ေတာင္ငူၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္တစ္ဦးအား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္ အေရးယူ

ေတာင္ငူၿမိဳ႕ဝင္ဆိုင္းဘုတ္အား ေတြ႕ရစဥ္(အင္တာနက္)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ ဒီဇင္ဘာ ၂၈ ရက္ (ဆင္ဟြာ)

    ေတာင္ငူၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္တစ္ဦး   ဒုတိယရဲအုပ္ ဟန္လင္းေအာင္အား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း အဂတိလိုက္စားမႈတိုက္ဖ်က္ ေရးေကာ္မရွင္က ဒီဇင္ဘာ ၂၇ ရက္က ထုတ္ျပန္ေသာ သတင္းအရ သိရသည္။

ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ႕သို႔ ေက်ာက္သဲတင္ ယာဥ္ျဖင့္ ပ်ဥ္းကတိုးႏွစ္တန္ခန႔္အား သယ္ေဆာင္ လာစဥ္  ေဖေဖာ္ဝါရီ ၂ ရက္ နံနက္ ၃ နာရီခြဲတြင္ ေတာင္ငူၿမိဳ႕မစခန္းမွ   နယ္ထိန္း  ဒုတိယရဲအုပ္ ဟန္လင္းေအာင္ပါ တပ္ဖြဲ႕ဝင္ ရွစ္ဦးက ေတာင္ငူၿမိဳ႕ အဝင္ အေဝးေျပးယာဥ္ရပ္နားစခန္းအနီး၌ ဖမ္းဆီး ၿပီး   လာဘ္ေငြေတာင္းခံသျဖင့္  ေပးခဲ့ရျခင္းအား အေရးယူေပးပါရန္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္သို႔ တိုင္ၾကားခဲ့ျခင္းေၾကာင့္ စစ္ေဆးေဆာင္႐ြက္စဥ္ ျပစ္မႈထင္ရွားသျဖင့္ အေရးယူေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

တိုင္ၾကားစာအရ အဂတိလိုက္စားမႈတိုက္ဖ်က္ ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္း စစ္ေဆးခဲ့ရာ   ပဲခူးတိုင္းေဒသႀကီး  ေတာင္ငူၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုတိယရဲအုပ္ ဟန္လင္းေအာင္ႏွင့္ နယ္ထိန္းတပ္ဖြဲ႕ဝင္မ်ားသည္ ေဖေဖာ္ဝါရီ ၁ ရက္ ညဥ့္နက္ လွည့္ကင္းတာဝန္ထမ္း ေဆာင္စဥ္ ေဖေဖာ္ဝါရီ ၂ ရက္ နံနက္ ၃ နာရီခြဲတြင္ သစ္မ်ားတင္ေဆာင္လာေသာ ေမာ္ေတာ္ယာဥ္အား တားဆီးၿပီး လာဘ္ေငြက်ပ္သိန္း ၅၀ ေတာင္းခံခဲ့ ေၾကာင္း၊ အႀကိမ္ႀကိမ္ညႇိႏႈိင္း၍ ေငြက်ပ္ ၁၀ သိန္း ေပးလွ်င္  ေမာ္ေတာ္ယာဥ္အား လႊတ္ေပးမည္ဟု ဒုတိယရဲအုပ္   ဟန္လင္းေအာင္က  ေျပာဆိုၿပီး ေငြက်ပ္ ၁၀ သိန္းကို ႏွစ္ႀကိမ္ခြဲ၍ လက္ခံရယူခဲ့ျခင္း သည္ ေပးအပ္ထားေသာ ရာထူးတာဝန္ကို အလြဲ သုံးစားျပဳ၍ အဂတိလိုက္စားမႈ က်ဴးလြန္ခဲ့ျခင္းျဖစ္ ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း၊ ဒုတိယရဲအုပ္ ဟန္လင္းေအာင္အေပၚ  အဂတိလိုက္စားမႈ တိုက္ ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ႕မရဲစခန္းတြင္ ပထမ သတင္းေပးတိုင္ၾကားခ်က္ ဖြင့္လွစ္၍ တရားစြဲဆို အေရးယူႏိုင္ေရး    ေဆာင္႐ြက္လ်က္ရွိေၾကာင္း အဂတိလိုက္စားမႈ     တိုက္ဖ်က္ေရးေကာ္မရွင္ထံမွ သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
------------
(Unicode)⤵⤵⤵
တောင်ငူမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်တစ်ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူ

တောင်ငူမြို့ဝင်ဆိုင်းဘုတ်အား တွေ့ရစဉ်(အင်တာနက်)

    ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

    တောင်ငူမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်တစ်ဦး   ဒုတိယရဲအုပ် ဟန်လင်းအောင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့သို့ ကျောက်သဲတင် ယာဉ်ဖြင့် ပျဉ်းကတိုးနှစ်တန်ခန့်အား သယ်ဆောင် လာစဉ်  ဖေဖော်ဝါရီ ၂ ရက် နံနက် ၃ နာရီခွဲတွင် တောင်ငူမြို့မစခန်းမှ   နယ်ထိန်း  ဒုတိယရဲအုပ် ဟန်လင်းအောင်ပါ တပ်ဖွဲ့ဝင် ရှစ်ဦးက တောင်ငူမြို့ အဝင် အဝေးပြေးယာဉ်ရပ်နားစခန်းအနီး၌ ဖမ်းဆီး ပြီး   လာဘ်ငွေတောင်းခံသဖြင့်  ပေးခဲ့ရခြင်းအား အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းကြောင့် စစ်ဆေးဆောင်ရွက်စဉ် ပြစ်မှုထင်ရှားသဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ   ပဲခူးတိုင်းဒေသကြီး  တောင်ငူမြို့ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် ဟန်လင်းအောင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁ ရက် ညဉ့်နက် လှည့်ကင်းတာဝန်ထမ်း ဆောင်စဉ် ဖေဖော်ဝါရီ ၂ ရက် နံနက် ၃ နာရီခွဲတွင် သစ်များတင်ဆောင်လာသော မော်တော်ယာဉ်အား တားဆီးပြီး လာဘ်ငွေကျပ်သိန်း ၅၀ တောင်းခံခဲ့ ကြောင်း၊ အကြိမ်ကြိမ်ညှိနှိုင်း၍ ငွေကျပ် ၁၀ သိန်း ပေးလျှင်  မော်တော်ယာဉ်အား လွှတ်ပေးမည်ဟု ဒုတိယရဲအုပ်   ဟန်လင်းအောင်က  ပြောဆိုပြီး ငွေကျပ် ၁၀ သိန်းကို နှစ်ကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်း သည် ပေးအပ်ထားသော ရာထူးတာဝန်ကို အလွဲ သုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ် ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း၊ ဒုတိယရဲအုပ် ဟန်လင်းအောင်အပေါ်  အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မရဲစခန်းတွင် ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး    ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု     တိုက်ဖျက်ရေးကော်မရှင်ထံမှ သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ေတာင္ငူၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္တစ္ဦးအား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္ အေရးယူ ေတာင္ငူၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္တစ္ဦးအား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္ အေရးယူ Reviewed by THITHTOOLWIN on 03:44 Rating: 5
Powered by Blogger.