သတင္းသမားမ်ား ဖမ္းဆီးခံရမႈ စံခ်ိန္တင္မ်ားျပားလာ


(Zawgyi/Unicode)

ျမန္မာႏုိင္ငံအပါအ၀င္ ကမာၻတ၀န္းမွာ သတင္းသမားေတြကုိ ဖမ္းဆီးမႈေတြ စံခ်ိန္တင္ေလာက္ေအာင္ မ်ားျပားေနဆဲျဖစ္ေၾကာင္း နယူးေယာက္ အေျခစုိက္ သတင္းသမားမ်ား အကာအကြယ္ေပးေရး ေကာ္မတီ (CPJ) က ေျပာဆုိလုိက္ပါတယ္။

တ႐ုတ္၊ တူရကီ၊ ေဆာ္ဒီအာေရးဗီးယားနဲ႔ အီဂ်စ္ႏုိင္ငံေတြကေတာ့ သတင္းသမားေတြ ဖမ္းဆီးထိန္းသိမ္းမႈ အမ်ားဆုံးျဖစ္ေၾကာင္းလည္း ႏွစ္ပတ္လည္ အစီရင္ခံစာမွာ ေဖာ္ျပခဲ့တာပါ။

ကမာၻတ၀န္း သတင္းသမားေတြကုိ ဖမ္းဆီးထိန္းသိမ္းမႈေတြဟာ ၄ ႏွစ္ ဆက္တုိက္ ျမင့္မားေနၿပီး တ႐ုတ္သမၼတ Xi Jinping တူရကီသမၼတ Recep Tayyip Erdoğan ေဆာ္ဒီဘုရင္ Mohammed bin Salman နဲ႔ အီဂ်စ္သမၼတ Abdel Fattah el-Sissi တုိ႔လုိ အာဏာရွင္ေတြဟာလည္း ေ၀ဖန္ေထာက္ျပတဲ့ သတင္းမီဒီယာေတြကုိ လက္ခံလုိတဲ့ လကၡဏာ မေတြ႔ရေၾကာင္းလည္း CPJ ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္ထဲ သတင္းသမား ၂၄၅ ေယာက္ကုိ ဖမ္းဆီးထားရာက ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္မွာ ၂၄၅ ေယာက္အထိ ေလ်ာ့က်သြားေပမဲ့ သတင္းအတုေတြ ေဖာ္ျပတယ္လုိ႔ဆုိတဲ့ စြပ္စဲြခ်က္နဲ႔ တရားစဲြခံရတဲ့ သတင္းသမား အေရအတြက္ တုိးလာေနေၾကာင္းလည္း ေထာက္ျပခဲ့တာပါ။

သတင္းအတုေတြ ေဖာ္ျပမႈနဲ႔ အေရးယူခံခဲ့ရသူ ၂၀၁၈ ခုႏွစ္မွာ ၂၈ ေယာက္သာ ရွိခဲ့ရာက ၿပီးခဲ့တဲ့ႏွစ္မွာ ၃၀ အထိ တုိးလာၿပီး အထူးသျဖင့္ ၂၀၁၂ ခုႏွစ္ကစလုိ႔ တျဖည္းျဖည္း တုိးလာေနတဲ့ အီဂ်စ္ႏုိင္ငံမွာ ႏုိင္ငံေရး ရည္ရြယ္ခ်က္နဲ႔ အေရးယူခဲ့တာ အမ်ားဆုံး ျဖစ္ခဲ့ေၾကာင္းလည္း ေျပာဆုိထားပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ထဲမွာပဲ ႐ုရွားနဲ႔ စကၤာပူႏုိင္ငံေတြမွာ သတင္းအတုေတြကို ထုတ္ေ၀သူေတြကုိ ရာဇ၀တ္ေၾကာင္းနဲ႔ အေရးယူမယ့္ ဥပေဒေတြ ျပဌာန္းခဲ့တာကုိလည္း အစီရင္ခံစာမွာ ေဖာ္ျပခဲ့တာပါ။

CPJ ရဲ႕ အစီရင္ခံစာမွာေတာ့ Channel Mandalay သတင္းဌာနက ကုိနႏၵကုိ ဖမ္းဆီးမႈကုိလည္း ထည့္သြင္းထားပါတယ္။

သတင္ေထာက္ ကုိနႏၵကုိေတာ့ မႏၱေလးတိုင္း၊ပုသိမ္ႀကီးၿမိဳ႕နယ္ ေအာင္သေျပေက်းရြာမွာ ဆႏၵျပေဒသခံေတြနဲ႔ ရဲတပ္ဖဲြ႔ၾကား ထိပ္တုိက္ရင္ဆုိင္ခဲ့ရတာကုိ တုိက္႐ုိက္ထုတ္လႊင့္ ျပသခဲ့တဲ့အေပၚ အာဏာပုိင္ေတြက ရာဇ၀တ္ေၾကာင္းနဲ႔ တရားစဲြဆုိအေရးယူခဲ့တာကုိ CPJ က ထည့္သြင္းထားတာ ျဖစ္ပါတယ္။

[Unicode Version]

သတင်းသမားများဖမ်းဆီးခံရမှု စံချိန်တင်များပြားလာ

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ သတင်းသမားတွေကို ဖမ်းဆီးမှုတွေ စံချိန်တင်လောက်အောင် များပြားနေဆဲဖြစ်ကြောင်း နယူးယောက် အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ) က ပြောဆိုလိုက်ပါတယ်။

တရုတ်၊ တူရကီ၊ ဆော်ဒီအာရေးဗီးယားနဲ့ အီဂျစ်နိုင်ငံတွေကတော့ သတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းမှု အများဆုံးဖြစ်ကြောင်းလည်း နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

ကမ္ဘာတဝန်း သတင်းသမားတွေကို ဖမ်းဆီးထိန်းသိမ်းမှုတွေဟာ ၄ နှစ် ဆက်တိုက် မြင့်မားနေပြီး တရုတ်သမ္မတ Xi Jinping တူရကီသမ္မတ Recep Tayyip Erdoğan ဆော်ဒီဘုရင် Mohammed bin Salman နဲ့ အီဂျစ်သမ္မတ Abdel Fattah el-Sissi တို့လို အာဏာရှင်တွေဟာလည်း ဝေဖန်ထောက်ပြတဲ့ သတင်းမီဒီယာတွေကို လက်ခံလိုတဲ့ လက္ခဏာ မတွေ့ရကြောင်းလည်း CPJ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ထဲ သတင်းသမား ၂၄၅ ယောက်ကို ဖမ်းဆီးထားရာက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ၂၄၅ ယောက်အထိ လျော့ကျသွားပေမဲ့ သတင်းအတုတွေ ဖော်ပြတယ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံရတဲ့ သတင်းသမား အရေအတွက် တိုးလာနေကြောင်းလည်း ထောက်ပြခဲ့တာပါ။

သတင်းအတုတွေ ဖော်ပြမှုနဲ့ အရေးယူခံခဲ့ရသူ ၂၀၁၈ ခုနှစ်မှာ ၂၈ ယောက်သာ ရှိခဲ့ရာက ပြီးခဲ့တဲ့နှစ်မှာ ၃၀ အထိ တိုးလာပြီး အထူးသဖြင့် ၂၀၁၂ ခုနှစ်ကစလို့ တဖြည်းဖြည်း တိုးလာနေတဲ့ အီဂျစ်နိုင်ငံမှာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အရေးယူခဲ့တာ အများဆုံး ဖြစ်ခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ထဲမှာပဲ ရုရှားနဲ့ စင်္ကာပူနိုင်ငံတွေမှာ သတင်းအတုတွေကို ထုတ်ဝေသူတွေကို ရာဇဝတ်ကြောင်းနဲ့ အရေးယူမယ့် ဥပဒေတွေ ပြဌာန်းခဲ့တာကိုလည်း အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

CPJ ရဲ့ အစီရင်ခံစာမှာတော့ Channel Mandalay သတင်းဌာနက ကိုနန္ဒကို ဖမ်းဆီးမှုကိုလည်း ထည့်သွင်းထားပါတယ်။

သတင်ထောက် ကိုနန္ဒကိုတော့ မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ ဆန္ဒပြဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာကို တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့တဲ့အပေါ် အာဏာပိုင်တွေက ရာဇဝတ်ကြောင်းနဲ့ တရားစွဲဆိုအရေးယူခဲ့တာကို CPJ က ထည့်သွင်းထားတာ ဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com
သတင္းသမားမ်ား ဖမ္းဆီးခံရမႈ စံခ်ိန္တင္မ်ားျပားလာ သတင္းသမားမ်ား ဖမ္းဆီးခံရမႈ စံခ်ိန္တင္မ်ားျပားလာ Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.