ေကာလင္းေဒၚမိမိႀကီး အသက္အႏၲရာယ္ ၿခိမ္းေျခာက္ခံရ

လူထုေတြ႕ေတြ႕ဆုံပြဲ အၿပီး နာရီပိုင္းမွာသူေနထိုင္တဲ့အိမ္နားမွာ မီးရႈိ႕ ခံရ
(Zawgyi)⤵⤵⤵
စစ္ကိုင္းတိုင္း ေကာလင္းၿမိဳ႕မွာ မူးယစ္ေဆးဝါးအေျခအေန ဆိုး႐ြားေနတဲ့အေၾကာင္း ဝန္ႀကီးခ်ဳပ္ကိုေဒသခံ လူထုေတြ႕ေတြ႕ဆုံပြဲမွာ တိုင္ၾကားခဲ့တဲ့ ေဒၚမိမိႀကီးဟာ အသက္အႏၲရာယ္ ၿခိမ္းေျခာက္ခံခဲ့ရေနရတယ္လို႔ ကာယကံရွင္က ဘီဘီစီ ကို ေျပာပါတယ္ ။

သူ႔ကို ေကာလင္းၿမိဳ႕ေနသူတစ္ဦးက တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ကေနတစ္ဆင့္ၿခိမ္းေျခာက္တာျဖစ္ၿပီး လူထုေတြ႕ဆုံပြဲမွာ တိုင္ၾကားခဲ့တဲ့အတြက္ ျဖစ္တယ္ လို႔လည္း သူကေျပာပါတယ္။

ဒီဇင္ဘာလ ၁၅ ရက္ေန႔ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္၊ တိုင္းအစိုးရနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ ေကာလင္းေဒသခံ လူထုေတြ႕ေတြ႕ဆုံပြဲလုပ္ခဲ့ၾကၿပီး ေဒၚမိမိႀကီးက မူးယစ္ေဆးသုံးရာမွာ အသုံးျပဳတဲ့ ေဆးထိုးအပ္ေတြကို ပုံးနဲ႔အျပည့္ေကာက္ယူလာၿပီး ဝန္ႀကီးခ်ဳပ္ကို ျပသတိုင္ၾကားခဲ့တာျဖစ္ပါတယ္။

သူနထိုင္တဲ့အိမ္နားမွာလည္း လူထုေတြ႕ေတြ႕ဆုံပြဲ အၿပီး နာရီပိုင္းမွာ ေကာတ္႐ိုးပုံ ႏွစ္ပုံကို မီးရႈိ႕တာနဲ႔ ႀကဳံခဲ့ရပါတယ္။
မူးယစ္ေဆးဝါးကို ပြဲလမ္းသဘင္အလားသုံးစြဲေနၾကတယ္လို႔ ေကာက္လာတဲ့အပ္ေတြနဲ႔ တင္ျပ

အခုလို မူးယစ္ေဆးဝါး ေရာင္းဝယ္သုံးစြဲတဲ့ေနရာဟာ ရဲစခန္းနဲ႔ နီးနီးေလးပဲလို႔လည္း သူက ေျပာပါတယ္။

အန္အယ္လ္ဒီပါတီဝင္ ေဒၚမိမိႀကီးက အခုလို တိုင္ၾကားရတာဟာသားသမီးမရွိဘဲ တစ္ဦးတည္းေနထိုင္သူျဖစ္ၿပီးေတာ့ အခုလို တိုင္ရင္ အသက္အႏၲရာယ္ ၿခိမ္းေျခာက္ခံရ မယ္ဆိုတာ ကို သိထားတယ္ လို႔ သူကေျပာပါတယ္ ။

"ေနာင္လာေနာက္သားေတြ လူမ်ိဳးတုံးမယ့္ အျဖစ္ကိုယ္ခ်င္းစာလို႔ တင္ျပတာ ၆ တန္း ၇တန္းေက်ာင္းသားေလးေတြ ကအစေဆးခ်ေနတာ ေတြ႕ေနရတယ္"လည္းသူကေျပာပါတယ္။

ေကာလင္း မွာ အခုမူးယစ္ေဆးဝါး သုံးစြဲမႈ မွာ ေဆးထိုးအပ္ေတြ ဟာေနရာ အႏွံ႔ က်ယ္က်ယ္ျပန႔္ျပန္ျဖစ္ေနတာလို႔ လည္း သူကေျပာပါတယ္ ။
မူးယစ္ေဆးဝါး ေရာင္းဝယ္သုံးစြဲတဲ့ေနရာဟာ ရဲစခန္းနဲ႔ နီးနီးေလးပဲလို႔ ေျပာ

ဒီလို တိုင္ၾကားတာေၾကာင့္ ဝန္ႀကီးခ်ဳပ္ေဒါက္တာျမင့္ႏိုင္က ၿမိဳ႕နယ္ေထြအုပ္နဲ႔ ရဲတပ္ဖြဲ႕ တာဝန္ရွိသူေတြကို ႀကိမ္းေမာင္းခဲ့ပါတယ္။ တိုင္း လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးကလည္း ဒီအေၾကာင္းကို သူတို႔ မသိေသးေၾကာင္း၊ တကယ္လို႔ ၿမိဳ႕နယ္အဆင့္ေတြက အေရးတယူမလုပ္ရင္ တိုင္းအဆင့္ကို တင္ျပဖို႔အေၾကာင္း၊ အခုလိုေျပာတဲ့အတြက္ တင္ျပလာသူမွာ အသက္အႏၲရာယ္ ရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

မေန႔ညကေတာ့ ရဲတပ္ဖြဲ႕ တာဝန္ရွိသူတခ်ိဳ႕က သူ႔အိမ္နားမွာ လုံၿခဳံေရးယူေပးခဲ့တယ္လို႔လည္း သူက ေျပာပါတယ္။

သူ႔ ကို သတ္ပစ္မယ္ဆိုၿပီး အမ်ိဳးသားတစ္ဦးက လႊတ္ေတာ္ကိုယ္စားလွယ္ ကေနတစ္ဆင့္ အသက္အႏၲရာယ္ ၿခိမ္းေျခာက္ခဲ့တာနဲ႔ ပတ္သက္လို႔ ရဲစခန္းကို သြားၿပီးအေၾကာင္းၾကားထားတယ္လို႔လည္း ေဒၚမိမိႀကီး ကေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ပဲခူးတိုင္း ဥသွ်စ္ပင္ၿမိဳ႕နယ္က အမ်ိဳးသားတေယာက္ဟာ မူးယစ္ေဆးဝါး သယ္ယူတဲ့ လမ္းေၾကာင္းေတြကို သက္ဆိုင္ရာကို သတင္းေပးတာေၾကာင့္ မူယစ္ေဆးဝါးနဲ႔ ပတ္သက္သူေတြကို ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ သူဟာ ၿခိမ္းေျခာက္ခံခဲ့ရတာေၾကာင့္ သူ႔ရဲ႕ ဆိုင္ကယ္ ျပင္လုပ္ငန္းကိုထိခိုက္လာတဲ့အျပင္ တျခားၿမိဳ႕႐ြာကိုပါ တိမ္းေရွာင္ခဲ့ရ တယ္လို႔ ပဲခူးေဒသခံသတင္းေထာက္တစ္ဦးကေျပာပါတယ္။
အေထြေထြအုပ္ခ်ဳပ္ေရးမႉးနဲ႔ ရဲတပ္ဖြဲ႕ဝင္တစ္ဦးတို႔ကို ဝန္ႀကီးခ်ဳပ္က ဆူပူ
ေကာလင္းၿမိဳ႕နယ္ ကြၽန္းလွခုံေက်း႐ြာမွာ လမ္းမီးတိုင္ေတြလည္းမရွိတဲ့အတြက္ ေမွာင္းမည္းေနၿပီး အဲဒီမွာ မူးယစ္ေဆး ေရွာ့ခ္ျဖစ္ၿပီး ေသတဲ့သူေတြလည္း အမ်ားႀကီးရွိေနတာကို အေပၚက တာဝန္ရွိလူႀကီးေတြလည္း သိမယ္လို႔ ထင္ေၾကာင္း ေဒၚမိမိႀကီးက ေျပာပါတယ္။

တစ္ဆက္တည္းမွာပဲ ေတြ႕ဆုံပြဲမွာဝန္ႀကီးခ်ဳပ္က သူနဲ႔အတူရွိေနတဲ့ နယ္လုံဝန္ႀကီး ဗိုလ္မႉးႀကီးသန္းထြန္းေအာင္ကိုလည္း ဒီကိစၥနဲ႔ပတ္သက္လို႔ ေျပာၾကားေစခဲ့ပါတယ္။

" အခုဒီမွာ ရွိတဲ့တာဝန္ရွိသူေတြအလုပ္မလုပ္ဘူးဆိုရင္ ကြၽန္ေတာ္တို႔ကိုတင္ျပေပးပါ။ ဒီအေနအထားက ကြၽန္ေတာ္တို႔လည္း ဒီေရာက္မွသိတာပါ။ ဒီလိုသတင္းေတြေပးေနမွ ဗဟိုကေန ဆင္းစစ္ ခိုင္းၿပီး အေရးယူေဆာင္႐ြက္ရမွာျဖစ္တယ္။ ဒီလိုေတြျဖစ္ေနတာကို သတင္းေပးတင္ျပဖို႔လိုပါတယ္" လို႔ နယ္လုံဝန္ႀကီးက ေျပာခဲ့ပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ဟာ ဒီဇင္ဘာ ၁၆ ရက္မွာ စစ္ကိုင္းတိုင္း၊ ဝန္းသိုၿမိဳ႕မွာ မ႑ိဳင္သုံးရပ္နဲ႔ ျပည္သူလူထု ေတြ႕ဆုံပြဲ တက္ေရာက္ ေနပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
ကောလင်းဒေါ်မိမိကြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံရ

ဓာတ်ပုံ မူပိုင် ဒေါ်မိမိကြီး
Image caption လူထုတွေ့တွေ့ဆုံပွဲ အပြီး နာရီပိုင်းမှာသူနေထိုင်တဲ့အိမ်နားမှာ မီးရှို့ ခံရ

စစ်ကိုင်းတိုင်း ကောလင်းမြို့မှာ မူးယစ်ဆေးဝါးအခြေအနေ ဆိုးရွားနေတဲ့အကြောင်း ဝန်ကြီးချုပ်ကိုဒေသခံ လူထုတွေ့တွေ့ဆုံပွဲမှာ တိုင်ကြားခဲ့တဲ့ ဒေါ်မိမိကြီးဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရနေရတယ်လို့ ကာယကံရှင်က ဘီဘီစီ ကို ပြောပါတယ် ။

သူ့ကို ကောလင်းမြို့နေသူတစ်ဦးက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကနေတစ်ဆင့်ခြိမ်းခြောက်တာဖြစ်ပြီး လူထုတွေ့ဆုံပွဲမှာ တိုင်ကြားခဲ့တဲ့အတွက် ဖြစ်တယ် လို့လည်း သူကပြောပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ တိုင်းအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကောလင်းဒေသခံ လူထုတွေ့တွေ့ဆုံပွဲလုပ်ခဲ့ကြပြီး ဒေါ်မိမိကြီးက မူးယစ်ဆေးသုံးရာမှာ အသုံးပြုတဲ့ ဆေးထိုးအပ်တွေကို ပုံးနဲ့အပြည့်ကောက်ယူလာပြီး ဝန်ကြီးချုပ်ကို ပြသတိုင်ကြားခဲ့တာဖြစ်ပါတယ်။

သူနထိုင်တဲ့အိမ်နားမှာလည်း လူထုတွေ့တွေ့ဆုံပွဲ အပြီး နာရီပိုင်းမှာ ကောတ်ရိုးပုံ နှစ်ပုံကို မီးရှို့တာနဲ့ ကြုံခဲ့ရပါတယ်။
ဓာတ်ပုံ မူပိုင် Sagaing Region Government Office
Image caption မူးယစ်ဆေးဝါးကို ပွဲလမ်းသဘင်အလားသုံးစွဲနေကြတယ်လို့ ကောက်လာတဲ့အပ်တွေနဲ့ တင်ပြ

အခုလို မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတဲ့နေရာဟာ ရဲစခန်းနဲ့ နီးနီးလေးပဲလို့လည်း သူက ပြောပါတယ်။

အန်အယ်လ်ဒီပါတီဝင် ဒေါ်မိမိကြီးက အခုလို တိုင်ကြားရတာဟာသားသမီးမရှိဘဲ တစ်ဦးတည်းနေထိုင်သူဖြစ်ပြီးတော့ အခုလို တိုင်ရင် အသက်အန္တရာယ် ခြိမ်းခြောက်ခံရ မယ်ဆိုတာ ကို သိထားတယ် လို့ သူကပြောပါတယ် ။

"နောင်လာနောက်သားတွေ လူမျိုးတုံးမယ့် အဖြစ်ကိုယ်ချင်းစာလို့ တင်ပြတာ ၆ တန်း ၇တန်းကျောင်းသားလေးတွေ ကအစဆေးချနေတာ တွေ့နေရတယ်"လည်းသူကပြောပါတယ်။

ကောလင်း မှာ အခုမူးယစ်ဆေးဝါး သုံးစွဲမှု မှာ ဆေးထိုးအပ်တွေ ဟာနေရာ အနှံ့ ကျယ်ကျယ်ပြန့်ပြန်ဖြစ်နေတာလို့ လည်း သူကပြောပါတယ် ။
ဓာတ်ပုံ မူပိုင် ဒေါ်မိမိကြီး
Image caption မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတဲ့နေရာဟာ ရဲစခန်းနဲ့ နီးနီးလေးပဲလို့ ပြော

ဒီလို တိုင်ကြားတာကြောင့် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က မြို့နယ်ထွေအုပ်နဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို ကြိမ်းမောင်းခဲ့ပါတယ်။ တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကလည်း ဒီအကြောင်းကို သူတို့ မသိသေးကြောင်း၊ တကယ်လို့ မြို့နယ်အဆင့်တွေက အရေးတယူမလုပ်ရင် တိုင်းအဆင့်ကို တင်ပြဖို့အကြောင်း၊ အခုလိုပြောတဲ့အတွက် တင်ပြလာသူမှာ အသက်အန္တရာယ် ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

မနေ့ညကတော့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတချို့က သူ့အိမ်နားမှာ လုံခြုံရေးယူပေးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

သူ့ ကို သတ်ပစ်မယ်ဆိုပြီး အမျိုးသားတစ်ဦးက လွှတ်တော်ကိုယ်စားလှယ် ကနေတစ်ဆင့် အသက်အန္တရာယ် ခြိမ်းခြောက်ခဲ့တာနဲ့ ပတ်သက်လို့ ရဲစခန်းကို သွားပြီးအကြောင်းကြားထားတယ်လို့လည်း ဒေါ်မိမိကြီး ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ပဲခူးတိုင်း ဥသျှစ်ပင်မြို့နယ်က အမျိုးသားတယောက်ဟာ မူးယစ်ဆေးဝါး သယ်ယူတဲ့ လမ်းကြောင်းတွေကို သက်ဆိုင်ရာကို သတင်းပေးတာကြောင့် မူယစ်ဆေးဝါးနဲ့ ပတ်သက်သူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူဟာ ခြိမ်းခြောက်ခံခဲ့ရတာကြောင့် သူ့ရဲ့ ဆိုင်ကယ် ပြင်လုပ်ငန်းကိုထိခိုက်လာတဲ့အပြင် တခြားမြို့ရွာကိုပါ တိမ်းရှောင်ခဲ့ရ တယ်လို့ ပဲခူးဒေသခံသတင်းထောက်တစ်ဦးကပြောပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ကို ဝန်ကြီးချုပ်က ဆူပူ

ကောလင်းမြို့နယ် ကျွန်းလှခုံကျေးရွာမှာ လမ်းမီးတိုင်တွေလည်းမရှိတဲ့အတွက် မှောင်းမည်းနေပြီး အဲဒီမှာ မူးယစ်ဆေး ရှော့ခ်ဖြစ်ပြီး သေတဲ့သူတွေလည်း အများကြီးရှိနေတာကို အပေါ်က တာဝန်ရှိလူကြီးတွေလည်း သိမယ်လို့ ထင်ကြောင်း ဒေါ်မိမိကြီးက ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ တွေ့ဆုံပွဲမှာဝန်ကြီးချုပ်က သူနဲ့အတူရှိနေတဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်ကိုလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ပြောကြားစေခဲ့ပါတယ်။

" အခုဒီမှာ ရှိတဲ့တာဝန်ရှိသူတွေအလုပ်မလုပ်ဘူးဆိုရင် ကျွန်တော်တို့ကိုတင်ပြပေးပါ။ ဒီအနေအထားက ကျွန်တော်တို့လည်း ဒီရောက်မှသိတာပါ။ ဒီလိုသတင်းတွေပေးနေမှ ဗဟိုကနေ ဆင်းစစ် ခိုင်းပြီး အရေးယူဆောင်ရွက်ရမှာဖြစ်တယ်။ ဒီလိုတွေဖြစ်နေတာကို သတင်းပေးတင်ပြဖို့လိုပါတယ်" လို့ နယ်လုံဝန်ကြီးက ပြောခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟာ ဒီဇင်ဘာ ၁၆ ရက်မှာ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ မဏ္ဍိုင်သုံးရပ်နဲ့ ပြည်သူလူထု တွေ့ဆုံပွဲ တက်ရောက် နေပါတယ်။

BBC Burmese
https://www.bbc.com
ေကာလင္းေဒၚမိမိႀကီး အသက္အႏၲရာယ္ ၿခိမ္းေျခာက္ခံရ ေကာလင္းေဒၚမိမိႀကီး အသက္အႏၲရာယ္ ၿခိမ္းေျခာက္ခံရ Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.