ျမန္မာ့ ပင္လယ္ျပင္မွာ ငါးေတြနည္းလာၿပီး ေနရာအခ်ိဳ႕မွာ စြန႔္ပစ္ ပလတ္စတစ္ ပါဝင္မႈေတြ မ်ားလာေန

 ရခိုင္ျပည္နယ္နဲ႔ တနသၤာရီ ေဒသက ငါးေတြမွာ စြန႔္ပစ္ ပလတ္စတစ္ပါဝင္မႈေတြ ပိုမ်ားလာ
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံရဲ႕ အဏၰဝါေရျပင္ ေဂဟစနစ္နဲ႔ ငါးသယံဇာတ အေျခအေနကို သုေတသန ေလ့လာမႈ ေနာက္ဆုံး ရလဒ္ေတြအရ ငါးသယံဇာတ အေျခအေနဟာ ေလ်ာ့နည္းေနဆဲ ျဖစ္ၿပီး ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္နဲ႔ တနသၤာရီ ေဒသက ငါးေတြမွာ စြန႔္ပစ္ ပလတ္စတစ္ ပါဝင္မႈေတြ မ်ားလာတာ ေတြ႕ရတယ္လို႔ ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ အေထြေထြ အတြင္းေရးမႉး ဦးဝင္းႀကိဳင္ က ဘီဘီစီကို ေျပာပါတယ္။

ေနာ္ေဝႏိုင္ငံ က သုေတသန ေရယာဥ္နဲ႔ ျမန္မာ့ ကမ္း႐ိုးတန္းမွာ ၂၀၁၈ ခုႏွစ္တြင္းက ေလ့လာခဲ့အၿပီး ေတြ႕ရွိခ်က္ေတြကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၃ရက္ေန႔က ျမန္မာအစိုးရကို လႊဲေျပာင္း ေပးအပ္ခဲ့တာ ျဖစ္ပါတယ္။

ႏွစ္ေပါင္း ၃၀ အတြင္း ျမန္မာ့ ငါးသယံဇာတ အေျခအေနဟာ သိသိသာသာ ေလ်ာ့နည္းလာေနသလို ၂၀၁၅ ခုႏွစ္ထက္ ႏႈိင္းယွဥ္ရင္လည္း ၂၀၁၈ ခုႏွစ္အတြင္း ျမန္မာ့ ငါးသယံဇာတ ဆက္လက္ ေလ်ာ့နည္းေနတယ္လို႔လည္း ေျပာပါတယ္ ။
 ျမန္မာ ငါးသယံဇာတ အေျခအေန ဆက္လက္က်ဆင္း
ေနာ္ေဝအစိုးရ အကူအညီနဲ႔ ျမန္မာ့ ငါးသယံဇာတေတြကို ေလ့လာခဲ့ရာမွာ ၂၀၁၈ ခုႏွစ္ အတြင္း ျမန္မာ့ ကမ္း႐ိုးတန္း တစ္ေလွ်ာက္ ေလ့လာခဲ့ၿပီး ငါးေတြမွာ စြန႔္ပစ္ ပလတ္စတစ္ ပါဝင္မႈေတြ ကိုလည္း အထူးျပဳ ေလ့လာခဲ့တယ္လို႔ ဦးဝင္းႀကိဳင္က ေျပာပါတယ္။

ေနာ္ေဝ သုေတသန ရလဒ္အရ ျမန္မာ့ ပင္လယ္ျပင္က ငါးေတြမွာ စြန႔္ပစ္ ပလတ္စတစ္ ပါဝင္မႈေတြကို ၾကည့္ရင္ ရခိုင္ျပည္နယ္နဲ႔ တနသၤာရီ ေဒသက ငါးေတြမွာ စြန႔္ပစ္ ပလတ္စတစ္ ပါဝင္မႈေတြ ပိုမ်ားလာေပမယ့္ ျမစ္ဝကြၽန္းေပၚေဒသက ငါးေတြမွာေတာ့ စြန႔္ပစ္ ပလတ္စတစ္ ပါဝင္တာ ေတြ႕ရွိမႈ နည္းတယ္လို႔ ဦးဝင္းႀကိဳင္က ေျပာပါတယ္ ။

တစ္ႏိုင္ငံလုံး အေနနဲ႔ ေျပာရရင္ ျမန္မာ့ ပင္လယ္ျပင္ ငါးေတြမွာ စြန႔္ပစ္ ပလတ္စတစ္ ပါဝင္မႈေတြဟာ စိုးရိမ္ရတဲ့ အေနအထား မဟုတ္ဘူးလို႔ ဆိုပါတယ္။

ဒါေပမယ့္ ျမန္မာ့ ငါးသယံဇာတ အေျခအေနကေတာ့ ၂၀၁၅ ခုႏွစ္ကနဲ႔ ႏႈိင္းယွဥ္ရင္ ဆက္လက္ က်ဆင္းေနတယ္လို႔ ေနာ္ေဝ ႏိုင္ငံရဲ႕ သုေတသန ရလဒ္မွာ ေဖာ္ျပထားပါတယ္။

 ေရေပၚငါးလည္း နည္းသလို ေရေအာက္ငါးလည္း နည္းလာ
ေနာ္ေဝႏိုင္ငံအစိုးရက Dr. Fridtjof Nansen က သုေတသန ေရယာဥ္ နဲ႔၂၀၁၈ ခုႏွစ္ အတြင္း ေဆာင္႐ြက္ခဲ့တဲ့ ျမန္မာ့အဏၰဝါေရျပင္ ေဂဟစနစ္နဲ႔ ငါးသယံဇာတ အေျခအေန ေလ့လာေတြ႕ရွိခ်က္ေတြကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၃ ရက္ေန႔မွာ ျမန္မာႏိုင္ငံ အစိုးရကို အခမ္းအနားနဲ႔ လႊဲေျပာင္းေပးခဲ့တာ ျဖစ္ပါတယ္။

ျမန္မာ့ ေရပိုင္နက္အတြင္း ငါးသယံဇာတ တည္ရွိမႈနဲ႔ အဏၰဝါဇီဝ မ်ိဳးကြဲျပားမႈ သုေတသနလုပ္ငန္းေတြ ေဆာင္႐ြက္တာ ဒါဟာ ငါးႀကိမ္ေျမာက္ ျဖစ္ပါတယ္။

ကမာၻ႔ စားနပ္ရိကၡာအဖြဲ႕ FAO နဲ႔ ငါးလုပ္ငန္း ဦးစီးဌာနတို႔ ပူးေပါင္း ေဆာင္႐ြက္မႈ သေဘာတူညီခ်က္နဲ႔ ေရာက္ရွိလာခဲ့တဲ့ ေနာ္ေဝ သုေတသန ေရယာဥ္ဟာ ၂၀၁၈ခုႏွစ္ ဩဂုတ္လ ၂၄ ရက္ေန႔ ကေန စက္တင္ဘာလ ၂၉ ရက္ေန႔ အထိ ျမန္မာ့ေရပိုင္နက္အတြင္း ငါးသယံဇာတ တည္ရွိမႈနဲ႔ အဏၰဝါဇီဝ မ်ိဳးကြဲျပားမႈ သုေတသနလုပ္ငန္းေတြကို ေဆာင္႐ြက္ခဲ့ တာပါ။

ျမန္မာႏိုင္ငံ ငါးလုပ္ငန္း ဦးစီးဌာနက သုေတသန အရာထမ္း၊ အမႈထမ္း ၁၀ ဦး၊ ရန္ကုန္၊ ပုသိမ္၊ စစ္ေတြ၊ ၿမိတ္တကၠသိုလ္က ၆ဦး၊ WCS က ၂ဦး၊ တပ္မေတာ္ေရက ၁ ဦး၊ ေနာ္ေဝႏိုင္ငံက ပညာရွင္ ၈ ဦးနဲ႔ SEAFDEC က ၃ ဦး လိုက္ပါ သုေတသနျပဳ ေဆာင္႐ြက္ခဲ့တယ္လို႔လည္း သိရပါတယ္။
ကမ္းေဝး ငါးဖမ္း လုပ္ကိုင္ႏိုင္တဲ့ တရားဝင္ မွတ္ပုံတင္ထားတဲ့ သေဘၤာ အစီး သုံးေထာင္ေက်ာ္ ရွိေန
ျမန္မာႏိုင္ငံက အရင္တုန္းက ပင္လယ္ျပင္ ငါးဖမ္းခြင့္ကို ၂၀၁၄ ခုႏွစ္ အထိ ႏိုင္ငံျခား ငါးဖမ္းသေဘၤာေတြကို ရွာေဖြခြင့္ ျပဳခဲ့ပါတယ္။

၂၀၁၃ ခုႏွစ္မွာ ေနာ္ေဝက ျမန္မာ့ ငါးသယံဇာတ သုေတသန ရလဒ္ ထုတ္ျပန္တုန္းက ျမန္မာ့ ငါးသယံဇာတ အေျခအေန အထူးေလ်ာ့နည္းသြားတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ကမ္းေဝး ငါးဖမ္း လုပ္ကိုင္ႏိုင္တဲ့ တရားဝင္ မွတ္ပုံတင္ထားတဲ့ သေဘၤာ အစီး သုံးေထာင္ေက်ာ္ ရွိေနၿပီး အခုအခါမွာ တနသၤာရီတိုင္းဘက္က လြဲလို႔ ငါးခိုးဖမ္းတဲ့ ႏိုင္ငံျခားသေဘၤာေတြ နည္းသြားၿပီလို႔လည္း ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ ခ်ဳပ္က ေျပာပါတယ္ ။

ဒါေပမယ့္ ၿပီးခဲ့တဲ့ မိုးရာသီကာလမွာ ပင္လယ္ျပင္ ငါးမဖမ္းရ ရာသီ သတ္မွတ္ၿပီး သုံးလ ကန႔္သတ္လိုက္တာေၾကာင့္ အဲဒီအခ်ိန္မွာေတာ့ ငါးခိုးဖမ္း ႏိုင္ငံျခားသေဘၤာေတြ ဝင္လာႏိုင္တာကို စိတ္ပူစရာ ရွိတယ္လို႔ေျပာပါတယ္။

အခုကေတာ့ ျမန္မာ့ ကမ္းေဝးငါးဖမ္း သေဘၤာေတြ ဗြီအမ္အက္စ္ စနစ္ တပ္ထားေတာ့ ငါးခိုးဖမ္းရင္လည္း အလြယ္တကူ သိလာႏိုင္တယ္လို႔ ဆိုပါတယ္။

 ငါးသယံဇာတ ေတြကို ေရရွည္ စဥ္ဆက္မျပတ္ ဖမ္းဆီး ထုတ္လုပ္ႏိုင္ဖို႔ လို
ေနာ္ေဝက ေနာက္ဆုံးထုတ္ျပန္တဲ့ သုေတသန ရလဒ္ေတြ အရကေတာ့ အရင္ စစ္အစိုးရ လက္ထက္ ခြင့္ျပဳခဲ့တဲ့ ႏိုင္ငံျခားသေဘၤာ ငါးဖမ္းခြင့္ကို လုံးဝ ခြင့္မျပဳသင့္ေတာ့ဘူးလို႔လည္း ဦးဝင္းႀကိဳင္ကေျပာပါတယ္။

ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေအာင္သူက ငါးသယံဇာတ ေတြကို ေရရွည္စ ဥ္ဆက္မျပတ္ ဖမ္းဆီးထုတ္လုပ္ႏိုင္ဖို႔ သက္ဆိုင္ရာ အစိုးရဌာန ၊စီးပြားေရး လုပ္ငန္းရွင္ေတြ၊ အစိုးရ မဟုတ္တဲ့ ျပည္တြင္း၊ျပည္ပ အဖြဲ႕အစည္းေတြ ၊ လူမႈအဖြဲ႕အစည္းနဲ႔ ေဒသခံေတြ ေပါင္းစည္း ေဆာင္႐ြက္ဖို႔ လိုတယ္လို႔ ေျပာခဲ့ပါတယ္။

အခုလို ေနာ္ေဝအစိုးရရဲ႕ သုေတသန ေတြ႕ရွိခ်က္ေတြကို အေျချပဳၿပီး ျမန္မာႏိုင္ငံအေနနဲ႔ ငါးသယံဇာတ ထိန္းဖို႔၊ ေခတ္မွီ ငါးဖမ္းနည္းစနစ္ေတြကို ေျပာင္းလဲဖို႔၊ ငါးေတြကို ျပဳန္းတီးေစတဲ့ ငါးဖမ္းနည္းစနစ္ေတြကို စြန႔္လႊတ္ဖို႔၊ လိုခ်င္တဲ့ ငါးကို ထိထိမိမိ ဖမ္းႏိုင္တဲ့ စနစ္ေတြကိုတပ္ဆင္ဖို႔ လိုတယ္လို႔ ဦးဝင္းႀကိဳင္က ေျပာပါတယ္။

အခု ၂၀၁၉ ခုႏွစ္ ငါးဥေပါက္ ရာသီမွာ ကမ္းေဝးငါးဖမ္းသေဘၤာေတြကို တားသလို ကမ္းနီးငါးဖမ္း စနစ္ကိုလည္း တားဆီးႏိုင္ဖို႔ လိုတယ္လို႔ ထင္ျမင္ေၾကာင္း သူက ေျပာပါတယ္။

"သယံဇာတ ထိမ္းတာက ကမ္းေဝးေရာ၊ ကမ္းနီးေရာ ထိန္းဖို႔ လိုတယ္၊ အခုဟာက ကမ္းေဝးမွာ ပိုထိန္းေနၿပီး ကမ္းနီးမွာ လက္လွမ္း မမွီေသးတဲ့ သေဘာ ရွိတယ္" လို႔လည္း ဦးဝင္းႀကိဳင္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
မြန်မာ့ ပင်လယ်ပြင်မှာ ငါးတွေနည်းလာပြီး နေရာအချို့မှာ စွန့်ပစ် ပလတ်စတစ် ပါဝင်မှုတွေ များလာနေ

Image caption ရခိုင်ပြည်နယ်နဲ့ တနင်္သာရီ ဒေသက ငါးတွေမှာ စွန့်ပစ် ပလတ်စတစ်ပါဝင်မှုတွေ ပိုများလာ

မြန်မာနိုင်ငံရဲ့ အဏ္ဏဝါရေပြင် ဂေဟစနစ်နဲ့ ငါးသယံဇာတ အခြေအနေကို သုတေသန လေ့လာမှု နောက်ဆုံး ရလဒ်တွေအရ ငါးသယံဇာတ အခြေအနေဟာ လျော့နည်းနေဆဲ ဖြစ်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီ ဒေသက ငါးတွေမှာ စွန့်ပစ် ပလတ်စတစ် ပါဝင်မှုတွေ များလာတာ တွေ့ရတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က ဘီဘီစီကို ပြောပါတယ်။

နော်ဝေနိုင်ငံ က သုတေသန ရေယာဉ်နဲ့ မြန်မာ့ ကမ်းရိုးတန်းမှာ ၂၀၁၈ ခုနှစ်တွင်းက လေ့လာခဲ့အပြီး တွေ့ရှိချက်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ရက်နေ့က မြန်မာအစိုးရကို လွှဲပြောင်း ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၃၀ အတွင်း မြန်မာ့ ငါးသယံဇာတ အခြေအနေဟာ သိသိသာသာ လျော့နည်းလာနေသလို ၂၀၁၅ ခုနှစ်ထက် နှိုင်းယှဉ်ရင်လည်း ၂၀၁၈ ခုနှစ်အတွင်း မြန်မာ့ ငါးသယံဇာတ ဆက်လက် လျော့နည်းနေတယ်လို့လည်း ပြောပါတယ် ။
ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာ ငါးသယံဇာတ အခြေအနေ ဆက်လက်ကျဆင်း

နော်ဝေအစိုးရ အကူအညီနဲ့ မြန်မာ့ ငါးသယံဇာတတွေကို လေ့လာခဲ့ရာမှာ ၂၀၁၈ ခုနှစ် အတွင်း မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက် လေ့လာခဲ့ပြီး ငါးတွေမှာ စွန့်ပစ် ပလတ်စတစ် ပါဝင်မှုတွေ ကိုလည်း အထူးပြု လေ့လာခဲ့တယ်လို့ ဦးဝင်းကြိုင်က ပြောပါတယ်။

နော်ဝေ သုတေသန ရလဒ်အရ မြန်မာ့ ပင်လယ်ပြင်က ငါးတွေမှာ စွန့်ပစ် ပလတ်စတစ် ပါဝင်မှုတွေကို ကြည့်ရင် ရခိုင်ပြည်နယ်နဲ့ တနင်္သာရီ ဒေသက ငါးတွေမှာ စွန့်ပစ် ပလတ်စတစ် ပါဝင်မှုတွေ ပိုများလာပေမယ့် မြစ်ဝကျွန်းပေါ်ဒေသက ငါးတွေမှာတော့ စွန့်ပစ် ပလတ်စတစ် ပါဝင်တာ တွေ့ရှိမှု နည်းတယ်လို့ ဦးဝင်းကြိုင်က ပြောပါတယ် ။

တစ်နိုင်ငံလုံး အနေနဲ့ ပြောရရင် မြန်မာ့ ပင်လယ်ပြင် ငါးတွေမှာ စွန့်ပစ် ပလတ်စတစ် ပါဝင်မှုတွေဟာ စိုးရိမ်ရတဲ့ အနေအထား မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာ့ ငါးသယံဇာတ အခြေအနေကတော့ ၂၀၁၅ ခုနှစ်ကနဲ့ နှိုင်းယှဉ်ရင် ဆက်လက် ကျဆင်းနေတယ်လို့ နော်ဝေ နိုင်ငံရဲ့ သုတေသန ရလဒ်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ရေပေါ်ငါးလည်း နည်းသလို ရေအောက်ငါးလည်း နည်းလာ

နော်ဝေနိုင်ငံအစိုးရက Dr. Fridtjof Nansen က သုတေသန ရေယာဉ် နဲ့၂၀၁၈ ခုနှစ် အတွင်း ဆောင်ရွက်ခဲ့တဲ့ မြန်မာ့အဏ္ဏဝါရေပြင် ဂေဟစနစ်နဲ့ ငါးသယံဇာတ အခြေအနေ လေ့လာတွေ့ရှိချက်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ မြန်မာနိုင်ငံ အစိုးရကို အခမ်းအနားနဲ့ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ ရေပိုင်နက်အတွင်း ငါးသယံဇာတ တည်ရှိမှုနဲ့ အဏ္ဏဝါဇီဝ မျိုးကွဲပြားမှု သုတေသနလုပ်ငန်းတွေ ဆောင်ရွက်တာ ဒါဟာ ငါးကြိမ်မြောက် ဖြစ်ပါတယ်။

ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ FAO နဲ့ ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်နဲ့ ရောက်ရှိလာခဲ့တဲ့ နော်ဝေ သုတေသန ရေယာဉ်ဟာ ၂၀၁၈ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ ကနေ စက်တင်ဘာလ ၂၉ ရက်နေ့ အထိ မြန်မာ့ရေပိုင်နက်အတွင်း ငါးသယံဇာတ တည်ရှိမှုနဲ့ အဏ္ဏဝါဇီဝ မျိုးကွဲပြားမှု သုတေသနလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ တာပါ။

မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနက သုတေသန အရာထမ်း၊ အမှုထမ်း ၁၀ ဦး၊ ရန်ကုန်၊ ပုသိမ်၊ စစ်တွေ၊ မြိတ်တက္ကသိုလ်က ၆ဦး၊ WCS က ၂ဦး၊ တပ်မတော်ရေက ၁ ဦး၊ နော်ဝေနိုင်ငံက ပညာရှင် ၈ ဦးနဲ့ SEAFDEC က ၃ ဦး လိုက်ပါ သုတေသနပြု ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကမ်းဝေး ငါးဖမ်း လုပ်ကိုင်နိုင်တဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ သင်္ဘော အစီး သုံးထောင်ကျော် ရှိနေ

မြန်မာနိုင်ငံက အရင်တုန်းက ပင်လယ်ပြင် ငါးဖမ်းခွင့်ကို ၂၀၁၄ ခုနှစ် အထိ နိုင်ငံခြား ငါးဖမ်းသင်္ဘောတွေကို ရှာဖွေခွင့် ပြုခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ နော်ဝေက မြန်မာ့ ငါးသယံဇာတ သုတေသန ရလဒ် ထုတ်ပြန်တုန်းက မြန်မာ့ ငါးသယံဇာတ အခြေအနေ အထူးလျော့နည်းသွားတယ်လို့ ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကမ်းဝေး ငါးဖမ်း လုပ်ကိုင်နိုင်တဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ သင်္ဘော အစီး သုံးထောင်ကျော် ရှိနေပြီး အခုအခါမှာ တနင်္သာရီတိုင်းဘက်က လွဲလို့ ငါးခိုးဖမ်းတဲ့ နိုင်ငံခြားသင်္ဘောတွေ နည်းသွားပြီလို့လည်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်က ပြောပါတယ် ။

ဒါပေမယ့် ပြီးခဲ့တဲ့ မိုးရာသီကာလမှာ ပင်လယ်ပြင် ငါးမဖမ်းရ ရာသီ သတ်မှတ်ပြီး သုံးလ ကန့်သတ်လိုက်တာကြောင့် အဲဒီအချိန်မှာတော့ ငါးခိုးဖမ်း နိုင်ငံခြားသင်္ဘောတွေ ဝင်လာနိုင်တာကို စိတ်ပူစရာ ရှိတယ်လို့ပြောပါတယ်။

အခုကတော့ မြန်မာ့ ကမ်းဝေးငါးဖမ်း သင်္ဘောတွေ ဗွီအမ်အက်စ် စနစ် တပ်ထားတော့ ငါးခိုးဖမ်းရင်လည်း အလွယ်တကူ သိလာနိုင်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ငါးသယံဇာတ တွေကို ရေရှည် စဉ်ဆက်မပြတ် ဖမ်းဆီး ထုတ်လုပ်နိုင်ဖို့ လို

နော်ဝေက နောက်ဆုံးထုတ်ပြန်တဲ့ သုတေသန ရလဒ်တွေ အရကတော့ အရင် စစ်အစိုးရ လက်ထက် ခွင့်ပြုခဲ့တဲ့ နိုင်ငံခြားသင်္ဘော ငါးဖမ်းခွင့်ကို လုံးဝ ခွင့်မပြုသင့်တော့ဘူးလို့လည်း ဦးဝင်းကြိုင်ကပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ငါးသယံဇာတ တွေကို ရေရှည်စ ဉ်ဆက်မပြတ် ဖမ်းဆီးထုတ်လုပ်နိုင်ဖို့ သက်ဆိုင်ရာ အစိုးရဌာန ၊စီးပွားရေး လုပ်ငန်းရှင်တွေ၊ အစိုးရ မဟုတ်တဲ့ ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်းတွေ ၊ လူမှုအဖွဲ့အစည်းနဲ့ ဒေသခံတွေ ပေါင်းစည်း ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

အခုလို နော်ဝေအစိုးရရဲ့ သုတေသန တွေ့ရှိချက်တွေကို အခြေပြုပြီး မြန်မာနိုင်ငံအနေနဲ့ ငါးသယံဇာတ ထိန်းဖို့၊ ခေတ်မှီ ငါးဖမ်းနည်းစနစ်တွေကို ပြောင်းလဲဖို့၊ ငါးတွေကို ပြုန်းတီးစေတဲ့ ငါးဖမ်းနည်းစနစ်တွေကို စွန့်လွှတ်ဖို့၊ လိုချင်တဲ့ ငါးကို ထိထိမိမိ ဖမ်းနိုင်တဲ့ စနစ်တွေကိုတပ်ဆင်ဖို့ လိုတယ်လို့ ဦးဝင်းကြိုင်က ပြောပါတယ်။

အခု ၂၀၁၉ ခုနှစ် ငါးဥပေါက် ရာသီမှာ ကမ်းဝေးငါးဖမ်းသင်္ဘောတွေကို တားသလို ကမ်းနီးငါးဖမ်း စနစ်ကိုလည်း တားဆီးနိုင်ဖို့ လိုတယ်လို့ ထင်မြင်ကြောင်း သူက ပြောပါတယ်။

"သယံဇာတ ထိမ်းတာက ကမ်းဝေးရော၊ ကမ်းနီးရော ထိန်းဖို့ လိုတယ်၊ အခုဟာက ကမ်းဝေးမှာ ပိုထိန်းနေပြီး ကမ်းနီးမှာ လက်လှမ်း မမှီသေးတဲ့ သဘော ရှိတယ်" လို့လည်း ဦးဝင်းကြိုင်က ပြောပါတယ်။

BBC Burmese
https://www.bbc.com
ျမန္မာ့ ပင္လယ္ျပင္မွာ ငါးေတြနည္းလာၿပီး ေနရာအခ်ိဳ႕မွာ စြန႔္ပစ္ ပလတ္စတစ္ ပါဝင္မႈေတြ မ်ားလာေန ျမန္မာ့ ပင္လယ္ျပင္မွာ ငါးေတြနည္းလာၿပီး ေနရာအခ်ိဳ႕မွာ စြန႔္ပစ္ ပလတ္စတစ္ ပါဝင္မႈေတြ မ်ားလာေန Reviewed by THITHTOOLWIN on 03:29 Rating: 5
Powered by Blogger.