အတိုင္ပင္ခံ မေရာက္ခင္ မာန္ေအာင္မွာ မိုင္းကြဲ

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔အဖြဲ႕ ရခိုင္ျပည္နယ္ မန္ေအာင္ၿမိဳ႕ကို ရဟတ္ယာဥ္နဲ႔ ေရာက္ရွိလာစဥ္( Photo: CJ )
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ မာန္ေအာင္ၿမိဳ႕က ေနေရာင္ျခည္သုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံးဖြင့္ပြဲ တက္ေရာက္ဖြင့္လွစ္မယ့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ခရီးစဥ္ မတိုင္ခင္ ဒီကေန႔ မနက္အေစာပိုင္းက မာန္ေအာင္ၿမိဳ႕မွာ မိုင္းသုံးလုံး ဆက္တိုက္ေပါက္ကြဲခဲ့ပါတယ္။


မနက္ ေျခာက္နာရီခြဲေလာက္မွာ မာန္ေအာင္ၿမိဳ႕ထဲနဲ႔ မာန္ေအာင္ဟိုတယ္ကို သြားတဲ့ လမ္းေဘးမွာ ဆက္တိုက္ေပါက္ကြဲခဲ့တာလို႔ ေပါက္ကြဲသံေတြ ၾကားခဲ့ရတဲ့ ဟိုတယ္ဝန္ထမ္းတစ္ဦးက RFA ကို ေျပာပါတယ္။

“အခ်ိန္က မနက္ ေျခာက္နာရီေက်ာ္ေလာက္က ကြၽန္ေတာ္ကေတာ့ နားမွာ နားၾကပ္တပ္ထားေတာ့ သိပ္ၿပီး မၾကားလိုက္ဘူး။ ကြၽန္ေတာ့္ဝန္ထမ္းတစ္ေယာက္လည္း ၾကားတယ္၊ တျခားအနီးဝန္းက်င္ကလူေတြလည္း ၾကားလိုက္ၾကတယ္လို႔ ေျပာတယ္။ အသံက နည္းနည္းေတာ့ က်ယ္တယ္ေျပာတယ္။ ကြၽန္ေတာ့္ ဝန္ထမ္း တစ္ေယာက္ ေျပာတာေတာ့ မိုင္းခြဲတဲ့ အသံလိုလို သုံးခ်က္ေလာက္ ၾကားလိုက္တယ္လို႔ ေျပာတယ္။”

ေဒၚေအာင္ဆန္းစုၾကည္ကို ႀကိဳဆိုဖို႔အတြက္ အဲဒီမာန္ေအာင္ဟိုတယ္မွာ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပုနဲ႔ တျခားျပည္နယ္ ဝန္ႀကီးတခ်ိဳ႕လည္း ေရာက္ရွိေနၾကတာပါ။ လုံၿခဳံေရးေတြလည္း တင္းၾကပ္ထားတယ္လို႔ အဲဒီဟိုတယ္ဝန္ထမ္းက ေျပာပါတယ္။


ေပါက္ကြဲမႈျဖစ္ပြားတဲ့ေနရာနဲ႔ ဓာတ္အားေပးစက္႐ုံဖြင့္ပြဲျပဳလုပ္မယ့္ ခန္းမဟာ ငါးမိုင္ေက်ာ္ေလာက္ေဝးၿပီး လုံၿခဳံေရးကို အဆင့္ျမင့္ျမင့္ စည္းစနစ္က်က် လုပ္ေဆာင္ထားတာေတြ႕ရတယ္လို႔ မာန္ေအာင္ၿမိဳ႕ခံ မာန္ေအာင္ အမ်ားပိုင္ ဒါ႐ိုက္တာ ဦးလင္းျပည့္ဟိန္း က ေျပာပါတယ္။

“အဲဒီေပါက္ကြဲဆိုတဲ့ေနရာနဲ႔ အဲဒီခန္းမနဲ႔က အေဝးႀကီးပဲေလ။ ငါးမိုင္နဲ႔ ႏွစ္ဖာလုံေလာက္ ေဝးတယ္။ ေပါက္ကြဲသံ သုံးႀကိမ္ၾကားလိုက္ရတယ္လို႔ေတာ့ သိရတယ္။ လူအထိအခိုက္ေတာ့ မရွိပါဘူး။ တကယ္ အဆင့္ျမင့္ျမင့္ စည္း စနစ္က်ၿပီးေတာ့ လုံၿခဳံေရးေတာ္ေတာ္လုပ္ထားတာေတြ႕ရတယ္။ ပင္လယ္ကမ္းေျခဘက္မွာေရာ၊ ခန္းမ ပတ္ဝန္းက်င္မွာေရာ”

ဒီမိုင္းေပါက္ကြဲမႈဟာ ဘယ္သူေတြ၊ ဘယ္အဖြဲ႕အစည္းေတြရဲ႕ လက္ခ်က္လည္းဆိုတာကိုေတာ့ မသိရေသးပါဘူး။

မိုင္းေပါက္ကြဲတဲ့ ျဖစ္စဥ္ကေတာ့ မွန္ကန္ၿပီး ႀကီးႀကီးမားမားေပါက္ကြဲတာမဟုတ္ဘဲ အေသးစားေပါက္ကြဲမႈ ျဖစ္ေၾကာင္း ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႕မႉး႐ုံး ဒုရဲမႉးႀကီး ေမာင္ေမာင္စိုးက သတင္းဌာနတခ်ိဳ႕ကို ေျဖၾကားထား ေပမယ့္ RFA က ဒုရဲမႉးႀကီးေမာင္ေမာင္စိုးကို ဆက္သြယ္ေမးျမန္းရာမွာ တုံ႔ျပန္ေျဖၾကားမႈ မရွိခဲ့ပါဘူး။

ရကၡိဳင့္တပ္ေတာ္ AA ေျပာခြင့္ရသူ ခိုင္သုခ ကို RFA က ဆက္သြယ္ေမးျမန္းရာမွာေတာ့ ဒီေပါက္ကြဲမႈျဖစ္စဥ္ဟာ AA နဲ႔ လုံးဝဆက္စပ္ပတ္သက္မႈ မရွိဘူးလို႔ ေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို  RFA က ဆက္သြယ္ေမးျမန္းေပမယ့္ ေျဖၾကားတာမရွိပါဘူး။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ဟာ ဒီကေန႔ မနက္ ကိုးနာရီခြဲေလာက္က ဆိုလာဓာတ္အားေပးစက္႐ုံ ဖြင့္ပြဲ အခမ္းအနားကို တက္ေရာက္ဖြင့္လွစ္ေပးခဲ့ၿပီး မာန္ေအာင္ၿမိဳ႕ခံေတြနဲ႔ ေတြ႕ဆုံခဲ့တာပါ။

အဲဒီေတြ႕ဆုံပြဲမွာ ေဒသရဲ႕လိုအပ္ခ်က္ေတြကို ေဒသခံ ခုႏွစ္ေယာက္ေလာက္က တင္ျပခဲ့ၾကၿပီး ေဒၚေအာင္ဆန္း စုၾကည္ အပါအဝင္ သက္ဆိုင္ရာ ဝန္ႀကီးေတြ၊ တာဝန္ရွိသူေတြက ျပန္လည္ ေျဖၾကားခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အဲဒီေတြ႕ဆုံမႈမွာ ေဒၚေအာင္ဆန္းစုၾကည္က မာန္ေအာင္ၿမိဳ႕နယ္က ေဒသခံေတြ ေတာင္းဆိုတဲ့ လမ္း၊ ေဆး႐ုံတို႔ကို အျမန္ဆုံးေဆာင္႐ြက္ေပးသြားမယ္လို႔ ေျပာၾကားခဲ့ေၾကာင္း မာန္ေအာင္အမ်ားပိုင္ ဒါ႐ိုက္တာ ဦးလင္းျပည့္ဟိန္း က ေျပာပါတယ္။

“အဓိကကေတာ့ ဒီေဒသမွာ ဖြံ႕ၿဖိဳးတိုးတက္ေရးအပိုင္းေတြကို ျပည္နယ္အစိုးရနဲ႔ သက္ဆိုင္ရာဝန္ႀကီးဌာနေတြနဲ႔ အျမန္ဆုံးျဖစ္လာေအာင္ ေနာက္ၿပီးေတာ့ ေဒသခံေတြက ေတာင္းဆိုၾကတဲ့ လမ္းေလးေတြ ေတာင္းတာတို႔၊ ေဆး႐ုံေတာင္းတာတို႔ အဲဒါမ်ိဳးေတြကို ျမန္ျမန္ဆန္ဆန္ၿပီးသြားေအာင္ ေဆာင္႐ြက္ေပးမယ္လို႔ ေျပာသြားပါတယ္။ နယ္ေျမတစ္ခု ဖြံ႕ၿဖိဳးတိုးတက္ဖို႔ဆိုရင္ နယ္ေျမေအးခ်မ္းဖို႔လိုအပ္ေၾကာင္း၊ ပဋိပကၡေတြကို လက္နက္ကိုင္ၿပီး ေျဖရင္းတာမ်ိဳးေတြ မလုပ္သင့္ေၾကာင္း ဒါေတြဟာ ႏိုင္ငံေရးအရ ေဆြးေႏြးတဲ့ နည္းလမ္းနဲ႔ အေျဖရွာရမွာ ျဖစ္ေၾကာင္း ေနာက္ၿပီး ဒီလိုၿငိမ္းခ်မ္းမႈေတြရွိမွာလည္း လာေရာက္ရင္းႏွီးျမႇဳပ္ႏွံၾကမွာျဖစ္ေၾကာင္း အဲလို ေျပာသြားတယ္။”

ေဒၚေအာင္ဆန္းစုၾကည္ ဒီေန႔ တက္ေရာက္ဖြင့္လွစ္ခဲ့တဲ့ ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံဟာ ေတာင္ကိုးရီးယားႏိုင္ငံ အေျခစိုက္ ေပၚစကိုေဒဝူး Posco Daewoo ကုမၸဏီက ၂၀၁၈ ခုႏွစ္မွာ တည္ေဆာက္ခဲ့ တာျဖစ္ပါတယ္။

မာန္ေအာင္ၿမိဳ႕က ၿမိဳ႕ေပၚရပ္ကြက္ ငါးခုနဲ႔ ေက်း႐ြာ ႏွစ္႐ြာကို လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေနတာျဖစ္ၿပီး ၂၀၂၀ မွာေတာ့ မာန္ေအာင္တၿမိဳ႕နယ္လုံးကို ျဖန႔္ျဖဴးေပးဖို႔ ေဆာင္႐ြက္ေနတာရွိတယ္လို႔လည္း သိရပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
အတိုင်ပင်ခံ မရောက်ခင် မာန်အောင်မှာ မိုင်းကွဲ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အဖွဲ့ ရခိုင်ပြည်နယ် မန်အောင်မြို့ကို ရဟတ်ယာဉ်နဲ့ ရောက်ရှိလာစဉ်( Photo: CJ )

ရခိုင်ပြည်နယ် မာန်အောင်မြို့က နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံးဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် မတိုင်ခင် ဒီကနေ့ မနက်အစောပိုင်းက မာန်အောင်မြို့မှာ မိုင်းသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။

မနက် ခြောက်နာရီခွဲလောက်မှာ မာန်အောင်မြို့ထဲနဲ့ မာန်အောင်ဟိုတယ်ကို သွားတဲ့ လမ်းဘေးမှာ ဆက်တိုက်ပေါက်ကွဲခဲ့တာလို့ ပေါက်ကွဲသံတွေ ကြားခဲ့ရတဲ့ ဟိုတယ်ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။

“အချိန်က မနက် ခြောက်နာရီကျော်လောက်က ကျွန်တော်ကတော့ နားမှာ နားကြပ်တပ်ထားတော့ သိပ်ပြီး မကြားလိုက်ဘူး။ ကျွန်တော့်ဝန်ထမ်းတစ်ယောက်လည်း ကြားတယ်၊ တခြားအနီးဝန်းကျင်ကလူတွေလည်း ကြားလိုက်ကြတယ်လို့ ပြောတယ်။ အသံက နည်းနည်းတော့ ကျယ်တယ်ပြောတယ်။ ကျွန်တော့် ဝန်ထမ်း တစ်ယောက် ပြောတာတော့ မိုင်းခွဲတဲ့ အသံလိုလို သုံးချက်လောက် ကြားလိုက်တယ်လို့ ပြောတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် အဲဒီမာန်အောင်ဟိုတယ်မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ တခြားပြည်နယ် ဝန်ကြီးတချို့လည်း ရောက်ရှိနေကြတာပါ။ လုံခြုံရေးတွေလည်း တင်းကြပ်ထားတယ်လို့ အဲဒီဟိုတယ်ဝန်ထမ်းက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာနဲ့ ဓာတ်အားပေးစက်ရုံဖွင့်ပွဲပြုလုပ်မယ့် ခန်းမဟာ ငါးမိုင်ကျော်လောက်ဝေးပြီး လုံခြုံရေးကို အဆင့်မြင့်မြင့် စည်းစနစ်ကျကျ လုပ်ဆောင်ထားတာတွေ့ရတယ်လို့ မာန်အောင်မြို့ခံ မာန်အောင် အများပိုင် ဒါရိုက်တာ ဦးလင်းပြည့်ဟိန်း က ပြောပါတယ်။

“အဲဒီပေါက်ကွဲဆိုတဲ့နေရာနဲ့ အဲဒီခန်းမနဲ့က အဝေးကြီးပဲလေ။ ငါးမိုင်နဲ့ နှစ်ဖာလုံလောက် ဝေးတယ်။ ပေါက်ကွဲသံ သုံးကြိမ်ကြားလိုက်ရတယ်လို့တော့ သိရတယ်။ လူအထိအခိုက်တော့ မရှိပါဘူး။ တကယ် အဆင့်မြင့်မြင့် စည်း စနစ်ကျပြီးတော့ လုံခြုံရေးတော်တော်လုပ်ထားတာတွေ့ရတယ်။ ပင်လယ်ကမ်းခြေဘက်မှာရော၊ ခန်းမ ပတ်ဝန်းကျင်မှာရော”

ဒီမိုင်းပေါက်ကွဲမှုဟာ ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေရဲ့ လက်ချက်လည်းဆိုတာကိုတော့ မသိရသေးပါဘူး။

မိုင်းပေါက်ကွဲတဲ့ ဖြစ်စဉ်ကတော့ မှန်ကန်ပြီး ကြီးကြီးမားမားပေါက်ကွဲတာမဟုတ်ဘဲ အသေးစားပေါက်ကွဲမှု ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးကြီး မောင်မောင်စိုးက သတင်းဌာနတချို့ကို ဖြေကြားထား ပေမယ့် RFA က ဒုရဲမှူးကြီးမောင်မောင်စိုးကို ဆက်သွယ်မေးမြန်းရာမှာ တုံ့ပြန်ဖြေကြားမှု မရှိခဲ့ပါဘူး။

ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခ ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ဒီပေါက်ကွဲမှုဖြစ်စဉ်ဟာ AA နဲ့ လုံးဝဆက်စပ်ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို  RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖြေကြားတာမရှိပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဒီကနေ့ မနက် ကိုးနာရီခွဲလောက်က ဆိုလာဓာတ်အားပေးစက်ရုံ ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မာန်အောင်မြို့ခံတွေနဲ့ တွေ့ဆုံခဲ့တာပါ။

အဲဒီတွေ့ဆုံပွဲမှာ ဒေသရဲ့လိုအပ်ချက်တွေကို ဒေသခံ ခုနှစ်ယောက်လောက်က တင်ပြခဲ့ကြပြီး ဒေါ်အောင်ဆန်း စုကြည် အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးတွေ၊ တာဝန်ရှိသူတွေက ပြန်လည် ဖြေကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်က မာန်အောင်မြို့နယ်က ဒေသခံတွေ တောင်းဆိုတဲ့ လမ်း၊ ဆေးရုံတို့ကို အမြန်ဆုံးဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားခဲ့ကြောင်း မာန်အောင်အများပိုင် ဒါရိုက်တာ ဦးလင်းပြည့်ဟိန်း က ပြောပါတယ်။

“အဓိကကတော့ ဒီဒေသမှာ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းတွေကို ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ အမြန်ဆုံးဖြစ်လာအောင် နောက်ပြီးတော့ ဒေသခံတွေက တောင်းဆိုကြတဲ့ လမ်းလေးတွေ တောင်းတာတို့၊ ဆေးရုံတောင်းတာတို့ အဲဒါမျိုးတွေကို မြန်မြန်ဆန်ဆန်ပြီးသွားအောင် ဆောင်ရွက်ပေးမယ်လို့ ပြောသွားပါတယ်။ နယ်မြေတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နယ်မြေအေးချမ်းဖို့လိုအပ်ကြောင်း၊ ပဋိပက္ခတွေကို လက်နက်ကိုင်ပြီး ဖြေရင်းတာမျိုးတွေ မလုပ်သင့်ကြောင်း ဒါတွေဟာ နိုင်ငံရေးအရ ဆွေးနွေးတဲ့ နည်းလမ်းနဲ့ အဖြေရှာရမှာ ဖြစ်ကြောင်း နောက်ပြီး ဒီလိုငြိမ်းချမ်းမှုတွေရှိမှာလည်း လာရောက်ရင်းနှီးမြှုပ်နှံကြမှာဖြစ်ကြောင်း အဲလို ပြောသွားတယ်။”

ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ တက်ရောက်ဖွင့်လှစ်ခဲ့တဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဟာ တောင်ကိုးရီးယားနိုင်ငံ အခြေစိုက် ပေါ်စကိုဒေဝူး Posco Daewoo ကုမ္ပဏီက ၂၀၁၈ ခုနှစ်မှာ တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။

မာန်အောင်မြို့က မြို့ပေါ်ရပ်ကွက် ငါးခုနဲ့ ကျေးရွာ နှစ်ရွာကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေတာဖြစ်ပြီး ၂၀၂၀ မှာတော့ မာန်အောင်တမြို့နယ်လုံးကို ဖြန့်ဖြူးပေးဖို့ ဆောင်ရွက်နေတာရှိတယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.rfa.org
အတိုင္ပင္ခံ မေရာက္ခင္ မာန္ေအာင္မွာ မိုင္းကြဲ အတိုင္ပင္ခံ မေရာက္ခင္ မာန္ေအာင္မွာ မိုင္းကြဲ Reviewed by THITHTOOLWIN on 01:46 Rating: 5
Powered by Blogger.