နယူးေယာက္မွာ ဂမ္ဘီယာအေပၚ ကန္႔ကြက္ဆႏၵျပ

နယူးေယာက္မွာ ဂမ္ဘီယာအေပၚ ကန္႔ကြက္ဆႏၵျပ (ဓါတ္ပံု-ကိုေက်ာ္သက္ )
(Zawgyi/Unicode)

ျမန္မာႏုိင္ငံဟာ လူမ်ဳိးတုံးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆုိတဲ့ စြပ္စြဲခ်က္နဲ႔ နယ္သာလန္ႏုိင္ငံ၊ The Hague ၿမိဳ႕မွာရွိတဲ့ ICJ ႏုိင္ငံတကာတရား႐ံုးမွာ ျမန္မာႏုိင္ငံကုိ တရားစြဲဆုိထားတဲ့အမႈကုိ ၾကားနာေနခ်ိန္မွာပဲ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျမန္မာ ကုိယ္စားလွယ္အဖြဲ႔ကုိ ေထာက္ခံၿပီး ဂမ္ဘီယာကိုကန္႔ကြက္တဲ့ ဆႏၵျပပြဲတခု ကုလသမဂၢဆုိင္ရာ ဂမ္ဘီယာ အျမဲတမ္း ကုိယ္စားလွယ္အဖြဲ႔႐ုံးေရွ႕မွာ ဒီဇင္ဘာလ ၁၀ ရက္၊ အဂၤါေန႔က ျပဳလုပ္ခဲ့ပါတယ္။

ဒီဆႏၵျပပြဲကုိ နယူးေယာက္ၿမိဳ႕မွာရွိတဲ့ ျမန္မာမိသားစုေတြက ဦးေဆာင္က်င္းပတာျဖစ္ၿပီး နယူးေယာက္ျပည္နယ္တြင္း တျခားၿမိဳ႕ေတြက ေထာက္ခံသူေတြနဲ႔ အင္ဒီယားနားျပည္နယ္က တက္ႂကြလႈပ္ရွားသူေတြလည္း ပူးေပါင္း ပါ၀င္ခဲ့ၾကပါတယ္။ သူတုိ႔အေနနဲ႔ ဘာေၾကာင့္ အခုလုိ ဂမ္ဘီယာ အျမဲတမ္းကုိယ္စားလွယ္႐ံုးေရွ႕မွာ ဆႏၵျပရတယ္ဆုိတာကုိေတာ့ အင္ဒီယားနားျပည္နယ္၊ Fort Wayne ၿမိဳ႕ကေန ပူးေပါင္းဆႏၵျပတဲ့ ကုိေက်ာ္သက္က အခုလုိ ရွင္းျပပါတယ္။

“ျမန္မာျပည္သားေတြအားလံုး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တသားထဲရွိတယ္ဆိုတာကို ျပခ်င္လို႔ က်ေန္ာတို႔ ဒီမွာ ဆႏၵျပတာပါ။ မွန္တယ္၊ မွားတယ္ဆိုတာ အခ်က္ ၂ ခ်က္ရွိတာေပါ့ေနာ္ က်ေနာ္တို႔ ျပည္တြင္းအေျခအေနရယ္ ၊ ေနာက္တခါ ျပည္ပအေျခအေနရယ္ေပါ့ေနာ္။ ျပည္တြင္းအေျခအေနက က်ေနာ္တို႔ႏိုင္ငံက အခုအထိ ဒီမိုကေရစီဆိုတာေျပာတယ္ အခုအထိ ဒီမိုကေရစီ မရေသးပါဘူး။ စစ္တပ္က စစ္တပ္၊ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ ျပည္သူ႔အစိုးရက အစိုးရ ဆိုတဲ့ ပံုသ႑န္မွာပဲ ရွိေသးတယ္။ အဲဒီအခါမွာ စစ္တပ္ကလည္း လုပ္ခ်င္လုပ္မွာေပါ့ေနာ္ သူလည္း မွားတာရွိမွာေပါ့။ သို႔ေသာ္ ဒါေတြက တိုင္းျပည္နဲ႔ လူမ်ိဳးနဲ႔ မဆိုင္ပဲနဲ႔ စစ္တပ္က လူတစုကို အေရးယူ အျပစ္ေပးမယ္ဆိုရင္ေတာ့ တမ်ိဳးေပါ့ဗ်ာ ။ ဒါေပမယ့္ အခုဟာက တတိုင္းျပည္လံုးကို လာၿပီး ေစာ္ကားတဲ့အေနအထားမ်ိဳး က်ေနာ္တို႔ျမင္တယ္။ ေနာက္တခုက ဒီကိစၥေတြဟာ ျပည္ပရဲ႕ က်ဴးေက်ာ္မႈတခုလို႔ က်ေနာ္တို႔ ျမင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဘဂၤလားေဒ့ဘက္ကေန ေျမွာက္ထိုးပင့္ေကာ္ သြားလုပ္ခဲ့တယ္။ ေနာက္တခါ OIC ဆိုတာ မြတ္ဆလင္ႏိုင္ငံေတြ စုထားတဲ့ မြတ္ဆလင္ႏိုင္ငံကေနၿပီးေတာ့မွ ေငြေပးၿပီးေတာ့ ဂမ္ဘီယာ ကို ပိုက္ဆံေပးၿပီးေတာ့ က်ေနာ္တို႔ ႏိုင္ငံကိုတရားစြဲခိုင္းတယ္ဆိုတာကို က်ေနာ္တုိ႔ လံုး၀ လက္မခံႏိုင္ပါဘူး။ ဒါက တရားျခင္း၊ မတရားျခင္းဆိုတဲ့ အခ်က္ ၂ ခ်က္ကို က်ေနာ္ရွင္းျပတာပါ။”

ဂမ္ဘီယာအေပၚကန္႔ကြက္တဲ့ ဆႏၵျပသူေတြရဲ႕စာကို ဂမ္ဘီယာ အျမဲတမ္းကိုယ္စားလွယ္အဖြဲ႔႐ံုးက တာဝန္ရွိသူတဦး ထြက္လာၿပီး လက္ခံရယူတယ္လုိ႔လည္း ကိုေက်ာ္သက္ကေျပာပါတယ္။

နယူးေယာက္မွာလုပ္တဲ့ ဆႏၵျပပြဲမွာ အေမရိကန္မွာရွိေနတဲ့ ျမန္မာမိသားစုအသုိင္း၀ုိင္းက လူေပါင္း ၅၀ ေလာက္ ပါ၀င္ခဲ့တယ္လုိ႔ ဆုိပါတယ္။

ICJ ႏုိင္ငံတကာတရား႐ုံးမွာ ျမန္မာႏုိင္ငံကုိယ္စား အမႈကုိ ဦးေဆာင္ရင္ဆုိင္ေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကုိ ေထာက္ခံ ဝန္းရံသူ ေတြ နယ္သာလန္ႏုိင္ငံ၊ The Hague ၿမိဳ႕ ICJ တရား႐ံုးေရွ႕မွာ စုေဝးၾကသလို ျမန္မာႏုိင္ငံတြင္းမွာေရာ ျပည္ပႏုိင္ငံေတြမွာပါ ေထာက္ခံပြဲေတြကို ဒီဇင္ဘာလ ၇ ရက္ေန႔ကတည္းက လုပ္လာေနၾကပါတယ္။

အလားတူပဲ ဂမ္ဘီယာကို ေထာက္ခံသူေတြကလည္း ၾကားနာမႈက်င္းပရာ The Hague ၿမိဳ႕ ICJ တရား႐ုံးျပင္ပမွာ အဂၤါေန႔က စုေဝးခဲ့ၾကပါတယ္။

.....................

နယူးယောက်မှာ ဂမ်ဘီယာအပေါ် ကန့်ကွက်ဆန္ဒပြ

(Zawgyi/Unicode)

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နယ်သာလန်နိုင်ငံ၊ The Hague မြို့မှာရှိတဲ့ ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့အမှုကို ကြားနာနေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံပြီး ဂမ်ဘီယာကိုကန့်ကွက်တဲ့ ဆန္ဒပြပွဲတခု ကုလသမဂ္ဂဆိုင်ရာ ဂမ်ဘီယာ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးရှေ့မှာ ဒီဇင်ဘာလ ၁၀ ရက်၊ အင်္ဂါနေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကို နယူးယောက်မြို့မှာရှိတဲ့ မြန်မာမိသားစုတွေက ဦးဆောင်ကျင်းပတာဖြစ်ပြီး နယူးယောက်ပြည်နယ်တွင်း တခြားမြို့တွေက ထောက်ခံသူတွေနဲ့ အင်ဒီယားနားပြည်နယ်က တက်ကြွလှုပ်ရှားသူတွေလည်း ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ သူတို့အနေနဲ့ ဘာကြောင့် အခုလို ဂမ်ဘီယာ အမြဲတမ်းကိုယ်စားလှယ်ရုံးရှေ့မှာ ဆန္ဒပြရတယ်ဆိုတာကိုတော့ အင်ဒီယားနားပြည်နယ်၊ Fort Wayne မြို့ကနေ ပူးပေါင်းဆန္ဒပြတဲ့ ကိုကျော်သက်က အခုလို ရှင်းပြပါတယ်။

“မြန်မာပြည်သားတွေအားလုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ တသားထဲရှိတယ်ဆိုတာကို ပြချင်လို့ ကျနေ်ာတို့ ဒီမှာ ဆန္ဒပြတာပါ။ မှန်တယ်၊ မှားတယ်ဆိုတာ အချက် ၂ ချက်ရှိတာပေါ့နော် ကျနော်တို့ ပြည်တွင်းအခြေအနေရယ် ၊ နောက်တခါ ပြည်ပအခြေအနေရယ်ပေါ့နော်။ ပြည်တွင်းအခြေအနေက ကျနော်တို့နိုင်ငံက အခုအထိ ဒီမိုကရေစီဆိုတာပြောတယ် အခုအထိ ဒီမိုကရေစီ မရသေးပါဘူး။ စစ်တပ်က စစ်တပ်၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည်သူ့အစိုးရက အစိုးရ ဆိုတဲ့ ပုံသဏ္ဍန်မှာပဲ ရှိသေးတယ်။ အဲဒီအခါမှာ စစ်တပ်ကလည်း လုပ်ချင်လုပ်မှာပေါ့နော် သူလည်း မှားတာရှိမှာပေါ့။ သို့သော် ဒါတွေက တိုင်းပြည်နဲ့ လူမျိုးနဲ့ မဆိုင်ပဲနဲ့ စစ်တပ်က လူတစုကို အရေးယူ အပြစ်ပေးမယ်ဆိုရင်တော့ တမျိုးပေါ့ဗျာ ။ ဒါပေမယ့် အခုဟာက တတိုင်းပြည်လုံးကို လာပြီး စော်ကားတဲ့အနေအထားမျိုး ကျနော်တို့မြင်တယ်။ နောက်တခုက ဒီကိစ္စတွေဟာ ပြည်ပရဲ့ ကျူးကျော်မှုတခုလို့ ကျနော်တို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘင်္ဂလားဒေ့ဘက်ကနေ မြှောက်ထိုးပင့်ကော် သွားလုပ်ခဲ့တယ်။ နောက်တခါ OIC ဆိုတာ မွတ်ဆလင်နိုင်ငံတွေ စုထားတဲ့ မွတ်ဆလင်နိုင်ငံကနေပြီးတော့မှ ငွေပေးပြီးတော့ ဂမ်ဘီယာ ကို ပိုက်ဆံပေးပြီးတော့ ကျနော်တို့ နိုင်ငံကိုတရားစွဲခိုင်းတယ်ဆိုတာကို ကျနော်တို့ လုံး၀ လက်မခံနိုင်ပါဘူး။ ဒါက တရားခြင်း၊ မတရားခြင်းဆိုတဲ့ အချက် ၂ ချက်ကို ကျနော်ရှင်းပြတာပါ။”

ဂမ်ဘီယာအပေါ်ကန့်ကွက်တဲ့ ဆန္ဒပြသူတွေရဲ့စာကို ဂမ်ဘီယာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ရှိသူတဦး ထွက်လာပြီး လက်ခံရယူတယ်လို့လည်း ကိုကျော်သက်ကပြောပါတယ်။

နယူးယောက်မှာလုပ်တဲ့ ဆန္ဒပြပွဲမှာ အမေရိကန်မှာရှိနေတဲ့ မြန်မာမိသားစုအသိုင်းဝိုင်းက လူပေါင်း ၅၀ လောက် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံကိုယ်စား အမှုကို ဦးဆောင်ရင်ဆိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ဝန်းရံသူ တွေ နယ်သာလန်နိုင်ငံ၊ The Hague မြို့ ICJ တရားရုံးရှေ့မှာ စုဝေးကြသလို မြန်မာနိုင်ငံတွင်းမှာရော ပြည်ပနိုင်ငံတွေမှာပါ ထောက်ခံပွဲတွေကို ဒီဇင်ဘာလ ၇ ရက်နေ့ကတည်းက လုပ်လာနေကြပါတယ်။

အလားတူပဲ ဂမ်ဘီယာကို ထောက်ခံသူတွေကလည်း ကြားနာမှုကျင်းပရာ The Hague မြို့ ICJ တရားရုံးပြင်ပမှာ အင်္ဂါနေ့က စုဝေးခဲ့ကြပါတယ်။

VOA Burmese
https://burmese.voanews.com
နယူးေယာက္မွာ ဂမ္ဘီယာအေပၚ ကန္႔ကြက္ဆႏၵျပ နယူးေယာက္မွာ ဂမ္ဘီယာအေပၚ ကန္႔ကြက္ဆႏၵျပ Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.