ျပည္သူ႔ေရွ႕ေဆာင္ပါတီ မိတ္ဆက္ပြဲ ပါတီမူဝါဒ အၾကမ္းဖ်င္းထြက္ေပၚ

ျပည္သူ႔ေရွ႕ေဆာင္ပါတီ မိတ္ဆက္ပြဲႏွင့္ သတင္းစာရွင္းလင္းပြဲ အခမ္းအနား။ (ဓာတ္ပုံ - PPP Facebook, ႏုိဝင္ဘာ ၃၀၊ ၂၀၁၉)

(Zawgyi / Unicode)

ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP) အေနနဲ႔ ဗဟိုဦးစီးစနစ္ကို က်င့္သံုးမွာ မဟုတ္သလို ၾသဇာႀကီးမားတဲ့ ေခါင္းေဆာင္တဦးတည္းကိုပဲ အားကိုးမယ့္ပါတီ မဟုတ္ေၾကာင္း PPP တည္ေထာင္သူ ေဒါက္တာသက္သက္ခိုင္က ႏုိ၀င္ဘာလ ၃၀ ရက္ေန႔ ရန္ကုန္မွာလုပ္တဲ့ ပါတီမိတ္ဆက္ပဲြမွာ ေျပာသြားပါတယ္။ PPP ပါတီအေနနဲ႔ ၂၀၂၀ ျပည့္ ေရြးေကာက္ပဲြမွာ တိုင္းေဒသႀကီးေတြမွာပဲ အဓိက ယွဥ္ၿပိဳင္သြားမွာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ NLD ပါတီ၀င္အျဖစ္ကေန ႏုတ္ထြက္ခဲ့တဲ့ ဒဂံုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာသက္သက္ခိုင္ ဦးေဆာင္ထူေထာင္တဲ့ ျပည္သူ႔ေရွ႕ေဆာင္ပါတီအေပၚ သေဘာထားအျမင္အမ်ဳိးမ်ဳိး ရွိေနတဲ့အေၾကာင္း မအင္ၾကင္းႏိုင္က တင္ျပထားပါတယ္။

အခ်ိန္တလေက်ာ္အတြင္း ပါတီ၀င္အင္အား တေထာင္ေက်ာ္ရွိေနၿပီျဖစ္တဲ့ ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP) ကို ေအာက္တိုဘာလ ၂၃ ရက္ေန႔က ေရြးေကာက္ပဲြေကာ္မရွင္က တရား၀င္ မွတ္ပံုတင္ခြင့္ ျပဳလိုက္တာ ျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္ ႏုိ၀င္ဘာလကတည္းက ျပည္သူ႔ေရွ႕ေဆာင္ပါတီကို ထူေထာင္ဖို႔ စတင္ႀကိဳးပမ္းခဲ့ၾကတာျဖစ္ၿပီး ေဒါက္တာသက္သက္ခိုင္ အပါအ၀င္ ပါတီတည္ေထာင္သူ ၁၉ ဦးဟာ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ တတ္သိပညာရွင္ အမ်ားစု ျဖစ္ၾကပါတယ္။

မေန႔ စေနေန႔က ရန္ကုန္ၿမိဳ႕မွာျပဳလုပ္တဲ့ ပါတီမိတ္ဆက္ပဲြနဲ႔ သတင္းစာရွင္းလင္းပဲြမွာေတာ့ ပါတီကို ထူေထာင္သူလည္းျဖစ္၊ သဘာပတိ အဖဲြ႔၀င္လည္းျဖစ္တဲ့ ေဒါက္တာသက္သက္ခိုင္က ျပည္သူ႔ေရွ႕ေဆာင္ပါတီ အဓိကက်င့္သံုးမယ့္ မူ၀ါဒနဲ႔ ပတ္သက္လို႔ အခုလို ေျပာသြားပါတယ္။

“ပါတီကုိ Level အသီးသီးမွာ ေအာင္ျမင္ေနၾကတဲ့ တတ္သိပညာရွင္ေတြ၊ လုပ္ငန္းရွင္ေတြ၊ စီးပြားေရးပညာရွင္မ်ား၊ အေတြ႔အႀကဳံ ရင့္က်က္သူမ်ား၊ တုိင္းရင္းသားမ်ားနဲ႔ ပညာတတ္လူငယ္မ်ား စုေပါင္းဦးေဆာင္ၾကမွာ ျဖစ္ပါတယ္။ က်မတို႔ပါတီဟာ ဗဟိုဦးစီးစနစ္နဲ႔ သြားမယ့္ Paternalistic Party မဟုတ္သလို ၾသဇာတိကၠမ ႀကီးမားတဲ့ ေခါင္းေဆာင္တေယာက္တည္းကိုသာ အားကိုးတဲ့ Personalistic Party လည္း မဟုတ္ပါဘူး။ က်မတို႔ပါတီဟာ ျပည္သူလူထုတရပ္လုံး လူမႈစီးပြားဖြံ႔ၿဖိဳးတုိးတက္ဖို႔ တိက်တဲ့ မူဝါဒ မူေဘာင္နဲ႔ လုပ္ငန္းစဥ္ေတြအေပၚ အေျခခံၿပီး တည္ေဆာက္သြားမယ့္ Programmatic ပါတီ ျဖစ္ပါတယ္။ Programmatic ပါတီလုိ႔ ဆိုရာမွာ လူတစု၊ တေယာက္ရဲ႕ ထင္ျမင္ယူဆခ်က္အေပၚ အေျခမခံဘဲ ယုံၾကည္ စိတ္ခ်ရတဲ့ သုေတသန ေတြ႔ရွိခ်က္ေတြ၊ လက္ေတြ႔က်တဲ့ သုံးသပ္ခ်က္ေတြအေပၚ အေျခခံၿပီး မူဝါဒခ်မွတ္ျခင္း၊ ႏုိင္ငံေတာ္မွ လက္ရွိ အေကာင္အထည္ေဖာ္ေနတဲ့ လုပ္ငန္းစီမံခ်က္မ်ားအေပၚ သင္ခန္းစာယူၿပီး အနာဂတ္မူဝါဒမ်ား ခ်မွတ္သြားမွာ ျဖစ္ပါတယ္။”

၂၀၂၀ ျပည့္ ေရြးေကာက္ပဲြအတြက္ ပါတီအေနနဲ႔ ျပင္ဆင္ေနရာမွာ တိုင္းေဒသႀကီး ၇ ခုမွာပဲ အဓိက ၀င္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ေၾကာင္း ပါတီ သဘာပတိအဖဲြ႔၀င္ ဦးျမင့္ေမာင္ထြန္းက အခုလိုေျပာပါတယ္။

“တုိင္းရင္းသားေတြအေပၚမွာ သြားၿပီးေတာ့ ယွဥ္ၿပိဳင္ႏုိင္ဖို႔ မလုပ္ဘူးလို႔ အၾကမ္းဖ်င္းေတာ့ က်ေနာ္တို႔ စဥ္းစားထားတာ ရွိပါတယ္။ သုိ႔ေသာ္လည္း အဲဒီျပည္နယ္မွာရွိေနတဲ့ ျပည္သူလူထုရဲ႕ ဆႏၵအရ၊ လုိလားခ်က္အရ လိုအပ္ရင္ေတာ့ ျပည္နယ္မွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ဖို႔လည္း စဥ္းစားထားပါတယ္။ သို႔ေသာ္လည္းပဲ ဆုံးျဖတ္ထားတာေတာ့ ဒီေန႔အထိ မရွိေသးပါဘူး။”

တတ္သိပညာရွင္ေတြ ဦးေဆာင္တဲ့ ျပည္သူ႔ေရွ႕ေဆာင္ပါတီလိုမ်ဳိး ႏိုင္ငံေရးပါတီတခု ေပၚထြက္လာတာဟာ ႏိုင္ငံရဲ႕လိုအပ္ခ်က္နဲ႔ အထူးကိုက္ညီမႈရွိေနေၾကာင္း အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုးနီးယားျပည္နယ္ အေျခစိုက္ ရွမ္းစာေပယဥ္ေက်းမႈ ဥကၠ႒ ေဒါက္တာစိုင္းေထြးေမာင္က သံုးသပ္ပါတယ္။

“က်ေနာ္ေတာ့ သေဘာက်တယ္ဗ်။ ေဒါက္တာသက္သက္ခုိင္ရဲ႕ ပါတီ အခုအသစ္ဖြဲ႔တာ အားေပးတယ္။ ဘာျဖစ္လို႔လဲဆုိရင္ အခု အရမ္းကုိ လုိအပ္ေနတဲ့ ႏုိင္ငံေရးပါတီတခု ျဖစ္တယ္။ အခုရွိေနတဲ့ ႏုိင္ငံေရးပါတီေတြဟာ လြန္ခဲ့တဲ့ ငါးႏွစ္လုံးလုံး က်ေနာ္ ေလ့လာၾကည့္တဲ့အခါမွာ လုိအပ္ခ်က္ေတြ အမ်ားႀကီးရွိတယ္၊ အားနည္းခ်က္ေတြ အမ်ားႀကီးရွိတယ္။ အခု ေဒါက္တာသက္သက္ခုိင္တို႔ ဖြဲ႔စည္းထားတဲ့ ျပည္သူ႔ေရွ႕ေဆာင္ပါတီဟာ သူတို႔ေျပာတဲ့အတုိင္းဆုိရင္ စုေပါင္းေခါင္းေဆာင္တဲ့ အဖြဲ႔ျဖစ္တယ္။ ၿပီးေတာ့ လူငယ္ေတြနဲ႔ ပါဝင္ဖြဲ႔စည္းထားတယ္။ အာဏာရွင္ဆန္ဆန္မ်ဳိး အုပ္ခ်ဳပ္တာမဟုတ္ဘဲနဲ႔ ဒီမုိကေရစီနည္းက်က် ျပည္သူေတြအတြက္၊ ႏုိင္ငံအတြက္၊ ၿပီးေတာ့ တုိင္းရင္းသားေတြအတြက္လည္း ပါတယ္။ လူမ်ဳိးမခြဲျခားဘဲ အားလုံးအက်ဳိးရွိဖို႔ လုပ္တဲ့ပါတီဆုိရင္ က်ေနာ့္အေနနဲ႔ အမ်ားႀကီး သေဘာက်တယ္။ အားလည္း အားေပးပါတယ္။”

အာဏာရ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီ၀င္ေဟာင္းလည္းျဖစ္၊ ဒဂံုၿမိဳ႕နယ္ NLD အလုပ္အမႈေဆာင္ေဟာင္းလည္းျဖစ္တဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာသက္သက္ခိုင္ဟာ ပါတီကို သတင္းမီဒီယာေတြကေန လူသိရွင္ၾကား ေ၀ဖန္မႈနဲ႔ ၂၀၁၈ ခုႏွစ္ ႏုိ၀င္ဘာလက ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖဲြ႔၀င္ အျဖစ္ကေန ထုတ္ပယ္ခံခဲ့ရပါတယ္။ အဲဒီေနာက္ ၂၀၁၉ ခုႏွစ္ေႏွာင္းပိုင္းမွာ ေဒါက္တာသက္သက္ခိုင္ဟာ NLD ပါတီကေန သူကိုယ္တိုင္ တရား၀င္ ႏုတ္ထြက္ခဲ့ၿပီး ျပည္သူ႔ေရွ႕ေဆာင္ပါတီမွာ သဘာပတိအဖဲြ႔၀င္အျဖစ္ တာ၀န္ယူခဲ့ပါတယ္။

အခုလို ေဒါက္တာသက္သက္ခိုင္ ပါ၀င္ထူေထာင္ခဲ့တဲ့ ျပည္သူ႔ေရွ႕ေဆာင္ပါတီဟာ ဒီမိုကေရစီ အင္အားစုေတြ ယိမ္းယိုင္သြားေအာင္လုပ္တဲ့ ပါတီအသစ္ ျဖစ္ေနမလားဆိုၿပီး ေမးခြန္းထုတ္လာသူက အေမရိကန္ျပည္ေထာင္စု အေျခစိုက္ ျမန္မာ့အေရး ေလ့လာေစာင့္ၾကည့္ေနတဲ့ ေဒါက္တာတင့္ေဆြ ျဖစ္ပါတယ္။

“အခုထြက္လာတဲ့ ပါတီအသစ္ေတြကုိ ၾကည့္လုိ႔ရွိရင္ သူတုိ႔ဟာ လက္ရွိ အာဏာရေနတဲ့ NLD အစုိးရ၊ အရင္ကရထားတဲ့ ႀကံ့ခုိင္ေရးအစုိးရ ဒီႏွစ္ခုကို အားမရလုိ႔၊ သို႔မဟုတ္ အလုိမတူလို႔ သေဘာမတူလို႔ အသစ္ျဖစ္လာၾကတာ။ သူတို႔လည္း အမ်ဳိးမ်ဳိးေတာ့ ႀကိဳးစားၾကမွာေပါ့။ သို႔ေသာ္ က်ေနာ္ျမင္တာက ျမန္မာႏုိင္ငံမွာ ဒီေန႔ ႏုိင္ငံေရး အေျခအေနဟာ အေျခအေနႏွစ္ရပ္ေပါ့၊ အာဏာရွင္ဆန္တဲ့ အုပ္စုနဲ႔ ဒီမုိကေရစီဆန္တဲ့ အစုိးရ ဒီႏွစ္ရပ္ လြန္ဆြဲေနတဲ့အခ်ိန္မွာ အခု တတိယျဖစ္တဲ့၊ စတုတၳျဖစ္တဲ့ ေပၚလာတာေတြဟာ ဒီမုိကေရစီအင္အားစုဘက္ကို ယိမ္းယုိင္ေစေအာင္လုပ္တဲ့ ပါတီအသစ္ေတြလားလို႔ က်ေနာ္ သံသယရွိပါတယ္ဗ်။”

ျပည္သူ႕ေရွ႕ေဆာင္ပါတီရဲ႕ သတင္းစာရွင္းလင္းပဲြကို တက္ေရာက္လာတဲ့ စီးပြားေရးပညာရွင္ ေဒါက္တာဦးျမင့္က ပါတီရဲ႕ ဂုဏ္ထူးေဆာင္အႀကံေပးအျဖစ္ ထဲထဲ၀င္၀င္ ပါ၀င္ကူညီသြားမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ အလားတူ စီးပြားေရးပညာရွင္ ေဒါက္တာေဇာ္ဦးကလည္း ပါတီရဲ႕ စီးပြားေရးနဲ႔ မူဝါဒပိုင္းဆိုင္ရာ အႀကံေပးအျဖစ္ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

ပါတီမိတ္ဆက္ပဲြကို တက္ေရာက္လာတဲ့ SNLD ပါတီ တဲြဖက္ အေထြေထြအတြင္းေရးမွဴး စိုင္းေက်ာ္ညြန္႔ကေတာ့ ႏုိင္ငံေရးပါတီေတြထဲ ပံုစံသစ္အေနနဲ႔ ထြက္ေပၚလာတဲ့ ျပည္သူ႔ေရွ႕ေဆာင္ပါတီကို ႀကိဳဆိုေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ျပည္သူ႔ေရွ႕ေဆာင္ပါတီ အပါအ၀င္ ေရြးေကာက္ပဲြေကာ္မရွင္က ခြင့္ျပဳခ်က္ မွတ္ပံုတင္ ရရွိထားတဲ့ ပါတီစုစုေပါင္း ၁၀၀ ပတ္၀န္းက်င္မွာ ရွိေနပါတယ္။

----------------------------------

(Unicode)

ပြည်သူ့ရှေ့ဆောင်ပါတီ မိတ်ဆက်ပွဲ ပါတီမူဝါဒ အကြမ်းဖျင်းထွက်ပေါ်

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေနဲ့ ဗဟိုဦးစီးစနစ်ကို ကျင့်သုံးမှာ မဟုတ်သလို သြဇာကြီးမားတဲ့ ခေါင်းဆောင်တဦးတည်းကိုပဲ အားကိုးမယ့်ပါတီ မဟုတ်ကြောင်း PPP တည်ထောင်သူ ဒေါက်တာသက်သက်ခိုင်က နိုဝင်ဘာလ ၃၀ ရက်နေ့ ရန်ကုန်မှာလုပ်တဲ့ ပါတီမိတ်ဆက်ပွဲမှာ ပြောသွားပါတယ်။ PPP ပါတီအနေနဲ့ ၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးတွေမှာပဲ အဓိက ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ NLD ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ခဲ့တဲ့ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် ဦးဆောင်ထူထောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီအပေါ် သဘောထားအမြင်အမျိုးမျိုး ရှိနေတဲ့အကြောင်း မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

အချိန်တလကျော်အတွင်း ပါတီဝင်အင်အား တထောင်ကျော်ရှိနေပြီဖြစ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို အောက်တိုဘာလ ၂၃ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်က တရားဝင် မှတ်ပုံတင်ခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းက ပြည်သူ့ရှေ့ဆောင်ပါတီကို ထူထောင်ဖို့ စတင်ကြိုးပမ်းခဲ့ကြတာဖြစ်ပြီး ဒေါက်တာသက်သက်ခိုင် အပါအဝင် ပါတီတည်ထောင်သူ ၁၉ ဦးဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တတ်သိပညာရှင် အများစု ဖြစ်ကြပါတယ်။

မနေ့ စနေနေ့က ရန်ကုန်မြို့မှာပြုလုပ်တဲ့ ပါတီမိတ်ဆက်ပွဲနဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပါတီကို ထူထောင်သူလည်းဖြစ်၊ သဘာပတိ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါက်တာသက်သက်ခိုင်က ပြည်သူ့ရှေ့ဆောင်ပါတီ အဓိကကျင့်သုံးမယ့် မူဝါဒနဲ့ ပတ်သက်လို့ အခုလို ပြောသွားပါတယ်။

“ပါတီကို Level အသီးသီးမှာ အောင်မြင်နေကြတဲ့ တတ်သိပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ စီးပွားရေးပညာရှင်များ၊ အတွေ့အကြုံ ရင့်ကျက်သူများ၊ တိုင်းရင်းသားများနဲ့ ပညာတတ်လူငယ်များ စုပေါင်းဦးဆောင်ကြမှာ ဖြစ်ပါတယ်။ ကျမတို့ပါတီဟာ ဗဟိုဦးစီးစနစ်နဲ့ သွားမယ့် Paternalistic Party မဟုတ်သလို သြဇာတိက္ကမ ကြီးမားတဲ့ ခေါင်းဆောင်တယောက်တည်းကိုသာ အားကိုးတဲ့ Personalistic Party လည်း မဟုတ်ပါဘူး။ ကျမတို့ပါတီဟာ ပြည်သူလူထုတရပ်လုံး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ တိကျတဲ့ မူဝါဒ မူဘောင်နဲ့ လုပ်ငန်းစဉ်တွေအပေါ် အခြေခံပြီး တည်ဆောက်သွားမယ့် Programmatic ပါတီ ဖြစ်ပါတယ်။ Programmatic ပါတီလို့ ဆိုရာမှာ လူတစု၊ တယောက်ရဲ့ ထင်မြင်ယူဆချက်အပေါ် အခြေမခံဘဲ ယုံကြည် စိတ်ချရတဲ့ သုတေသန တွေ့ရှိချက်တွေ၊ လက်တွေ့ကျတဲ့ သုံးသပ်ချက်တွေအပေါ် အခြေခံပြီး မူဝါဒချမှတ်ခြင်း၊ နိုင်ငံတော်မှ လက်ရှိ အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းစီမံချက်များအပေါ် သင်ခန်းစာယူပြီး အနာဂတ်မူဝါဒများ ချမှတ်သွားမှာ ဖြစ်ပါတယ်။”

၂၀၂၀ ပြည့် ရွေးကောက်ပွဲအတွက် ပါတီအနေနဲ့ ပြင်ဆင်နေရာမှာ တိုင်းဒေသကြီး ၇ ခုမှာပဲ အဓိက ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ပါတီ သဘာပတိအဖွဲ့ဝင် ဦးမြင့်မောင်ထွန်းက အခုလိုပြောပါတယ်။

“တိုင်းရင်းသားတွေအပေါ်မှာ သွားပြီးတော့ ယှဉ်ပြိုင်နိုင်ဖို့ မလုပ်ဘူးလို့ အကြမ်းဖျင်းတော့ ကျနော်တို့ စဉ်းစားထားတာ ရှိပါတယ်။ သို့သော်လည်း အဲဒီပြည်နယ်မှာရှိနေတဲ့ ပြည်သူလူထုရဲ့ ဆန္ဒအရ၊ လိုလားချက်အရ လိုအပ်ရင်တော့ ပြည်နယ်မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့လည်း စဉ်းစားထားပါတယ်။ သို့သော်လည်းပဲ ဆုံးဖြတ်ထားတာတော့ ဒီနေ့အထိ မရှိသေးပါဘူး။”

တတ်သိပညာရှင်တွေ ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီလိုမျိုး နိုင်ငံရေးပါတီတခု ပေါ်ထွက်လာတာဟာ နိုင်ငံရဲ့လိုအပ်ချက်နဲ့ အထူးကိုက်ညီမှုရှိနေကြောင်း အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် ရှမ်းစာပေယဉ်ကျေးမှု ဥက္ကဋ္ဌ ဒေါက်တာစိုင်းထွေးမောင်က သုံးသပ်ပါတယ်။

“ကျနော်တော့ သဘောကျတယ်ဗျ။ ဒေါက်တာသက်သက်ခိုင်ရဲ့ ပါတီ အခုအသစ်ဖွဲ့တာ အားပေးတယ်။ ဘာဖြစ်လို့လဲဆိုရင် အခု အရမ်းကို လိုအပ်နေတဲ့ နိုင်ငံရေးပါတီတခု ဖြစ်တယ်။ အခုရှိနေတဲ့ နိုင်ငံရေးပါတီတွေဟာ လွန်ခဲ့တဲ့ ငါးနှစ်လုံးလုံး ကျနော် လေ့လာကြည့်တဲ့အခါမှာ လိုအပ်ချက်တွေ အများကြီးရှိတယ်၊ အားနည်းချက်တွေ အများကြီးရှိတယ်။ အခု ဒေါက်တာသက်သက်ခိုင်တို့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဟာ သူတို့ပြောတဲ့အတိုင်းဆိုရင် စုပေါင်းခေါင်းဆောင်တဲ့ အဖွဲ့ဖြစ်တယ်။ ပြီးတော့ လူငယ်တွေနဲ့ ပါဝင်ဖွဲ့စည်းထားတယ်။ အာဏာရှင်ဆန်ဆန်မျိုး အုပ်ချုပ်တာမဟုတ်ဘဲနဲ့ ဒီမိုကရေစီနည်းကျကျ ပြည်သူတွေအတွက်၊ နိုင်ငံအတွက်၊ ပြီးတော့ တိုင်းရင်းသားတွေအတွက်လည်း ပါတယ်။ လူမျိုးမခွဲခြားဘဲ အားလုံးအကျိုးရှိဖို့ လုပ်တဲ့ပါတီဆိုရင် ကျနော့်အနေနဲ့ အများကြီး သဘောကျတယ်။ အားလည်း အားပေးပါတယ်။”

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်းလည်းဖြစ်၊ ဒဂုံမြို့နယ် NLD အလုပ်အမှုဆောင်ဟောင်းလည်းဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်ဟာ ပါတီကို သတင်းမီဒီယာတွေကနေ လူသိရှင်ကြား ဝေဖန်မှုနဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ်ကနေထုတ်ပယ်ခံခဲ့ရပါတယ်။ အဲဒီနောက် ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ ဒေါက်တာသက်သက်ခိုင်ဟာ NLD ပါတီကနေ သူကိုယ်တိုင် တရားဝင် နုတ်ထွက်ခဲ့ပြီး ပြည်သူ့ရှေ့ဆောင်ပါတီမှာ သဘာပတိအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ပါတယ်။

အခုလို ဒေါက်တာသက်သက်ခိုင် ပါဝင်ထူထောင်ခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဟာ ဒီမိုကရေစီ အင်အားစုတွေ ယိမ်းယိုင်သွားအောင်လုပ်တဲ့ ပါတီအသစ် ဖြစ်နေမလားဆိုပြီး မေးခွန်းထုတ်လာသူက အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ့အရေး လေ့လာစောင့်ကြည့်နေတဲ့ ဒေါက်တာတင့်ဆွေ ဖြစ်ပါတယ်။

“အခုထွက်လာတဲ့ ပါတီအသစ်တွေကို ကြည့်လို့ရှိရင် သူတို့ဟာ လက်ရှိ အာဏာရနေတဲ့ NLD အစိုးရ၊ အရင်ကရထားတဲ့ ကြံ့ခိုင်ရေးအစိုးရ ဒီနှစ်ခုကို အားမရလို့၊ သို့မဟုတ် အလိုမတူလို့ သဘောမတူလို့ အသစ်ဖြစ်လာကြတာ။ သူတို့လည်း အမျိုးမျိုးတော့ ကြိုးစားကြမှာပေါ့။ သို့သော် ကျနော်မြင်တာက မြန်မာနိုင်ငံမှာ ဒီနေ့ နိုင်ငံရေး အခြေအနေဟာ အခြေအနေနှစ်ရပ်ပေါ့၊ အာဏာရှင်ဆန်တဲ့ အုပ်စုနဲ့ ဒီမိုကရေစီဆန်တဲ့ အစိုးရ ဒီနှစ်ရပ် လွန်ဆွဲနေတဲ့အချိန်မှာ အခု တတိယဖြစ်တဲ့၊ စတုတ္ထဖြစ်တဲ့ ပေါ်လာတာတွေဟာ ဒီမိုကရေစီအင်အားစုဘက်ကို ယိမ်းယိုင်စေအောင်လုပ်တဲ့ ပါတီအသစ်တွေလားလို့ ကျနော် သံသယရှိပါတယ်ဗျ။”

ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က ပါတီရဲ့ ဂုဏ်ထူးဆောင်အကြံပေးအဖြစ် ထဲထဲဝင်ဝင် ပါဝင်ကူညီသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အလားတူ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးကလည်း ပါတီရဲ့ စီးပွားရေးနဲ့ မူဝါဒပိုင်းဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပါတီမိတ်ဆက်ပွဲကို တက်ရောက်လာတဲ့ SNLD ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး စိုင်းကျော်ညွန့်ကတော့ နိုင်ငံရေးပါတီတွေထဲ ပုံစံသစ်အနေနဲ့ ထွက်ပေါ်လာတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီ အပါအဝင် ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုချက် မှတ်ပုံတင် ရရှိထားတဲ့ ပါတီစုစုပေါင်း ၁၀၀ ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။

အင္ၾကင္းႏိုင္/ VOA Burmese
https://burmese.voanews.com
ျပည္သူ႔ေရွ႕ေဆာင္ပါတီ မိတ္ဆက္ပြဲ ပါတီမူဝါဒ အၾကမ္းဖ်င္းထြက္ေပၚ ျပည္သူ႔ေရွ႕ေဆာင္ပါတီ မိတ္ဆက္ပြဲ ပါတီမူဝါဒ အၾကမ္းဖ်င္းထြက္ေပၚ Reviewed by THITHTOOLWIN on 20:26 Rating: 5
Powered by Blogger.