးဖို႔ ေအေအ ေတာင္းဆို

 ေအေအစစ္ဦးစီးခ်ဳပ္ရဲ႕ဇနီးနဲ႔ သားသမီးႏွစ္ဦးကို ျမန္မာႏိုင္ငံကိုျပန္မပို႔ဖို႔ လူ႔အခြင့္အေရးအဖြဲ႕ေတြ ေတာင္းဆိုေနပါတယ္
(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္မေတာ္ ေအေအစစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ရဲ႕ ဇနီး မႏွင္းဇာျဖဴနဲ႔ သားသမီးႏွစ္ဦးကို ထိုင္းႏိုင္ငံအစိုးရက လူ႔အခြင့္အေရးအရ အျပည့္အဝကာကြယ္ေပးမယ္လို႔ ယုံၾကည္ေၾကာင္း ေအေအေျပာခြင့္ရသူ ဦးခိုင္သုခက ဘီဘီစီကိုေျပာပါတယ္။

လက္ရွိမွာ စစ္ဦးစီးခ်ဳပ္မိသားစုဝင္ေတြဟာ ထိုင္းမွာပဲ ရွိေနေသးတယ္လို႔ သိရၿပီး ထိုင္းက ျပန္မလႊဲေပးေသးဘူးလို႔ ခိုင္သုခက ေျပာပါတယ္။ စစ္ဦးစီးခ်ဳပ္မိသားစုကို ထိုင္းဘက္ကေန ျမန္မာကို ဒီဇင္ဘာ ၆ ရက္မွာလႊဲေျပာင္းဖို႔လုပ္ထားေပမယ့္ အစီအစဥ္ပ်က္သြားတယ္လို႔ ျမန္မာဘက္က လက္ခံမယ့္အဖြဲ႕မွာပါတဲ့ တာခ်ီလိတ္ၿမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္ကလည္း ေျပာပါတယ္။

မႏွင္းဇာျဖဴဟာ တစ္ႏွစ္ေက်ာ္ အ႐ြယ္ သားနဲ႔အတူ တ႐ုတ္ႏိုင္ငံကေန ထိုင္းႏိုင္ငံကို လာေရာက္ခဲ့တာျဖစ္ၿပီး ထိုင္းမွာ ေက်ာင္းတက္ေနတဲ့ အသက္ ၁၁ ႏွစ္အ႐ြယ္ သမီး မေစာျပည့္ရွင္နဲ႔ သူ႔ရဲ႕ ေနထိုင္ခြင့္ ဗီဇာသက္တမ္း လာတိုးခ်ိန္ ဒီဇင္ဘာ ၄ ရက္မွာ ခ်င္းမိုင္လူဝင္မႈႀကီးၾကပ္ေရးအာဏာပိုင္ေတြက ထိန္းသိမ္းလိုက္တာ ျဖစ္ပါတယ္။

ေအေအစစ္ဦးစီးခ်ဳပ္ရဲ႕မိသားစုဝင္ေတြကို ျမန္မာႏိုင္ငံဘက္ ျပန္မလႊဲဖို႔ ႏိုင္ငံတကာ လူ႔အခြင့္ အေရးအဖြဲ႕ ေတြကလည္း ေတာင္းဆိုေနၾကပါတယ္။

ထိုင္းႏိုင္ငံဟာ လူ႔အခြင့္အေရး အျပည့္အဝရွိတဲ့ ႏိုင္ငံျဖစ္ၿပီး တိုင္းရင္းသားလက္နက္ကိုင္ေတြအပါအဝင္ ေတာ္လွန္ေရးသမားေတြ အစဥ္အဆက္ ေနထိုင္ခဲ့တဲ့ေနရာ ျဖစ္တဲ့အတြက္ အခု ျဖစ္ရပ္မွာေတာ့ ထိုင္းဟာ သံတမန္ေရးအရ ဖိအားေတြမ်ားလာတဲ့အေပၚ မ်က္ႏွာမပ်က္ေအာင္ လုပ္တယ္လို႔ျမင္တယ္လို႔ ဦးခိုင္သုခက ေျပာပါတယ္။

ေအေအစစ္ဦးစီးခ်ဳပ္ရဲ႕မိန္းမျဖစ္႐ုံ၊ ေအေအစစ္ဦးစီးခ်ဳပ္ရဲ႕ သားသမီးျဖစ္႐ုံနဲ႔ သူတို႔ တရားဝင္ကိုင္ေဆာင္သြားလာေနတဲ့ ႏိုင္ငံကူးလက္မွတ္နဲ႔ တရားဝင္စာ႐ြက္စာတမ္းေတြကို သိမ္းဆည္း ေဖ်ာက္ဖ်က္တာဟာ ႏိုင္ငံသားတစ္ေယာက္ရဲ႕အခြင့္အေရးကို ျမန္မာအစိုးရက ခ်ိဳးေဖာက္တာျဖစ္တယ္လို႔ ဆိုပါတယ္။

စစ္ဘက္နဲ႔မသက္ဆိုင္တဲ့ ကေလးငယ္ေတြကို ဒုကၡေပးတာဟာ ဂ်ီနီဗာကြန္ဗင္းရွင္းကို ခ်ိဳးေဖာက္ တာျဖစ္တဲ့အတြက္ ထိုင္းအစိုးရအေနနဲ႔ လူ႔အခြင့္အေရးအရ အကာအကြယ္ေပးဖို႔တာဝန္ရွိေနၿပီး အေကာင္းဆုံးအျပည့္အ၀ ကာကြယ္ေပးမယ္လို႔လည္း ယုံၾကည္တယ္လို႔ ဦးခိုင္သုခက ေျပာပါတယ္။

အခုလို ေအေအစစ္ဦးစီးခ်ဳပ္မိသားစုဝင္ေတြဖမ္းခံရတဲ့အေပၚ ဦးခိုင္သုခသေဘာထားက

"စစ္ဘက္နဲ႔ မပတ္သက္တဲ့မိသားစုဝင္ေတြကို ဒုကၡေပးတယ္ဆိုတာက လုံးဝမျဖစ္သင့္တဲ့ကိစၥျဖစ္တယ္။ မိသားစုဆိုတာ ကြၽန္ေတာ္တို႔ဘက္မွာပဲရွိတာမဟုတ္ဘူး။ အစိုးရဘက္မွာလည္း မိသားစုရွိတာပဲ။ သူတို႔ ဘက္က ကြၽန္ေတာ္တို႔မိသားစုေတြကို ပစ္မွတ္ထားလာလို႔ရွိရင္ေတာ့ အဲဒီလိုလုပ္ရပ္ေတြမ်ားလာရင္ေတာ့ တစ္ဖက္နဲ႔တစ္ဖက္ တင္းမာမႈေတြပိုမ်ားလာရင္ မလိုလားအပ္တဲ့ ေနာက္ဆက္တြဲျဖစ္ရပ္ေတြျဖစ္လာႏိုင္တယ္"

ဒီလို စစ္ဦးစီးခ်ဳပ္မိသားစုကို ဖမ္းထားတဲ့အတြက္ ေအေအဘက္က ဖမ္းထားတဲ့ အမ်ိဳးသား လႊတ္ေတာ္ အမတ္ ဦးေဝွ႔တင္းအပါအဝင္ ဓားစားခံေတြနဲ႔ပတ္သက္လို႔ အေလ်ာ့အတင္းလုပ္ဖို႔ေတာ့ မရွိဘူးလို႔ ဦးခိုင္သုခ က ေျပာပါတယ္။

ေအေအစစ္ဦးစီးခ်ဳပ္ရဲ႕ ညီ၊ ညီမနဲ႔ ေယာက္ဖ၊ ဒါ့အျပင္ စင္ကာပူက ေအေအေထာက္ခံတယ္ဆိုတဲ့ ရခိုင္အသင္းေခါင္းေဆာင္ေတြကို လက္ရွိမွာ ျမန္မာအစိုးရက ဖမ္းဆီးတရားစြဲဆိုထားပါတယ္။

BBC Burmese
https://www.bbc.com
--------------------
(Unicode)⤵⤵⤵
အေအေစစ်ဦးစီးချုပ်ရဲ့ဇနီးနဲ့ ကလေးနှစ်ဦးကို ထိုင်းအစိုးရ အပြည့်အဝကာကွယ်ပေးဖို့ အေအေ တောင်းဆို
ဓာတ်ပုံ မူပိုင် EPA
Image caption အေအေစစ်ဦးစီးချုပ်ရဲ့ဇနီးနဲ့ သားသမီးနှစ်ဦးကို မြန်မာနိုင်ငံကိုပြန်မပို့ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆိုနေပါတယ်

ရက္ခိုင့်တပ်မတော် အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီး မနှင်းဇာဖြူနဲ့ သားသမီးနှစ်ဦးကို ထိုင်းနိုင်ငံအစိုးရက လူ့အခွင့်အရေးအရ အပြည့်အဝကာကွယ်ပေးမယ်လို့ ယုံကြည်ကြောင်း အေအေပြောခွင့်ရသူ ဦးခိုင်သုခက ဘီဘီစီကိုပြောပါတယ်။

လက်ရှိမှာ စစ်ဦးစီးချုပ်မိသားစုဝင်တွေဟာ ထိုင်းမှာပဲ ရှိနေသေးတယ်လို့ သိရပြီး ထိုင်းက ပြန်မလွှဲပေးသေးဘူးလို့ ခိုင်သုခက ပြောပါတယ်။ စစ်ဦးစီးချုပ်မိသားစုကို ထိုင်းဘက်ကနေ မြန်မာကို ဒီဇင်ဘာ ၆ ရက်မှာလွှဲပြောင်းဖို့လုပ်ထားပေမယ့် အစီအစဉ်ပျက်သွားတယ်လို့ မြန်မာဘက်က လက်ခံမယ့်အဖွဲ့မှာပါတဲ့ တာချီလိတ်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်ကလည်း ပြောပါတယ်။

မနှင်းဇာဖြူဟာ တစ်နှစ်ကျော် အရွယ် သားနဲ့အတူ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပြီး ထိုင်းမှာ ကျောင်းတက်နေတဲ့ အသက် ၁၁ နှစ်အရွယ် သမီး မစောပြည့်ရှင်နဲ့ သူ့ရဲ့ နေထိုင်ခွင့် ဗီဇာသက်တမ်း လာတိုးချိန် ဒီဇင်ဘာ ၄ ရက်မှာ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

အေအေစစ်ဦးစီးချုပ်ရဲ့မိသားစုဝင်တွေကို မြန်မာနိုင်ငံဘက် ပြန်မလွှဲဖို့ နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့ တွေကလည်း တောင်းဆိုနေကြပါတယ်။

ထိုင်းနိုင်ငံဟာ လူ့အခွင့်အရေး အပြည့်အဝရှိတဲ့ နိုင်ငံဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေအပါအဝင် တော်လှန်ရေးသမားတွေ အစဉ်အဆက် နေထိုင်ခဲ့တဲ့နေရာ ဖြစ်တဲ့အတွက် အခု ဖြစ်ရပ်မှာတော့ ထိုင်းဟာ သံတမန်ရေးအရ ဖိအားတွေများလာတဲ့အပေါ် မျက်နှာမပျက်အောင် လုပ်တယ်လို့မြင်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

အေအေစစ်ဦးစီးချုပ်ရဲ့မိန်းမဖြစ်ရုံ၊ အေအေစစ်ဦးစီးချုပ်ရဲ့ သားသမီးဖြစ်ရုံနဲ့ သူတို့ တရားဝင်ကိုင်ဆောင်သွားလာနေတဲ့ နိုင်ငံကူးလက်မှတ်နဲ့ တရားဝင်စာရွက်စာတမ်းတွေကို သိမ်းဆည်း ဖျောက်ဖျက်တာဟာ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးကို မြန်မာအစိုးရက ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဘက်နဲ့မသက်ဆိုင်တဲ့ ကလေးငယ်တွေကို ဒုက္ခပေးတာဟာ ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက် တာဖြစ်တဲ့အတွက် ထိုင်းအစိုးရအနေနဲ့ လူ့အခွင့်အရေးအရ အကာအကွယ်ပေးဖို့တာဝန်ရှိနေပြီး အကောင်းဆုံးအပြည့်အ၀ ကာကွယ်ပေးမယ်လို့လည်း ယုံကြည်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

အခုလို အေအေစစ်ဦးစီးချုပ်မိသားစုဝင်တွေဖမ်းခံရတဲ့အပေါ် ဦးခိုင်သုခသဘောထားက

"စစ်ဘက်နဲ့ မပတ်သက်တဲ့မိသားစုဝင်တွေကို ဒုက္ခပေးတယ်ဆိုတာက လုံးဝမဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ မိသားစုဆိုတာ ကျွန်တော်တို့ဘက်မှာပဲရှိတာမဟုတ်ဘူး။ အစိုးရဘက်မှာလည်း မိသားစုရှိတာပဲ။ သူတို့ ဘက်က ကျွန်တော်တို့မိသားစုတွေကို ပစ်မှတ်ထားလာလို့ရှိရင်တော့ အဲဒီလိုလုပ်ရပ်တွေများလာရင်တော့ တစ်ဖက်နဲ့တစ်ဖက် တင်းမာမှုတွေပိုများလာရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေဖြစ်လာနိုင်တယ်"

ဒီလို စစ်ဦးစီးချုပ်မိသားစုကို ဖမ်းထားတဲ့အတွက် အေအေဘက်က ဖမ်းထားတဲ့ အမျိုးသား လွှတ်တော် အမတ် ဦးဝှေ့တင်းအပါအဝင် ဓားစားခံတွေနဲ့ပတ်သက်လို့ အလျော့အတင်းလုပ်ဖို့တော့ မရှိဘူးလို့ ဦးခိုင်သုခ က ပြောပါတယ်။

အေအေစစ်ဦးစီးချုပ်ရဲ့ ညီ၊ ညီမနဲ့ ယောက်ဖ၊ ဒါ့အပြင် စင်ကာပူက အေအေထောက်ခံတယ်ဆိုတဲ့ ရခိုင်အသင်းခေါင်းဆောင်တွေကို လက်ရှိမှာ မြန်မာအစိုးရက ဖမ်းဆီးတရားစွဲဆိုထားပါတယ်။

BBC Burmese
https://www.bbc.com
ေအေအစစ္ဦးစီးခ်ဳပ္ရဲ႕ဇနီးနဲ႔ ကေလးႏွစ္ဦးကို ထိုင္းအစိုးရ အျပည့္အဝကာကြယ္ေပးဖို႔ ေအေအ ေတာင္းဆို ေအေအစစ္ဦးစီးခ်ဳပ္ရဲ႕ဇနီးနဲ႔ ကေလးႏွစ္ဦးကို ထိုင္းအစိုးရ အျပည့္အဝကာကြယ္ေပးဖို႔ ေအေအ ေတာင္းဆို Reviewed by THITHTOOLWIN on 11:53 Rating: 5
Powered by Blogger.