အိႏၵိယႏိုင္ငံ ဘီဟာျပည္နယ္တြင္ ၾကက္သြန္နီမ်ားတင္ေဆာင္လာေသာ ထရပ္ကား ျပန္ေပးဆြဲခံရ

အိႏၵိယႏိုင္ငံတြင္ ထရပ္ကားေပၚသို႔ ၾကက္သြန္နီအိတ္မ်ား တင္ေနသည္ကို ေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    နယူးေဒလီ၊ ဒီဇင္ဘာ ၂၈ ရက္ (ဆင္ဟြာ)

    အိႏၵိယႏိုင္ငံ အေရွ႕ပိုင္း ဘီဟာျပည္နယ္တြင္ ၾကက္သြန္နီမ်ား အျပည့္အသိပ္တင္ေဆာင္လာေသာ ထရပ္ကားတစ္စီး ျပန္ေပးဆြဲခံရၿပီးေနာက္ ၾကက္သြန္နီမ်ား လုယက္ခံရေၾကာင္း ရဲတပ္ဖြဲ႕က ဒီဇင္ဘာ ၂၈ ရက္တြင္ ေျပာၾကားလိုက္သည္။

ၾကက္သြန္နီ ၅ တန္ တင္ေဆာင္လာေသာ ထရပ္ကားတစ္စီးမွာ ဒီဇင္ဘာ ၂၆ ရက္က ညပိုင္းက ဘီဟာျပည္နယ္ ၿမိဳ႕ေတာ္ ပတ္နာ၏ အေနာက္ဘက္ ၁၇၃ ကီလိုမီတာခန႔္အကြာ၊ ကိုင္မာခ႐ိုင္ မိုဟာနီယာၿမိဳ႕ ဂရင္းထရန႔္လမ္းေဟာင္းေပၚတြင္  ျပန္ေပးဆြဲခံခဲ့ရျခင္းျဖစ္သည္။

“ဒီဇင္ဘာ ၂၆ ရက္ ည ၁၀:၃၀ နာရီက အယ္လ္လာဟာဘတ္မွ ဂ်ဟာနာဘတ္သို႔ ဦးတည္သြားေနတဲ့ ၾကက္သြန္နီမ်ား အျပည့္အသိပ္တင္ေဆာင္လာတဲ့ ထရပ္ကားကို ကားေတြနဲ႔လာတဲ့အမ်ိဳးသားတစ္စုက ရပ္တန႔္ခိုင္းခဲ့တယ္။ ၿပီးေတာ့ ယာဥ္ေမာင္းကို အတင္းဆြဲခ်ၿပီး ကားထဲမွာ ဓားစာခံအျဖစ္ ထိန္းသိမ္းထားခဲ့တယ္” ဟု မိုဟာနီယာရွိ ရဲအရာရွိတစ္ဦးက ေျပာခဲ့သည္။

“ေနာက္ပိုင္းမွာ ျပန္ေပးဆြဲသမားထဲက တစ္ေယာက္က ၾကက္သြန္နီတင္ထရပ္ကားကို မသိတဲ့ေနရာတစ္ခုစီ ေမာင္းသြားၿပီး ၾကက္သြန္နီေတြကို ခ်ခဲ့တယ္။ ၿပီးေတာ့ ဘာမွမရွိေတာ့တဲ့ထရပ္ကားကို ယာဥ္ေမာင္းစီ ျပန္ေပးခဲ့တယ္” ဟု ၎က ဆိုသည္။

ယင္းအမႈကို စုံစစ္းစစ္ေဆးေနေၾကာင္းႏွင့္ မည္သူ႔ကိုမွ်ဖမ္းဆီးထားျခင္းမရွိေသးေၾကာင္း အဆိုပါ ရဲအရာရွိက ေျပာခဲ့သည္။

ၿမိဳ႕ေတာ္ နယူးေဒလီ အပါအဝင္ အိႏၵိယရွိ ျပည္နယ္မ်ားစြာ၌ ၾကက္သြန္နီေဈးမွာ ျမင့္မားေနၿပီး ၾကက္သြန္နီ ၁ ကီလိုဂရမ္လွ်င္ အေမရိကန္ေဒၚလာ ၁ ဒသမ ၆၉ ေဒၚလာ (INR ၁၂၀) ရွိေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် ကြက်သွန်နီများတင်ဆောင်လာသော ထရပ်ကား ပြန်ပေးဆွဲခံရ

အိန္ဒိယနိုင်ငံတွင် ထရပ်ကားပေါ်သို့ ကြက်သွန်နီအိတ်များ တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

    နယူးဒေလီ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ကြက်သွန်နီများ အပြည့်အသိပ်တင်ဆောင်လာသော ထရပ်ကားတစ်စီး ပြန်ပေးဆွဲခံရပြီးနောက် ကြက်သွန်နီများ လုယက်ခံရကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

ကြက်သွန်နီ ၅ တန် တင်ဆောင်လာသော ထရပ်ကားတစ်စီးမှာ ဒီဇင်ဘာ ၂၆ ရက်က ညပိုင်းက ဘီဟာပြည်နယ် မြို့တော် ပတ်နာ၏ အနောက်ဘက် ၁၇၃ ကီလိုမီတာခန့်အကွာ၊ ကိုင်မာခရိုင် မိုဟာနီယာမြို့ ဂရင်းထရန့်လမ်းဟောင်းပေါ်တွင်  ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။

“ဒီဇင်ဘာ ၂၆ ရက် ည ၁၀:၃၀ နာရီက အယ်လ်လာဟာဘတ်မှ ဂျဟာနာဘတ်သို့ ဦးတည်သွားနေတဲ့ ကြက်သွန်နီများ အပြည့်အသိပ်တင်ဆောင်လာတဲ့ ထရပ်ကားကို ကားတွေနဲ့လာတဲ့အမျိုးသားတစ်စုက ရပ်တန့်ခိုင်းခဲ့တယ်။ ပြီးတော့ ယာဉ်မောင်းကို အတင်းဆွဲချပြီး ကားထဲမှာ ဓားစာခံအဖြစ် ထိန်းသိမ်းထားခဲ့တယ်” ဟု မိုဟာနီယာရှိ ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။

“နောက်ပိုင်းမှာ ပြန်ပေးဆွဲသမားထဲက တစ်ယောက်က ကြက်သွန်နီတင်ထရပ်ကားကို မသိတဲ့နေရာတစ်ခုစီ မောင်းသွားပြီး ကြက်သွန်နီတွေကို ချခဲ့တယ်။ ပြီးတော့ ဘာမှမရှိတော့တဲ့ထရပ်ကားကို ယာဉ်မောင်းစီ ပြန်ပေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ယင်းအမှုကို စုံစစ်းစစ်ဆေးနေကြောင်းနှင့် မည်သူ့ကိုမျှဖမ်းဆီးထားခြင်းမရှိသေးကြောင်း အဆိုပါ ရဲအရာရှိက ပြောခဲ့သည်။

မြို့တော် နယူးဒေလီ အပါအဝင် အိန္ဒိယရှိ ပြည်နယ်များစွာ၌ ကြက်သွန်နီဈေးမှာ မြင့်မားနေပြီး ကြက်သွန်နီ ၁ ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၉ ဒေါ်လာ (INR ၁၂၀) ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အိႏၵိယႏိုင္ငံ ဘီဟာျပည္နယ္တြင္ ၾကက္သြန္နီမ်ားတင္ေဆာင္လာေသာ ထရပ္ကား ျပန္ေပးဆြဲခံရ အိႏၵိယႏိုင္ငံ ဘီဟာျပည္နယ္တြင္ ၾကက္သြန္နီမ်ားတင္ေဆာင္လာေသာ ထရပ္ကား ျပန္ေပးဆြဲခံရ Reviewed by THITHTOOLWIN on 03:47 Rating: 5
Powered by Blogger.