ကေလးေတြ အေအးမိတုပ္ေကြးမျဖစ္ေစဖို႔ ဘယ္လိုကာကြယ္မလဲ

(Zawgyi)⤵⤵⤵
ဘယ္ေရာဂါမဆို မျဖစ္ခင္ကတည္းက ႀကိဳတင္ကာကြယ္တာ အေကာင္းဆုံးပါပဲ။ အခုလို ပူလိုက္၊ ေအးလိုက္ျဖစ္ေနတဲ့ ရာသီဥတုမွာ ကေလးေတြတင္မကပါဘူး။ လူႀကီးေတြလည္း မၾကာခဏ အေအးမိဖ်ားနာျဖစ္လိုက္၊ ႏွာေစးေခ်ာင္းဆိုးလိုက္နဲ႔ ေဝဒနာေတြကို ခံစားေနၾကရတာပါ။

အေအးမိတုပ္ေကြးေရာဂါဟာ ဗိုင္းရပ္စ္ပိုးကေနတစ္ဆင့္ အမ်ားဆုံး ကူးစက္ၿပီး ေရာဂါပိုးဟာ အသက္ရႉလမ္းေၾကာင္းထဲကို ဝင္ေရာက္ၿပီး ကူးစက္ပါတယ္။ ပိုးေတြ ပြားလာတဲ့အခါမွာ လည္ေခ်ာင္းနာျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ႏွာေစးျခင္း၊ မ်က္ရည္ပူက်ျခင္း စတဲ့ ေရာဂါလကၡဏာေတြအျပင္ အျပင္းဖ်ားတာ၊ ႂကြက္သား နာက်င္ကိုက္ခဲလာတဲ့အထိ ျပင္းထန္ႏိုင္ပါတယ္။

ကေလးမ်ားနဲ႔ အေအးမိတုပ္ေကြးေရာဂါ

အသက္ငယ္တဲ့ ကေလးေတြမွာ ကိုယ္ခံအားနည္းတဲ့အတြက္ လူႀကီးေတြထက္ ပိုၿပီး ဖ်ားနာႏိုင္ေျခ၊ ေရာဂါပိုးကူးစက္ႏိုင္ေျခ ပိုမ်ားပါတယ္။ အ႐ြယ္ငယ္ေသးတဲ့ ကေလးေတြ အထူးသျဖင့္ အသက္ ၂ ႏွစ္ေအာက္ ကေလးေတြမွာ အေအးမိတုပ္ေကြး ကူးစက္ႏိုင္ေျခ ျမင့္တဲ့အျပင္ ေသဆုံးႏိုင္သည္အထိ ေရာဂါလကၡဏာ ျပင္းထန္ႏိုင္ပါတယ္။ ဒါေၾကာင့္ ကေလးေတြ အေအးမိတုပ္ေကြး မျဖစ္ေစဖို႔ ဘယ္လိုကာကြယ္ေပးလို႔ရမလဲဆိုတာ ေျပာျပေပးခ်င္ပါတယ္။

၁။ တုပ္ေကြးကာကြယ္ေဆး ထိုးေပးပါ။

အသက္ ၆လနဲ႔ အထက္ ကေလးတိုင္းကို တုပ္ေကြးကာကြယ္ေဆး ႏွစ္စဥ္ ထိုးေပးဖို႔ လိုအပ္ပါတယ္။ တုပ္ေကြးကေန တစ္ဆင့္ ပိုျပင္းထန္တဲ့ ေရာဂါေတြ ျဖစ္လာႏိုင္တဲ့အတြက္ တုပ္ေကြးကာကြယ္ေဆးကို မပ်က္မကြက္ ထိုးေပးရပါမယ္။

အသက္ ၆လ မျပည့္ေသးတဲ့ ကေလးေတြကိုေတာ့ တုပ္ေကြးကာကြယ္ေဆး ထိုးေပးလို႔ မရတဲ့အတြက္ မိဘေတြ၊ ကေလးကို ျပဳစုေစာင့္ေရွာက္တဲ့ အုပ္ထိန္းသူေတြ၊ အနီးအနားမွာရွိေနတဲ့ မိသားစုဝင္ေတြက ထိုးထားဖို႔ လိုအပ္ပါတယ္။ ကိုယ့္မွာ အေအးမိတုပ္ေကြး ျဖစ္ေနတယ္လို႔ သံသယရွိရင္ေတာ့ ကေလးနဲ႔ နီးနီးကပ္ကပ္ေနတာမ်ိဳး မလုပ္သင့္ပါဘူး။

၂။ လက္ကို ေသခ်ာေဆးေၾကာပါ။

လက္ေဆးတဲ့ အေလ့အက်င့္ဟာ ကေလးေတြကို အေအးမိဖ်ားနာ ကူးစက္ႏိုင္ေျခကို အမ်ားအျပား ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ကေလးေတြဟာ အရာဝတၳဳေတြကိုင္တြယ္ၿပီး၊ လူေတြနဲ႔ ထိေတြ႕ၿပီး လက္ေသခ်ာေဆးဖို႔ ေမ့တတ္ပါတယ္။ မသန္႔ရွင္းတဲ့လက္နဲ႔ ပါးစပ္၊ ႏွာေခါင္းထဲ ထည့္မိတဲ့အခါ၊ ထမင္းစားမိတဲ့အခါမွာ လက္မွာရွိတဲ့ ေရာဂါပိုးမႊားေတြက ဗိုက္ထဲကို ဝင္ၿပီး ဖ်ားနာတာ၊ ဗိုက္ေအာင့္တာေတြ ျဖစ္လာတတ္ပါတယ္။ ဒါေၾကာင့္ ကေလးေတြကို ငယ္စဥ္ကတည္းက လက္ေသခ်ာေဆးဖို႔ အေလ့အက်င့္လုပ္ေပးထားပါ။

လက္ေဆးတဲ့အခါမွာ ေရေအး ဒါမွမဟုတ္ ေရေႏြးနဲ႔ လက္ကို အရင္စိုစြတ္ေအာင္ လုပ္ပါ။

ၿပီးရင္ ေရပိတ္ၿပီး ဆပ္ျပာတိုက္ပါ။

ဆပ္ျပာတိုက္တဲ့အခါမွာ အျမႇဳပ္ထေအာင္ တိုက္ဖို႔ အေရးႀကီးပါတယ္။ လက္ေခ်ာင္းၾကား၊ လက္သည္းၾကား၊ လက္ဖမိုး ေနရာအႏွံ႔ကို ဆပ္ျပာနဲ႔ ႏွံ႔စပ္ေအာင္ တိုက္ေပးပါ။

အနည္းဆုံး စကၠန္႔ ၂၀ေလာက္ တိုက္ၿပီးသြားၿပီဆိုေတာ့မွ ေရနဲ႔ ဆပ္ျပာေတြ ေျပာင္စင္ေအာင္ ေဆးေၾကာပါ။

သန္႔ရွင္းတဲ့ လက္သုတ္ပဝါနဲ႔ လက္ကို ေျခာက္ေအာင္ သုတ္ပါ။

ကိုယ့္ရဲ႕ ကေလး လက္ေသခ်ာ ေဆးေၾကာတတ္ဖို႔အတြက္ လူႀကီးေတြက ေဘးနားကေန အရင္လုပ္ျပပါ။ ၿပီးေတာ့မွ ကေလးေတြကို ကိုယ္တိုင္ ေဆးေၾကာခိုင္းၾကည့္ပါ။ အစာမစားခင္နဲ႔ အစာစားၿပီးခ်ိန္၊ အိမ္သာတက္ၿပီး ထြက္လာတဲ့အခါ၊ ကစားၿပီးတဲ့အခါ၊ အျပင္က ျပန္လာတဲ့အခါနဲ႔ ဘယ္အရာဝတၳဳကိုမဆို ကိုင္တြယ္ၿပီးတိုင္း လက္ကို ေသခ်ာေဆးေၾကာဖို႔အတြက္ အေလ့အက်င့္ လုပ္ထားေပးပါ။

၃။ လက္သန္႔စင္ေဆးရည္ကို ေဆာင္ထားပါ။

အလြယ္တကူ လက္ေဆးလို႔ မရတဲ့ ေနရာကို ေရာက္ေနတဲ့အခါမွာ လက္သန္႔စင္ေဆးရည္ေတြဟာ အသုံးဝင္ပါတယ္။ လက္ေပၚက ဘက္တီးရီးယားပိုးေတြကို ေသေစဖို႔ အနံ႔သိပ္မျပင္းတဲ့ လက္သန္႔စင္ေဆးရည္ေတြကို အသုံးျပဳလို႔ ရပါတယ္။ အယ္လ္ကိုေဟာလ္ အနည္းဆုံး ၆၀ ရာခိုင္ႏႈန္း ပါဝင္တဲ့ လက္သန္႔စင္ေဆးရည္မ်ိဳးေတြကို ဝယ္ထားၿပီး ကေလးေတြ အိတ္ထဲမွာ ေဆာင္ေပးထားပါ။ သတိထားရမွာကေတာ့ လက္သန္႔စင္ေဆးရည္ေတြဟာ လက္အတြက္ သီးသန္႔အသုံးျပဳရတာ ျဖစ္ၿပီး ပါးစပ္ထဲကို ဝင္တဲ့အခါ အဆိပ္အေတာက္ျဖစ္ေစတတ္တယ္ဆိုတာကို ကေလးေတြ မွာထားေပးဖို႔ လိုပါတယ္။

၄။ လက္ကိုင္ပဝါကို အသုံးျပဳၿပီး ေခ်ာင္းဆိုးပါ။

လက္ကိုင္ပဝါနဲ႔ ပါးစပ္အုပ္ၿပီး ေခ်ာင္းဆိုး၊ ႏွာေခ်တဲ့အခါမွာ ကိုယ့္မွာ ရွိတဲ့ေရာဂါပိုးေတြကို သူမ်ားေတြဆီ မကူးစက္ႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ ကေလးေတြကို ေခ်ာင္းဆိုး၊ ႏွာေခ်တဲ့အခါ လက္ကိုင္ပဝါ ဒါမွမဟုတ္ တစ္သွ်ဴးနဲ႔ ပါးစပ္ကို အုပ္တဲ့ အေလ့အက်င့္ကို လုပ္ေပးထားပါ။

၅။ က်န္းမာေရးကို ဂ႐ုစိုက္ပါ။

အဓိကအေနနဲ႔ အိပ္ခ်ိန္မွန္ရပါမယ္။ အိပ္ခ်ိန္မွန္မွ ကိုယ္ခံအားေကာင္းၿပီး ဝင္လာမယ့္ ေရာဂါပိုးေတြကို ေကာင္းေကာင္းခုခံႏိုင္မွာပါ။ ကေလးေတြအတြက္ ဗီတာမင္ဓါတ္ေပါႂကြယ္ဝၿပီး အာဟာရလည္းရွိတဲ့ အစားအစာေတြကို ကိုယ္တိုင္ခ်က္ျပဳတ္ေပးပါ။ သစ္သီးဝလံနဲ႔ ဟင္းသီးဟင္း႐ြက္ေတြ၊ အသား၊ ငါး၊ ပဲ၊ ဥ၊ အေစ့အဆန္ အစရွိသျဖင့္ အမ်ိဳးအစားစုံလင္ေအာင္ ခ်က္ျပဳတ္ေကြၽးေမြးဖို႔ အေရးႀကီးပါတယ္။

လူႀကီးေတြအေနနဲ႔ ဘာေတြ လုပ္ေပးလို႔ ရမလဲ။

တုပ္ေကြးကာကြယ္ေဆးကို လူႀကီးေတြလည္း ႏွစ္စဥ္ ထိုးေပးရပါမယ္။ အထူးသျဖင့္ အ႐ြယ္ငယ္ေသးတဲ့ ကေလးေတြကို အုပ္ထိန္းေနရတဲ့ လူႀကီးေတြဆိုရင္ ပိုၿပီးေတာင္ ကိုယ့္ရဲ႕ က်န္းမာေရးကို ဂ႐ုစိုက္ေပးဖို႔ လိုပါတယ္။ လူထူထပ္တဲ့ေနရာေတြ သြားတဲ့အခါ ကေလးေတြကို ေခၚသြားတာမ်ိဳး တတ္ႏိုင္သေလာက္ ေရွာင္သင့္ပါတယ္။

အေအးမိတုပ္ေကြးဟာ ေလထဲကေနတစ္ဆင့္ အလြယ္တကူ ကူးစက္ႏိုင္တဲ့အတြက္ မိသားစုဝင္ေတြမွာ တုပ္ေကြးျဖစ္ေနၿပီဆိုရင္ ကိုယ့္ကေလးနဲ႔ နီးနီးကပ္ကပ္ မေနသင့္ပါဘူး။ ကိုယ့္ရဲ႕ ကေလး ဖ်ားေနတယ္လို႔ သံသယရွိၿပီဆိုရင္ နီးစပ္ရာေဆးခန္းကို သြားၿပီး တတ္ကြၽမ္းတဲ့ ဆရာဝန္နဲ႔ ကိုယ့္ရဲ႕ ကေလး က်န္းမာေရးအေျခအေနကို ေသခ်ာေဆြးေႏြးတိုင္ပင္သင့္ပါတယ္။

ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-----------
(Unicode)⤵⤵⤵
ကလေးတွေ အအေးမိတုပ်ကွေးမဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ

၁၅ ဒီဇင်ဘာ

ဘယ်ရောဂါမဆို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ အခုလို ပူလိုက်၊ အေးလိုက်ဖြစ်နေတဲ့ ရာသီဥတုမှာ ကလေးတွေတင်မကပါဘူး။ လူကြီးတွေလည်း မကြာခဏ အအေးမိဖျားနာဖြစ်လိုက်၊ နှာစေးချောင်းဆိုးလိုက်နဲ့ ဝေဒနာတွေကို ခံစားနေကြရတာပါ။

အအေးမိတုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုးကနေတစ်ဆင့် အများဆုံး ကူးစက်ပြီး ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်ပြီး ကူးစက်ပါတယ်။ ပိုးတွေ ပွားလာတဲ့အခါမှာ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ မျက်ရည်ပူကျခြင်း စတဲ့ ရောဂါလက္ခဏာတွေအပြင် အပြင်းဖျားတာ၊ ကြွက်သား နာကျင်ကိုက်ခဲလာတဲ့အထိ ပြင်းထန်နိုင်ပါတယ်။

ကလေးများနဲ့ အအေးမိတုပ်ကွေးရောဂါ

အသက်ငယ်တဲ့ ကလေးတွေမှာ ကိုယ်ခံအားနည်းတဲ့အတွက် လူကြီးတွေထက် ပိုပြီး ဖျားနာနိုင်ခြေ၊ ရောဂါပိုးကူးစက်နိုင်ခြေ ပိုများပါတယ်။ အရွယ်ငယ်သေးတဲ့ ကလေးတွေ အထူးသဖြင့် အသက် ၂ နှစ်အောက် ကလေးတွေမှာ အအေးမိတုပ်ကွေး ကူးစက်နိုင်ခြေ မြင့်တဲ့အပြင် သေဆုံးနိုင်သည်အထိ ရောဂါလက္ခဏာ ပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ အအေးမိတုပ်ကွေး မဖြစ်စေဖို့ ဘယ်လိုကာကွယ်ပေးလို့ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ တုပ်ကွေးကာကွယ်ဆေး ထိုးပေးပါ။

အသက် ၆လနဲ့ အထက် ကလေးတိုင်းကို တုပ်ကွေးကာကွယ်ဆေး နှစ်စဉ် ထိုးပေးဖို့ လိုအပ်ပါတယ်။ တုပ်ကွေးကနေ တစ်ဆင့် ပိုပြင်းထန်တဲ့ ရောဂါတွေ ဖြစ်လာနိုင်တဲ့အတွက် တုပ်ကွေးကာကွယ်ဆေးကို မပျက်မကွက် ထိုးပေးရပါမယ်။

အသက် ၆လ မပြည့်သေးတဲ့ ကလေးတွေကိုတော့ တုပ်ကွေးကာကွယ်ဆေး ထိုးပေးလို့ မရတဲ့အတွက် မိဘတွေ၊ ကလေးကို ပြုစုစောင့်ရှောက်တဲ့ အုပ်ထိန်းသူတွေ၊ အနီးအနားမှာရှိနေတဲ့ မိသားစုဝင်တွေက ထိုးထားဖို့ လိုအပ်ပါတယ်။ ကိုယ့်မှာ အအေးမိတုပ်ကွေး ဖြစ်နေတယ်လို့ သံသယရှိရင်တော့ ကလေးနဲ့ နီးနီးကပ်ကပ်နေတာမျိုး မလုပ်သင့်ပါဘူး။

၂။ လက်ကို သေချာဆေးကြောပါ။

လက်ဆေးတဲ့ အလေ့အကျင့်ဟာ ကလေးတွေကို အအေးမိဖျားနာ ကူးစက်နိုင်ခြေကို အများအပြား လျှော့ချပေးနိုင်ပါတယ်။ ကလေးတွေဟာ အရာဝတ္ထုတွေကိုင်တွယ်ပြီး၊ လူတွေနဲ့ ထိတွေ့ပြီး လက်သေချာဆေးဖို့ မေ့တတ်ပါတယ်။ မသန့်ရှင်းတဲ့လက်နဲ့ ပါးစပ်၊ နှာခေါင်းထဲ ထည့်မိတဲ့အခါ၊ ထမင်းစားမိတဲ့အခါမှာ လက်မှာရှိတဲ့ ရောဂါပိုးမွှားတွေက ဗိုက်ထဲကို ဝင်ပြီး ဖျားနာတာ၊ ဗိုက်အောင့်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ငယ်စဉ်ကတည်းက လက်သေချာဆေးဖို့ အလေ့အကျင့်လုပ်ပေးထားပါ။

လက်ဆေးတဲ့အခါမှာ ရေအေး ဒါမှမဟုတ် ရေနွေးနဲ့ လက်ကို အရင်စိုစွတ်အောင် လုပ်ပါ။

ပြီးရင် ရေပိတ်ပြီး ဆပ်ပြာတိုက်ပါ။

ဆပ်ပြာတိုက်တဲ့အခါမှာ အမြှုပ်ထအောင် တိုက်ဖို့ အရေးကြီးပါတယ်။ လက်ချောင်းကြား၊ လက်သည်းကြား၊ လက်ဖမိုး နေရာအနှံ့ကို ဆပ်ပြာနဲ့ နှံ့စပ်အောင် တိုက်ပေးပါ။

အနည်းဆုံး စက္ကန့် ၂၀လောက် တိုက်ပြီးသွားပြီဆိုတော့မှ ရေနဲ့ ဆပ်ပြာတွေ ပြောင်စင်အောင် ဆေးကြောပါ။

သန့်ရှင်းတဲ့ လက်သုတ်ပဝါနဲ့ လက်ကို ခြောက်အောင် သုတ်ပါ။

ကိုယ့်ရဲ့ ကလေး လက်သေချာ ဆေးကြောတတ်ဖို့အတွက် လူကြီးတွေက ဘေးနားကနေ အရင်လုပ်ပြပါ။ ပြီးတော့မှ ကလေးတွေကို ကိုယ်တိုင် ဆေးကြောခိုင်းကြည့်ပါ။ အစာမစားခင်နဲ့ အစာစားပြီးချိန်၊ အိမ်သာတက်ပြီး ထွက်လာတဲ့အခါ၊ ကစားပြီးတဲ့အခါ၊ အပြင်က ပြန်လာတဲ့အခါနဲ့ ဘယ်အရာဝတ္ထုကိုမဆို ကိုင်တွယ်ပြီးတိုင်း လက်ကို သေချာဆေးကြောဖို့အတွက် အလေ့အကျင့် လုပ်ထားပေးပါ။

၃။ လက်သန့်စင်ဆေးရည်ကို ဆောင်ထားပါ။

အလွယ်တကူ လက်ဆေးလို့ မရတဲ့ နေရာကို ရောက်နေတဲ့အခါမှာ လက်သန့်စင်ဆေးရည်တွေဟာ အသုံးဝင်ပါတယ်။ လက်ပေါ်က ဘက်တီးရီးယားပိုးတွေကို သေစေဖို့ အနံ့သိပ်မပြင်းတဲ့ လက်သန့်စင်ဆေးရည်တွေကို အသုံးပြုလို့ ရပါတယ်။ အယ်လ်ကိုဟောလ် အနည်းဆုံး ၆၀ ရာခိုင်နှုန်း ပါဝင်တဲ့ လက်သန့်စင်ဆေးရည်မျိုးတွေကို ဝယ်ထားပြီး ကလေးတွေ အိတ်ထဲမှာ ဆောင်ပေးထားပါ။ သတိထားရမှာကတော့ လက်သန့်စင်ဆေးရည်တွေဟာ လက်အတွက် သီးသန့်အသုံးပြုရတာ ဖြစ်ပြီး ပါးစပ်ထဲကို ဝင်တဲ့အခါ အဆိပ်အတောက်ဖြစ်စေတတ်တယ်ဆိုတာကို ကလေးတွေ မှာထားပေးဖို့ လိုပါတယ်။

၄။ လက်ကိုင်ပဝါကို အသုံးပြုပြီး ချောင်းဆိုးပါ။

လက်ကိုင်ပဝါနဲ့ ပါးစပ်အုပ်ပြီး ချောင်းဆိုး၊ နှာချေတဲ့အခါမှာ ကိုယ့်မှာ ရှိတဲ့ရောဂါပိုးတွေကို သူများတွေဆီ မကူးစက်နိုင်တော့ပါဘူး။ ဒါကြောင့် ကလေးတွေကို ချောင်းဆိုး၊ နှာချေတဲ့အခါ လက်ကိုင်ပဝါ ဒါမှမဟုတ် တစ်သျှူးနဲ့ ပါးစပ်ကို အုပ်တဲ့ အလေ့အကျင့်ကို လုပ်ပေးထားပါ။

၅။ ကျန်းမာရေးကို ဂရုစိုက်ပါ။

အဓိကအနေနဲ့ အိပ်ချိန်မှန်ရပါမယ်။ အိပ်ချိန်မှန်မှ ကိုယ်ခံအားကောင်းပြီး ဝင်လာမယ့် ရောဂါပိုးတွေကို ကောင်းကောင်းခုခံနိုင်မှာပါ။ ကလေးတွေအတွက် ဗီတာမင်ဓါတ်ပေါကြွယ်ဝပြီး အာဟာရလည်းရှိတဲ့ အစားအစာတွေကို ကိုယ်တိုင်ချက်ပြုတ်ပေးပါ။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသား၊ ငါး၊ ပဲ၊ ဥ၊ အစေ့အဆန် အစရှိသဖြင့် အမျိုးအစားစုံလင်အောင် ချက်ပြုတ်ကျွေးမွေးဖို့ အရေးကြီးပါတယ်။

လူကြီးတွေအနေနဲ့ ဘာတွေ လုပ်ပေးလို့ ရမလဲ။

တုပ်ကွေးကာကွယ်ဆေးကို လူကြီးတွေလည်း နှစ်စဉ် ထိုးပေးရပါမယ်။ အထူးသဖြင့် အရွယ်ငယ်သေးတဲ့ ကလေးတွေကို အုပ်ထိန်းနေရတဲ့ လူကြီးတွေဆိုရင် ပိုပြီးတောင် ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ လူထူထပ်တဲ့နေရာတွေ သွားတဲ့အခါ ကလေးတွေကို ခေါ်သွားတာမျိုး တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။

အအေးမိတုပ်ကွေးဟာ လေထဲကနေတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်တဲ့အတွက် မိသားစုဝင်တွေမှာ တုပ်ကွေးဖြစ်နေပြီဆိုရင် ကိုယ့်ကလေးနဲ့ နီးနီးကပ်ကပ် မနေသင့်ပါဘူး။ ကိုယ့်ရဲ့ ကလေး ဖျားနေတယ်လို့ သံသယရှိပြီဆိုရင် နီးစပ်ရာဆေးခန်းကို သွားပြီး တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကိုယ့်ရဲ့ ကလေး ကျန်းမာရေးအခြေအနေကို သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ကေလးေတြ အေအးမိတုပ္ေကြးမျဖစ္ေစဖို႔ ဘယ္လိုကာကြယ္မလဲ ကေလးေတြ အေအးမိတုပ္ေကြးမျဖစ္ေစဖို႔ ဘယ္လိုကာကြယ္မလဲ Reviewed by THITHTOOLWIN on 21:52 Rating: 5
Powered by Blogger.