ၿခိမ္းေျခာက္ေငြ ေတာင္းတဲ့ ရဲ ၃ ဦးကို လားရႈိးမွာ ပုဒ္မ ၃ ခုနဲ႔ အမႈဖြင့္ဖမ္းဆီး

ဥေရာပသမဂၢ အီးယူက ျမန္မာရဲတပ္ဖြဲ႕ဝင္ေတြကို ၂၀၁၄ ခုႏွစ္တုန္းက သင္တန္းေပးေနစဥ္
(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္၊ လားရႈိးမွာ အရပ္သားတစ္ဦးကို ဖမ္းဆီးေခၚေဆာင္ၿပီး ၿခိမ္းေျခာက္ ေငြေတာင္းခဲ့တဲ့ ရဲတပ္ၾကပ္ႀကီး၊ ရဲတပ္ၾကပ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ ၃ ဦးကို မတရားဖမ္းဆီး ခ်ဳပ္ေႏွာင္မႈ ပုဒ္မ ၃၄၂၊ ေျခာက္လွန႔္ ေငြေတာင္းမႈ ပုဒ္မ ၃၈၆နဲ႔ အားေပးကူညီမႈ ပုဒ္မ ၁၁၄ တို႔နဲ႔ လားရႈိးၿမိဳ႕ရဲတပ္ဖြဲ႕႐ုံးမွာ အမႈဖြင့္ဖမ္းဆီးထားတာ ျဖစ္ပါတယ္။

"လားရႈိးခ႐ိုင္ ရဲတပ္ဖြဲ႕မႉး႐ုံး လုံၿခဳံေရးအကူတပ္ဖြဲ႕က ရဲတပ္ၾကပ္ႀကီးဝင္းလႈိင္၊ ရဲတပ္ၾကပ္တင္ေ႐ႊ၊ ရဲတပ္သားျမတ္မင္းစိုးတို႔ကို ၿခိမ္းေျခာက္ခံရတဲ့ ကာယကံရွင္ မိသားစုက သတင္းေပးလို႔ ဖမ္းဆီးႏိုင္ခဲ့ပါတယ္"လို႔ လားရႈိးၿမိဳ႕နယ္စခန္းမႉး ဒုရဲမႉး ျမင့္ေက်ာ္က ေျပာပါတယ္။

ဒီရဲ ၃ ဦးဟာ ဒီဇင္ဘာလ ၁၄ ရက္ေန႔ ညေန ၄ နာရီခြဲေက်ာ္ေလာက္မွာ လားရႈိးၿမိဳ႕ ရပ္ကြက္ ၇ မွာေနတဲ့ ဦးအိုက္ခ်န္ ဆိုသူကို စစ္ေမးစရာ ရွိလို႔ဆိုၿပီး ေနအိမ္ကေန လာေရာက္ေခၚယူခဲ့ၿပီး ဒီေနာက္ ေငြက်ပ္ ၁၅ သိန္းနဲ႔ လာေ႐ြးယူဖို႔ မိသားစုကို ဖုန္းဆက္ခဲ့ပါတယ္။ဒါ့ေၾကာင့္ မိသားစုက သက္ဆိုင္ရာ နယ္ေျမမႉးကို အကူအညီေတာင္း၊ ဦးအိုက္ခ်န္းကို ျပန္ေပးဆြဲထားတဲ့ သူတို႔ေတြကို ခ်ိန္းဆိုၿပီး ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

"သူတို႔ ၃ ေယာက္က ျပန္ခုခံတယ္၊ အဲေတာ့ ရဲတပ္ဖြဲ႕ဘက္က ပစ္ခတ္ဖမ္းဆီးခဲ့ရတယ္၊ တစ္ေယာက္ေတာ့ ေျခသလုံးႂကြက္သားကို မွန္သြားတယ္" လို႔ ဒုရဲမႉး ျမင့္ေက်ာ္က ေျပာပါတယ္။
 ဆႏၵျပပြဲ တစ္ခုမွာ ရန္ကုန္က အေမရိကန္သံ႐ုံးေရွ႕ လုံၿခဳံေရးယူထားတဲ့ ရဲတပ္ဖြဲ႕ဝင္မ်ား

ဖမ္းဆီးၿပီး ဒီဇင္ဘာလ ၁၆ ရက္ေန႔မွာေတာ့ ၃ ဦးလုံးကို ခ်ဳပ္ရမာန္ ၂ ပတ္ယူၿပီး ရဲအခ်ဳပ္မွာ ထိန္းသိမ္းထားတယ္လို႔ လားရႈိးၿမိဳ႕မ ရဲစခန္းက ေျပာပါတယ္။

"သူတို႔ေတြက ရဲေတြျဖစ္ရဲ႕သားနဲ႔ အရပ္သားဆီက ၿခိမ္းေျခာက္ ေငြေတာင္းတယ္၊ ရဲစည္းကမ္းကို ေဖာက္ဖ်က္တယ္၊ ၃ ဦးလုံးကို ရဲစည္းကမ္းအရေရာ ျပစ္မႈဆိုင္ရာ ဥပေဒအရေရာ အေရးယူမွာပါ" လို႔ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕ ဒုတိယရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ဗညားဦးကလည္း ဘီဘီစီကို ေျပာပါတယ္။

"လားရႈိးမွာ ဆိုင္ကယ္ခ်င္း ေဘးခ်င္းယွဥ္စီးၿပီး လုယက္တာ၊ ဓားနဲ႔ခုတ္တာေတြ ျဖစ္ဖူးပါတယ္၊ အခု ဒါမ်ိဳးျဖစ္တယ္ဆိုေတာ့ ရဲေတြအေပၚ စိတ္ခ် လက္ခ် ယုံၾကည္မႈ ေလ်ာ့သြားတာေပါ့" လို႔ လားရႈိးၿမိဳ႕ခံတစ္ဦးျဖစ္တဲ့ ဦးေသာင္းလြင္က ေျပာပါတယ္။

ဒီဇင္ဘာလ ၈ ရက္ေန႔ကလည္း လားရႈိးေဈးနားမွာ ဆိုင္ကယ္ထိုင္ခုံေအာက္ထဲ ေငြ ၄၈ သိန္း ၉ ေသာင္း ထည့္ၿပီး စီးလာတဲ့ သူ ၂ ဦးကို လားရႈိးေဈးနားမွာ လူ ၂ ေယာက္က ဆိုင္ကယ္ကို ရပ္ခိုင္းၿပီး ဆိုင္ကယ္ကို လုယူ ေမာင္းသြားလို႔ ဆိုင္ကယ္ေရာ ေငြေရာ အလုခံရတဲ့ ျဖစ္စဥ္ ျဖစ္ခဲ့ပါတယ္။

ရဲေတြကေတာ့ အဲ့ဒီျဖစ္စဥ္နဲ႔ ပတ္သက္လို႔ က်ဴးလြန္သူကို စုံစမ္းေနတယ္လို႔ လားရႈိးၿမိဳ႕နယ္ စခန္းမႉး ဒုရဲမႉး ျမင့္ေက်ာ္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
ခြိမ်းခြောက်ငွေ တောင်းတဲ့ ရဲ ၃ ဦးကို လားရှိုးမှာ ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ဖမ်းဆီး

ဓာတ်ပုံ မူပိုင် Soe Than WIN/AFP via Getty Images
Image caption ဥရောပသမဂ္ဂ အီးယူက မြန်မာရဲတပ်ဖွဲ့ဝင်တွေကို ၂၀၁၄ ခုနှစ်တုန်းက သင်တန်းပေးနေစဉ်

ရှမ်းပြည်နယ်၊ လားရှိုးမှာ အရပ်သားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး ခြိမ်းခြောက် ငွေတောင်းခဲ့တဲ့ ရဲတပ်ကြပ်ကြီး၊ ရဲတပ်ကြပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို မတရားဖမ်းဆီး ချုပ်နှောင်မှု ပုဒ်မ ၃၄၂၊ ခြောက်လှန့် ငွေတောင်းမှု ပုဒ်မ ၃၈၆နဲ့ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့နဲ့ လားရှိုးမြို့ရဲတပ်ဖွဲ့ရုံးမှာ အမှုဖွင့်ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

"လားရှိုးခရိုင် ရဲတပ်ဖွဲ့မှူးရုံး လုံခြုံရေးအကူတပ်ဖွဲ့က ရဲတပ်ကြပ်ကြီးဝင်းလှိုင်၊ ရဲတပ်ကြပ်တင်ရွှေ၊ ရဲတပ်သားမြတ်မင်းစိုးတို့ကို ခြိမ်းခြောက်ခံရတဲ့ ကာယကံရှင် မိသားစုက သတင်းပေးလို့ ဖမ်းဆီးနိုင်ခဲ့ပါတယ်"လို့ လားရှိုးမြို့နယ်စခန်းမှူး ဒုရဲမှူး မြင့်ကျော်က ပြောပါတယ်။

ဒီရဲ ၃ ဦးဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲကျော်လောက်မှာ လားရှိုးမြို့ ရပ်ကွက် ၇ မှာနေတဲ့ ဦးအိုက်ချန် ဆိုသူကို စစ်မေးစရာ ရှိလို့ဆိုပြီး နေအိမ်ကနေ လာရောက်ခေါ်ယူခဲ့ပြီး ဒီနောက် ငွေကျပ် ၁၅ သိန်းနဲ့ လာရွေးယူဖို့ မိသားစုကို ဖုန်းဆက်ခဲ့ပါတယ်။ဒါ့ကြောင့် မိသားစုက သက်ဆိုင်ရာ နယ်မြေမှူးကို အကူအညီတောင်း၊ ဦးအိုက်ချန်းကို ပြန်ပေးဆွဲထားတဲ့ သူတို့တွေကို ချိန်းဆိုပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

"သူတို့ ၃ ယောက်က ပြန်ခုခံတယ်၊ အဲတော့ ရဲတပ်ဖွဲ့ဘက်က ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်၊ တစ်ယောက်တော့ ခြေသလုံးကြွက်သားကို မှန်သွားတယ်" လို့ ဒုရဲမှူး မြင့်ကျော်က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် ROMEO GACAD/AFP via Getty Images
Image caption ဆန္ဒပြပွဲ တစ်ခုမှာ ရန်ကုန်က အမေရိကန်သံရုံးရှေ့ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်များ

ဖမ်းဆီးပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့မှာတော့ ၃ ဦးလုံးကို ချုပ်ရမာန် ၂ ပတ်ယူပြီး ရဲအချုပ်မှာ ထိန်းသိမ်းထားတယ်လို့ လားရှိုးမြို့မ ရဲစခန်းက ပြောပါတယ်။

"သူတို့တွေက ရဲတွေဖြစ်ရဲ့သားနဲ့ အရပ်သားဆီက ခြိမ်းခြောက် ငွေတောင်းတယ်၊ ရဲစည်းကမ်းကို ဖောက်ဖျက်တယ်၊ ၃ ဦးလုံးကို ရဲစည်းကမ်းအရရော ပြစ်မှုဆိုင်ရာ ဥပဒေအရရော အရေးယူမှာပါ" လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညားဦးကလည်း ဘီဘီစီကို ပြောပါတယ်။

"လားရှိုးမှာ ဆိုင်ကယ်ချင်း ဘေးချင်းယှဉ်စီးပြီး လုယက်တာ၊ ဓားနဲ့ခုတ်တာတွေ ဖြစ်ဖူးပါတယ်၊ အခု ဒါမျိုးဖြစ်တယ်ဆိုတော့ ရဲတွေအပေါ် စိတ်ချ လက်ချ ယုံကြည်မှု လျော့သွားတာပေါ့" လို့ လားရှိုးမြို့ခံတစ်ဦးဖြစ်တဲ့ ဦးသောင်းလွင်က ပြောပါတယ်။

ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း လားရှိုးဈေးနားမှာ ဆိုင်ကယ်ထိုင်ခုံအောက်ထဲ ငွေ ၄၈ သိန်း ၉ သောင်း ထည့်ပြီး စီးလာတဲ့ သူ ၂ ဦးကို လားရှိုးဈေးနားမှာ လူ ၂ ယောက်က ဆိုင်ကယ်ကို ရပ်ခိုင်းပြီး ဆိုင်ကယ်ကို လုယူ မောင်းသွားလို့ ဆိုင်ကယ်ရော ငွေရော အလုခံရတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ရဲတွေကတော့ အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျူးလွန်သူကို စုံစမ်းနေတယ်လို့ လားရှိုးမြို့နယ် စခန်းမှူး ဒုရဲမှူး မြင့်ကျော်က ပြောပါတယ်။

BBC Burmese
https://www.bbc.com
ၿခိမ္းေျခာက္ေငြ ေတာင္းတဲ့ ရဲ ၃ ဦးကို လားရႈိးမွာ ပုဒ္မ ၃ ခုနဲ႔ အမႈဖြင့္ဖမ္းဆီး ၿခိမ္းေျခာက္ေငြ ေတာင္းတဲ့ ရဲ ၃ ဦးကို လားရႈိးမွာ ပုဒ္မ ၃ ခုနဲ႔ အမႈဖြင့္ဖမ္းဆီး Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.