မႏၲေလး အ႐ိုးအထူးကုေဆး႐ုံႀကီးက ေဆး႐ုံအုပ္ႀကီးနဲ႔ ဌာနခြဲစာေရးကို အဂတိလိုက္စားမႈနဲ႔ အမႈဖြင့္အေရးယူ

(Zawgyi)⤵⤵⤵
မႏၲေလး၊ ဒီဇင္ဘာ ၂၀-၂၀၁၉

မႏၲေလးၿမိဳ႕၊ အ႐ိုးအထုကုေဆး႐ုံးႀကီး (ခုတင္-၅၀၀)က ေဆး႐ုံအုပ္ႀကီး ေဒါက္တာၾကည္လြင္ နဲ႔ ဌာနခြဲစာေရး ဦးေအာင္ေက်ာ္ဦး(ယခု ဦးစီးအရာရွိ (အုပ္ခ်ဳပ္/စီမံ)တို႔ႏွစ္ဦးကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင္ျအ‌ေရးယူထားတယ္လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကေနသိရပါတယ္။

ဒီကေန႔ညေနပိုင္းက အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္(ACC MYANMAR)ရဲ႕ တရား၀င္ Facebook စာမ်က္ႏွာမွာ ထုတ္ျပန္ခ်က္ထုတ္ထားတာျဖစ္ပါတယ္။

ထုတ္ျပန္ခ်က္ထဲမွာ မႏၲေလးၿမိဳ႕ အ႐ိုးအထူးကုေဆး႐ုံႀကီး(ကုတင္ ၅၀၀)မွ ေဆး႐ုံအုပ္ႀကီး ဦးၾကည္လြင္ ႏွင့္အဖြဲ႕သည္ ရာထူးတာဝန္မ်ားကို အလြဲသုံးစားျပဳ၍ ေဆး႐ုံအတြင္း လုပ္ကိုင္လ်က္ရွိသည့္ တင္ဒါလုပ္ငန္းရွင္မ်ားထံမွ အျမတ္ထုတ္ ကိုယ္က်ိဳးစီးပြားရွာေနျခင္းအား အေရးယူေပးပါရန္ ေကာ္မရွင္ကို တိုင္ၾကားထားတယ္လို႔သိရပါတယ္။

တိုင္ၾကားစာအရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ အ႐ိုးအထူးကုေဆး႐ုံႀကီး (ခုတင္-၅၀၀)၊ မႏၲေလးမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာၾကည္လြင္ သည္ အ႐ိုးအထူးကုေဆး႐ုံဝင္းအတြင္း ယာဥ္ရပ္နားခ ေကာက္ခံေရး လုပ္ငန္း တင္ဒါေခၚယူျခင္းႏွင့္ စပ္လ်ဥ္း၍ တင္ဒါရရွိေအာင္ ေဆာင္႐ြက္ေပးမည္ဟုဆိုကာ ၂၀၁၇-၂၀၁၈ ခုႏွစ္ႏွင့္ ၂၀၁၈-၂၀၁၉ ခုႏွစ္ တင္ဒါရရွိေရးအတြက္ လုပ္ငန္းရွင္ ႏွစ္ဦးထံမွ ေငြက်ပ္ သိန္း(၃၀)စီ စုစုေပါင္း ေငြက်ပ္ သိန္း(၆၀)ကိုရယူခဲ့ပါတယ္။

၂၀၁၉-၂၀၂၀ ခုႏွစ္ႏွင့္ ၂၀၂၀-၂၀၂၁ ခုႏွစ္ တင္ဒါရရွိေရးအတြက္ လုပ္ငန္းရွင္ ႏွစ္ဦးထံမွ ေငြက်ပ္ သိန္း(၄၀)စီ စုစုေပါင္း ေငြက်ပ္ သိန္း(၈၀)ကို လည္းေကာင္း၊ စုစုေပါင္းေငြက်ပ္သိန္း ၁၄၀ ကို တံစိုး လက္ေဆာင္အျဖစ္ လက္ခံရယူခဲ့ျခင္းသည္ ရာထူးတာဝန္ကို အလြဲသုံးစားျပဳ၍ အဂတိ လိုက္စားမႈ က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အ႐ိုးအထူးကုေဆး႐ုံႀကီး (ခုတင္-၅၀၀)၊ မႏၲေလးမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာၾကည္လြင္ အေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ အေရးယူထားတာျဖစ္ပါတယ္။

ဌာနခြဲစာေရး ဦးေအာင္ေက်ာ္ဦး(ယခု ဦးစီးအရာရွိ (အုပ္ခ်ဳပ္/စီမံ)၊ မႏၲေလးတိုင္းေဒသႀကီး ကုသေရးဦးစီးဌာန)သည္ အ႐ိုးအထူးကု ေဆး႐ုံႀကီးဝင္းအတြင္း စက္ဘီး/ ဆိုင္ကယ္အပ္ႏွံခေကာက္ခံျခင္း လုပ္ငန္းေနရာႏွစ္ခုအတြက္ ၂၀၁၇-၂၀၁၉ ခုႏွစ္ တင္ဒါရရွိေရး ကူညီေဆာင္႐ြက္ေပးမည္ဟုဆိုကာ ေငြက်ပ္ (၂)သိန္းကို လည္းေကာင္း၊ တင္ဒါေကာ္မတီဝင္မ်ားအား ကန္ေတာ့ရန္ဟုဆိုကာ ေငြက်ပ္(၃)သိန္းကို လည္းေကာင္း၊ တင္ဒါေအာင္ျမင္သူထံမွ ေငြက်ပ္ (၇)သိန္းခန္႔တန္ဖိုးရွိ Camera ႏွင့္ Laptop တို႔ကိုလည္းေကာင္း တံစိုးလက္ေဆာင္အျဖစ္ လက္ခံရယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၇ အရ မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ အမွတ္(၁၁)နယ္ေျမရဲစခန္းမွာ ၂၀-၁၂-၂၀၁၉ ရက္စြဲ႕နဲ႔ ပထမသတင္းေပးတိုင္ၾကားခ်က္ ဖြင့္လွစ္ကာ တရားစြဲဆို အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိတယ္လို႔ ထုတ္ျပန္ခ်က္ေရးသား ေဖာ္ျပထားတာျဖစ္ပါတယ္။

ဌာနခြဲစာေရး ဦးေအာင္ေက်ာ္ဦးကို အဲ့ဒီကိစၥနဲ႔ပက္သက္ၿပီး ဆက္သြယ္ရာ အဆက္အသြယ္အရရွိခဲ့တာျဖစ္ပါတယ္။

ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
----------
(Unicode)⤵⤵⤵
မန္တလေး အရိုးအထူးကုဆေးရုံကြီးက ဆေးရုံအုပ်ကြီးနဲ့ ဌာနခွဲစာရေးကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်အရေးယူ

မန္တလေး၊ ဒီဇင်ဘာ ၂၀-၂၀၁၉

မန္တလေးမြို့၊ အရိုးအထုကုဆေးရုံးကြီး (ခုတင်-၅၀၀)က ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင် နဲ့ ဌာနခွဲစာရေး ဦးအောင်ကျော်ဦး(ယခု ဦးစီးအရာရှိ (အုပ်ချုပ်/စီမံ)တို့နှစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင်အြ‌ရေးယူထားတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကနေသိရပါတယ်။

ဒီကနေ့ညနေပိုင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(ACC MYANMAR)ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ထုတ်ပြန်ချက်ထုတ်ထားတာဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ မန္တလေးမြို့ အရိုးအထူးကုဆေးရုံကြီး(ကုတင် ၅၀၀)မှ ဆေးရုံအုပ်ကြီး ဦးကြည်လွင် နှင့်အဖွဲ့သည် ရာထူးတာဝန်များကို အလွဲသုံးစားပြု၍ ဆေးရုံအတွင်း လုပ်ကိုင်လျက်ရှိသည့် တင်ဒါလုပ်ငန်းရှင်များထံမှ အမြတ်ထုတ် ကိုယ်ကျိုးစီးပွားရှာနေခြင်းအား အရေးယူပေးပါရန် ကော်မရှင်ကို တိုင်ကြားထားတယ်လို့သိရပါတယ်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ အရိုးအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ မန္တလေးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင် သည် အရိုးအထူးကုဆေးရုံဝင်းအတွင်း ယာဉ်ရပ်နားခ ကောက်ခံရေး လုပ်ငန်း တင်ဒါခေါ်ယူခြင်းနှင့် စပ်လျဉ်း၍ တင်ဒါရရှိအောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ ၂၀၁၇-၂၀၁၈ ခုနှစ်နှင့် ၂၀၁၈-၂၀၁၉ ခုနှစ် တင်ဒါရရှိရေးအတွက် လုပ်ငန်းရှင် နှစ်ဦးထံမှ ငွေကျပ် သိန်း(၃၀)စီ စုစုပေါင်း ငွေကျပ် သိန်း(၆၀)ကိုရယူခဲ့ပါတယ်။

၂၀၁၉-၂၀၂၀ ခုနှစ်နှင့် ၂၀၂၀-၂၀၂၁ ခုနှစ် တင်ဒါရရှိရေးအတွက် လုပ်ငန်းရှင် နှစ်ဦးထံမှ ငွေကျပ် သိန်း(၄၀)စီ စုစုပေါင်း ငွေကျပ် သိန်း(၈၀)ကို လည်းကောင်း၊ စုစုပေါင်းငွေကျပ်သိန်း ၁၄၀ ကို တံစိုး လက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အရိုးအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ မန္တလေးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အရေးယူထားတာဖြစ်ပါတယ်။

ဌာနခွဲစာရေး ဦးအောင်ကျော်ဦး(ယခု ဦးစီးအရာရှိ (အုပ်ချုပ်/စီမံ)၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန)သည် အရိုးအထူးကု ဆေးရုံကြီးဝင်းအတွင်း စက်ဘီး/ ဆိုင်ကယ်အပ်နှံခကောက်ခံခြင်း လုပ်ငန်းနေရာနှစ်ခုအတွက် ၂၀၁၇-၂၀၁၉ ခုနှစ် တင်ဒါရရှိရေး ကူညီဆောင်ရွက်ပေးမည်ဟုဆိုကာ ငွေကျပ် (၂)သိန်းကို လည်းကောင်း၊ တင်ဒါကော်မတီဝင်များအား ကန်တော့ရန်ဟုဆိုကာ ငွေကျပ်(၃)သိန်းကို လည်းကောင်း၊ တင်ဒါအောင်မြင်သူထံမှ ငွေကျပ် (၇)သိန်းခန့်တန်ဖိုးရှိ Camera နှင့် Laptop တို့ကိုလည်းကောင်း တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းမှာ ၂၀-၁၂-၂၀၁၉ ရက်စွဲ့နဲ့ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ကာ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်ရေးသား ဖော်ပြထားတာဖြစ်ပါတယ်။

ဌာနခွဲစာရေး ဦးအောင်ကျော်ဦးကို အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ဆက်သွယ်ရာ အဆက်အသွယ်အရရှိခဲ့တာဖြစ်ပါတယ်။

ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
မႏၲေလး အ႐ိုးအထူးကုေဆး႐ုံႀကီးက ေဆး႐ုံအုပ္ႀကီးနဲ႔ ဌာနခြဲစာေရးကို အဂတိလိုက္စားမႈနဲ႔ အမႈဖြင့္အေရးယူ မႏၲေလး အ႐ိုးအထူးကုေဆး႐ုံႀကီးက ေဆး႐ုံအုပ္ႀကီးနဲ႔ ဌာနခြဲစာေရးကို အဂတိလိုက္စားမႈနဲ႔ အမႈဖြင့္အေရးယူ Reviewed by THITHTOOLWIN on 01:19 Rating: 5
Powered by Blogger.