ဘက္တီးရီးယားဆိုတိုင္း ဆိုးသလား

(Zawgyi)⤵⤵⤵
ဘက္တီးရီးယားလို႔ ဆိုလိုက္တာနဲ႔ လူေတြကို ဒုကၡေပးတဲ့ ေရာဂါပိုးေတြအျဖစ္ မွတ္ထားၾကတာမ်ားပါတယ္။ လူေတြ မွတ္ထားၾကသလိုပဲ ဘက္တီးရီးယားတိုင္းက ဆိုးတာလား။

ဘက္တီးရီးယားတိုင္းက မဆိုးပါဘူး။ ဥပမာေျပာရရင္ စစ္တပ္နဲ႔ ေတာခိုေနတဲ့ သူပုန္ေတြလိုေပါ့။ ႏွစ္ဘက္လုံးကေတာ့ လက္နက္ကိုင္ အဖြဲ႕အစည္းျဖစ္ေနေပမယ့္ တစ္ဘက္က တိုင္းျပည္ကို အက်ိဳးျပဳတာ တစ္ဘက္ကဆိုးက်ိဳးေတြေပးတာ။ ေနာက္ဆုံးက် သူတို႔ပဲ အခ်င္းခ်င္းျပန္တိုက္ရတာပဲ။

ဆိုးတဲ့ ဘက္တီးရီးယားေတြဆိုတာ ကိုယ္ခႏၶါျပင္ပက ဘက္တီးရီးယားေတြကို ေျပာတာပါ။ အျပင္က ဝင္လာတာမဟုတ္ဘဲ ခႏၶါကိုယ္ထဲမွာ နဂိုတည္းက ရွိေနတဲ့ ဘက္တီးရီးယားေတြရွိပါတယ္။ သူတို႔ကေတာ့အက်ိဳးျပဳ ဘက္တီးရီးယား (Probiotics) ေတြပါ။ အျပင္က ဝင္လာတဲ့ ဘက္တီးရီးယားေတြကို တိုက္ထုတ္ဖို႔ သူတို႔က တာဝန္ယူရပါတယ္။ ကိုယ္တြင္းစစ္တပ္ႀကီးေပါ့။

အက်ိဳးျပဳ ဘက္တီးရီးယား (Probiotics) ဆိုတာဘာလဲ ။ ။

အက်ိဳးျပဳ ဘက္တီးရီးယား (Probiotics) ေတြဟာ အူလမ္းေၾကာင္းမွာ အေျခခ်ေနထိုင္တဲ့ ဘက္တီးရီးယား အုပ္စုေတြပါ။ ဒီ Probiotics ေတြဟာ အစာေျခစနစ္ႀကီး က်န္းမာဖို႔အဓိက တာဝန္ယူရၿပီး စားလိုက္တဲ့အစားအစာေတြကို ေျခဖ်က္ဖို႔နဲ႔ ႏုနယ္ေသးတဲ့ကေလးရဲ႕ အူလမ္းေၾကာင္းထဲ ျပင္ပကဝင္လာတဲ့ မေကာင္းတဲ့ ဘက္တီးရီးယားပိုးေတြကို တိုက္ထုတ္ဖို႔အတြက္ သူတို႔ က မရွိမျဖစ္လိုအပ္တဲ့အရာေတြပါ။

အျပင္က မေကာင္းတဲ့ ဘက္တီးရီးယားေတြကို ႏိုင္ဖို႔အတြက္ ဒီကိုယ္တြင္းစစ္တပ္ႀကီး့အက်ိဳးျပဳ ဘက္တီးရီးယား (Probiotics) ေတြ အားအင္ျပည့္ဝေနဖို႔လိုပါတယ္။ ဒီလို အားရွိေနမွ က်န္းမာတဲ့ ကိုယ္ခႏၶါျဖစ္ေအာင္ သူတို႔က ေစာင့္ေရွာက္ေပးမွာကိုး။ ဒီေတာ့ အက်ိဳးျပဳ ဘက္တီးရီးယား(Probiotics) ေတြအားရွိဖို႔အတြက္ သူတို႔အစာျဖစ္တဲ့ အက်ိဳးျပဳ ဘက္တီးရီးယားအာဟာရ (Prebiotics) ေတြလိုအပ္ပါတယ္။

အက်ိဳးျပဳ ဘက္တီးရီးယားအာဟာရ (Prebiotics) ဆိုတာ ဘာလဲ ။ ။

အက်ိဳးျပဳ ဘက္တီးရီးယား(Probiotics) ေတြ အတြက္ lcFOS လို Prebioticsေတြလိုအပ္ပါတယ္။ Prebiotics ဆိုတာ အူထဲမွာေခ်ဖ်က္စုပ္ယူလို႔မရေပမယ့္ အစာေျခလမ္းေၾကာင္းထဲမွာက်န္ရွိေနၿပီး အူတြင္းဘက္တီးရီးယားေတြအတြက္ အာဟာရအျဖစ္ေထာက္ပံ့ေပးတဲ့ ကာဗိုဟိုက္ဒရိတ္ေတြ သို႔မဟုတ္ အမွ်င္ဓါတ္ ေတြျဖစ္ပါတယ္။ lcFOS ဆိုတာprebiotic တစ္မ်ိဳးျဖစ္တဲ့ long chain fructo-oligosaccharides ရဲ႕ အတိုေကာက္ျဖစ္ပါတယ္။ မိခင္ႏို႔ နဲ႔ ႏို႔မႈန္႔တခ်ိဳ႕မွာ ပါရွိတဲ့ lcFOS က ကေလးရဲ႕အူမႀကီးအတြင္းမွာရွိတဲ့ အက်ိဳးျပဳဘက္တီးရီးယားေလးေတြရဲ႕ ဖြံ႕ၿဖိဳးမႈနဲ႔လုပ္ေဆာင္ခ်က္ကို ႏႈိးဆြေပးႏိုင္စြမ္းရွိပါတယ္။ ဒါ့ေၾကာင့္ပဲ ကေလးေတြမွာ ဝမ္းမွန္ေစၿပီးေမြးကင္းစအ႐ြယ္ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ Prebiotics ေတြက အစာေခ်ဖ်က္ႏိုင္စြမ္းနဲ႔ အာဟာရနဲ႔ သတၱဳဓါတ္ေတြ စုပ္ယူႏိုင္စြမ္းကိုေကာင္းမြန္ေစတဲ့အျပင္ ခြန္အားတိုးေစၿပီး ကေလးေတြရဲ႕ ကိုယ္ခံအားစနစ္ကိုျမႇင့္တင္ေပးႏိုင္ပါတယ္။

ဒီေတာ့ခိုင္းႏႈိင္းေျပာရရင္ ေရွ႕တန္းေရာက္ေနတဲ့ စစ္သား အက်ိဳးျပဳ ဘက္တီးရီးယား(Probiotics) ေတြကို ရိကၡါေတြ ျဖစ္တဲ့ အက်ိဳးျပဳ ဘက္တီးရီးယားအာဟာရ (Prebiotics) ေတြ ပို႔ေပးရသလိုေပါ့။ ဒီေနရာမွာ ရိကၡါပို႔ဖို႔တာဝန္ယူတဲ့သူဟာ ေမေမတို႔ ျဖစ္သြားပါၿပီ။

ဒီလို (Prebiotics) ေတြကို ဘယ္ကေနရသလဲ ။ ။

(Prebiotics) ေတြကို ဂ်ဳံေျပာင္းႏွံေတြ၊ သစ္သီး၊ အသီးအ႐ြက္ေတြနဲ႔ တျခားအမွ်င္ဓါတ္မ်ားတဲ့ အစားအစာေတြကေန ရရွိႏိုင္တယ္ဆိုေပမယ့္ ဒီဓါတ္ဟာ မိခင္ႏို႔မွာ ပါဝင္ၿပီးသားျဖစ္တာေၾကာင့္ ကေလးေတြအတြက္ကေတာ့ မိခင္ႏို႔ကေနပဲ အဓိကရမွာပါ။ ဒါဆို မိခင္ႏို႔မေသာက္ရတဲ့ ကေလးေတြဆို ဘယ္လိုလုပ္မလဲ။ ။

မိခင္ႏို႔မေသာက္ရတဲ့ ကေလးေတြဆိုေတာ့ သူတို႔အတြက္ အာဟာရက အာဟာရျဖည့္စြက္ႏို႔မႈန္႔ေတြကေန အဓိက ရတာေၾကာင့္ lcFOS လို Prebioticsပါတဲ့ ႏို႔မႈန္႔ေတြကို ကေလးကိုေ႐ြးခ်ယ္တိုက္ျဖစ္ဖို႔ အေရးႀကီးပါတယ္။ ဒါမွ ကေလး အစာေျခစနစ္အတြက္ စိတ္ခ်ရၿပီး အျပင္က ေရာဂါပိုးေတြလည္း မဝင္ႏိုင္ ခုခံအားလည္း ေကာင္းလာမွာ ျဖစ္ပါတယ္။

ဒီေတာ့ အခ်ဳပ္ျပန္ေျပာရရင္ ေကာင္းတဲ့ဘက္တီးရီးယားေတြလည္း ရွိေသးတာေၾကာင့္ ဘက္တီးရီးယားတိုင္းက လူဆိုးမဟုတ္ပါဘူး။ ရွင္သန္ေပါက္ဖြားရတဲ့ နယ္ေျမေပၚမူတည္ၿပီး အေကာင္းနဲ႔ အဆိုး ကြဲျပားသြားတာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ဆိုးတဲ့ဘက္တီးရီးယားေတြကို ႏွိမ္းနင္းဖို႔အတြက္ ေကာင္းတဲ့ဘက္တီးရီးယားေတြရွိဖို႔ လိုအပ္တာေၾကာင့္ သူတို႔ရဲ႕ အာဟာရျဖစ္တဲ့ Prebiotics (အက်ိဳးျပဳဘက္တီးရီးယားအာဟာရ) ကလည္း အေရးႀကီးတယ္ေနာ္။ ။

ေရးသားသူ Dr. Thin Yadanar @ Frances
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-----------
(Unicode)⤵⤵⤵
ဘက်တီးရီးယားဆိုတိုင်း ဆိုးသလား

၁၆ ဒီဇင်ဘာ

ဘက်တီးရီးယားလို့ ဆိုလိုက်တာနဲ့ လူတွေကို ဒုက္ခပေးတဲ့ ရောဂါပိုးတွေအဖြစ် မှတ်ထားကြတာများပါတယ်။ လူတွေ မှတ်ထားကြသလိုပဲ ဘက်တီးရီးယားတိုင်းက ဆိုးတာလား။

ဘက်တီးရီးယားတိုင်းက မဆိုးပါဘူး။ ဥပမာပြောရရင် စစ်တပ်နဲ့ တောခိုနေတဲ့ သူပုန်တွေလိုပေါ့။ နှစ်ဘက်လုံးကတော့ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်နေပေမယ့် တစ်ဘက်က တိုင်းပြည်ကို အကျိုးပြုတာ တစ်ဘက်ကဆိုးကျိုးတွေပေးတာ။ နောက်ဆုံးကျ သူတို့ပဲ အချင်းချင်းပြန်တိုက်ရတာပဲ။

ဆိုးတဲ့ ဘက်တီးရီးယားတွေဆိုတာ ကိုယ်ခန္ဓါပြင်ပက ဘက်တီးရီးယားတွေကို ပြောတာပါ။ အပြင်က ဝင်လာတာမဟုတ်ဘဲ ခန္ဓါကိုယ်ထဲမှာ နဂိုတည်းက ရှိနေတဲ့ ဘက်တီးရီးယားတွေရှိပါတယ်။ သူတို့ကတော့အကျိုးပြု ဘက်တီးရီးယား (Probiotics) တွေပါ။ အပြင်က ဝင်လာတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ဖို့ သူတို့က တာဝန်ယူရပါတယ်။ ကိုယ်တွင်းစစ်တပ်ကြီးပေါ့။

အကျိုးပြု ဘက်တီးရီးယား (Probiotics) ဆိုတာဘာလဲ ။ ။

အကျိုးပြု ဘက်တီးရီးယား (Probiotics) တွေဟာ အူလမ်းကြောင်းမှာ အခြေချနေထိုင်တဲ့ ဘက်တီးရီးယား အုပ်စုတွေပါ။ ဒီ Probiotics တွေဟာ အစာခြေစနစ်ကြီး ကျန်းမာဖို့အဓိက တာဝန်ယူရပြီး စားလိုက်တဲ့အစားအစာတွေကို ခြေဖျက်ဖို့နဲ့ နုနယ်သေးတဲ့ကလေးရဲ့ အူလမ်းကြောင်းထဲ ပြင်ပကဝင်လာတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်ဖို့အတွက် သူတို့ က မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။

အပြင်က မကောင်းတဲ့ ဘက်တီးရီးယားတွေကို နိုင်ဖို့အတွက် ဒီကိုယ်တွင်းစစ်တပ်ကြီး့အကျိုးပြု ဘက်တီးရီးယား (Probiotics) တွေ အားအင်ပြည့်ဝနေဖို့လိုပါတယ်။ ဒီလို အားရှိနေမှ ကျန်းမာတဲ့ ကိုယ်ခန္ဓါဖြစ်အောင် သူတို့က စောင့်ရှောက်ပေးမှာကိုး။ ဒီတော့ အကျိုးပြု ဘက်တီးရီးယား(Probiotics) တွေအားရှိဖို့အတွက် သူတို့အစာဖြစ်တဲ့ အကျိုးပြု ဘက်တီးရီးယားအာဟာရ (Prebiotics) တွေလိုအပ်ပါတယ်။

အကျိုးပြု ဘက်တီးရီးယားအာဟာရ (Prebiotics) ဆိုတာ ဘာလဲ ။ ။

အကျိုးပြု ဘက်တီးရီးယား(Probiotics) တွေ အတွက် lcFOS လို Prebioticsတွေလိုအပ်ပါတယ်။ Prebiotics ဆိုတာ အူထဲမှာချေဖျက်စုပ်ယူလို့မရပေမယ့် အစာခြေလမ်းကြောင်းထဲမှာကျန်ရှိနေပြီး အူတွင်းဘက်တီးရီးယားတွေအတွက် အာဟာရအဖြစ်ထောက်ပံ့ပေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေ သို့မဟုတ် အမျှင်ဓါတ် တွေဖြစ်ပါတယ်။ lcFOS ဆိုတာprebiotic တစ်မျိုးဖြစ်တဲ့ long chain fructo-oligosaccharides ရဲ့ အတိုကောက်ဖြစ်ပါတယ်။ မိခင်နို့ နဲ့ နို့မှုန့်တချို့မှာ ပါရှိတဲ့ lcFOS က ကလေးရဲ့အူမကြီးအတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်ပဲ ကလေးတွေမှာ ဝမ်းမှန်စေပြီးမွေးကင်းစအရွယ်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Prebiotics တွေက အစာချေဖျက်နိုင်စွမ်းနဲ့ အာဟာရနဲ့ သတ္တုဓါတ်တွေ စုပ်ယူနိုင်စွမ်းကိုကောင်းမွန်စေတဲ့အပြင် ခွန်အားတိုးစေပြီး ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။

ဒီတော့ခိုင်းနှိုင်းပြောရရင် ရှေ့တန်းရောက်နေတဲ့ စစ်သား အကျိုးပြု ဘက်တီးရီးယား(Probiotics) တွေကို ရိက္ခါတွေ ဖြစ်တဲ့ အကျိုးပြု ဘက်တီးရီးယားအာဟာရ (Prebiotics) တွေ ပို့ပေးရသလိုပေါ့။ ဒီနေရာမှာ ရိက္ခါပို့ဖို့တာဝန်ယူတဲ့သူဟာ မေမေတို့ ဖြစ်သွားပါပြီ။

ဒီလို (Prebiotics) တွေကို ဘယ်ကနေရသလဲ ။ ။

(Prebiotics) တွေကို ဂျုံပြောင်းနှံတွေ၊ သစ်သီး၊ အသီးအရွက်တွေနဲ့ တခြားအမျှင်ဓါတ်များတဲ့ အစားအစာတွေကနေ ရရှိနိုင်တယ်ဆိုပေမယ့် ဒီဓါတ်ဟာ မိခင်နို့မှာ ပါဝင်ပြီးသားဖြစ်တာကြောင့် ကလေးတွေအတွက်ကတော့ မိခင်နို့ကနေပဲ အဓိကရမှာပါ။ ဒါဆို မိခင်နို့မသောက်ရတဲ့ ကလေးတွေဆို ဘယ်လိုလုပ်မလဲ။ ။

မိခင်နို့မသောက်ရတဲ့ ကလေးတွေဆိုတော့ သူတို့အတွက် အာဟာရက အာဟာရဖြည့်စွက်နို့မှုန့်တွေကနေ အဓိက ရတာကြောင့် lcFOS လို Prebioticsပါတဲ့ နို့မှုန့်တွေကို ကလေးကိုရွေးချယ်တိုက်ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှ ကလေး အစာခြေစနစ်အတွက် စိတ်ချရပြီး အပြင်က ရောဂါပိုးတွေလည်း မဝင်နိုင် ခုခံအားလည်း ကောင်းလာမှာ ဖြစ်ပါတယ်။

ဒီတော့ အချုပ်ပြန်ပြောရရင် ကောင်းတဲ့ဘက်တီးရီးယားတွေလည်း ရှိသေးတာကြောင့် ဘက်တီးရီးယားတိုင်းက လူဆိုးမဟုတ်ပါဘူး။ ရှင်သန်ပေါက်ဖွားရတဲ့ နယ်မြေပေါ်မူတည်ပြီး အကောင်းနဲ့ အဆိုး ကွဲပြားသွားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဆိုးတဲ့ဘက်တီးရီးယားတွေကို နှိမ်းနင်းဖို့အတွက် ကောင်းတဲ့ဘက်တီးရီးယားတွေရှိဖို့ လိုအပ်တာကြောင့် သူတို့ရဲ့ အာဟာရဖြစ်တဲ့ Prebiotics (အကျိုးပြုဘက်တီးရီးယားအာဟာရ) ကလည်း အရေးကြီးတယ်နော်။ ။

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ဘက္တီးရီးယားဆိုတိုင္း ဆိုးသလား ဘက္တီးရီးယားဆိုတိုင္း ဆိုးသလား Reviewed by THITHTOOLWIN on 21:54 Rating: 5
Powered by Blogger.