ကိုေအာင္ႀကီး လိင္အၾကမ္းဖက္ဖို႔အေျခအေနမရွိေၾကာင္း ေဒၚဥမၼာလႈိင္ ထြက္ဆို

Wisdom Hill မူႀကိဳေက်ာင္း၊ ေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္ ကို ၂၀၁၉၊ ေအာက္တိုဘာ ၇ ရက္ေန႔က ေတြ႕ရစဥ္ / ဓါတ္ပုံ - သီဟထြန္း/ RFA

(Zawgyi)⤵⤵⤵
ေနျပည္ေတာ္မွာ လိင္အၾကမ္းဖက္ခံရတဲ့ ဗစ္တိုးရီးယား ကေလးငယ္အမႈအတြက္ Wisdom Hill မူႀကိဳေက်ာင္းက ေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚ‌ဥမၼာလႈိင္နဲ႔ ဆရာမႏွစ္ဦးကို ဒကၡိဏခ႐ိုင္တရား႐ုံးမွာ ဒီေန႔ ၁၂ ႀကိမ္‌ေျမာက္ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။

မူႀကိဳေက်ာင္း ‌ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္အေနနဲ႔ ၿပီးခဲ့တဲ့႐ုံးခ်ိန္းမွာ စစ္ေဆးမႈ မၿပီးျပတ္ခဲ့တဲ့အတြက္ ဒီေန႔ ဒုတိယအႀကိမ္ေျမာက္  လာ‌ေရာက္ထြက္ဆိုခဲ့တာပါ။

ဖမ္းဆီးတရားစြဲခံထားရတဲ့ ကိုေအာင္ႀကီးအေနနဲ႔ လိင္အၾကမ္းဖက္တဲ့ ျပစ္မႈက်ဴးလြန္ႏိုင္တဲ့အခ်ိန္နဲ႔ အခြင့္အေရး မရွိႏိုင္‌ေၾကာင္း တရားခြင္မွာ ေဒၚဥမၼာလႈိင္က ထြက္ဆိုခဲ့တယ္လို႔ ကိုေအာင္ႀကီးရဲ႕  ေရွ႕ေနဦးခင္ေမာင္ေဇာ္ က ေျပာပါတယ္။

ဒီေန႔စစ္ေဆးခဲ့တဲ့ ဆရာမႏွစ္ဦးထဲက တစ္ဦးကလည္း ကိုေအာင္ႀကီး က်ဴးလြန္ခဲ့တာ  မဟုတ္ေၾကာင္း ယတိျပတ္ ထြက္ဆိုခဲ့တယ္လို႔  ကိုေအာင္ႀကီးရဲ႕ ေရွ႕ေနေတြက ေျပာပါတယ္။

အစိုးရ ဥပေဒအရာရွိ ဦးေက်ာင္မင္းေအာင္က Wisdom Hill မူႀကိဳေက်ာင္းမွာ ႐ိုက္ကူးထားတဲ့ CCTV Hard disk ထဲက ေပ်ာက္ဆုံးေနတဲ့ မွတ္တမ္းဗြီဒီယိုဖိုင္ေတြျပန္ရဖို႔ နည္းပညာကြၽမ္းက်င္သူေတြ အပါအဝင္ ရဲအရာရွိ ‌‌ေလးဦးရဲ႕ စာရင္းကို တရား႐ုံးထံ တင္ျပခဲ့ပါတယ္။

အဲဒီထဲက တစ္ဦးက ျမန္မာႏိုင္ငံ ကြန္ျပဴတာပညာရွင္မ်ားအသင္းရဲ႕ဥကၠဌ ျဖစ္တယ္လို႔ ေရွ႕ေနဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

တရားလိုျဖစ္သူ ဗစ္တိုးရီးယားရဲ႕ မိခင္ဘက္က လိုက္ပါေဆာင္႐ြက္တဲ့ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ က ေပ်ာက္ဆုံးေနတဲ့ မွတ္တမ္းဖိုင္ေတြျပန္ရဖို႔ ဒီဇင္ဘာလ ၁၇ ရက္ေန႔မွာ နည္းပညာကြၽမ္းက်င္သူေတြကို တရား႐ုံးကို ဆင့္ေခၚထားတယ္လို႔ ေျပာပါတယ္။

လာမယ့္ ဒီဇင္ဘာလ ၁၈ ရက္ေန႔မွာေတာ့ လူအမ်ား စိတ္ဝင္စားတဲ့ ဆရာမ ႏွင္းႏုအပါအဝင္ ဆရာမသုံးဦးကို စစ္ေဆးဖို႔ရွိပါတယ္။

အမႈက မူလစီစဥ္ထားသလို ဒီဇင္ဘာလထဲမွာ သက္ေသေတြအားလုံးကို စစ္ေဆးႏိုင္ေျခမရွိပဲ ဇန္နဝါရီလထဲမွာ ဆက္လက္ စစ္ေဆးဖို႔ရွိေနပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ကိုအောင်ကြီး လိင်အကြမ်းဖက်ဖို့အခြေအနေမရှိကြောင်း ဒေါ်ဥမ္မာလှိုင် ထွက်ဆို

Wisdom Hill မူကြိုကျောင်း၊ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် ကို ၂၀၁၉၊ အောက်တိုဘာ ၇ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - သီဟထွန်း/ RFA

နေပြည်တော်မှာ လိင်အကြမ်းဖက်ခံရတဲ့ ဗစ်တိုးရီးယား ကလေးငယ်အမှုအတွက် Wisdom Hill မူကြိုကျောင်းက ကျောင်းကြီးကြပ်ရေးမှူး ဒေါ်‌ဥမ္မာလှိုင်နဲ့ ဆရာမနှစ်ဦးကို ဒက္ခိဏခရိုင်တရားရုံးမှာ ဒီနေ့ ၁၂ ကြိမ်‌မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

မူကြိုကျောင်း ‌ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်အနေနဲ့ ပြီးခဲ့တဲ့ရုံးချိန်းမှာ စစ်ဆေးမှု မပြီးပြတ်ခဲ့တဲ့အတွက် ဒီနေ့ ဒုတိယအကြိမ်မြောက်  လာ‌ရောက်ထွက်ဆိုခဲ့တာပါ။

ဖမ်းဆီးတရားစွဲခံထားရတဲ့ ကိုအောင်ကြီးအနေနဲ့ လိင်အကြမ်းဖက်တဲ့ ပြစ်မှုကျူးလွန်နိုင်တဲ့အချိန်နဲ့ အခွင့်အရေး မရှိနိုင်‌ကြောင်း တရားခွင်မှာ ဒေါ်ဥမ္မာလှိုင်က ထွက်ဆိုခဲ့တယ်လို့ ကိုအောင်ကြီးရဲ့  ရှေ့နေဦးခင်မောင်ဇော် က ပြောပါတယ်။

ဒီနေ့စစ်ဆေးခဲ့တဲ့ ဆရာမနှစ်ဦးထဲက တစ်ဦးကလည်း ကိုအောင်ကြီး ကျူးလွန်ခဲ့တာ  မဟုတ်ကြောင်း ယတိပြတ် ထွက်ဆိုခဲ့တယ်လို့  ကိုအောင်ကြီးရဲ့ ရှေ့နေတွေက ပြောပါတယ်။

အစိုးရ ဥပဒေအရာရှိ ဦးကျောင်မင်းအောင်က Wisdom Hill မူကြိုကျောင်းမှာ ရိုက်ကူးထားတဲ့ CCTV Hard disk ထဲက ပျောက်ဆုံးနေတဲ့ မှတ်တမ်းဗွီဒီယိုဖိုင်တွေပြန်ရဖို့ နည်းပညာကျွမ်းကျင်သူတွေ အပါအဝင် ရဲအရာရှိ ‌‌လေးဦးရဲ့ စာရင်းကို တရားရုံးထံ တင်ပြခဲ့ပါတယ်။

အဲဒီထဲက တစ်ဦးက မြန်မာနိုင်ငံ ကွန်ပြူတာပညာရှင်များအသင်းရဲ့ဥက္ကဌ ဖြစ်တယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

တရားလိုဖြစ်သူ ဗစ်တိုးရီးယားရဲ့ မိခင်ဘက်က လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် က ပျောက်ဆုံးနေတဲ့ မှတ်တမ်းဖိုင်တွေပြန်ရဖို့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ နည်းပညာကျွမ်းကျင်သူတွေကို တရားရုံးကို ဆင့်ခေါ်ထားတယ်လို့ ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ လူအများ စိတ်ဝင်စားတဲ့ ဆရာမ နှင်းနုအပါအဝင် ဆရာမသုံးဦးကို စစ်ဆေးဖို့ရှိပါတယ်။

အမှုက မူလစီစဉ်ထားသလို ဒီဇင်ဘာလထဲမှာ သက်သေတွေအားလုံးကို စစ်ဆေးနိုင်ခြေမရှိပဲ ဇန်နဝါရီလထဲမှာ ဆက်လက် စစ်ဆေးဖို့ရှိနေပါတယ်။

RFA Burmese
https://www.rfa.org
ကိုေအာင္ႀကီး လိင္အၾကမ္းဖက္ဖို႔အေျခအေနမရွိေၾကာင္း ေဒၚဥမၼာလႈိင္ ထြက္ဆို ကိုေအာင္ႀကီး လိင္အၾကမ္းဖက္ဖို႔အေျခအေနမရွိေၾကာင္း ေဒၚဥမၼာလႈိင္ ထြက္ဆို Reviewed by THITHTOOLWIN on 01:00 Rating: 5
Powered by Blogger.