ပလက္ဝ စက္ေလွပစ္ခတ္ခံရမႈမွာ ခရီးသည္ ႏွစ္ဦး ေသ၊ ငါးဦး ဒဏ္ရာရ

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္က တိုက္ပြဲျဖစ္ပြားရာ ေနရာကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ပလက္ဝၿမိဳ႕ကေန ေတာင္ၿပိဳေက်း႐ြာကိုသြားတဲ့ ခရီးသည္စက္ေလွတစ္စီးဟာ မေန႔တုန္းက ႏႈံးဘူးေက်း႐ြာနားအေရာက္ တပ္မေတာ္နဲ႔ AA တိုက္ပြဲေၾကာင့္ လက္နက္ႀကီးနဲ႔ အပစ္ခံရၿပီး ႏွစ္ဦး ေသဆုံးကာ ငါးဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ခ်င္းျပည္နယ္ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုးထက္က RFA ကို အတည္ျပဳေျပာဆိုပါတယ္။

“ႏႈံးဘူး႐ြာမွာ လူအတင္အခ်ျပဳလုပ္ၿပီး ရပ္ေနတဲ့အခ်ိန္မွာ AAနဲ႔ တပ္မေတာ္တိုက္ပြဲျဖစ္တာနဲ႔ သြားႀကဳံတယ္၊ ႀကဳံေတာ့ သူတို႔နားကို လက္နက္ႀကီး သုံးလုံးေလာက္က်တယ္ေျပာတယ္၊ ႏွစ္လုံးက ကမ္းစပ္နားမွာက်တယ္၊ တစ္လုံးက စက္ေလွအေပၚမွာ လာက်တယ္၊ က်တဲ့အခ်ိန္က်ေတာ့ on the sport ေယာက္်ားေလးတစ္ေယာက္ မိန္းကေလးတစ္ေယာက္ ဆုံးသြားတယ္လို႔ သိရတယ္၊ အားလုံး ခုႏွစ္ေယာက္ ဒဏ္ရာရတာမွာ ႏွစ္ေယာက္ ဆုံးတယ္၊ ဒဏ္ရာရတဲ့ ငါးေယာက္ကေတာ့ ပလက္ဝေဆး႐ုံမွာ မေန႔ညေနကတည္းေခၚၿပီး ကုေပးေနတယ္”

ဒီစက္ေလွမွာ ဒဏ္ရာရရွိခဲ့သူေတြကို ပလက္ဝေဆး႐ုံမွာ ခြဲစိတ္ကုသဖို႔ အဆင္မေျပတာေၾကာင့္ ဒီေန႔မွာ စစ္ေတြကို လႊဲေျပာင္းေပးလိုက္တယ္လို႔ ဝန္ႀကီး ဦးစိုးထက္က ေျပာပါတယ္။

ပလက္ဝၿမိဳ႕ကေန ခရီးသည္ ၁၈ ဦးတင္ေဆာင္လာတဲ့ ခရီးသည္တင္ေလွဟာ ေတာင္ၿပိဳ႐ြာကို အသြား ႏႈံးဘူးေက်း႐ြာနားအေရာက္မွာ တိုက္ပြဲေတြျဖစ္တာေၾကာင့္ ကမ္းကပ္ၿပီး ထြက္ေျပးၾကပါတယ္။

ဒီလို ကမ္းကပ္ၿပီးထြက္ေျပးၾကစဥ္မွာ ခ်က္ခ်င္းမေျပးႏိုင္တဲ့ ကေလးနဲ႔ လူႀကီးေတြ လက္နက္ႀကီးထိ မွန္တာလို႔ ပလက္ဝၿမိဳ႕နယ္ စစ္ေဘးေရွာင္ ကူညီေရးေဆာင္႐ြက္ေနတဲ့ ဦးဇာနီကေျပာပါတယ္။

“စက္ေလွဆိုက္တယ္ဆို တိုက္ပြဲေတြျဖစ္တယ္ဆိုေတာ့ စက္ေလွေပၚကေန ျမန္ျမန္ဆင္းၿပီးေတာ့ တခ်ိဳ႕လူေတြက ေရထဲဆင္းၿပီး ေရကူးၿပီး ေျပးတယ္၊ ကုန္းေပၚမွာ ထြက္ေျပးၾကတယ္၊ အခုထိတဲ့လူေတြက ခ်က္ခ်င္း မေျပးႏိုင္တဲ့လူေတြ၊ ကေလးနဲ႔ဘာနဲ႔ဆိုေတာ့၊ အသက္ႀကီးတဲ့လူေတြအဲဒီမွာ တခ်ိဳ႕ေတြက ကုန္းေပၚကိုေျပးၾကၿပီ၊ အဲအခ်ိန္မွာ လက္နက္ႀကီးက က်လာတယ္ေျပာတယ္”

ဒီလိုတိုက္ပြဲအတြင္း အပစ္ခံရတာေၾကာင့္ ရကၡိဳင့္တပ္ေတာ္ AA ကပစ္တာလား၊ တပ္မေတာ္က ပစ္ခတ္တာလားဆိုတာ မသိရေသးဘူးလို႔ ေဒသခံေတြကေျပာပါတယ္။

ဒီလို႔လက္နက္ႀကီးထိလို႔ ကေလးေတြအပါအဝင္ အရပ္သားေတြေသဆုံးတာေတြရွိေပမယ့္ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ဘက္က ျငင္းဆိုၾကၿပီးၾကၿပီး အျပန္အလွန္စြပ္စြဲတာေတြရွိပါတယ္။

ဒီပစ္ခတ္မႈေၾကာင့္ ေသဆုံးတာတဲ့ေနရာမွာ တိုက္ပြဲမရွိဘဲ တပ္မေတာ္ဘက္က တစ္ဖက္သတ္ ပစ္ခတ္တာေၾကာင့္ အရပ္သားေတြေသဆုံးတာလို႔ ရကၡိဳင့္တပ္ေတာ္ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကေျပာပါတယ္။

“ပလက္ဝကေန ေတာင္ၿပိဳကိုသြားတဲ့စက္ေလွကို ဗမာစစ္တပ္ကေနၿပီးေတာ့ တဖက္သက္ပစ္ခတ္တာ၊ ကေလးတစ္ေယာက္အပါအဝင္ သုံးေယာက္ေသဆုံးၿပီးေတာ့ ေျခာက္ဦးဒဏ္ရာရသြားတာရွိတယ္၊ အဲဒီေနရာမွာ ဘာမွတိုက္ပြဲျဖစ္ပြားတာမရွိဘူး၊ စစ္တပ္ကေနၿပီးေတာ့ ႏႈံးဘူးတစ္ဘက္ကမ္းမွာရွိတဲ့ ဗ်ဴဟာစခန္းကေနၿပီးေတာ့ အဲလိုမ်ိဳးလက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္တာ”

တပ္မေတာ္ဘက္ကလည္း ဒီပစ္ခတ္မႈဟာ AA အဖြဲ႕က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္လို႔ အသက္ တစ္ႏွစ္ေက်ာ္ေလာက္ရွိတဲ့ ကေလးငယ္ တစ္ေယာက္ အပါအဝင္ ႏွစ္ေယာက္ ေသဆုံးၿပီး ငါးေယာက္က ဒဏ္ရာျပင္းထန္စြာရရွိတာလို႔ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း နဲ႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦး တို႔ကို RFA က ဆက္သြယ္ခဲ့ေပမယ့္လည္း ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ဒီေန႔မနက္ပိုင္းအထိ ႏႈံးဘူးေက်း႐ြာနားမွာ ပစ္ခတ္မႈေတြရွိတာေၾကာင့္ ကုလားတန္ျမစ္အတြင္း ေဒသခံေတြမသြားရဲၾကဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

ရကၡိဳင့္တပ္ေတာ္ AAနဲ႔ အစိုးရတပ္မေတာ္တို႔ၾကား တိုက္ပြဲေတြဟာ ေနစဥ္ရက္ဆက္ျဖစ္ေနၿပီး တစ္ႏွစ္အတြင္း အရပ္သားေသဆုံးမႈ ၁၀ ၀ဝန္းက်င္နဲ႔ ထိခိုက္ဒဏ္ရာရွိရွိသူ ၁၄၀ ေက်ာ္ရွိတယ္လို႔ အရပ္ဖက္အဖြဲ႕ေတြ စာရင္းေတြအရ သိရပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
ပလက်ဝ စက်လှေပစ်ခတ်ခံရမှုမှာ ခရီးသည် နှစ်ဦး သေ၊ ငါးဦး ဒဏ်ရာရ

ချင်းပြည်နယ် ပလက်ဝမြို့နယ်က တိုက်ပွဲဖြစ်ပွားရာ နေရာကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပလက်ဝမြို့ကနေ တောင်ပြိုကျေးရွာကိုသွားတဲ့ ခရီးသည်စက်လှေတစ်စီးဟာ မနေ့တုန်းက နှုံးဘူးကျေးရွာနားအရောက် တပ်မတော်နဲ့ AA တိုက်ပွဲကြောင့် လက်နက်ကြီးနဲ့ အပစ်ခံရပြီး နှစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က RFA ကို အတည်ပြုပြောဆိုပါတယ်။

“နှုံးဘူးရွာမှာ လူအတင်အချပြုလုပ်ပြီး ရပ်နေတဲ့အချိန်မှာ AAနဲ့ တပ်မတော်တိုက်ပွဲဖြစ်တာနဲ့ သွားကြုံတယ်၊ ကြုံတော့ သူတို့နားကို လက်နက်ကြီး သုံးလုံးလောက်ကျတယ်ပြောတယ်၊ နှစ်လုံးက ကမ်းစပ်နားမှာကျတယ်၊ တစ်လုံးက စက်လှေအပေါ်မှာ လာကျတယ်၊ ကျတဲ့အချိန်ကျတော့ on the sport ယောက်ျားလေးတစ်ယောက် မိန်းကလေးတစ်ယောက် ဆုံးသွားတယ်လို့ သိရတယ်၊ အားလုံး ခုနှစ်ယောက် ဒဏ်ရာရတာမှာ နှစ်ယောက် ဆုံးတယ်၊ ဒဏ်ရာရတဲ့ ငါးယောက်ကတော့ ပလက်ဝဆေးရုံမှာ မနေ့ညနေကတည်းခေါ်ပြီး ကုပေးနေတယ်”

ဒီစက်လှေမှာ ဒဏ်ရာရရှိခဲ့သူတွေကို ပလက်ဝဆေးရုံမှာ ခွဲစိတ်ကုသဖို့ အဆင်မပြေတာကြောင့် ဒီနေ့မှာ စစ်တွေကို လွှဲပြောင်းပေးလိုက်တယ်လို့ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

ပလက်ဝမြို့ကနေ ခရီးသည် ၁၈ ဦးတင်ဆောင်လာတဲ့ ခရီးသည်တင်လှေဟာ တောင်ပြိုရွာကို အသွား နှုံးဘူးကျေးရွာနားအရောက်မှာ တိုက်ပွဲတွေဖြစ်တာကြောင့် ကမ်းကပ်ပြီး ထွက်ပြေးကြပါတယ်။

ဒီလို ကမ်းကပ်ပြီးထွက်ပြေးကြစဉ်မှာ ချက်ချင်းမပြေးနိုင်တဲ့ ကလေးနဲ့ လူကြီးတွေ လက်နက်ကြီးထိ မှန်တာလို့ ပလက်ဝမြို့နယ် စစ်ဘေးရှောင် ကူညီရေးဆောင်ရွက်နေတဲ့ ဦးဇာနီကပြောပါတယ်။

“စက်လှေဆိုက်တယ်ဆို တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ စက်လှေပေါ်ကနေ မြန်မြန်ဆင်းပြီးတော့ တချို့လူတွေက ရေထဲဆင်းပြီး ရေကူးပြီး ပြေးတယ်၊ ကုန်းပေါ်မှာ ထွက်ပြေးကြတယ်၊ အခုထိတဲ့လူတွေက ချက်ချင်း မပြေးနိုင်တဲ့လူတွေ၊ ကလေးနဲ့ဘာနဲ့ဆိုတော့၊ အသက်ကြီးတဲ့လူတွေအဲဒီမှာ တချို့တွေက ကုန်းပေါ်ကိုပြေးကြပြီ၊ အဲအချိန်မှာ လက်နက်ကြီးက ကျလာတယ်ပြောတယ်”

ဒီလိုတိုက်ပွဲအတွင်း အပစ်ခံရတာကြောင့် ရက္ခိုင့်တပ်တော် AA ကပစ်တာလား၊ တပ်မတော်က ပစ်ခတ်တာလားဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဒီလို့လက်နက်ကြီးထိလို့ ကလေးတွေအပါအဝင် အရပ်သားတွေသေဆုံးတာတွေရှိပေမယ့် တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်ဘက်က ငြင်းဆိုကြပြီးကြပြီး အပြန်အလှန်စွပ်စွဲတာတွေရှိပါတယ်။

ဒီပစ်ခတ်မှုကြောင့် သေဆုံးတာတဲ့နေရာမှာ တိုက်ပွဲမရှိဘဲ တပ်မတော်ဘက်က တစ်ဖက်သတ် ပစ်ခတ်တာကြောင့် အရပ်သားတွေသေဆုံးတာလို့ ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောပါတယ်။

“ပလက်ဝကနေ တောင်ပြိုကိုသွားတဲ့စက်လှေကို ဗမာစစ်တပ်ကနေပြီးတော့ တဖက်သက်ပစ်ခတ်တာ၊ ကလေးတစ်ယောက်အပါအဝင် သုံးယောက်သေဆုံးပြီးတော့ ခြောက်ဦးဒဏ်ရာရသွားတာရှိတယ်၊ အဲဒီနေရာမှာ ဘာမှတိုက်ပွဲဖြစ်ပွားတာမရှိဘူး၊ စစ်တပ်ကနေပြီးတော့ နှုံးဘူးတစ်ဘက်ကမ်းမှာရှိတဲ့ ဗျူဟာစခန်းကနေပြီးတော့ အဲလိုမျိုးလက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တာ”

တပ်မတော်ဘက်ကလည်း ဒီပစ်ခတ်မှုဟာ AA အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အသက် တစ်နှစ်ကျော်လောက်ရှိတဲ့ ကလေးငယ် တစ်ယောက် အပါအဝင် နှစ်ယောက် သေဆုံးပြီး ငါးယောက်က ဒဏ်ရာပြင်းထန်စွာရရှိတာလို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး တို့ကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီနေ့မနက်ပိုင်းအထိ နှုံးဘူးကျေးရွာနားမှာ ပစ်ခတ်မှုတွေရှိတာကြောင့် ကုလားတန်မြစ်အတွင်း ဒေသခံတွေမသွားရဲကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော် AAနဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲတွေဟာ နေစဉ်ရက်ဆက်ဖြစ်နေပြီး တစ်နှစ်အတွင်း အရပ်သားသေဆုံးမှု ၁၀ ဝဝန်းကျင်နဲ့ ထိခိုက်ဒဏ်ရာရှိရှိသူ ၁၄၀ ကျော်ရှိတယ်လို့ အရပ်ဖက်အဖွဲ့တွေ စာရင်းတွေအရ သိရပါတယ်။

RFA Burmese
https://www.rfa.org
ပလက္ဝ စက္ေလွပစ္ခတ္ခံရမႈမွာ ခရီးသည္ ႏွစ္ဦး ေသ၊ ငါးဦး ဒဏ္ရာရ ပလက္ဝ စက္ေလွပစ္ခတ္ခံရမႈမွာ ခရီးသည္ ႏွစ္ဦး ေသ၊ ငါးဦး ဒဏ္ရာရ Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.