တ႐ုတ္တစ္သွ်ဴးငွက္ေပ်ာစိုက္ပ်ိဳးမႈဆိုးက်ိဳး အမ်ိဳးသားလႊတ္ေတာ္မွာ ေဆြးေႏြး

ကခ်င္ျပည္နယ္အတြင္းက တစ္သွ်ဴးငွက္ေပ်ာစိုက္ခင္းအခ်ိဳ႕ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
တ႐ုတ္တစ္သွ်ဴးငွက္ေပ်ာ စိုက္ပ်ိဳးထုတ္လုပ္မႈေၾကာင့္ ေဘးထြက္ဆိုးက်ိဳးေတြကို ႀကိဳတင္ကာကြယ္တားဆီးဖို႔နဲ႔ အခြန္ဘ႑ာရရွိေရး မူဝါဒခ်ေဆာင္႐ြက္ဖို႔ ျပည္ေထာင္စု အစိုးရကို တိုက္တြန္းေၾကာင္းအဆိုကို အမ်ိဳးသားလႊတ္ေတာ္က ဒီေန႔အတည္ျပဳလိုက္ပါတယ္။

ကခ်င္ျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ ခြန္ဝင္းေသာင္း တင္သြင္းတဲ့ ကခ်င္ျပည္နယ္ အပါအဝင္ တျခားတိုင္းနဲ႔ ျပည္နယ္ေတြမွာ ဧကမ်ားစြာ စိုက္ပ်ိဳးေနတဲ့ တ႐ုတ္တစ္သွ်ဴးငွက္ေပ်ာ စိုက္ပ်ိဳး ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေတြကို စည္းကမ္းတက် ထိန္းသိမ္းကြပ္ကဲႏိုင္ေစဖို႔၊ ျဖစ္ေပၚလာမယ့္ ေဘးထြက္ဆိုးက်ိဳး ေတြကို ႀကိဳတင္တားျမစ္ႏိုင္ဖို႔နဲ႔ ရသင့္တဲ့ အခြန္ဘ႑ာေတြကို ထိေရာက္တဲ့ မူဝါဒစီမံခ်က္ခ်ၿပီး ေဆာင္႐ြက္ေပးဖို႔ ျပည္ေထာင္စု အစိုးရကို တိုက္တြန္းေၾကာင္းအဆိုကို အမ်ိဳးသားလႊတ္ေတာ္က အတည္ျပဳလိုက္တာျဖစ္ပါတယ္။

အမ်ိဳးသားလႊတ္ေတာ္မွာ ဒီဇင္ဘာ ၄ ရက္ေန႔က တင္သြင္းခဲ့တာျဖစ္ၿပီး အဲ့ဒီအဆိုကို လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္း ၁၄ ဦးက ေဆြးေႏြးခဲ့ၾကၿပီးေနာက္ အမ်ိဳးသားလႊတ္ေတာ္မွာ ဒီေန႔ မဲခြဲ ဆုံးျဖတ္ခဲ့တာပါ။

အဲဒီအဆိုကို လႊတ္ေတာ္ ကိုယ္စားလွယ္ ၁၆၈ ဦးက ေထာက္ခံခဲ့ၿပီး ကန႔္ကြက္သူ ေလးဦးရွိခဲ့သလို ၾကားေနမဲက ႏွစ္မဲ ရွိခဲ့ပါတယ္။ ေထာက္ခံမဲမ်ားတဲ့အတြက္ အဆိုကို လႊတ္ေတာ္က အတည္ျပဳလိုက္ပါတယ္။

အဆိုကို ေထာက္ခံ ေဆြးေႏြးခဲ့ၾကတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ကခ်င္ျပည္နယ္မွာ တစ္သွ်ဴးငွက္ေပ်ာ စိုက္ဧက တစ္သိန္းေျခာက္ေသာင္းေက်ာ္ ရွိေနၿပီး စိုက္ပ်ိဳးေရး ကုမၸဏီေတြက ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္ရဲ႕ ခြင့္ျပဳခ်က္မရွိဘဲ တရားမဝင္ စိုက္ပ်ိဳးေနၾကေၾကာင္း ထည့္သြင္းေဆြးေႏြးခဲ့ၾကသလို အခုလိုစိုက္ပ်ိဳးတာေတြ ေၾကာင့္ သဘာပတ္ဝန္းက်င္ထိခိုက္တာေတြ၊ ေဒသခံေတြ က်န္းမာေရး ထိခိုက္တဲ့ ဆိုးက်ိဳးေတြ ႀကဳံေတြ႕ေနရတယ္ လို႔ ေဆြးေႏြးခဲ့ၾကပါတယ္။

ဒါ့အျပင္ ကုမၸဏီေတြက ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ကို ေလွ်ာက္ထားၿပီး လုပ္တာမ်ိဳးမဟုတ္ဘဲ လယ္သမားေတြနဲ႔ တိုက္႐ိုက္စာခ်ဳပ္တာ၊ အစိုးရထံက ေျမယာလုပ္ပိုင္ခြင့္ေလွ်ာက္ထားေနခ်ိန္မွာတင္ စတင္အေကာင္အထည္ေဖာ္ လုပ္ေဆာင္တာေတြရွိေနတာေၾကာင့္ ႏိုင္ငံရဲ႕ ဘ႑ာေငြ အခြန္ဆုံးရႈံးမႈေတြ ရွိေနတယ္လို႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ဆိုၾကပါတယ္။

ကုမၸဏီေတြရဲ႕ ေနာက္ကြယ္မွာ တ႐ုတ္ႏိုင္ငံသား လုပ္ငန္းရွင္ေတြက ေငြေၾကးေထာက္ပံ့ေပးထားၿပီး တစ္သွ်ဴးငွက္ေပ်ာစိုက္ပ်ိဳးဖို႔အတြက္ စိုက္ပ်ိဳးေျမေတြကို ဖိအားေပး၊ ၿခိမ္းေျခာက္ အတင္းအဓမၼယူတာ၊ ညႇိႏႈိင္းငွားရမ္းတာ၊ ညႇိႏႈိင္းဝယ္ယူတာစတဲ့ ပုံစံေတြနဲ႔ ရယူၾကတယ္လို႔ ပဲခူးတိုင္းေဒသႀကီး အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ စန္းေမာင္ေမာင္က ေဆြးေႏြးခဲ့ပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး အမ်ိဳးသားကိုယ္စားလွယ္ ဦးေက်ာ္ေသာင္းကလည္း ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္မွာ ရွိတဲ့ ႐ြာေလး႐ြာနဲ႔  ဗန္းေမာ္ၿမိဳ႕နယ္မွာရွိတဲ့ ႐ြာႏွစ္႐ြာကို ကြင္းဆင္းသုေတသန ျပဳၿပီး ရရွိလာတဲ့စစ္တမ္းအရ တစ္သွ်ဴးငွက္ေပ်ာ စိုက္ပ်ိဳးေျမနဲ႔ပတ္သက္ၿပီး ပိုင္ရွင္သေဘာတူညီမႈနဲ႔  ရယူစိုက္ပ်ိဳးတာ ၄၁ ရာခိုင္ႏႈန္းရွိၿပီး ပိုင္ရွင္သေဘာမတူဘဲ ရယူစိုက္တာ ၅၉ ရာခိုင္ႏႈန္းရွိတယ္လို႔ ေဆြးေႏြးပါတယ္။

အစိုးရက ထိေရာက္တဲ့ အေရးယူမႈေတြ မရွိေသးခင္မွာပဲ တစ္သွ်ဴးငွက္ေပ်ာခင္းေတြက ေအာက္ေျခေျမျပင္မွာ တစ္စတစ္စ တိုးပြားလာတာေၾကာင့္ တ႐ုတ္တစ္သွ်ဴးငွက္ေပ်ာစိုက္ပ်ိဳးေရးလုပ္ငန္းကို မျဖစ္မေန ခြင့္ျပဳမယ္ဆိုရင္ ျပည္ေထာင္စုအစိုးရအေနနဲ႔ စနစ္တက် ထိန္းသိမ္းကြပ္ကဲ ေဆာင္႐ြက္ဖို႔လိုအပ္တယ္လို႔လည္း ဦးေက်ာ္ေသာင္းက ေျပာပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေဆြးေႏြးမႈအၿပီးမွာ စိုက္ပ်ိဳးေရး ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး ဦးလွေက်ာ္က အမ်ိဳးသားလႊတ္ေတာ္မွာ ဒီေန႔ ျပန္လည္ရွင္းလင္းခဲ့ပါတယ္။

ဒုတိယဝန္ႀကီး ဦးလွေက်ာ္က  တစ္သွ်ဴးငွက္ေပ်ာစိုက္ပ်ိဳးတဲ့ ရင္းႏွီးျမႇပ္ႏွံမႈလုပ္ငန္းနဲ႔ပတ္သက္ၿပီး ကခ်င္ျပည္နယ္ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္အေနနဲ႔ ကုမၸဏီတစ္ခုကို အတည္ျပဳမိန႔္ထုတ္ေပးထားေၾကာင္းနဲ႔ ကခ်င္ျပည္နယ္ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ကို လုပ္ငန္းအဆိုျပဳခ်က္ ေလွ်ာက္ထားလာမယ္ဆိုရင္ သက္ဆိုင္ရာဝန္ႀကီးဌာနေတြရဲ႕ သေဘာထားမွတ္ခ်က္ေတြ၊ ဥပေဒေတြ၊ လုပ္ထုံးလုပ္နည္းေတြအတိုင္း လိုက္နာေဆာင္႐ြက္မႈ ရွိ၊ မရွိကို ကခ်င္ျပည္နယ္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား ႀကီးၾကပ္ေရးအဖြဲ႕နဲ႔ ၾကပ္မတ္စစ္ေဆးေဆာင္႐ြက္ေနတယ္လို႔ ေျပာပါတယ္။

စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနရဲ႕ ၂၀၁၈ -၁၉ စာရင္းအရ ႏိုင္ငံတစ္ဝန္းလုံးမွာ ငွက္ေပ်ာစိုက္ဧရိယာ ဧက ၂ သိန္း ၆ ေသာင္းေက်ာ္ စိုက္ပ်ိဳးထားၿပီး ကခ်င္ျပည္နယ္မွာ ဧက ၇ ေသာင္းေက်ာ္၊ ဧရာဝတီတိုင္းမွာ ဧက  ၆ ေသာင္း၊ စစ္ကိုင္းတိုင္းမွာ ဧက ၂ ေသာင္းေက်ာ္၊ ရွမ္းျပည္နယ္မွာ ဧက ႏွစ္ေသာင္း၊ ပဲခူးတိုင္း ကရင္ျပည္နယ္ တနသၤာရီတိုင္း၊ မႏၲေလးတိုင္းတို႔မွာ ဧက တစ္ေသာင္းေက်ာ္ စိုက္ပ်ိဳးထားတယ္လို႔ သိရပါတယ္။

ကခ်င္ျပည္နယ္ ငွက္ေပ်ာစိုက္ဧကနဲ႔ပတ္သက္ၿပီး စာရင္းေကာက္ယူရာမွာ နယ္ေျမလုံၿခဳံမႈ အေျခအေနေပၚ မူတည္ၿပီး စာရင္းေကာက္ရတာျဖစ္လို႔ ဒီထက္ပိုတဲ့ ဧရိယာေတြလည္း ရွိႏိုင္မွာျဖစ္တယ္လို႔ ဒုတိယဝန္ႀကီး ဦးလွေက်ာ္က ဆိုပါတယ္။

ကခ်င္ျပည္နယ္အစိုးရအေနနဲ႔ လက္ရွိ စိုက္ပ်ိဳးဧရိယာေတြအျပင္ ထပ္မံတိုးခ်ဲ႕စိုက္ပ်ိဳးတာမ်ိဳး မျပဳေစဖို႔အတြက္ ၿပီးခဲ့တဲ့ႏွစ္ ဇြန္လနဲ႔ ဒီႏွစ္ ဧၿပီလေတြက ၫႊန္ၾကားေဆာင္႐ြက္ထားတယ္လို႔ ေျပာပါတယ္။

တစ္သွ်ဴးငွက္ေပ်ာ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်ျခင္းလုပ္ငန္းကို ထိထိေရာက္ေရာက္ ႀကီးၾကပ္ ေဆာင္႐ြက္ႏိုင္ေရးအတြက္ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ စိုက္ပ်ိဳးေရး ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနက ဦးေဆာင္ၿပီး တစ္သွ်ဴးငွက္ေပ်ာ စိုက္ပ်ိဳးေရးလုပ္ငန္းရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ လုပ္ထုံးလုပ္နည္း မူၾကမ္းေရးဆြဲၿပီး ျဖစ္ၿပီး အဲဒီမူၾကမ္းအေပၚ ေနာက္ဆုံးအႀကိမ္ ျပင္ဆင္ျဖည့္စြက္လိုတဲ့ အခ်က္ေတြကို ဆက္စပ္တဲ့ ဌာနေတြဆီ ေတာင္းခံထားတယ္လို႔ သိရပါတယ္။

အဲဒီမူၾကမ္းၿပီးသြားရင္ တစ္သွ်ဴးငွက္ေပ်ာ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်ျခင္းလုပ္ငန္းနဲ႔ပတ္သက္ၿပီး စိုက္ပ်ိဳးေျမယာ ရယူအသုံးခ်မႈေတြ၊ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ၊ စိုက္ပ်ိဳးေရးဆိုင္ရာ သတ္မွတ္စည္းကမ္းခ်က္ေတြ၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးလုပ္ငန္းေတြ၊ ကြၽမ္းက်င္ပညာရွင္၊ ဝန္ထမ္း အလုပ္သမားခန႔္ထားေရး၊ တ႐ုတ္ ႏိုင္ငံသားေတြ ဝင္ေရာက္ထြက္ခြာစည္းကမ္းေတြ၊ သယ္ယူပို႔ေဆာင္ ကုန္သြယ္ျခင္းလုပ္ငန္း စည္းကမ္းေတြ၊ အခြန္အခ ေပးေဆာင္တဲ့ လုပ္ငန္းစဥ္ေတြကို ကခ်င္ျပည္နယ္အစိုးရအဖြဲ႕က ဖြဲ႕စည္းေပးထားတဲ့ တစ္သွ်ဴးငွက္ေပ်ာ စိုက္ပ်ိဳးေရး ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေတြ ႀကီးၾကပ္မႈေကာ္မတီရဲ႕ ႀကီးၾကပ္မႈနဲ႔ ပုံမွန္ စစ္ေဆးၾကပ္မတ္ ေဆာင္႐ြက္သြားႏိုင္မယ္လို႔ ဝန္ႀကီးက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံကို တစ္သွ်ဴးငွက္ေပ်ာ တင္ပို႔မႈအေနနဲ႔ ၂၀၁၅ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္အထိ တန္ခ်ိန္ ၁၅ သိန္းေက်ာ္ တင္ပို႔ထားၿပီး အေမရိကန္ေဒၚလာ ၅၃၃ သန္းေက်ာ္ တန္ဖိုးရွိတယ္လို႔ ဝန္ႀကီး ဦးလွေက်ာ္က ေျပာပါတယ္။

တစ္သွ်ဴးငွက္ေပ်ာကို ကခ်င္ျပည္နယ္ ဝိုင္းေမာ္၊ ဗန္းေမာ္နဲ႔ မိုးေမာက္ၿမိဳ႕နယ္ေတြမွာ စိုက္ပ်ိဳးထားၿပီး ဝိုင္းေမာ္မွာ အမ်ားဆုံးစိုက္ပ်ိဳးတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးမှုဆိုးကျိုး အမျိုးသားလွှတ်တော်မှာ ဆွေးနွေး

ကချင်ပြည်နယ်အတွင်းက တစ်သျှူးငှက်ပျောစိုက်ခင်းအချို့ကို တွေ့ရစဉ်
Photo: Citizen Journalist

တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးထုတ်လုပ်မှုကြောင့် ဘေးထွက်ဆိုးကျိုးတွေကို ကြိုတင်ကာကွယ်တားဆီးဖို့နဲ့ အခွန်ဘဏ္ဍာရရှိရေး မူဝါဒချဆောင်ရွက်ဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော်က ဒီနေ့အတည်ပြုလိုက်ပါတယ်။

ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်း တင်သွင်းတဲ့ ကချင်ပြည်နယ် အပါအဝင် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ဧကများစွာ စိုက်ပျိုးနေတဲ့ တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို စည်းကမ်းတကျ ထိန်းသိမ်းကွပ်ကဲနိုင်စေဖို့၊ ဖြစ်ပေါ်လာမယ့် ဘေးထွက်ဆိုးကျိုး တွေကို ကြိုတင်တားမြစ်နိုင်ဖို့နဲ့ ရသင့်တဲ့ အခွန်ဘဏ္ဍာတွေကို ထိရောက်တဲ့ မူဝါဒစီမံချက်ချပြီး ဆောင်ရွက်ပေးဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မှာ ဒီဇင်ဘာ ၄ ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပြီး အဲ့ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၄ ဦးက ဆွေးနွေးခဲ့ကြပြီးနောက် အမျိုးသားလွှတ်တော်မှာ ဒီနေ့ မဲခွဲ ဆုံးဖြတ်ခဲ့တာပါ။

အဲဒီအဆိုကို လွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးက ထောက်ခံခဲ့ပြီး ကန့်ကွက်သူ လေးဦးရှိခဲ့သလို ကြားနေမဲက နှစ်မဲ ရှိခဲ့ပါတယ်။ ထောက်ခံမဲများတဲ့အတွက် အဆိုကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အဆိုကို ထောက်ခံ ဆွေးနွေးခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ကချင်ပြည်နယ်မှာ တစ်သျှူးငှက်ပျော စိုက်ဧက တစ်သိန်းခြောက်သောင်းကျော် ရှိနေပြီး စိုက်ပျိုးရေး ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် စိုက်ပျိုးနေကြကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြသလို အခုလိုစိုက်ပျိုးတာတွေ ကြောင့် သဘာပတ်ဝန်းကျင်ထိခိုက်တာတွေ၊ ဒေသခံတွေ ကျန်းမာရေး ထိခိုက်တဲ့ ဆိုးကျိုးတွေ ကြုံတွေ့နေရတယ် လို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို လျှောက်ထားပြီး လုပ်တာမျိုးမဟုတ်ဘဲ လယ်သမားတွေနဲ့ တိုက်ရိုက်စာချုပ်တာ၊ အစိုးရထံက မြေယာလုပ်ပိုင်ခွင့်လျှောက်ထားနေချိန်မှာတင် စတင်အကောင်အထည်ဖော် လုပ်ဆောင်တာတွေရှိနေတာကြောင့် နိုင်ငံရဲ့ ဘဏ္ဍာငွေ အခွန်ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။

ကုမ္ပဏီတွေရဲ့ နောက်ကွယ်မှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေက ငွေကြေးထောက်ပံ့ပေးထားပြီး တစ်သျှူးငှက်ပျောစိုက်ပျိုးဖို့အတွက် စိုက်ပျိုးမြေတွေကို ဖိအားပေး၊ ခြိမ်းခြောက် အတင်းအဓမ္မယူတာ၊ ညှိနှိုင်းငှားရမ်းတာ၊ ညှိနှိုင်းဝယ်ယူတာစတဲ့ ပုံစံတွေနဲ့ ရယူကြတယ်လို့ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စန်းမောင်မောင်က ဆွေးနွေးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားကိုယ်စားလှယ် ဦးကျော်သောင်းကလည်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ရှိတဲ့ ရွာလေးရွာနဲ့  ဗန်းမော်မြို့နယ်မှာရှိတဲ့ ရွာနှစ်ရွာကို ကွင်းဆင်းသုတေသန ပြုပြီး ရရှိလာတဲ့စစ်တမ်းအရ တစ်သျှူးငှက်ပျော စိုက်ပျိုးမြေနဲ့ပတ်သက်ပြီး ပိုင်ရှင်သဘောတူညီမှုနဲ့  ရယူစိုက်ပျိုးတာ ၄၁ ရာခိုင်နှုန်းရှိပြီး ပိုင်ရှင်သဘောမတူဘဲ ရယူစိုက်တာ ၅၉ ရာခိုင်နှုန်းရှိတယ်လို့ ဆွေးနွေးပါတယ်။

အစိုးရက ထိရောက်တဲ့ အရေးယူမှုတွေ မရှိသေးခင်မှာပဲ တစ်သျှူးငှက်ပျောခင်းတွေက အောက်ခြေမြေပြင်မှာ တစ်စတစ်စ တိုးပွားလာတာကြောင့် တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို မဖြစ်မနေ ခွင့်ပြုမယ်ဆိုရင် ပြည်ထောင်စုအစိုးရအနေနဲ့ စနစ်တကျ ထိန်းသိမ်းကွပ်ကဲ ဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်း ဦးကျော်သောင်းက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးမှုအပြီးမှာ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က အမျိုးသားလွှတ်တော်မှာ ဒီနေ့ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

ဒုတိယဝန်ကြီး ဦးလှကျော်က  တစ်သျှူးငှက်ပျောစိုက်ပျိုးတဲ့ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ ကုမ္ပဏီတစ်ခုကို အတည်ပြုမိန့်ထုတ်ပေးထားကြောင်းနဲ့ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို လုပ်ငန်းအဆိုပြုချက် လျှောက်ထားလာမယ်ဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ သဘောထားမှတ်ချက်တွေ၊ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိကို ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့နဲ့ ကြပ်မတ်စစ်ဆေးဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရဲ့ ၂၀၁၈ -၁၉ စာရင်းအရ နိုင်ငံတစ်ဝန်းလုံးမှာ ငှက်ပျောစိုက်ဧရိယာ ဧက ၂ သိန်း ၆ သောင်းကျော် စိုက်ပျိုးထားပြီး ကချင်ပြည်နယ်မှာ ဧက ၇ သောင်းကျော်၊ ဧရာဝတီတိုင်းမှာ ဧက  ၆ သောင်း၊ စစ်ကိုင်းတိုင်းမှာ ဧက ၂ သောင်းကျော်၊ ရှမ်းပြည်နယ်မှာ ဧက နှစ်သောင်း၊ ပဲခူးတိုင်း ကရင်ပြည်နယ် တနင်္သာရီတိုင်း၊ မန္တလေးတိုင်းတို့မှာ ဧက တစ်သောင်းကျော် စိုက်ပျိုးထားတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် ငှက်ပျောစိုက်ဧကနဲ့ပတ်သက်ပြီး စာရင်းကောက်ယူရာမှာ နယ်မြေလုံခြုံမှု အခြေအနေပေါ် မူတည်ပြီး စာရင်းကောက်ရတာဖြစ်လို့ ဒီထက်ပိုတဲ့ ဧရိယာတွေလည်း ရှိနိုင်မှာဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဦးလှကျော်က ဆိုပါတယ်။

ကချင်ပြည်နယ်အစိုးရအနေနဲ့ လက်ရှိ စိုက်ပျိုးဧရိယာတွေအပြင် ထပ်မံတိုးချဲ့စိုက်ပျိုးတာမျိုး မပြုစေဖို့အတွက် ပြီးခဲ့တဲ့နှစ် ဇွန်လနဲ့ ဒီနှစ် ဧပြီလတွေက ညွှန်ကြားဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

တစ်သျှူးငှက်ပျော စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်းကို ထိထိရောက်ရောက် ကြီးကြပ် ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဦးဆောင်ပြီး တစ်သျှူးငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း မူကြမ်းရေးဆွဲပြီး ဖြစ်ပြီး အဲဒီမူကြမ်းအပေါ် နောက်ဆုံးအကြိမ် ပြင်ဆင်ဖြည့်စွက်လိုတဲ့ အချက်တွေကို ဆက်စပ်တဲ့ ဌာနတွေဆီ တောင်းခံထားတယ်လို့ သိရပါတယ်။

အဲဒီမူကြမ်းပြီးသွားရင် တစ်သျှူးငှက်ပျော စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး စိုက်ပျိုးမြေယာ ရယူအသုံးချမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ စိုက်ပျိုးရေးဆိုင်ရာ သတ်မှတ်စည်းကမ်းချက်တွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ၊ ကျွမ်းကျင်ပညာရှင်၊ ဝန်ထမ်း အလုပ်သမားခန့်ထားရေး၊ တရုတ် နိုင်ငံသားတွေ ဝင်ရောက်ထွက်ခွာစည်းကမ်းတွေ၊ သယ်ယူပို့ဆောင် ကုန်သွယ်ခြင်းလုပ်ငန်း စည်းကမ်းတွေ၊ အခွန်အခ ပေးဆောင်တဲ့ လုပ်ငန်းစဉ်တွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားတဲ့ တစ်သျှူးငှက်ပျော စိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ကြီးကြပ်မှုကော်မတီရဲ့ ကြီးကြပ်မှုနဲ့ ပုံမှန် စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားနိုင်မယ်လို့ ဝန်ကြီးက ပြောပါတယ်။

တရုတ်နိုင်ငံကို တစ်သျှူးငှက်ပျော တင်ပို့မှုအနေနဲ့ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ တန်ချိန် ၁၅ သိန်းကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၅၃၃ သန်းကျော် တန်ဖိုးရှိတယ်လို့ ဝန်ကြီး ဦးလှကျော်က ပြောပါတယ်။

တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ် ဝိုင်းမော်၊ ဗန်းမော်နဲ့ မိုးမောက်မြို့နယ်တွေမှာ စိုက်ပျိုးထားပြီး ဝိုင်းမော်မှာ အများဆုံးစိုက်ပျိုးတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

RFA Burmese
https://www.rfa.org
တ႐ုတ္တစ္သွ်ဴးငွက္ေပ်ာစိုက္ပ်ိဳးမႈဆိုးက်ိဳး အမ်ိဳးသားလႊတ္ေတာ္မွာ ေဆြးေႏြး တ႐ုတ္တစ္သွ်ဴးငွက္ေပ်ာစိုက္ပ်ိဳးမႈဆိုးက်ိဳး အမ်ိဳးသားလႊတ္ေတာ္မွာ ေဆြးေႏြး Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.