အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ပိုၿပီး ေသြးခဲႏိုင္ေခ် ျမင့္မား

(Zawgyi)⤵⤵⤵
အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြဟာ ေသြးခဲႏိုင္ေခ်ပိုျမင့္မားတယ္။ deep vein thrombosis လို႔ေခၚတဲ့ ေသြးျပန္ေၾကာ ေသြးခဲပိတ္ျခင္း ေရာဂါျဖစ္ႏိုင္ေခ် ပိုမ်ားတယ္ဆိုရင္ အံ့ၾသသြားမလား။ ဒီကိစၥက အမွန္ပါ။ နာတာရွည္ေသြးျပန္ေၾကာ ေရာဂါေတြ၊ ေသြးခဲတဲ့ ျပႆနာေတြ အမ်ိဳးသားေတြမွာလည္း ျဖစ္ႏိုင္တယ္ဆိုေပမယ့္ အမ်ိဳးသမီးေတြမွာ ေတြ႕ရပိုမ်ားပါတယ္။

ေသြးခဲတာ ေၾကာက္စရာလိုလို႔လား။

ထိခိုက္ဒဏ္ရာ တစ္ခုခုရလို႔ ေသြးထြက္တဲ့အခါ ကိုယ္ခႏၶာက ေသြးခဲေစၿပီး ေသြးတိတ္ေအာင္ လုပ္ရပါတယ္။ ဒါကေကာင္းတဲ့ ကိစၥတစ္ခုျဖစ္ေပမယ့္ deep vein thrombosis လို႔ေခၚတဲ့ ေသြးပိတ္ေၾကာပိတ္တဲ့ ျပႆနာမွာေတာ့ ဒီေသြးခဲတဲ့ ကိစၥက တရားခံပါ။ ဒါတင္မက ခဲေနတဲ့ ေသြးခဲေလးေတြျပဳတ္ထြက္ၿပီး အဆုတ္ေသြးေၾကာ ႏွလုံးေသြးေၾကာေတြမွာ သြားပိတ္ရင္ ပိုၿပီး ျပႆနာႀကီးသြားပါၿပီ။ ဒီေလာက္ ေၾကာက္ဖို႔ေကာင္းတဲ့ ျပႆနာေတြက မိန္းကေလးေတြမွာမွ ဘာ့ေၾကာင့္ ပိုျဖစ္ရတာလဲ

အမ်ိဳးသမီးေတြမွာ ေသြးခဲႏိုင္တဲ့ ျပႆနာေတြ ျဖစ္ရတာ ဒါေတြေၾကာင့္ပါ။

(၁) ကိုယ္ဝန္

ကိုယ္ဝန္စေဆာင္ထားတဲ့အခ်ိန္ကစၿပီး မီးဖြားခါနီး အခ်ိန္အထိ ေျပာင္းလဲလာတဲ့ ေဟာ္မုန္းနဲ႔ ကိုယ္ခႏၶာ အေျခအေနမ်ားေၾကာင့္ အျခားသူမ်ားထက္ ေသြးခဲႏိုင္ေခ် ၅ ဆပိုၿပီးျမင့္ေနပါလိမ့္မယ္။ ႀကီးလာတဲ့ သားအိမ္က ေသြးေၾကာေတြကို သြားဖိတာေၾကာင့္ရယ္၊ ကိုယ္ဝန္ႀကီးနဲ႔ဆိုေတာ့ နားနားေနေန ေနတာက ပိုမ်ားတာရယ္ေၾကာင့္လည္း ပါတာေပါ့။ ဆရာဝန္ဆီသြားျပဖို႔ေရာ လိုလားလို႔ သိခ်င္တဲ့သူေတြ ရွိေနမွာပါ။

ေသြးခဲျခင္းနဲ႔ဆိုင္တဲ့ရ ောဂါေတြ၊ ေသြးခဲတဲ့ျပႆနာေတြ အရင္တုန္းက ျဖစ္ခဲ့ဖူးရင္

တစ္ခ်ိန္လုံး အိပ္ရာေပၚမွာ လွဲေနရတဲ့သူျဖစ္ေနခဲ့ရင္

ဗိုက္ခြဲေမြးဖို႔ စီစဥ္ထားရင္ ဆရာဝန္ဆီ သြားျပၿပီး ေဆးကုသမႈ ႀကိဳတင္ခံယူဖို႔၊ DVT ကို ႀကိဳတင္ကာကြယ္ ထားဖို႔လိုအပ္ပါတယ္။

ဆရာဝန္ေပးတဲ့ ေသြးက်ဲေဆးေတြလည္း ေသာက္မယ္၊ ကိုယ္လက္လႈပ္ရွားမႈေလးေတြလည္း လုပ္ေပးမယ္၊ ဆိုရင္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ DVT ျဖစ္ဖို႔ ေၾကာက္စရာမလိုေတာ့ပါဘူး။

(၂) သားဆက္ျခားနည္းမ်ား။

သားဆက္ျခားနည္း

သားဆက္ျခားနည္းေတြထဲမွာမွ အီစတိုဂ်င္ေဟာ္မုန္း၊ ေဟာ္မုန္းႏွစ္မ်ိဳးစပ္ပါတဲ့ သားဆက္ျခားနည္ ေတြက DVT ျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။ ေဟာ္မုန္းေပါင္းထားတဲ့ သားဆက္ျခားနည္းေတြက DVT ျဖစ္ႏိုင္ေခ် ၃ ဆ ပိုျမင့္ပါတယ္။ ဒီေတာ့ ဒီလို ေဟာ္မုန္းပါတဲ့ သားဆက္ျခားနည္းကို ေရွာင္သင့္တဲ့သူေတြ ရွိပါတယ္။

ကိုယ္ခႏၶာ အဝလြန္ေနတဲ့သူေတြ

အသက္ ၃၅ ႏွစ္အထက္ရွိေနၿပီး

တစ္ေန႔ကို စီးကရက္ ၁၅ လိပ္ထက္ပိုေသာက္ေနတဲ့အမ်ိဳးသမီးေတြ

ေသြးတြင္းကိုလက္စေရာမ်ားေနၿပီး

ေသြးတိုးေရာဂါ ရွိေနတဲ့ အမ်ိဳးသမီးေတြက ေဟာ္မုန္းပါတဲ့ သားဆက္ျခားနည္းေတြကိုသုံးရင္ DVT ပိုျဖစ္ႏိုင္ပါတယ္။

အီစတိုဂ်င္ ေဟာ္မုန္းမပါတဲ့ သားဆက္ျခားနည္းေတြျဖစ္တဲ့ သားအိမ္တြင္းထည့္ သားဆက္ျခားပစၥည္း၊ ပ႐ိုဂ်က္စတုန္းေဟာ္မုန္း တစ္မ်ိဳးတည္းပါတဲ့ သားဆက္ျခားနည္းေတြကို ေ႐ြးသုံးပါ။

(၃) ေဟာ္မုန္း အစားထိုးကုသျခင္း ( Hormone Replacement Therapy)

တခ်ိဳ႕ေသြးဆုံးသြားၿပီးေနာက္ပိုင္း ေသြးဆုံးခ်ိန္ ခံစားရတဲ့ေဝဒနာေတြကို သက္သာေစဖို႔ ေဟာ္မုန္း အစားထိုးကုသျခင္းကို ခံယူေနတဲ့ အမ်ိဳးသမီးႀကီးေတြ ရွိပါတယ္။ ေဟာ္မုန္းအစားထိုးဆိုေတာ့ အီစတိုဂ်င္ေရာ ပ႐ိုဂ်က္စတုန္းေရာ ၂ မ်ိဳးလုံးပါမွာ ျဖစ္တာေၾကာင့္ DVT ျဖစ္ႏိုင္ေခ် မ်ားပါတယ္။ အထူးသျဖင့္ အသက္ႀကီးလာလို႔ အဝလြန္ေနတဲ့ အမ်ိဳးသမီးေတြ၊ ကိုယ္လက္လႈပ္ရွားမႈ မရွိတဲ့ အမ်ိဳးသမီးေတြ၊ ႏွလုံးေရာဂါ ရွိတဲ့အမ်ိဳးသမီးေတြနဲ႔ အ႐ိုးက်ိဳးေနတဲ့ အမ်ိဳးသမီးေတြက ပိုၿပီး ျဖစ္ႏိုင္ေခ် မ်ားပါတယ္။ ဒီေတာ့ ေဟာ္မုန္းအစားထိုးကုသျခင္းေၾကာင့္ ရလာမယ့္ ေကာင္က်ိဳး ဆိုးက်ိဳးေတြကို ေသခ်ာ ခ်ိန္ဆၿပီးေတာ့မွ ကုသသင့္မသင့္ ဆရာဝန္နဲ႔ တိုင္ပင္ဆုံး ျဖတ္ပါ။ ။

ေရးသားသူ Dr. Thin Yadanar @ Frances
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
----------------
(Unicode)⤵⤵⤵
အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီး သွေးခဲနိုင်ချေ မြင့်မား

အမျိုးသားတွေထက် အမျိုးသမီးတွေဟာ သွေးခဲနိုင်ချေပိုမြင့်မားတယ်။ deep vein thrombosis လို့ခေါ်တဲ့ သွေးပြန်ကြော သွေးခဲပိတ်ခြင်း ရောဂါဖြစ်နိုင်ချေ ပိုများတယ်ဆိုရင် အံ့သြသွားမလား။ ဒီကိစ္စက အမှန်ပါ။ နာတာရှည်သွေးပြန်ကြော ရောဂါတွေ၊ သွေးခဲတဲ့ ပြဿနာတွေ အမျိုးသားတွေမှာလည်း ဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ တွေ့ရပိုများပါတယ်။

သွေးခဲတာ ကြောက်စရာလိုလို့လား။

ထိခိုက်ဒဏ်ရာ တစ်ခုခုရလို့ သွေးထွက်တဲ့အခါ ကိုယ်ခန္ဓာက သွေးခဲစေပြီး သွေးတိတ်အောင် လုပ်ရပါတယ်။ ဒါကကောင်းတဲ့ ကိစ္စတစ်ခုဖြစ်ပေမယ့် deep vein thrombosis လို့ခေါ်တဲ့ သွေးပိတ်ကြောပိတ်တဲ့ ပြဿနာမှာတော့ ဒီသွေးခဲတဲ့ ကိစ္စက တရားခံပါ။ ဒါတင်မက ခဲနေတဲ့ သွေးခဲလေးတွေပြုတ်ထွက်ပြီး အဆုတ်သွေးကြော နှလုံးသွေးကြောတွေမှာ သွားပိတ်ရင် ပိုပြီး ပြဿနာကြီးသွားပါပြီ။ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ပြဿနာတွေက မိန်းကလေးတွေမှာမှ ဘာ့ကြောင့် ပိုဖြစ်ရတာလဲ

အမျိုးသမီးတွေမှာ သွေးခဲနိုင်တဲ့ ပြဿနာတွေ ဖြစ်ရတာ ဒါတွေကြောင့်ပါ။

(၁) ကိုယ်ဝန်

ကိုယ်ဝန်စဆောင်ထားတဲ့အချိန်ကစပြီး မီးဖွားခါနီး အချိန်အထိ ပြောင်းလဲလာတဲ့ ဟော်မုန်းနဲ့ ကိုယ်ခန္ဓာ အခြေအနေများကြောင့် အခြားသူများထက် သွေးခဲနိုင်ချေ ၅ ဆပိုပြီးမြင့်နေပါလိမ့်မယ်။ ကြီးလာတဲ့ သားအိမ်က သွေးကြောတွေကို သွားဖိတာကြောင့်ရယ်၊ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ နားနားနေနေ နေတာက ပိုများတာရယ်ကြောင့်လည်း ပါတာပေါ့။ ဆရာဝန်ဆီသွားပြဖို့ရော လိုလားလို့ သိချင်တဲ့သူတွေ ရှိနေမှာပါ။

သွေးခဲခြင်းနဲ့ဆိုင်တဲ့ရ ောဂါတွေ၊ သွေးခဲတဲ့ပြဿနာတွေ အရင်တုန်းက ဖြစ်ခဲ့ဖူးရင်

တစ်ချိန်လုံး အိပ်ရာပေါ်မှာ လှဲနေရတဲ့သူဖြစ်နေခဲ့ရင်

ဗိုက်ခွဲမွေးဖို့ စီစဉ်ထားရင် ဆရာဝန်ဆီ သွားပြပြီး ဆေးကုသမှု ကြိုတင်ခံယူဖို့၊ DVT ကို ကြိုတင်ကာကွယ် ထားဖို့လိုအပ်ပါတယ်။

ဆရာဝန်ပေးတဲ့ သွေးကျဲဆေးတွေလည်း သောက်မယ်၊ ကိုယ်လက်လှုပ်ရှားမှုလေးတွေလည်း လုပ်ပေးမယ်၊ ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ DVT ဖြစ်ဖို့ ကြောက်စရာမလိုတော့ပါဘူး။

(၂) သားဆက်ခြားနည်းများ။

သားဆက်ခြားနည်း

သားဆက်ခြားနည်းတွေထဲမှာမှ အီစတိုဂျင်ဟော်မုန်း၊ ဟော်မုန်းနှစ်မျိုးစပ်ပါတဲ့ သားဆက်ခြားနည် တွေက DVT ဖြစ်နိုင်ချေပိုများပါတယ်။ ဟော်မုန်းပေါင်းထားတဲ့ သားဆက်ခြားနည်းတွေက DVT ဖြစ်နိုင်ချေ ၃ ဆ ပိုမြင့်ပါတယ်။ ဒီတော့ ဒီလို ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းကို ရှောင်သင့်တဲ့သူတွေ ရှိပါတယ်။

ကိုယ်ခန္ဓာ အဝလွန်နေတဲ့သူတွေ

အသက် ၃၅ နှစ်အထက်ရှိနေပြီး

တစ်နေ့ကို စီးကရက် ၁၅ လိပ်ထက်ပိုသောက်နေတဲ့အမျိုးသမီးတွေ

သွေးတွင်းကိုလက်စရောများနေပြီး

သွေးတိုးရောဂါ ရှိနေတဲ့ အမျိုးသမီးတွေက ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းတွေကိုသုံးရင် DVT ပိုဖြစ်နိုင်ပါတယ်။

အီစတိုဂျင် ဟော်မုန်းမပါတဲ့ သားဆက်ခြားနည်းတွေဖြစ်တဲ့ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း၊ ပရိုဂျက်စတုန်းဟော်မုန်း တစ်မျိုးတည်းပါတဲ့ သားဆက်ခြားနည်းတွေကို ရွေးသုံးပါ။

(၃) ဟော်မုန်း အစားထိုးကုသခြင်း ( Hormone Replacement Therapy)

တချို့သွေးဆုံးသွားပြီးနောက်ပိုင်း သွေးဆုံးချိန် ခံစားရတဲ့ဝေဒနာတွေကို သက်သာစေဖို့ ဟော်မုန်း အစားထိုးကုသခြင်းကို ခံယူနေတဲ့ အမျိုးသမီးကြီးတွေ ရှိပါတယ်။ ဟော်မုန်းအစားထိုးဆိုတော့ အီစတိုဂျင်ရော ပရိုဂျက်စတုန်းရော ၂ မျိုးလုံးပါမှာ ဖြစ်တာကြောင့် DVT ဖြစ်နိုင်ချေ များပါတယ်။ အထူးသဖြင့် အသက်ကြီးလာလို့ အဝလွန်နေတဲ့ အမျိုးသမီးတွေ၊ ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့ အမျိုးသမီးတွေ၊ နှလုံးရောဂါ ရှိတဲ့အမျိုးသမီးတွေနဲ့ အရိုးကျိုးနေတဲ့ အမျိုးသမီးတွေက ပိုပြီး ဖြစ်နိုင်ချေ များပါတယ်။ ဒီတော့ ဟော်မုန်းအစားထိုးကုသခြင်းကြောင့် ရလာမယ့် ကောင်ကျိုး ဆိုးကျိုးတွေကို သေချာ ချိန်ဆပြီးတော့မှ ကုသသင့်မသင့် ဆရာဝန်နဲ့ တိုင်ပင်ဆုံး ဖြတ်ပါ။ ။

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ပိုၿပီး ေသြးခဲႏိုင္ေခ် ျမင့္မား အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ပိုၿပီး ေသြးခဲႏိုင္ေခ် ျမင့္မား Reviewed by THITHTOOLWIN on 03:25 Rating: 5
Powered by Blogger.