ကိုေအာင္ႀကီးကို လႊတ္ေပးတာ ေစာတယ္လို႔ ရဲတပ္ဖြဲ႕ေျပာ

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို ဒီဇင္ဘာ ၁၉ ရက္ေန႔ က ေနျပည္ေတာ္ သတင္းစာရွင္းလင္းပြဲတြင္ ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ေနျပည္ေတာ္ Wisdom Hill မူႀကိဳေက်ာင္းက Victoria ကေလးငယ္ လိင္အၾကမ္းဖက္ခံရတဲ့ အမႈမွာ သံသယ တရားခံ ကိုေအာင္ႀကီးကို တရား႐ုံးက တရားရွင္လႊတ္ေပးလိုက္တာဟာ ေစာလြန္းတယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ တာဝန္ရွိသူေတြက သတင္းစာရွင္းလင္းပြဲမွာ ေျပာလိုက္ပါတယ္။

လူအမ်ား စိတ္ဝင္စားတဲ့ Victoria အမႈမွာ မုဒိမ္းမႈနဲ႔ စြပ္စြဲဖမ္းဆီးခံထားရတဲ့ ကိုေအာင္ႀကီးကို အျပစ္ရွိေၾကာင္း စစ္ေဆးေပၚေပါက္ျခင္း မရွိတဲ့အတြက္ ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္တရား႐ုံးက မေန႔က တရားရွင္ လႊတ္ေပးခဲ့ပါတယ္။

ဒီေန႔ ေနျပည္ေတာ္က ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဌာနခ်ဳပ္မွာ က်င္းပတဲ့ Victoria အမႈနဲ႔ ပတ္သက္တဲ့ သတင္းစာ ရွင္းလင္းပြဲကို ရဲဇာနည္ ေဖ့ဘြတ္စ္ကေန တိုက္႐ိုက္ထုတ္လႊင့္ခဲ့ၿပီး သတင္းမီဒီယာေတြ အပါအဝင္ ဒီအမႈကို စိတ္ဝင္တစား ေလ့လာေစာင့္ၾကည့္ေနသူေတြကိုယ္တိုင္ မေဖာ္ျပခဲ့တဲ့  ဗစ္တိုးရီးယားကေလးငယ္ရဲ႕ အမည္နဲ႔ ကေလးမိဘေတြရဲ႕ အမည္ေတြကို ဦးေဆာင္ရွင္းလင္းသူေတြက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဒီအမႈနဲ႔ ပတ္သက္လို႔ ရဲတပ္ဖြဲ႕ကို ေဝဖန္ေနခ်ိန္မွာပဲ အခုလိုလုပ္ရပ္ ေၾကာင့္ ပိုၿပီး ေဝဖန္မႈေတြ ျမင့္တက္ေနပါတယ္။

ကိုေအာင္ႀကီးကို တရားရွင္ လႊတ္ေပးလိုက္တာနဲ႔ ပတ္သက္လို႔ တရား႐ုံးမွာ အေရးႀကီးတဲ့ သက္ေသေတြကို ဆက္လက္စစ္ေဆးဖို႔ က်န္ေနေသးတဲ့အတြက္ အဲဒါေတြအားလုံး ၿပီးဆုံးမွသာ စြဲခ်က္တင္သင့္၊ မတင္သင့္ကို တရား႐ုံးက ဆုံးျဖတ္သင့္တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

တရား႐ုံးမွာ ေနာက္ထပ္ စစ္ေဆးဖို႔ က်န္ေနတဲ့ အထဲမွာ သက္ရွိသက္ေသ ခုႏွစ္ဦးနဲ႔ သက္မဲ့သက္ေသေတြထဲမွာ ကိုေအာင္ႀကီးရဲ႕ ေဘာင္းဘီမွာေတြ႕ရွိခဲ့တဲ့ သုတ္ပိုးနဲ႔ Victoria ကေလးငယ္ရဲ႕ ေဘာင္းဘီမွာေတြ႕ရွိခဲ့တဲ့ သုတ္ပိုးေတြ ျဖစ္တယ္လို႔ သိရပါတယ္။

မႈခင္းရဲတပ္ဖြဲ႕၊ တပ္ဖြဲ႕မႉး၊ ရဲမႉးခ်ဳပ္ စိုးႏိုင္ဦးက အေရးႀကီးတဲ့ လူသက္ေသ၊ သက္မဲ့ပစၥည္းသက္ေသေတြ အားလုံးကို မစစ္ေဆးရေသးဘဲ တရားရွင္ လႊတ္ေပးလိုက္တာ ေစာလြန္းတယ္လို႔ ေဝဖန္ပါတယ္။

မေန႔က ဒကၡိဏခ႐ိုင္တရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္ကို တရားေရးနဲ႔ သက္ဆိုင္တဲ့ အဖြဲ႕ေတြ အားလုံးက အံ့ၾသသြားတယ္လို႔ ဆိုပါတယ္။

သံသယတရားခံ ကိုေအာင္ႀကီးကို အေၾကာင္းမဲ့ သက္သက္ စြဲခ်က္တင္တာမဟုတ္ပဲ Victoria ကေလးငယ္ တက္ေရာက္တဲ့ ေက်ာင္းထဲကို ဘယ္သူ ဝင္ထြက္သြားလာလဲဆိုတာ စစ္ဆးၿပီးမွ  ေဆာင္႐ြက္တာလို႔ ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕ဌာနခ်ဳပ္၊ မႈခင္းၫႊန္ၾကားေရးမႉး၊ ရဲမႉးႀကီး မင္းဟန္က  ဆိုပါတယ္။

အဲဒီေန႔က ေက်ာင္းကို ကိုကိုနဲ႔ ညီညီတို႔ မလာဘူးဆိုတာ တရား႐ုံးမွာ Wisdom Hill မူႀကိဳေက်ာင္းက ဆရာမ ေတြက သက္ေသထြက္ခဲ့ၿပီး ျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။

ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕ဌာနခ်ဳပ္၊ မႈခင္းၫႊန္ၾကားေရးမႉး၊ ရဲမႉးႀကီး မင္းဟန္က တရား႐ုံးရဲ႕ စီရင္ဆုံးျဖတ္ခ်က္အေပၚ မူတည္ၿပီး ဥပေဒအညီ ရဲတပ္ဖြဲ႕က ဆက္လုပ္သြားမယ္လို႔ ေျပာပါတယ္။

ရာဇဝတ္က်င့္ထုံး ၂၅၃ (၂) က အရ တရားလိုျပ သက္ေသ မကုန္ေသးခ်ိန္၊ အေရးႀကီး  သက္ေသေတြ စစ္ၿပီးတဲ့ အခါမွာ သက္ေသထြက္ခ်က္ မေပၚေၾကာင္းယူဆရင္  တရားသူႀကီးက တရားရွင္ လြတ္ေပးလို႔ ရတယ္လို႔ ေအာင္ႀကီးရဲ႕ ေရွေန႔ တစ္ဦးျဖစ္သူ ဦးခင္ေမာင္ေဇာ္က မေန႔က ေျပာခဲ့တာရွိပါတယ္။

အေရးႀကီးတဲ့ သက္ေသတစ္ဦးျဖစ္သူ ဆရာမ ႏွင္းႏုလြင္ကို တရားခြင္မွာ စစ္ေဆးစဥ္ ကိုေအာင္ႀကီး မျဖစ္ႏိုင္ေၾကာင္း ထြက္ဆိုခဲ့ၿပီး သက္ေသ ၂၆ ေယာက္မွာ ၁၉ ေယာက္စစ္ေဆးၿပီး ေပမယ့္  ကိုေအာင္ႀကီး က်ဴးလြန္ေၾကာင္း အေထာက္အထား မေပၚေပါက္တဲ့အတြက္ ရာဇဝတ္က်င့္ထုံး  ဥပေဒပုဒ္မ ၂၅၃ (၂) နဲ႔ တရားရွင္ လႊတ္ေပးလိုက္တာပါ။

ဒီအမႈနဲ႔ ပတ္သက္ၿပီး တရားလို ဘက္မွာလည္း တျခားသူေတြ မသိႏိုင္ေသးတဲ့ ေနာက္ကြယ္က အေၾကာင္းအရာေတြ ရွိႏိုင္တယ္၊ Wisdom Hill မူႀကိဳေက်ာင္းဘက္မွာလည္း အေရးပါ အရာေရာက္တဲ့သူေတြ ရွိႏိုင္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ၊ ေကာလာဟလေတြလည္း ဆိုရွယ္မီဒီယာ အြန္လိုင္းေတြေပၚမွာ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚေနတာပါ။

ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕ဌာနခ်ဳပ္၊ မႈခင္းၫႊန္ၾကားေရးမႉး၊ ရဲမႉးႀကီး မင္းဟန္ အမႈမွန္ေဖာ္ထုတ္ဖို႔ ရဲတပ္ဖြဲ႕က ႐ိုး႐ိုးသားသားနဲ႔ ေဆာင္႐ြက္ေနတာျဖစ္ၿပီး ရဲတပ္ဖြဲ႕မွာ ဘယ္လိုဖိအားမ်ိဳးမွ မရွိဘူးလို႔ သတင္းေထာက္တစ္ဦးရဲ႕ ေမးျမန္းခ်က္ကို ေျဖၾကားပါတယ္။

Victoria ေလးရဲ႕ ဖခင္ျဖစ္သူက သမီးျဖစ္သူမွာ ေတြ႕ရွိခဲ့တဲ့ သုတ္ပိုးပါရွိတဲ့ မွန္ျပားကို ထိုင္းႏိုင္ငံက ေဆး႐ုံတစ္ခုကို ပို႔ၿပီး DNA ျပန္လည္ စစ္ေဆးႏိုင္ဖို႔ တရား႐ုံးကို ေလွ်ာက္ထားခဲ့တာရွိပါတယ္။

ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ရဲတပ္ဖြဲ႕ တာဝန္ရွိသူေတြရဲ႕ ေျပာၾကားခ်က္အရ Wisdom Hill မူႀကိဳေက်ာင္းက ေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္ရဲ႕ သားႏွစ္ဦး အပါအဝင္၊ ကိုေအာင္ႀကီးနဲ႔ တျခားသူေတြရဲ႕ DNA ကိုပါ စစ္ေဆးခဲ့ၿပီး ျဖစ္တယ္လို႔ သိရပါတယ္။

တရား႐ုံးအမိန႔္နဲ႔ ျပန္လြတ္လာတဲ့ ကိုေအာင္ႀကီးက ျပန္လြတ္လာတာကို ဝမ္းေျမာက္ေနၿပီး ဒီလို ေအာက္တန္း က်တဲ့ အမႈေတြအတြက္ တရားခံ အစစ္အမွန္ကိုသာ ဖမ္းဆီးေစလိုတယ္လို႔ မေန႔က သတင္းေထာက္ကို ေျပာခဲ့ပါတယ္။

Victoria ေလးရဲ႕ မိခင္ျဖစ္သူ မူလက ရဲစခန္းမွာ လာေရာက္အမႈဖြင့္ တိုင္ၾကားစဥ္က ကိုကို လုပ္တာလို႔ပဲ တစ္ဦးထဲကို ရည္ၫႊန္းေျပာခဲ့တာျဖစ္ၿပီး ေနာက္ ၃ ရက္ အၾကာမွ ကိုကို ႏွစ္ဦး လုပ္တာလို႔ ျပန္ျပင္ခ်င္ေၾကာင္း ရဲစခန္းကို လာေရာက္ ေျပာဆိုခဲ့တယ္လို႔လည္း ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

Wisdom Hill မူႀကိဳေက်ာင္းက အပ္ႏွံတဲ့ CCTV မွတ္တမ္းဖိုင္မွာ မွတ္တမ္းဖိုင္ တခ်ိဳ႕ ပ်က္ေနတာေတြနဲ႔ ပတ္သက္လို႔ ေမးျမန္းရာမွာ CCTV မွတ္တမ္းရဲ႕ သေဘာသဘာဝအရ မရပ္ပဲ ဆက္တိုက္ဆက္ၿပီး ႐ိုက္ကူး မွတ္တမ္းတင္ထားရင္ ေနာက္က ႐ိုက္ထားတဲ့ဟာေတြ ပ်က္သြားတယ္လို႔ ဆိုပါတယ္။

ေက်ာင္းဘက္က CCTV မွတ္တမ္း ေတြကို ရည္႐ြယ္ခ်က္ရွိရွိ ဖ်က္ပစ္တာလား ဆိုတာကေတာ့ သတင္းေထာက္ တခ်ိဳ႕ရဲ႕ ယူဆခ်က္သာျဖစ္ၿပီး ရဲတပ္ဖြဲ႕အေနနဲ႔ေတာ့ ရဲလုပ္ငန္း အတိုင္းသာ စစ္ေဆး ေဆာင္႐ြက္ရတာလို႔ ရဲမႉးခ်ဳပ္ စိုးႏိုင္ဦး ေျပာပါတယ္။

ဒီအမႈနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ အေပၚ ျပည္သူေတြက အထင္လြဲတာ၊ အားမလို အားမရ ျဖစ္ေနတာ ေတြကို သိေၾကာင္းနဲ႔ အမႈကို ႀကိဳစားၿပီး တည္ေဆာက္ထားေၾကာင္း သူက ဆက္ေျပာခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ကိုအောင်ကြီးကို လွှတ်ပေးတာ စောတယ်လို့ ရဲတပ်ဖွဲ့ပြော

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဒီဇင်ဘာ ၁၉ ရက်နေ့ က နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
Photo: Thet su aung

နေပြည်တော် Wisdom Hill မူကြိုကျောင်းက Victoria ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုမှာ သံသယ တရားခံ ကိုအောင်ကြီးကို တရားရုံးက တရားရှင်လွှတ်ပေးလိုက်တာဟာ စောလွန်းတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

လူအများ စိတ်ဝင်စားတဲ့ Victoria အမှုမှာ မုဒိမ်းမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ ကိုအောင်ကြီးကို အပြစ်ရှိကြောင်း စစ်ဆေးပေါ်ပေါက်ခြင်း မရှိတဲ့အတွက် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက မနေ့က တရားရှင် လွှတ်ပေးခဲ့ပါတယ်။

ဒီနေ့ နေပြည်တော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှာ ကျင်းပတဲ့ Victoria အမှုနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ရဲဇာနည် ဖေ့ဘွတ်စ်ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး သတင်းမီဒီယာတွေ အပါအဝင် ဒီအမှုကို စိတ်ဝင်တစား လေ့လာစောင့်ကြည့်နေသူတွေကိုယ်တိုင် မဖော်ပြခဲ့တဲ့  ဗစ်တိုးရီးယားကလေးငယ်ရဲ့ အမည်နဲ့ ကလေးမိဘတွေရဲ့ အမည်တွေကို ဦးဆောင်ရှင်းလင်းသူတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ကို ဝေဖန်နေချိန်မှာပဲ အခုလိုလုပ်ရပ် ကြောင့် ပိုပြီး ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ကိုအောင်ကြီးကို တရားရှင် လွှတ်ပေးလိုက်တာနဲ့ ပတ်သက်လို့ တရားရုံးမှာ အရေးကြီးတဲ့ သက်သေတွေကို ဆက်လက်စစ်ဆေးဖို့ ကျန်နေသေးတဲ့အတွက် အဲဒါတွေအားလုံး ပြီးဆုံးမှသာ စွဲချက်တင်သင့်၊ မတင်သင့်ကို တရားရုံးက ဆုံးဖြတ်သင့်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

တရားရုံးမှာ နောက်ထပ် စစ်ဆေးဖို့ ကျန်နေတဲ့ အထဲမှာ သက်ရှိသက်သေ ခုနှစ်ဦးနဲ့ သက်မဲ့သက်သေတွေထဲမှာ ကိုအောင်ကြီးရဲ့ ဘောင်းဘီမှာတွေ့ရှိခဲ့တဲ့ သုတ်ပိုးနဲ့ Victoria ကလေးငယ်ရဲ့ ဘောင်းဘီမှာတွေ့ရှိခဲ့တဲ့ သုတ်ပိုးတွေ ဖြစ်တယ်လို့ သိရပါတယ်။

မှုခင်းရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး၊ ရဲမှူးချုပ် စိုးနိုင်ဦးက အရေးကြီးတဲ့ လူသက်သေ၊ သက်မဲ့ပစ္စည်းသက်သေတွေ အားလုံးကို မစစ်ဆေးရသေးဘဲ တရားရှင် လွှတ်ပေးလိုက်တာ စောလွန်းတယ်လို့ ဝေဖန်ပါတယ်။

မနေ့က ဒက္ခိဏခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို တရားရေးနဲ့ သက်ဆိုင်တဲ့ အဖွဲ့တွေ အားလုံးက အံ့သြသွားတယ်လို့ ဆိုပါတယ်။

သံသယတရားခံ ကိုအောင်ကြီးကို အကြောင်းမဲ့ သက်သက် စွဲချက်တင်တာမဟုတ်ပဲ Victoria ကလေးငယ် တက်ရောက်တဲ့ ကျောင်းထဲကို ဘယ်သူ ဝင်ထွက်သွားလာလဲဆိုတာ စစ်ဆးပြီးမှ  ဆောင်ရွက်တာလို့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်၊ မှုခင်းညွှန်ကြားရေးမှူး၊ ရဲမှူးကြီး မင်းဟန်က  ဆိုပါတယ်။

အဲဒီနေ့က ကျောင်းကို ကိုကိုနဲ့ ညီညီတို့ မလာဘူးဆိုတာ တရားရုံးမှာ Wisdom Hill မူကြိုကျောင်းက ဆရာမ တွေက သက်သေထွက်ခဲ့ပြီး ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်၊ မှုခင်းညွှန်ကြားရေးမှူး၊ ရဲမှူးကြီး မင်းဟန်က တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး ဥပဒေအညီ ရဲတပ်ဖွဲ့က ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ရာဇဝတ်ကျင့်ထုံး ၂၅၃ (၂) က အရ တရားလိုပြ သက်သေ မကုန်သေးချိန်၊ အရေးကြီး  သက်သေတွေ စစ်ပြီးတဲ့ အခါမှာ သက်သေထွက်ချက် မပေါ်ကြောင်းယူဆရင်  တရားသူကြီးက တရားရှင် လွတ်ပေးလို့ ရတယ်လို့ အောင်ကြီးရဲ့ ရှေနေ့ တစ်ဦးဖြစ်သူ ဦးခင်မောင်ဇော်က မနေ့က ပြောခဲ့တာရှိပါတယ်။

အရေးကြီးတဲ့ သက်သေတစ်ဦးဖြစ်သူ ဆရာမ နှင်းနုလွင်ကို တရားခွင်မှာ စစ်ဆေးစဉ် ကိုအောင်ကြီး မဖြစ်နိုင်ကြောင်း ထွက်ဆိုခဲ့ပြီး သက်သေ ၂၆ ယောက်မှာ ၁၉ ယောက်စစ်ဆေးပြီး ပေမယ့်  ကိုအောင်ကြီး ကျူးလွန်ကြောင်း အထောက်အထား မပေါ်ပေါက်တဲ့အတွက် ရာဇဝတ်ကျင့်ထုံး  ဥပဒေပုဒ်မ ၂၅၃ (၂) နဲ့ တရားရှင် လွှတ်ပေးလိုက်တာပါ။

ဒီအမှုနဲ့ ပတ်သက်ပြီး တရားလို ဘက်မှာလည်း တခြားသူတွေ မသိနိုင်သေးတဲ့ နောက်ကွယ်က အကြောင်းအရာတွေ ရှိနိုင်တယ်၊ Wisdom Hill မူကြိုကျောင်းဘက်မှာလည်း အရေးပါ အရာရောက်တဲ့သူတွေ ရှိနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ကောလာဟလတွေလည်း ဆိုရှယ်မီဒီယာ အွန်လိုင်းတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။

မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်၊ မှုခင်းညွှန်ကြားရေးမှူး၊ ရဲမှူးကြီး မင်းဟန် အမှုမှန်ဖော်ထုတ်ဖို့ ရဲတပ်ဖွဲ့က ရိုးရိုးသားသားနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး ရဲတပ်ဖွဲ့မှာ ဘယ်လိုဖိအားမျိုးမှ မရှိဘူးလို့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို ဖြေကြားပါတယ်။

Victoria လေးရဲ့ ဖခင်ဖြစ်သူက သမီးဖြစ်သူမှာ တွေ့ရှိခဲ့တဲ့ သုတ်ပိုးပါရှိတဲ့ မှန်ပြားကို ထိုင်းနိုင်ငံက ဆေးရုံတစ်ခုကို ပို့ပြီး DNA ပြန်လည် စစ်ဆေးနိုင်ဖို့ တရားရုံးကို လျှောက်ထားခဲ့တာရှိပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ Wisdom Hill မူကြိုကျောင်းက ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦး အပါအဝင်၊ ကိုအောင်ကြီးနဲ့ တခြားသူတွေရဲ့ DNA ကိုပါ စစ်ဆေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

တရားရုံးအမိန့်နဲ့ ပြန်လွတ်လာတဲ့ ကိုအောင်ကြီးက ပြန်လွတ်လာတာကို ဝမ်းမြောက်နေပြီး ဒီလို အောက်တန်း ကျတဲ့ အမှုတွေအတွက် တရားခံ အစစ်အမှန်ကိုသာ ဖမ်းဆီးစေလိုတယ်လို့ မနေ့က သတင်းထောက်ကို ပြောခဲ့ပါတယ်။

Victoria လေးရဲ့ မိခင်ဖြစ်သူ မူလက ရဲစခန်းမှာ လာရောက်အမှုဖွင့် တိုင်ကြားစဉ်က ကိုကို လုပ်တာလို့ပဲ တစ်ဦးထဲကို ရည်ညွှန်းပြောခဲ့တာဖြစ်ပြီး နောက် ၃ ရက် အကြာမှ ကိုကို နှစ်ဦး လုပ်တာလို့ ပြန်ပြင်ချင်ကြောင်း ရဲစခန်းကို လာရောက် ပြောဆိုခဲ့တယ်လို့လည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Wisdom Hill မူကြိုကျောင်းက အပ်နှံတဲ့ CCTV မှတ်တမ်းဖိုင်မှာ မှတ်တမ်းဖိုင် တချို့ ပျက်နေတာတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ CCTV မှတ်တမ်းရဲ့ သဘောသဘာဝအရ မရပ်ပဲ ဆက်တိုက်ဆက်ပြီး ရိုက်ကူး မှတ်တမ်းတင်ထားရင် နောက်က ရိုက်ထားတဲ့ဟာတွေ ပျက်သွားတယ်လို့ ဆိုပါတယ်။

ကျောင်းဘက်က CCTV မှတ်တမ်း တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ပစ်တာလား ဆိုတာကတော့ သတင်းထောက် တချို့ရဲ့ ယူဆချက်သာဖြစ်ပြီး ရဲတပ်ဖွဲ့အနေနဲ့တော့ ရဲလုပ်ငန်း အတိုင်းသာ စစ်ဆေး ဆောင်ရွက်ရတာလို့ ရဲမှူးချုပ် စိုးနိုင်ဦး ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပေါ် ပြည်သူတွေက အထင်လွဲတာ၊ အားမလို အားမရ ဖြစ်နေတာ တွေကို သိကြောင်းနဲ့ အမှုကို ကြိုစားပြီး တည်ဆောက်ထားကြောင်း သူက ဆက်ပြောခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ကိုေအာင္ႀကီးကို လႊတ္ေပးတာ ေစာတယ္လို႔ ရဲတပ္ဖြဲ႕ေျပာ ကိုေအာင္ႀကီးကို လႊတ္ေပးတာ ေစာတယ္လို႔ ရဲတပ္ဖြဲ႕ေျပာ Reviewed by THITHTOOLWIN on 01:42 Rating: 5
Powered by Blogger.