အေသးစား အလတ္စားလုပ္ငန္းမ်ား အစိုးရ အားေပးမႈလိုအပ္

(၈)ႀကိမ္ေျမာက္ ႏိုင္ငံတကာသံ႐ုံးမ်ားရဲ႕ ကမာၻလွည့့့္ ခရီးသြားလုပ္ငန္း၊ ယဥ္ေက်းမႈနဲ႔ ႏိုင္ငံအလိုက္ ထုတ္ကုန္ေတြျပသတဲ့ ေဆာင္းရာသီ ႏိုင္ငံတကာကုန္စည္ျပပြဲ

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အေသးစား အလတ္စား စီးပြားေရးလုပ္ငန္းေတြကို အစုိးရကသာ အားေပးကူညီ လာမယ္ဆိုရင္ ျပည္တြင္းထုတ္ကုန္လုပ္ငန္း က႑ တုိးတက္လာမွာျဖစ္ၿပီး၊ ျပည္တြင္းစီးပြားေရး တုိးတက္လာေစမွာျဖစ္သလို အလုပ္အကိုင္ အခြင့္အလမ္းေတြ ပိုမ်ားလာမွာျဖစ္တယ္လို႔ SME ေခၚ အေသးစားအလတ္စား လုပ္ငန္းရွင္တခ်ဳိ႕က ေျပာၾကားလိုက္ပါတယ္။ အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီၿမဳိ႕ေတာ္မွာက်င္းပတဲ့ ၈ ႀကိမ္ေျမာက္ ေဆာင္းရာသီ ႏိုင္ငံတကာကုန္စည္ျပပြဲအၿပီး အဲဒီလို ေျပာဆိုလိုက္တာပါ။ ဒီအေၾကာင္း ကုိဥာဏ္ဝင္းေအာင္က တင္ျပထား ပါတယ္။

International Trade Center နဲ႔ TCMA တို႔က ႀကီးမႉးက်င္းပတဲ့ (၈)ႀကိမ္ေျမာက္ ႏိုင္ငံတကာသံ႐ုံးမ်ားရဲ႕ ကမာၻလွည့့့္ ခရီးသြားလုပ္ငန္း၊ ယဥ္ေက်းမႈနဲ႔ ႏိုင္ငံအလိုက္ ထုတ္ကုန္ေတြျပသတဲ့ ေဆာင္းရာသီ ႏိုင္ငံတကာကုန္စည္ျပပြဲကို ဝါရွင္တန္ဒီစီၿမဳိ႕ေတာ္ Ronald Reagan ကုန္သြယ္ေရးအေဆာက္အဦမွာ ဒီဇင္ဘာ (၅)ရက္ေန႔က က်င္းပခဲ့ၿပီး ႏိုင္ငံတကာက ေဒသထြက္ကုန္ေတြကို မိတ္ဆက္ ခင္းက်င္းျပသတဲ့ပြဲ ျဖစ္ပါတယ္။ ဒီျပပြဲမွာ ႏိုင္ငံေတြကုိယ္စား ျမန္မာသံရုံးအပါအဝင္ သံ႐ုံးေပါင္း ၆၀ ေလာက္က လုပ္ငန္းရွင္ေတြကို ဖိတ္ေခၚၿပီး လာေရာက္ ျပသ ၾကတာ ျဖစ္ပါတယ္။

ဒီပြဲမွာ ျမန္မာႏိုင္ငံကုိ ကုိယ္စားျပဳတဲ့ စြန္႔ဦးတီထြင္ လုပ္ငန္းရွင္တခ်ဳိ႕လည္း ပါဝင္ခဲ့ၾကၿပီး ျမန္မာ့ထြက္ကုန္ေတြကို ျပသေရာင္းခ်ခဲ့ပါတယ္။ ထန္းရြာ (Toddy Palm Village) လုိ႔အမည္ေပးထားတဲ့ ထန္းထြက္ပစၥည္း လုပ္ငန္းရွင္ ကိုေကာင္စံဟိန္းကေတာ့ ျမန္မာ့ထြက္ကုန္ပစၥည္းကို အျခားႏိုင္ငံေတြက စိတ္ဝင္စားၾကတဲ့အတြက္ အားတက္မိေၾကာင္း ရွင္းျပပါတယ္။

“ က်ေန္ာဆိုရင္ ျမန္မာႏိုင္ငံ အညာေဒသကထြက္တဲ့ ထန္းညႇက္၊ ထန္းသၾကား စတဲ့ ထန္းအေျခခံ စားေသာက္ကုန္ ၃၊၄ မ်ိဳးေလာက္ကို ျပတယ္ခင္ဗ်။ က်ေနာ္တို႔ ဒီ Plam sugar ကိုလည္း စိတ္၀င္စားၾကတယ္။ ေနာက္ၿပီးေတာ့ အခုရာသီက ေအးတဲ့ရာသီျဖစ္တဲ့အတြက္ အညာေဒသကထြက္တဲ့ ထန္းေရခ်ိဳနဲ႔ ဂ်င္းနဲ႔ လုပ္ထားတဲ့ ပစၥည္းကို ဒါကို က်ေနာ္တုိ႔က နမူနာအေနနဲ႔ ပြဲကိုလာတဲ့ ဧည့္သည္ေတြကို ေဖ်ာ္တိုက္တာမ်ိဳးေတြ ရွိတယ္ဆိုေတာ့ လူေတြအရမ္းစိတ္၀င္စားၾကတယ္ သေဘာက်တယ္။ ၀ယ္ၾကတာေတြလည္း မ်ားတယ္ေပါ့ေနာ္။”

ဒီကေန႔ကမၻာမွာ ပလပ္စတစ္ပစၥည္း သုံးစြဲမႈေၾကာင့္ သဘာဝပတ္ဝန္းက်င္ ပ်က္စီး ထိခိုက္လာရတယ္ဆိုၿပီး ေဝဖန္မႈေတြ ျမင့္မားေနခ်ိန္မွာ ကြမ္းပင္ထြက္ သဘာဝပစၥည္းေတြနဲ႔ ပလပ္စတစ္အစားထိုး တခါသုံးပန္းကန္၊ ဇြန္း၊ အစားအစာထည့္တဲ့ဗူး စတဲ့ပစၥည္းေတြ ခင္းက်င္းျပသ ေရာင္းခ်ခဲ့သူကေတာ့ Nature Myanmar ထုတ္ကုန္ပစၥည္း လုပ္ငန္းရွင္ ကိုမင္းဇင္ေအာင္ပဲ ျဖစ္ပါတယ္။

“အဓိကေတာ့ ဒီဘက္ေခတ္က အားလံုးေမွ်ာ္လင့္ေနၾကတာကေတာ့ ပလပ္စတစ္ နဲ႔ ေဖာ့ဘူးေနရာမွာ အစားသံုးႏိုင္မယ့္ပစၥည္းေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ပလပ္စတစ္ နဲ႔ ေဖာ့ဘူးက ကမာၻႀကီးကို အမ်ားႀကီး ဒုကၡေပးေနတယ္။ က်န္းမာေရးအရေရာ သဘာ၀ ပတ္၀န္းက်င္အရေရာ ဆိုတာ အကုန္လံုးက သိတယ္ေပါ့ေနာ္။ က်ေနာ္ထင္တဲ့အတိုင္းပဲ ဒီဘက္မွာလည္း အားလံုးက က်ေနာ္တို႔ ပစၥည္းကို ျမင္တာနဲ႔ ၀မ္းသာအားရနဲ႔ ၾကိဳဆိုတယ္။ Mass Production ထုတ္ဖို႔အတြက္ အားေပးတယ္။ တကယ္လို႔ Mass Production ထုတ္ႏိုင္ၿပီဆိုရင္ သူတို႔ကို ဆက္သြယ္ဖုိ႔ contact ေတြေပးခဲ့တယ္။ အားက်ိဳးမာန္တက္ပါပဲ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားလည္း က်ေနာ္တို႔ကို လာဆက္သြယ္တယ္။”

ႏိုင္ငံတကာက ဝယ္ယူအားေပးလိုတဲ့ ဒီလို စိတ္အားထက္သန္မႈရွိေပမဲ့ ျမန္မာအစိုးရက အေသးစား အလတ္စား စီးပြားေရးလုပ္ငန္းေတြကို အားေပးကူညီ ေျမေတာင္ေျမႇာက္ေပးမွသာ ျပည္တြင္းထုတ္ကုန္လုပ္ငန္း တုိးတက္လာမွာျဖစ္ၿပီး၊ အလုပ္အကိုင္ အခြင့္အလမ္းေတြ ပိုမ်ား လာမွာျဖစ္တယ္လို႔ ကိုမင္းဇင္ေအာင္က သုံးသပ္ပါတယ္။

“က်ေနာ္တို႔ SMES အေသးစားနဲ႔ အလတ္စား ကုန္ထုတ္လုပ္တဲ့ လုပ္ငန္းရွင္ေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဘ႑ာေရးအခက္အခဲနဲ႔ နည္းပညာ အခက္အခဲကို ရင္ဆိုင္ရတာေပါ့ေနာ္။ ဒါေတြကို ေက်ာ္လႊားဖို႔အတြက္ကို ေလာေလာဆည္ေတာ့ ကိုယ္ထူကိုယ္ထပဲ ႀကိဳးစားေနရတယ္။ အစိုးရကို အားကိုးဖို႔လည္း ေလာေလာဆည္မွာ မျဖစ္ႏိုင္တဲ့ အတိုင္းအတာ ၊ အစိုးရကလည္း သူ႔ဟာသူ ရုန္းကန္ေနရတဲ့ အေနအထားမွာ က်ေနာ္တို႔ ဘက္ကို သိပ္ဂရုမစိုက္ႏိုင္ဘူး ။ ဒါေပမယ့္ ကမာၻမွာေတာ့ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားကေတာ့ SME Development ကို အကုန္လံုးက focus ဆိုၿပီးေတာ့ တြန္းအားေပးေနတာရွိတယ္။ တခ်ိဳ႕ႏိုင္ငံမွာ အစိုးရ ကိုယ္တိုင္က Marketing လုပ္ၿပီးေတာ့ သူတို႔ Product ေတြကို ေရာင္းေပးေနတာေတြရွိတယ္။ အေသးစားနဲ႔ အလတ္စား လုပ္ငန္းရွင္ေတြ တိုးတက္လာမွ ႏိုင္ငံရဲ႕ ကုန္ထုတ္လုပ္မႈေတြ တိုးတက္လာမယ္၊ ႏိုင္ငံရဲ႕ စီးပြားေရး တိုးတက္လာမယ္ေပါ့ေနာ္ ၊ အလုပ္အကိုင္ေတြလည္း အမ်ားႀကီး ၀င္လာမယ္၊ ၀င္ေငြေတြလည္း အမ်ားႀကီးတိုးလာမယ္”

(၈)ႀကိမ္ေျမာက္ ေဆာင္းရာသီ ႏိုင္ငံတကာကုန္စည္ျပပြဲမွာ ထန္း႐ြာ(Toddy Palm Village) ၊ Nature Myanmar ၊ JUMJEL ၊ ေအာင္ေန လင္းထြန္းကုမၸဏီရဲ႕ Genius Coffee နဲ႔ Burmese Treasure လုပ္ငန္းတို႔က လာေရာက္ျပသခဲ့ပါတယ္။ ျမန္မာသံ႐ုံးျပခန္းမွာ ထန္းအေျခခံ စားေသာက္ကုန္ေတြအျပင္၊ ကြမ္းသီးဖတ္နဲ႔ ျပဳလုပ္ထားတဲ့ ပလတ္စတစ္အစားထိုး တခါသုံးပန္းကန္၊ ဇြန္း၊ အစားအေသာက္ထည့္တဲ့ဗူး စတာေတြနဲ႔ ၊ အညာေဒသထြက္ သဘာဝဇီးေဖ်ာ္ရည္၊ မန္က်ည္းေဖ်ာ္ရည္၊ ရွမ္းျပည္နယ္က ေကာ္ဖီေတြ ျပသခဲ့ပါတယ္။ ဝါရွင္တန္ ျမန္မာ သံ႐ုံးဟာ ႏွစ္စဥ္က်င္းပတဲ့ ေဆာင္းရာသီျပပြဲကုိ ဒုတိယအႀကိမ္ ပါဝင္ျပသခဲ့တာျဖစ္ၿပီး၊ မႏွစ္တုန္းကျပပြဲကို “ Women Empowerment, Farmers to Markets & Environmental-Friendly-business” ေခါင္းစဥ္နဲ႔ ပါဝင္ျပသခဲ့ပါတယ္။

...................

အသေးစား အလတ်စားလုပ်ငန်းများ အစိုးရ အားပေးမှုလိုအပ်

(Unicode)

မြန်မာနိုင်ငံမှာ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အစိုးရကသာ အားပေးကူညီ လာမယ်ဆိုရင် ပြည်တွင်းထုတ်ကုန်လုပ်ငန်း ကဏ္ဍ တိုးတက်လာမှာဖြစ်ပြီး၊ ပြည်တွင်းစီးပွားရေး တိုးတက်လာစေမှာဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာမှာဖြစ်တယ်လို့ SME ခေါ် အသေးစားအလတ်စား လုပ်ငန်းရှင်တချို့က ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာကျင်းပတဲ့ ၈ ကြိမ်မြောက် ဆောင်းရာသီ နိုင်ငံတကာကုန်စည်ပြပွဲအပြီး အဲဒီလို ပြောဆိုလိုက်တာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထား ပါတယ်။

International Trade Center နဲ့ TCMA တို့က ကြီးမှူးကျင်းပတဲ့ (၈)ကြိမ်မြောက် နိုင်ငံတကာသံရုံးများရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနဲ့ နိုင်ငံအလိုက် ထုတ်ကုန်တွေပြသတဲ့ ဆောင်းရာသီ နိုင်ငံတကာကုန်စည်ပြပွဲကို ဝါရှင်တန်ဒီစီမြို့တော် Ronald Reagan ကုန်သွယ်ရေးအဆောက်အဦမှာ ဒီဇင်ဘာ (၅)ရက်နေ့က ကျင်းပခဲ့ပြီး နိုင်ငံတကာက ဒေသထွက်ကုန်တွေကို မိတ်ဆက် ခင်းကျင်းပြသတဲ့ပွဲ ဖြစ်ပါတယ်။ ဒီပြပွဲမှာ နိုင်ငံတွေကိုယ်စား မြန်မာသံရုံးအပါအဝင် သံရုံးပေါင်း ၆၀ လောက်က လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး လာရောက် ပြသ ကြတာ ဖြစ်ပါတယ်။

ဒီပွဲမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တချို့လည်း ပါဝင်ခဲ့ကြပြီး မြန်မာ့ထွက်ကုန်တွေကို ပြသရောင်းချခဲ့ပါတယ်။ ထန်းရွာ (Toddy Palm Village) လို့အမည်ပေးထားတဲ့ ထန်းထွက်ပစ္စည်း လုပ်ငန်းရှင် ကိုကောင်စံဟိန်းကတော့ မြန်မာ့ထွက်ကုန်ပစ္စည်းကို အခြားနိုင်ငံတွေက စိတ်ဝင်စားကြတဲ့အတွက် အားတက်မိကြောင်း ရှင်းပြပါတယ်။

“ ကျနေ်ာဆိုရင် မြန်မာနိုင်ငံ အညာဒေသကထွက်တဲ့ ထန်းညှက်၊ ထန်းသကြား စတဲ့ ထန်းအခြေခံ စားသောက်ကုန် ၃၊၄ မျိုးလောက်ကို ပြတယ်ခင်ဗျ။ ကျနော်တို့ ဒီ Plam sugar ကိုလည်း စိတ်ဝင်စားကြတယ်။ နောက်ပြီးတော့ အခုရာသီက အေးတဲ့ရာသီဖြစ်တဲ့အတွက် အညာဒေသကထွက်တဲ့ ထန်းရေချိုနဲ့ ဂျင်းနဲ့ လုပ်ထားတဲ့ ပစ္စည်းကို ဒါကို ကျနော်တို့က နမူနာအနေနဲ့ ပွဲကိုလာတဲ့ ဧည့်သည်တွေကို ဖျော်တိုက်တာမျိုးတွေ ရှိတယ်ဆိုတော့ လူတွေအရမ်းစိတ်ဝင်စားကြတယ် သဘောကျတယ်။ ဝယ်ကြတာတွေလည်း များတယ်ပေါ့နော်။”

ဒီကနေ့ကမ္ဘာမှာ ပလပ်စတစ်ပစ္စည်း သုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး ထိခိုက်လာရတယ်ဆိုပြီး ဝေဖန်မှုတွေ မြင့်မားနေချိန်မှာ ကွမ်းပင်ထွက် သဘာဝပစ္စည်းတွေနဲ့ ပလပ်စတစ်အစားထိုး တခါသုံးပန်းကန်၊ ဇွန်း၊ အစားအစာထည့်တဲ့ဗူး စတဲ့ပစ္စည်းတွေ ခင်းကျင်းပြသ ရောင်းချခဲ့သူကတော့ Nature Myanmar ထုတ်ကုန်ပစ္စည်း လုပ်ငန်းရှင် ကိုမင်းဇင်အောင်ပဲ ဖြစ်ပါတယ်။

“အဓိကတော့ ဒီဘက်ခေတ်က အားလုံးမျှော်လင့်နေကြတာကတော့ ပလပ်စတစ် နဲ့ ဖော့ဘူးနေရာမှာ အစားသုံးနိုင်မယ့်ပစ္စည်းပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ပလပ်စတစ် နဲ့ ဖော့ဘူးက ကမ္ဘာကြီးကို အများကြီး ဒုက္ခပေးနေတယ်။ ကျန်းမာရေးအရရော သဘာ၀ ပတ်ဝန်းကျင်အရရော ဆိုတာ အကုန်လုံးက သိတယ်ပေါ့နော်။ ကျနော်ထင်တဲ့အတိုင်းပဲ ဒီဘက်မှာလည်း အားလုံးက ကျနော်တို့ ပစ္စည်းကို မြင်တာနဲ့ ဝမ်းသာအားရနဲ့ ကြိုဆိုတယ်။ Mass Production ထုတ်ဖို့အတွက် အားပေးတယ်။ တကယ်လို့ Mass Production ထုတ်နိုင်ပြီဆိုရင် သူတို့ကို ဆက်သွယ်ဖို့ contact တွေပေးခဲ့တယ်။ အားကျိုးမာန်တက်ပါပဲ နိုင်ငံတော်တော်များများလည်း ကျနော်တို့ကို လာဆက်သွယ်တယ်။”

နိုင်ငံတကာက ဝယ်ယူအားပေးလိုတဲ့ ဒီလို စိတ်အားထက်သန်မှုရှိပေမဲ့ မြန်မာအစိုးရက အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အားပေးကူညီ မြေတောင်မြှောက်ပေးမှသာ ပြည်တွင်းထုတ်ကုန်လုပ်ငန်း တိုးတက်လာမှာဖြစ်ပြီး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများ လာမှာဖြစ်တယ်လို့ ကိုမင်းဇင်အောင်က သုံးသပ်ပါတယ်။

“ကျနော်တို့ SMES အသေးစားနဲ့ အလတ်စား ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေ တော်တော်များများကတော့ ဘဏ္ဍာရေးအခက်အခဲနဲ့ နည်းပညာ အခက်အခဲကို ရင်ဆိုင်ရတာပေါ့နော်။ ဒါတွေကို ကျော်လွှားဖို့အတွက်ကို လောလောဆည်တော့ ကိုယ်ထူကိုယ်ထပဲ ကြိုးစားနေရတယ်။ အစိုးရကို အားကိုးဖို့လည်း လောလောဆည်မှာ မဖြစ်နိုင်တဲ့ အတိုင်းအတာ ၊ အစိုးရကလည်း သူ့ဟာသူ ရုန်းကန်နေရတဲ့ အနေအထားမှာ ကျနော်တို့ ဘက်ကို သိပ်ဂရုမစိုက်နိုင်ဘူး ။ ဒါပေမယ့် ကမ္ဘာမှာတော့ နိုင်ငံတော်တော်များများကတော့ SME Development ကို အကုန်လုံးက focus ဆိုပြီးတော့ တွန်းအားပေးနေတာရှိတယ်။ တချို့နိုင်ငံမှာ အစိုးရ ကိုယ်တိုင်က Marketing လုပ်ပြီးတော့ သူတို့ Product တွေကို ရောင်းပေးနေတာတွေရှိတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေ တိုးတက်လာမှ နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုတွေ တိုးတက်လာမယ်၊ နိုင်ငံရဲ့ စီးပွားရေး တိုးတက်လာမယ်ပေါ့နော် ၊ အလုပ်အကိုင်တွေလည်း အများကြီး ဝင်လာမယ်၊ ဝင်ငွေတွေလည်း အများကြီးတိုးလာမယ်”

(၈)ကြိမ်မြောက် ဆောင်းရာသီ နိုင်ငံတကာကုန်စည်ပြပွဲမှာ ထန်းရွာ(Toddy Palm Village) ၊ Nature Myanmar ၊ JUMJEL ၊ အောင်နေ လင်းထွန်းကုမ္ပဏီရဲ့ Genius Coffee နဲ့ Burmese Treasure လုပ်ငန်းတို့က လာရောက်ပြသခဲ့ပါတယ်။ မြန်မာသံရုံးပြခန်းမှာ ထန်းအခြေခံ စားသောက်ကုန်တွေအပြင်၊ ကွမ်းသီးဖတ်နဲ့ ပြုလုပ်ထားတဲ့ ပလတ်စတစ်အစားထိုး တခါသုံးပန်းကန်၊ ဇွန်း၊ အစားအသောက်ထည့်တဲ့ဗူး စတာတွေနဲ့ ၊ အညာဒေသထွက် သဘာဝဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်၊ ရှမ်းပြည်နယ်က ကော်ဖီတွေ ပြသခဲ့ပါတယ်။ ဝါရှင်တန် မြန်မာ သံရုံးဟာ နှစ်စဉ်ကျင်းပတဲ့ ဆောင်းရာသီပြပွဲကို ဒုတိယအကြိမ် ပါဝင်ပြသခဲ့တာဖြစ်ပြီး၊ မနှစ်တုန်းကပြပွဲကို “ Women Empowerment, Farmers to Markets & Environmental-Friendly-business” ခေါင်းစဉ်နဲ့ ပါဝင်ပြသခဲ့ပါတယ်။

ကိုဉာဏ္ဝင္းေအာင္/ VOA Burmese
https://burmese.voanews.com
အေသးစား အလတ္စားလုပ္ငန္းမ်ား အစိုးရ အားေပးမႈလိုအပ္ အေသးစား အလတ္စားလုပ္ငန္းမ်ား အစိုးရ အားေပးမႈလိုအပ္ Reviewed by THITHTOOLWIN on 11:35 Rating: 5
Powered by Blogger.