ဖေလာ္ရီဒါပစ္ခတ္မႈအတြက္ ေဆာ္ဒီဘုရင္က အေမရိကန္ကို ဝမ္းနည္းစကားေျပာ

ဖေလာ္ရီဒါပစ္ခတ္မႈအတြက္ ေဆာ္ဒီဘုရင္က အေမရိကန္ကို ဝမ္းနည္းစကားေျပာ 
(Zawgyi)⤵⤵⤵
ဖေလာ္ရီဒါက စစ္တပ္စခန္းတစ္ခုမွာ ေဆာ္ဒီအာေရဗ် ႏိုင္ငံသား ေသနတ္သမားက ပစ္လို႔ လူသုံးဦး ေသဆုံးခဲ့ရၿပီး ေဆာ္ဒီဘုရင္က အဲဒီအတြက္ ဝမ္းနည္းရေၾကာင္း သတင္းစကားပါးတယ္လို႔ အေမရိကန္ သမၼတထရမ့္က ေျပာပါတယ္။

ေသနတ္သမားဟာ ႐ိုင္းစိုင္းတဲ့လုပ္ရပ္ကို လုပ္ခဲ့တာျဖစ္ၿပီး ေဆာ္ဒီျပည္သူေတြက ေဒါသထြက္ေနတယ္။ ဒါဟာ ေဆာ္ဒီျပည္သူေတြရဲ႕ သေဘာထားကို မထင္ဟပ္ဘူး၊ ေဆာ္ဒီျပည္သူေတြက အေမရိကန္လူထုကို ခ်စ္ခင္တဲ့အေၾကာင္း ေဆာ္ဒီဘုရင္က ေျပာတယ္လို႔ သမၼတ ထရမ့္က ေျပာၾကားခဲ့ပါတယ္။

အေမရိကန္မွာ သင္တန္းတက္ဖို႔ေရာက္ေနတဲ့ အဲဒီေသနတ္သမားပစ္ခတ္မႈေၾကာင့္ လူသုံးဦး ေသဆုံး တာအျပင္ ေနာက္ထပ္ လူရွစ္ဦး ဒဏ္ရာရသြားပါတယ္။ ဒဏ္ရာရသူရွစ္ဦးထဲမွာ အရာရွိႏွစ္ဦးပါဝင္ပါတယ္။

မိုဟာမက္ဆာအစ္အယ္ရွန္ရာနီ လို႔ အမည္ရတဲ့ အဲဒီေသနတ္သမားဟာ ေဆာ္ဒီစစ္တပ္က ျဖစ္ၿပီး ေဖာ္ရီဒါေလတပ္စခန္းမွာ သင္တန္းတက္ဖို႔ ေရာက္ရွိေနတာျဖစ္ပါတယ္။ ပစ္ခတ္မႈအၿပီးမွာ သူကိုယ္တိုင္လည္း သူ႔ကိုယ္သူ ေသနတ္နဲ႔ပစ္ၿပီး အဆုံးစီရင္သြားတယ္လို႔ အာဏာပိုင္ေတြက ဆိုပါတယ္။

ပစ္တဲ့သူကိုယ္တိုင္လည္း သူ႔ကိုယ္သူ ေသနတ္နဲ႔ပစ္ၿပီး အဆုံးစီရင္သြားပါတယ္။

ဘာေၾကာင့္ သူ အဲဒီလိုလုပ္လဲဆိုတာကိုေတာ့ စုံစမ္းေနဆဲပဲလို႔ ဖေလာ္ရီဒါျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ေရာ္နီစန္တစ္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဖလော်ရီဒါရေကြောင်းလေတပ်အခြေစိုက်စခန်း

ဖလော်ရီဒါက စစ်တပ်စခန်းတစ်ခုမှာ ဆော်ဒီအာရေဗျ နိုင်ငံသား သေနတ်သမားက ပစ်လို့ လူသုံးဦး သေဆုံးခဲ့ရပြီး ဆော်ဒီဘုရင်က အဲဒီအတွက် ဝမ်းနည်းရကြောင်း သတင်းစကားပါးတယ်လို့ အမေရိကန် သမ္မတထရမ့်က ပြောပါတယ်။

သေနတ်သမားဟာ ရိုင်းစိုင်းတဲ့လုပ်ရပ်ကို လုပ်ခဲ့တာဖြစ်ပြီး ဆော်ဒီပြည်သူတွေက ဒေါသထွက်နေတယ်။ ဒါဟာ ဆော်ဒီပြည်သူတွေရဲ့ သဘောထားကို မထင်ဟပ်ဘူး၊ ဆော်ဒီပြည်သူတွေက အမေရိကန်လူထုကို ချစ်ခင်တဲ့အကြောင်း ဆော်ဒီဘုရင်က ပြောတယ်လို့ သမ္မတ ထရမ့်က ပြောကြားခဲ့ပါတယ်။

အမေရိကန်မှာ သင်တန်းတက်ဖို့ရောက်နေတဲ့ အဲဒီသေနတ်သမားပစ်ခတ်မှုကြောင့် လူသုံးဦး သေဆုံး တာအပြင် နောက်ထပ် လူရှစ်ဦး ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာရသူရှစ်ဦးထဲမှာ အရာရှိနှစ်ဦးပါဝင်ပါတယ်။

မိုဟာမက်ဆာအစ်အယ်ရှန်ရာနီ လို့ အမည်ရတဲ့ အဲဒီသေနတ်သမားဟာ ဆော်ဒီစစ်တပ်က ဖြစ်ပြီး ဖော်ရီဒါလေတပ်စခန်းမှာ သင်တန်းတက်ဖို့ ရောက်ရှိနေတာဖြစ်ပါတယ်။ ပစ်ခတ်မှုအပြီးမှာ သူကိုယ်တိုင်လည်း သူ့ကိုယ်သူ သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ပစ်တဲ့သူကိုယ်တိုင်လည်း သူ့ကိုယ်သူ သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားပါတယ်။

ဘာကြောင့် သူ အဲဒီလိုလုပ်လဲဆိုတာကိုတော့ စုံစမ်းနေဆဲပဲလို့ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရော်နီစန်တစ်က ပြောပါတယ်။

BBC Burmese
https://www.bbc.com
ဖေလာ္ရီဒါပစ္ခတ္မႈအတြက္ ေဆာ္ဒီဘုရင္က အေမရိကန္ကို ဝမ္းနည္းစကားေျပာ ဖေလာ္ရီဒါပစ္ခတ္မႈအတြက္ ေဆာ္ဒီဘုရင္က အေမရိကန္ကို ဝမ္းနည္းစကားေျပာ Reviewed by THITHTOOLWIN on 11:55 Rating: 5
Powered by Blogger.