ဖ်ာပုံ က်ားေဖာင္လုပ္ငန္းကို လူ႔အခြင့္အေရးေကာ္မရွင္ ဝင္စစ္

မြန္ျပည္နယ္ ေရးၿမိဳ႕နယ္က က်ားေဖာင္တစ္ခုကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ဖ်ာပုံၿမိဳ႕နယ္အတြင္း က်ားေဖာင္ငါးဖမ္းလုပ္ငန္းေတြမွာ ေရလုပ္သားေတြ အႏိုင္က်င့္ခံေနရတဲ့ သတင္းေတြ ထြက္ေပၚေနခ်ိန္မွာ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးေကာ္မရွင္က ဒီဇင္ဘာလ ၂ ရက္ေန႔ကစတင္ၿပီး အလုပ္သမား ေတြ၊ လုပ္ငန္းရွင္ေတြရွိရာကို သြားေရာက္ကြင္းဆင္းစစ္ေဆးေနပါတယ္။

က်ားေဖာင္ေတြရွိတဲ့ေနရာေတြအထိ သြားေရာက္စစ္ေဆးခဲ့ၿပီး ဒီကေန႔မွာေတာ့ က်ားေဖာင္လုပ္သားေတြကို တစ္ဦးခ်င္း ေခၚယူေတြ႕ဆုံေနတယ္လို႔ လူ႔အခြင့္အေရးေကာ္မရွင္အဖြဲ႕ဝင္ ဦးယုလြင္ေအာင္ က ေျပာပါတယ္။

“အခုေတာ့ ကြၽန္ေတာ္တို႔က စစ္တုန္း ေဆးတုန္းရွိေသးတယ္။ မေန႔ကလည္း ကမ္းေျခတေလွ်ာက္ ႐ြာေတြက ေဖာင္ဦးစီးေတြေရာ၊ လုပ္ငန္းရွင္ေတြ၊ လုပ္သားေတြနဲ႔ေရာ ေတြ႕ခဲ့တယ္။ ဒီေန႔ကေတာ့ ေရလုပ္သားေတြ တစ္ဦးခ်င္းေခၚၿပီးေတာ့ ေတြ႕ေနပါတယ္”

ေတြ႕ဆုံေမးျမန္း ေနဆဲျဖစ္တာေၾကာင့္ စစ္ေဆးေတြ႕ရွိခ်က္ သတင္းထုတ္ျပန္ဖို႔ အဆင္မေျပေသးေၾကာင္း၊  စစ္ေဆး ေလ့လာေတြ႕ရွိခ်က္ေတြကို အေျခခံၿပီး အလုပ္ရွင္နဲ႔ အလုပ္သားေတြကို ပညာေပးတာ ဆက္လက္ လုပ္ေဆာင္ရမယ္လို႔ ယူဆေၾကာင္း ဦးယုလြင္ေအာင္က ေျပာပါတယ္။

ဖ်ာပုံၿမိဳ႕နယ္ က်ားေဖာင္လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးသံေခ်ာင္းကေတာ့ အခုလို ျပႆနာေတြ ဆက္ရွိေန ဦးမယ္ဆိုရင္ ေဒသတစ္ခုလုံးရဲ႕ စီးပြားေရးေတြ ထိခိုက္လာႏိုင္တယ္လို႔ ေျပာပါတယ္။

ဒီျပႆနာေတြ ေလ်ာ့နည္းလာဖို႔အတြက္ အစိုးရတာဝန္ရွိသူေတြ၊ ပညာရွင္ေတြနဲ႔ က်ားေဖာင္လုပ္ငန္းရွင္ေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ပူးေပါင္းအေျဖရွာသင့္တယ္လို႔ ဦးသံေခ်ာင္းက ေျပာပါတယ္။

“ဇာတ္လမ္းက စလာၿပီဆိုေတာ့ က်ယ္က်ယ္ျပန႔္ျပန႔္ ပင္လယ္တာဝန္ရွိတဲ့သူေတြ၊ က်ားေဖာင္လုပ္ငန္းရွင္ ေတြနဲ႔ ပညာရွင္ေတြ ေပါင္းၿပီးေတာ့ ေဆြးေႏြးအေျဖရွာလာမယ္ဆိုရင္ေတာ့ ေလ်ာ့နည္းသြားလိမ့္မယ္လို႔ ထင္ပါတယ္။”

က်ားေဖာင္လုပ္ငန္းထဲ ေရာင္းစားခံလိုက္ရတဲ့ ရန္ကုန္က တကၠသိုလ္ ေက်ာင္းသားတစ္ဦး ႏွိပ္စက္ညႇဥ္းပန္း ခံရတဲ့ျဖစ္ရပ္ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ေပၚထြက္လာခဲ့ၿပီးေနာက္ ေကာ္မရွင္က အခုလို  သြားေရာက္စစ္ေဆး ေနတာပါ။

ေနာက္လူငယ္ေတြ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရတာေတြ မျဖစ္ေစခ်င္ဘူးလို႔ က်ားေဖာင္လုပ္ငန္းထဲ ေရာင္းစားခံခဲ့ရတဲ့ ဒဂုံတကၠသိုလ္ေက်ာင္းသား ကိုျမတ္သူရထြန္းရဲ႕ အစ္မျဖစ္သူက RFA ကို ေျပာပါတယ္။

“ျမတ္သူရထြန္းကေတာ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရတာ သူ႔ကိစၥကေတာ့ ၿပီးသြားၿပီေပါ့။ ေနာက္လူေတြ အတြက္ အဲလိုမ်ိဳး မျဖစ္ေစခ်င္ဘူး။ ဒီလုပ္ငန္းႀကီးက ပေပ်ာက္သြားမယ့္လုပ္ငန္းမ်ိဳးလည္း မဟုတ္ဘူး။ အဲဒီေတာ့ နည္းမွန္၊ လမ္းမွန္နဲ႔ ဥပေဒေဘာင္ထဲက လူအခြင့္အေရးမခ်ိဳးေဖာက္ဘဲနဲ႔ေပါ့ သူတို႔အတြက္ ေသခ်ာေကာင္းမြန္တဲ့ လုပ္ငန္းတစ္ခုျဖစ္ေစခ်င္တယ္။”

စတုတၳႏွစ္ ဒဂုံတကၠသိုလ္ေက်ာင္းသား က်ားေဖာင္ေပၚမွာ ေရာင္းစားခံရတဲ့အမႈနဲ႔ ပတ္သက္ၿပီး  သံသယတရားခံ  ခုႏွစ္ဦးထဲက ႏွစ္ဦးကို ဖမ္းဆီးအမႈဖြင့္ထားၿပီး က်န္ငါးဦးကို ဖမ္းဆီးႏိုင္ေရး သက္ဆိုင္ရာ နယ္ေျမရဲစခန္းေတြနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံက သိရပါတယ္။

ငါးဖမ္းတဲ့ က်ားေဖာင္လုပ္ငန္းခြင္ အေျခအအေနဟာ  ခက္ခဲၾကမ္းတမ္းတာေၾကာင့္ လုပ္သားရွားပါးလာတဲ့အတြက္ လိုအပ္တဲ့ လုပ္သားအင္အားကို  ပြဲစားေတြကတဆင့္ ရွာေဖြလာရတာပါ။

ရန္ကုန္အေျခစိုက္ လူမႈသဟ ဇာတေဖာ္ေဆာင္ေရးအဖြဲ႕က ဦးသက္ေဆြဝင္းက လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွား သူေတြအေနနဲ႔ က်ားေဖာင္ငါးဖမ္းလုပ္ငန္းနဲ႔ ပတ္သက္ၿပီး မတရားမႈေတြ၊ ဖိႏွိပ္မႈေတြကို စၿပီး ေလ့လာေစာင့္ၾကည့္ ဖို႔ လိုအပ္ေနသလို  လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း ေဒသတြင္း ငါးဖမ္းလုပ္ငန္းေတြကို အာ႐ုံစိုက္ဖို႔ လိုအပ္တယ္လို႔ ေျပာပါတယ္။

“ပြင့္ပြင့္လင္းလင္းေျပာရရင္ လူ႔အခြင့္အေရးလႈပ္ရွားသူေတြဘက္ကေန က်ားေဖာင္ငါးလုပ္ငန္းေတြနဲ႔ ပတ္သက္ၿပီး မတရားမႈေတြ၊ ဖိႏွိပ္မႈကိစၥေတြကို ေသေသခ်ာခ်ာမလုပ္ႏိုင္ေသးဘူး ဒါကို ဝန္ခံရလိမ့္မယ္။ သို႔ေသာ္ ဒါက လုပ္ရမယ့္ကိစၥျဖစ္တယ္။ က်ားေဖာင္ဘက္မွာရွိတဲ့ ငါးဖမ္းလုပ္ငန္းေတြကို ေစာင့္ၾကည့္ ေလ့လာတဲ့ကိစၥမ်ိဳးေတြ ကြၽန္ေတာ္တို႔ စလုပ္ၾကဖို႔ လိုလိမ့္မယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း သူတို႔ေဒသေတြမွာရွိေနတဲ့ အဲဒီလုပ္ငန္းေတြကို အာ႐ုံစိုက္ဖို႔ လိုလိမ့္မယ္။”

က်ားေဖာင္ငါးဖမ္းလုပ္ငန္းဟာ ဝါးေတြနဲ႔ေဖာင္လုပ္ၿပီး ငါးဖမ္းမႈေတြကို ေအာက္တိုဘာလကေန ဧၿပီလ အထိ ခုႏွစ္လတာ လုပ္ၾကတာျဖစ္ပါတယ္။

ဒီလုပ္ငန္းကို ဧရာဝတီတိုင္းေဒသႀကီး  ဖ်ာပုံနဲ႔ ေဒးဒရဲၿမိဳ႕နယ္ေတြမွာ အမ်ားဆုံးေတြ႕ရမွာပါ။  မြန္ ျပည္နယ္၊ ေရးနဲ႔ သံျဖဴဇရပ္ၿမိဳ႕နယ္ က်ိက္ခမီၿမိဳ႕ေတြမွာလည္း လုပ္ကိုင္ၾကပါတယ္။

က်ားေဖာင္လုပ္ငန္းကရလာတဲ့ ကုန္ၾကမ္းကို ပုဇြန္ေျခာက္၊ မွ်င္ငပိ၊ ငံျပာရည္တို႔ ထုတ္လုပ္ၿပီး ျပည္တြင္းစားသုံးမႈ အျပင္ ျပည္ပကိုလည္း တင္ပို႔ေနပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ဖျာပုံ ကျားဖောင်လုပ်ငန်းကို လူ့အခွင့်အရေးကော်မရှင် ဝင်စစ်

မွန်ပြည်နယ် ရေးမြို့နယ်က ကျားဖောင်တစ်ခုကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

ဖျာပုံမြို့နယ်အတွင်း ကျားဖောင်ငါးဖမ်းလုပ်ငန်းတွေမှာ ရေလုပ်သားတွေ အနိုင်ကျင့်ခံနေရတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ဒီဇင်ဘာလ ၂ ရက်နေ့ကစတင်ပြီး အလုပ်သမား တွေ၊ လုပ်ငန်းရှင်တွေရှိရာကို သွားရောက်ကွင်းဆင်းစစ်ဆေးနေပါတယ်။

ကျားဖောင်တွေရှိတဲ့နေရာတွေအထိ သွားရောက်စစ်ဆေးခဲ့ပြီး ဒီကနေ့မှာတော့ ကျားဖောင်လုပ်သားတွေကို တစ်ဦးချင်း ခေါ်ယူတွေ့ဆုံနေတယ်လို့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောပါတယ်။

“အခုတော့ ကျွန်တော်တို့က စစ်တုန်း ဆေးတုန်းရှိသေးတယ်။ မနေ့ကလည်း ကမ်းခြေတလျှောက် ရွာတွေက ဖောင်ဦးစီးတွေရော၊ လုပ်ငန်းရှင်တွေ၊ လုပ်သားတွေနဲ့ရော တွေ့ခဲ့တယ်။ ဒီနေ့ကတော့ ရေလုပ်သားတွေ တစ်ဦးချင်းခေါ်ပြီးတော့ တွေ့နေပါတယ်”

တွေ့ဆုံမေးမြန်း နေဆဲဖြစ်တာကြောင့် စစ်ဆေးတွေ့ရှိချက် သတင်းထုတ်ပြန်ဖို့ အဆင်မပြေသေးကြောင်း၊  စစ်ဆေး လေ့လာတွေ့ရှိချက်တွေကို အခြေခံပြီး အလုပ်ရှင်နဲ့ အလုပ်သားတွေကို ပညာပေးတာ ဆက်လက် လုပ်ဆောင်ရမယ်လို့ ယူဆကြောင်း ဦးယုလွင်အောင်က ပြောပါတယ်။

ဖျာပုံမြို့နယ် ကျားဖောင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသံချောင်းကတော့ အခုလို ပြဿနာတွေ ဆက်ရှိနေ ဦးမယ်ဆိုရင် ဒေသတစ်ခုလုံးရဲ့ စီးပွားရေးတွေ ထိခိုက်လာနိုင်တယ်လို့ ပြောပါတယ်။

ဒီပြဿနာတွေ လျော့နည်းလာဖို့အတွက် အစိုးရတာဝန်ရှိသူတွေ၊ ပညာရှင်တွေနဲ့ ကျားဖောင်လုပ်ငန်းရှင်တွေ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းအဖြေရှာသင့်တယ်လို့ ဦးသံချောင်းက ပြောပါတယ်။

“ဇာတ်လမ်းက စလာပြီဆိုတော့ ကျယ်ကျယ်ပြန့်ပြန့် ပင်လယ်တာဝန်ရှိတဲ့သူတွေ၊ ကျားဖောင်လုပ်ငန်းရှင် တွေနဲ့ ပညာရှင်တွေ ပေါင်းပြီးတော့ ဆွေးနွေးအဖြေရှာလာမယ်ဆိုရင်တော့ လျော့နည်းသွားလိမ့်မယ်လို့ ထင်ပါတယ်။”

ကျားဖောင်လုပ်ငန်းထဲ ရောင်းစားခံလိုက်ရတဲ့ ရန်ကုန်က တက္ကသိုလ် ကျောင်းသားတစ်ဦး နှိပ်စက်ညှဉ်းပန်း ခံရတဲ့ဖြစ်ရပ် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပေါ်ထွက်လာခဲ့ပြီးနောက် ကော်မရှင်က အခုလို  သွားရောက်စစ်ဆေး နေတာပါ။

နောက်လူငယ်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ မဖြစ်စေချင်ဘူးလို့ ကျားဖောင်လုပ်ငန်းထဲ ရောင်းစားခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းရဲ့ အစ်မဖြစ်သူက RFA ကို ပြောပါတယ်။

“မြတ်သူရထွန်းကတော့ လူ့အခွင့်အရေးချိုးဖောက်ခံရတာ သူ့ကိစ္စကတော့ ပြီးသွားပြီပေါ့။ နောက်လူတွေ အတွက် အဲလိုမျိုး မဖြစ်စေချင်ဘူး။ ဒီလုပ်ငန်းကြီးက ပပျောက်သွားမယ့်လုပ်ငန်းမျိုးလည်း မဟုတ်ဘူး။ အဲဒီတော့ နည်းမှန်၊ လမ်းမှန်နဲ့ ဥပဒေဘောင်ထဲက လူအခွင့်အရေးမချိုးဖောက်ဘဲနဲ့ပေါ့ သူတို့အတွက် သေချာကောင်းမွန်တဲ့ လုပ်ငန်းတစ်ခုဖြစ်စေချင်တယ်။”

စတုတ္ထနှစ် ဒဂုံတက္ကသိုလ်ကျောင်းသား ကျားဖောင်ပေါ်မှာ ရောင်းစားခံရတဲ့အမှုနဲ့ ပတ်သက်ပြီး  သံသယတရားခံ  ခုနှစ်ဦးထဲက နှစ်ဦးကို ဖမ်းဆီးအမှုဖွင့်ထားပြီး ကျန်ငါးဦးကို ဖမ်းဆီးနိုင်ရေး သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံက သိရပါတယ်။

ငါးဖမ်းတဲ့ ကျားဖောင်လုပ်ငန်းခွင် အခြေအအနေဟာ  ခက်ခဲကြမ်းတမ်းတာကြောင့် လုပ်သားရှားပါးလာတဲ့အတွက် လိုအပ်တဲ့ လုပ်သားအင်အားကို  ပွဲစားတွေကတဆင့် ရှာဖွေလာရတာပါ။

ရန်ကုန်အခြေစိုက် လူမှုသဟ ဇာတဖော်ဆောင်ရေးအဖွဲ့က ဦးသက်ဆွေဝင်းက လူ့အခွင့်အရေး တက်ကြွလှုပ်ရှား သူတွေအနေနဲ့ ကျားဖောင်ငါးဖမ်းလုပ်ငန်းနဲ့ ပတ်သက်ပြီး မတရားမှုတွေ၊ ဖိနှိပ်မှုတွေကို စပြီး လေ့လာစောင့်ကြည့် ဖို့ လိုအပ်နေသလို  လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒေသတွင်း ငါးဖမ်းလုပ်ငန်းတွေကို အာရုံစိုက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် လူ့အခွင့်အရေးလှုပ်ရှားသူတွေဘက်ကနေ ကျားဖောင်ငါးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မတရားမှုတွေ၊ ဖိနှိပ်မှုကိစ္စတွေကို သေသေချာချာမလုပ်နိုင်သေးဘူး ဒါကို ဝန်ခံရလိမ့်မယ်။ သို့သော် ဒါက လုပ်ရမယ့်ကိစ္စဖြစ်တယ်။ ကျားဖောင်ဘက်မှာရှိတဲ့ ငါးဖမ်းလုပ်ငန်းတွေကို စောင့်ကြည့် လေ့လာတဲ့ကိစ္စမျိုးတွေ ကျွန်တော်တို့ စလုပ်ကြဖို့ လိုလိမ့်မယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း သူတို့ဒေသတွေမှာရှိနေတဲ့ အဲဒီလုပ်ငန်းတွေကို အာရုံစိုက်ဖို့ လိုလိမ့်မယ်။”

ကျားဖောင်ငါးဖမ်းလုပ်ငန်းဟာ ဝါးတွေနဲ့ဖောင်လုပ်ပြီး ငါးဖမ်းမှုတွေကို အောက်တိုဘာလကနေ ဧပြီလ အထိ ခုနှစ်လတာ လုပ်ကြတာဖြစ်ပါတယ်။

ဒီလုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံနဲ့ ဒေးဒရဲမြို့နယ်တွေမှာ အများဆုံးတွေ့ရမှာပါ။  မွန် ပြည်နယ်၊ ရေးနဲ့ သံဖြူဇရပ်မြို့နယ် ကျိက်ခမီမြို့တွေမှာလည်း လုပ်ကိုင်ကြပါတယ်။

ကျားဖောင်လုပ်ငန်းကရလာတဲ့ ကုန်ကြမ်းကို ပုဇွန်ခြောက်၊ မျှင်ငပိ၊ ငံပြာရည်တို့ ထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှု အပြင် ပြည်ပကိုလည်း တင်ပို့နေပါတယ်။

RFA Burmese
https://www.rfa.org
ဖ်ာပုံ က်ားေဖာင္လုပ္ငန္းကို လူ႔အခြင့္အေရးေကာ္မရွင္ ဝင္စစ္ ဖ်ာပုံ က်ားေဖာင္လုပ္ငန္းကို လူ႔အခြင့္အေရးေကာ္မရွင္ ဝင္စစ္ Reviewed by THITHTOOLWIN on 00:58 Rating: 5
Powered by Blogger.