႐ုရွားတိုက္ေလယာဥ္ေတြ လႊမ္းမိုးတဲ့ ျမန္မာ့တပ္မေတာ္

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို မိထၳီလာေလတပ္မွာ က်င္းပခဲ့တဲ့ ၇၂ ႏွစ္ေျမာက္ တပ္မေတာ္-ေလ အခမ္းအနားမွာ တပ္ေတာ္ဝင္တဲ့ ေလယာဥ္တစ္စင္းေပၚမွာ ေတြ႕ရစဥ္ / ဓါတ္ပုံ - တပ္မေတာ္-ေလ
(Zawgyi)⤵⤵⤵
႐ုရွားထုတ္ တိုက္ေလယာဥ္ Yak-130 အမ်ိဳးအစား ေျခာက္စင္း၊ တင့္ကားပ်ံလို႔တင္စားၾကတဲ့ Mi-35P တိုက္ခိုက္ေရး ဟယ္လီေကာ္ပတာ ႏွစ္စင္း၊ တ႐ုတ္ႏိုင္ငံထုတ္ JF-17B  ႏွစ္စင္းကို မေန႔က ၇၂ ႀကိမ္ေျမာက္ တပ္မေတာ္-ေလ အခမ္းအနားမွာ တပ္ေတာ္ဝင္ေၾကာင္း တပ္မေတာ္ကထုတ္ျပန္ပါတယ္။

႐ုရွားထုတ္ Yak-130 တိုက္ခိုက္ေရးယာဥ္ေတြ ဝယ္ယူဖို႔ ျမန္မာနဲ႔ ႐ုရွား ၂၀၁၅ ခုႏွစ္ ကတည္းက စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။ ၂၀၁၆-၁၇ မွာ ေျခာက္စင္း ရရွိခဲ့ၿပီးေတာ့ ၂၀၁၇ ဒီဇင္ဘာကတည္းက တပ္ေတာ္ဝင္ခဲ့ၾကပါတယ္။ ဒီႏွစ္ ဒီဇင္ဘာမွာ ေနာက္ထပ္ ေျခာက္စင္းကို တပ္ေတာ္ဝင္တာေၾကာင့္ ျမန္မာမွာ Yak-130 ၁၂ စင္း ပိုင္ဆိုင္ေနၿပီဆိုတဲ့ သေဘာျဖစ္ပါတယ္။

တစ္စင္းရဲ႕ အနိမ့္ဆုံး ၾကမ္းခင္းေဈးဟာ အေမရိကန္ ေဒၚလာ ၁၅ သန္းရွိတာမို႔၊ ျမန္မာဟာ Yak-130  (၁၂) စင္းအတြက္ ေဒၚလာ သန္း ၁၈၀ ခန႔္ ကုန္က်ခံ ဝယ္ယူထားတာလို႔ ဆိုႏိုင္ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ ႐ုရွားခရီးစဥ္မွာ ႐ုရွားထုတ္စစ္လက္နက္ေတြဟာ တပ္မေတာ္အတြက္ အလြန္အသုံးဝင္ေၾကာင္း ေျပာဆိုဖူးပါတယ္။ ေနာက္ထပ္ အဆင့္ျမင့္ ဆူခြိဳင္း Sukhoi Su-30SM ဘက္စုံသုံး တိုက္ေလယာဥ္ ေျခာက္စင္းဝယ္ယူဖို႔ အေမရိကန္ေဒၚလာ အနည္းဆုံး ၂၀၄ သန္းခန႔္ တန္ေၾကးရွိတဲ့စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။ ၂၀၁၈ ကတည္းက ျမန္မာအတြက္ ႐ုရွားက တည္ေဆာက္ေနၿပီျဖစ္ပါတယ္။

Mi-35P ဟယ္လီေကာ္ပတာ ဟာ Mi-24 Hinde မ်ိဳးကြဲတစ္ခုကို ျပည္ပတင္ပို႔ဖို႔ အဆင့္ျမႇင့္တင္ထားတဲ့ တိုက္ခိုက္ေရးယာဥ္ျဖစ္ပါတယ္။ ႏိုင္ငံေပါင္း ၆၀ ဝန္းက်င္ရဲ႕ ေလတပ္ေတြမွာလည္း အသုံးျပဳလ်က္ရွိပါတယ္။ လက္နက္ခဲယမ္း သုံးတန္နီးပါး တင္ေဆာင္ႏိုင္ၿပီးေတာ့ ကိုယ္ထည္မွာ အနည္းဆုံး စစ္သား ရွစ္ဦးခန႔္ တင္ေဆာင္ႏိုင္ၿပီး၊ အေရးေပၚ ကယ္ဆယ္ေရးေတြမွာလည္း အသုံးျပဳလို႔ရတဲ့ယာဥ္မ်ိဳး ျဖစ္ပါတယ္။

တပ္ေတာ္ဝင္အခမ္းအနားမွာေတာ့ Mi-35P ႏွစ္စင္းျပထားတာေတြ႕ရပါတယ္။ Mi-35P တစ္စင္းရဲ႕ေရာင္းေဈးဟာ အေမရိကန္ေဒၚလာ ၃၅ သန္းခန႔္ ရွိတယ္လို႔ စစ္ဖက္ဆိုင္ရာ သတင္းေတြမွာေဖာ္ျပထားပါတယ္။

စစ္ဖက္ဆိုင္ရာ ဝက္ဘ္ဆိုက္ေတြရဲ႕ေပါက္ေဈးေတြအေျခခံၿပီး တြက္ခ်က္ၾကည့္တဲ့အခါ Sukhoi Su-30SM (၆) စင္း၊ Yak-130 (၁၂) စင္း၊ Mi-35P (၂) စင္းတို႔ရဲ႕ ဝယ္ယူစရိတ္ဟာ ကန္ေဒၚလာ သန္း ၄၅၀ ေက်ာ္ဝန္းက်င္ရွိပါတယ္။ တပ္မေတာ္မွာ Mi-24 အမ်ိဳးအစားေတြလည္း ဝယ္ယူထားတာရွိပါတယ္။ ၂၀၁၇ တုန္းက Mi-24 ေလးစင္းအနက္၊ သုံးစင္းကို ျပဳျပင္ထိန္းသိမ္းေရးေတြလုပ္ဖို႔ ႐ုရွားဘက္က ပညာရွင္ေတြ ေစလႊတ္ခဲ့တာရွိပါတယ္။

လက္ရွိ တပ္မေတာ္မွာ Mi-24 စုစုေပါင္း ဘယ္ႏွစ္စင္း ပိုင္ဆိုင္သလဲဆိုတာ တရားဝင္ထုတ္ျပန္ျခင္းမရွိပါဘူး။ Mi-24 တိုက္ခိုက္ေရးယာဥ္ေတြကို လက္ရွိ ရကၡိဳင့္တပ္ေတာ္ AA နဲ႔ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းတိုက္ပြဲေတြမွာ ရံဖန္ရံခါ ေတြ႕ရေလ့ရွိပါတယ္။

မိထၳီလာေလတပ္မွာ က်င္းပခဲ့တဲ့ ၇၂ ႏွစ္ေျမာက္ တပ္မေတာ္-ေလ အခမ္းအနားကို ကာကြယ္ေရးစစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ၿပီးေတာ့ ေလယာဥ္ေတြကို သူကိုယ္တိုင္ တက္ေရာက္ၾကည့္ရႈခဲ့တယ္။ ေလတပ္စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္က ဒီတိုက္ ေလယာဥ္ေတြဟာ ႏိုင္ငံေတာ္ကာကြယ္ေရးပိုင္းမွာ ပိုၿပီးေတာ့ တိုးတက္လာမယ္လို႔ ေျပာခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ရုရှားတိုက်လေယာဉ်တွေ လွှမ်းမိုးတဲ့ မြန်မာ့တပ်မတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မိထ္ထီလာလေတပ်မှာ ကျင်းပခဲ့တဲ့ ၇၂ နှစ်မြောက် တပ်မတော်-လေ အခမ်းအနားမှာ တပ်တော်ဝင်တဲ့ လေယာဉ်တစ်စင်းပေါ်မှာ တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်-လေ

ရုရှားထုတ် တိုက်လေယာဉ် Yak-130 အမျိုးအစား ခြောက်စင်း၊ တင့်ကားပျံလို့တင်စားကြတဲ့ Mi-35P တိုက်ခိုက်ရေး ဟယ်လီကော်ပတာ နှစ်စင်း၊ တရုတ်နိုင်ငံထုတ် JF-17B  နှစ်စင်းကို မနေ့က ၇၂ ကြိမ်မြောက် တပ်မတော်-လေ အခမ်းအနားမှာ တပ်တော်ဝင်ကြောင်း တပ်မတော်ကထုတ်ပြန်ပါတယ်။

ရုရှားထုတ် Yak-130 တိုက်ခိုက်ရေးယာဉ်တွေ ဝယ်ယူဖို့ မြန်မာနဲ့ ရုရှား ၂၀၁၅ ခုနှစ် ကတည်းက စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ၂၀၁၆-၁၇ မှာ ခြောက်စင်း ရရှိခဲ့ပြီးတော့ ၂၀၁၇ ဒီဇင်ဘာကတည်းက တပ်တော်ဝင်ခဲ့ကြပါတယ်။ ဒီနှစ် ဒီဇင်ဘာမှာ နောက်ထပ် ခြောက်စင်းကို တပ်တော်ဝင်တာကြောင့် မြန်မာမှာ Yak-130 ၁၂ စင်း ပိုင်ဆိုင်နေပြီဆိုတဲ့ သဘောဖြစ်ပါတယ်။

တစ်စင်းရဲ့ အနိမ့်ဆုံး ကြမ်းခင်းဈေးဟာ အမေရိကန် ဒေါ်လာ ၁၅ သန်းရှိတာမို့၊ မြန်မာဟာ Yak-130  (၁၂) စင်းအတွက် ဒေါ်လာ သန်း ၁၈၀ ခန့် ကုန်ကျခံ ဝယ်ယူထားတာလို့ ဆိုနိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ ရုရှားထုတ်စစ်လက်နက်တွေဟာ တပ်မတော်အတွက် အလွန်အသုံးဝင်ကြောင်း ပြောဆိုဖူးပါတယ်။ နောက်ထပ် အဆင့်မြင့် ဆူခွိုင်း Sukhoi Su-30SM ဘက်စုံသုံး တိုက်လေယာဉ် ခြောက်စင်းဝယ်ယူဖို့ အမေရိကန်ဒေါ်လာ အနည်းဆုံး ၂၀၄ သန်းခန့် တန်ကြေးရှိတဲ့စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ၂၀၁၈ ကတည်းက မြန်မာအတွက် ရုရှားက တည်ဆောက်နေပြီဖြစ်ပါတယ်။

Mi-35P ဟယ်လီကော်ပတာ ဟာ Mi-24 Hinde မျိုးကွဲတစ်ခုကို ပြည်ပတင်ပို့ဖို့ အဆင့်မြှင့်တင်ထားတဲ့ တိုက်ခိုက်ရေးယာဉ်ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၆၀ ဝန်းကျင်ရဲ့ လေတပ်တွေမှာလည်း အသုံးပြုလျက်ရှိပါတယ်။ လက်နက်ခဲယမ်း သုံးတန်နီးပါး တင်ဆောင်နိုင်ပြီးတော့ ကိုယ်ထည်မှာ အနည်းဆုံး စစ်သား ရှစ်ဦးခန့် တင်ဆောင်နိုင်ပြီး၊ အရေးပေါ် ကယ်ဆယ်ရေးတွေမှာလည်း အသုံးပြုလို့ရတဲ့ယာဉ်မျိုး ဖြစ်ပါတယ်။

တပ်တော်ဝင်အခမ်းအနားမှာတော့ Mi-35P နှစ်စင်းပြထားတာတွေ့ရပါတယ်။ Mi-35P တစ်စင်းရဲ့ရောင်းဈေးဟာ အမေရိကန်ဒေါ်လာ ၃၅ သန်းခန့် ရှိတယ်လို့ စစ်ဖက်ဆိုင်ရာ သတင်းတွေမှာဖော်ပြထားပါတယ်။

စစ်ဖက်ဆိုင်ရာ ဝက်ဘ်ဆိုက်တွေရဲ့ပေါက်ဈေးတွေအခြေခံပြီး တွက်ချက်ကြည့်တဲ့အခါ Sukhoi Su-30SM (၆) စင်း၊ Yak-130 (၁၂) စင်း၊ Mi-35P (၂) စင်းတို့ရဲ့ ဝယ်ယူစရိတ်ဟာ ကန်ဒေါ်လာ သန်း ၄၅၀ ကျော်ဝန်းကျင်ရှိပါတယ်။ တပ်မတော်မှာ Mi-24 အမျိုးအစားတွေလည်း ဝယ်ယူထားတာရှိပါတယ်။ ၂၀၁၇ တုန်းက Mi-24 လေးစင်းအနက်၊ သုံးစင်းကို ပြုပြင်ထိန်းသိမ်းရေးတွေလုပ်ဖို့ ရုရှားဘက်က ပညာရှင်တွေ စေလွှတ်ခဲ့တာရှိပါတယ်။

လက်ရှိ တပ်မတော်မှာ Mi-24 စုစုပေါင်း ဘယ်နှစ်စင်း ပိုင်ဆိုင်သလဲဆိုတာ တရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။ Mi-24 တိုက်ခိုက်ရေးယာဉ်တွေကို လက်ရှိ ရက္ခိုင့်တပ်တော် AA နဲ့ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းတိုက်ပွဲတွေမှာ ရံဖန်ရံခါ တွေ့ရလေ့ရှိပါတယ်။

မိထ္ထီလာလေတပ်မှာ ကျင်းပခဲ့တဲ့ ၇၂ နှစ်မြောက် တပ်မတော်-လေ အခမ်းအနားကို ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီးတော့ လေယာဉ်တွေကို သူကိုယ်တိုင် တက်ရောက်ကြည့်ရှုခဲ့တယ်။ လေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က ဒီတိုက် လေယာဉ်တွေဟာ နိုင်ငံတော်ကာကွယ်ရေးပိုင်းမှာ ပိုပြီးတော့ တိုးတက်လာမယ်လို့ ပြောခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
႐ုရွားတိုက္ေလယာဥ္ေတြ လႊမ္းမိုးတဲ့ ျမန္မာ့တပ္မေတာ္ ႐ုရွားတိုက္ေလယာဥ္ေတြ လႊမ္းမိုးတဲ့ ျမန္မာ့တပ္မေတာ္ Reviewed by THITHTOOLWIN on 22:07 Rating: 5
Powered by Blogger.