ဘဏ္ကေန ေငြထုတ္ျပန္လာသူေတြကို ေစာင့္ၾကည့္လုယက္သူႏွစ္ဦး ဖမ္းဆီးရမိ

(Zawgyi)⤵⤵⤵
ျမစ္ႀကီးနား၊ ဒီဇင္ဘာ ၁၉-၂၀၁၉

ျမစ္ႀကီးနားၿမိဳ႕ေပၚက ဘဏ္ေတြကေန ေငြထုတ္ၿပီးျပန္လာသူေတြ ၊ ညေဈးတန္းလာတဲ့ ဧည္သည္ေတြကို ေစာင့္ၾကည့္ၿပီး လုယက္ေနတဲ့အမ်ိဳးသားႏွစ္ဦးကို ဒီဇင္ဘာ ၁၈ ရက္ေန႔လည္ပိုင္းက ဖမ္းဆီးရမိခဲ့တယ္လို႔ ျမစ္ႀကီးနားၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးကေန သိရပါတယ္။

အမႈျဖစ္ပြားရာမွာ အဓိကဦးေဆာင္သူကေတာ့ ျမစ္ႀကီးနားၿမိဳ႕၊ နယ္ေျမ ၁၈၊ ရမ္ပူရပ္ကြက္က ေအာင္ဇင္ကို (ေခၚ) အလီဇြတ္လာ အသက္ ၂၄ ႏွစ္နဲ႔ ေအာင္နန္းရပ္ကြက္က အသက္ ၂၀ အ႐ြယ္သိန္းထြန္းဦးတို႔ ျဖစ္ၿပီး သူႏွစ္ဦးဟာ မယားညီအစ္ကို ေတာ္စပ္ကာ ဆိုင္ကယ္ကယ္ရီလုပ္ငန္း လုပ္ကိုင္သူေတြလို႔ ျမစ္ႀကီနားၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

"ဒီလူေတြက ညေဈးတန္းေတြမွာ လာတဲ့ဧည့္သည္ေတြ ၊ ဘဏ္ေတြမွာ ေငြအပ္ဖို႔လာတာပဲ ျဖစ္ျဖစ္ ေငြထုတ္ဖို႔လာတာပဲျဖစ္ျဖစ္ ေစာင့္ၾကည့္ၿပီး လုယက္တာေပါ့ ၊ ေလာေလာဆယ္အမႈေတြက ဒီေကာင္ေတြအမ်ားဆုံးျဖစ္ေနတာ ၊ သက္ေသခံပစၥည္းေတြသိမ္းၿပီး ဥပေဒအတိုင္းဆက္ေဆာင္႐ြက္မွာပါ" လို႔ ျမစ္ႀကီးနားၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ရဲမႉးေဇာ္မိုးကေျပာပါတယ္။

ဖမ္းဆီးရမိထားသူေတြဟာ ျမစ္ႀကီးနားၿမိဳ႕ ဧရာဝတီဘဏ္ကို ေငြအပ္ႏွံဖို႔လာသူဆီက သိန္း ၂၀၀ ၊ ကေမာၻဇဘဏ္ခြဲ (၂)က ေငြထုတ္ျပန္လာသူဆီက သိန္း ၅၀ ၊ သြပ္ျပားအေရာင္းဆိုင္ကေန အေရာင္းအဝယ္လုပ္အၿပီး ဟိုတယ္ကိုျပန္လာတဲ့ အမ်ိဳးသမီးငါးေယာက္ဆီက သိန္း ၃၀ ေက်ာ္ လုယက္ထားတယ္လို႔ စစ္ေဆးေတြ႕ရွိထားတဲ့အတြက္ ျမစ္ႀကီးနားၿမိဳ႕နယ္ရဲစခန္းက ရာဇသတ္ႀကီးဥပေဒ ပုဒ္မ - ၃၈၂ (လုယက္မႈ) နဲ႔ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

ရန္ေအာင္ထြန္း(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
ဘဏ်ကနေ ငွေထုတ်ပြန်လာသူတွေကို စောင့်ကြည့်လုယက်သူနှစ်ဦး ဖမ်းဆီးရမိ

မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၉-၂၀၁၉

မြစ်ကြီးနားမြို့ပေါ်က ဘဏ်တွေကနေ ငွေထုတ်ပြီးပြန်လာသူတွေ ၊ ညဈေးတန်းလာတဲ့ ဧည်သည်တွေကို စောင့်ကြည့်ပြီး လုယက်နေတဲ့အမျိုးသားနှစ်ဦးကို ဒီဇင်ဘာ ၁၈ ရက်နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

အမှုဖြစ်ပွားရာမှာ အဓိကဦးဆောင်သူကတော့ မြစ်ကြီးနားမြို့၊ နယ်မြေ ၁၈၊ ရမ်ပူရပ်ကွက်က အောင်ဇင်ကို (ခေါ်) အလီဇွတ်လာ အသက် ၂၄ နှစ်နဲ့ အောင်နန်းရပ်ကွက်က အသက် ၂၀ အရွယ်သိန်းထွန်းဦးတို့ ဖြစ်ပြီး သူနှစ်ဦးဟာ မယားညီအစ်ကို တော်စပ်ကာ ဆိုင်ကယ်ကယ်ရီလုပ်ငန်း လုပ်ကိုင်သူတွေလို့ မြစ်ကြီနားမြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့ ပြောပြချက်အရ သိရပါတယ်။

"ဒီလူတွေက ညဈေးတန်းတွေမှာ လာတဲ့ဧည့်သည်တွေ ၊ ဘဏ်တွေမှာ ငွေအပ်ဖို့လာတာပဲ ဖြစ်ဖြစ် ငွေထုတ်ဖို့လာတာပဲဖြစ်ဖြစ် စောင့်ကြည့်ပြီး လုယက်တာပေါ့ ၊ လောလောဆယ်အမှုတွေက ဒီကောင်တွေအများဆုံးဖြစ်နေတာ ၊ သက်သေခံပစ္စည်းတွေသိမ်းပြီး ဥပဒေအတိုင်းဆက်ဆောင်ရွက်မှာပါ" လို့ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့ရဲမှူးဇော်မိုးကပြောပါတယ်။

ဖမ်းဆီးရမိထားသူတွေဟာ မြစ်ကြီးနားမြို့ ဧရာဝတီဘဏ်ကို ငွေအပ်နှံဖို့လာသူဆီက သိန်း ၂၀၀ ၊ ကမ္ဘောဇဘဏ်ခွဲ (၂)က ငွေထုတ်ပြန်လာသူဆီက သိန်း ၅၀ ၊ သွပ်ပြားအရောင်းဆိုင်ကနေ အရောင်းအဝယ်လုပ်အပြီး ဟိုတယ်ကိုပြန်လာတဲ့ အမျိုးသမီးငါးယောက်ဆီက သိန်း ၃၀ ကျော် လုယက်ထားတယ်လို့ စစ်ဆေးတွေ့ရှိထားတဲ့အတွက် မြစ်ကြီးနားမြို့နယ်ရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၃၈၂ (လုယက်မှု) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ရန်အောင်ထွန်း(VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဘဏ္ကေန ေငြထုတ္ျပန္လာသူေတြကို ေစာင့္ၾကည့္လုယက္သူႏွစ္ဦး ဖမ္းဆီးရမိ ဘဏ္ကေန ေငြထုတ္ျပန္လာသူေတြကို ေစာင့္ၾကည့္လုယက္သူႏွစ္ဦး ဖမ္းဆီးရမိ Reviewed by THITHTOOLWIN on 01:39 Rating: 5
Powered by Blogger.