ျမန္မာေရႊ႕ေျပာင္းလုပ္သားရာေက်ာ္ ထိုင္းျပည္ႏွင္ဒဏ္ေပး

ေကာ့ေသာင္းကုိ ျပန္ပို႔ခံရသူေတြကုိ ပညာေပးလုပ္ေနပံု။ (ဓာတ္ပုံ - FED၊ ဒီဇင္ဘာ ၂၇၊ ၂၀၁၉)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံထဲကုိ တရားမဝင္ ဝင္ေရာက္မႈနဲ႔ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၁၀၀ ေက်ာ္ကို ထုိင္း-ျမန္မာနယ္စပ္ ရေနာင္း-ေက့ာေသာင္းလမ္းကေန ဒီဇင္ဘာလ ၂၇ ရက္ေန႔က ထုိင္းအစိုးရက ျပည္ႏွင္ဒဏ္ေပးခဲ့ပါတယ္။ တရားဝင္ အလုပ္လုပ္ကိုင္ခြင့္ သက္ေသ စာရြက္စာတမ္းမတူတာ၊ အေထာက္အထား မခိုင္လံုတာ၊ မူးယစ္ေစတတ္တဲ့ ေဆးရြက္ေတြ သံုးစဲြတာေၾကာင့္ဆုိၿပီး သူတို႔ကို ျပည္ႏွင္ဒဏ္ေပးလိုက္တာပါ။ အျပည့္အစုံကို ဗီြအိုေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းႏိုင္ငံတြင္းကို တရားမ၀င္ ၀င္ေရာက္လာသူေတြနဲ႔ စာရြက္စာတမ္း မျပည့္စံုတာေတြ၊ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္တာေတြ၊ လူကုန္ကူးခံရမႈေတြေၾကာင့္ ဖမ္းဆီးၿပီး ဒီဇင္ဘာလ ၂၇ ရက္ေန႔က ထုိင္း-ျမန္မာနယ္စပ္ ေကာ့ေသာင္းၿမိဳ႕ကို ျပန္လည္လဲႊေျပာင္းေပးခဲ့ေၾကာင္း ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္း ေရႊ႕ေျပာင္းအလုပ္သမား ပညာေပးစင္တာ ေကာင့္ေသာင္းၿမိဳ႕တာ၀န္ခံ ဦးမိုးေ၀က ေျပာပါတယ္။

“မေန႔က ၂၇ ရက္ေန႔မွာ ေယာက္်ားေလးက ၉၆ ေယာက္၊ မိန္းကေလးက ၈ ေယာက္၊ အားလံုးေပါင္း ၁၀၄ ေယာက္၊ တရားမ၀င္တဲ့သူေတြနဲ႔ အလုပ္သမားလက္မွတ္ မတူတာ၊ အာဆီယံမႈေလးေတြပါတယ္။ အာဆီယံမႈဆုိတာ မူးယစ္ေစတတ္တဲ့ အရြက္တမ်ိဳးျဖစ္တဲ့ ဘိန္းစာရြက္ကုိ ေသာက္သံုးသူမ်ားကို ဆုိလိုပါတယ္။”

ထုိင္းႏိုင္ငံမွာလည္း တရားမ၀င္ အလုပ္သမားေတြ စာရြက္စာတမ္းမတူတဲ့ အလုပ္သမားေတြကို လက္ခံထားတဲ့ အလုပ္ရွင္ေတြကုိ တင္းတင္းက်ပ္က်ပ္ စစ္ေဆးမႈေတြ လုပ္ေနတာေၾကာင့္ အလုပ္ရွင္ေတြကလည္း အလုပ္သမားေတြကို လက္မခံရဲတဲ့ အေျခအေနေတြ ျဖစ္လာတယ္လို႔လည္း ဦးမုိးေ၀က ဆုိပါတယ္။

“အဓိကေတာ့ အလုပ္သမားေတြက အလုပ္သမားလက္မွတ္ေတြ ဆံုး႐ႈံးသြားပါတယ္။ တခ်ိဳ႕က အလုပ္လုပ္ခ်င္ေသးတယ္၊ မျပန္ခ်င္ေသးဘူး။ ေတာ္ေတာ္မ်ားမ်ားက အခ်ိဳ႕အလုပ္ရွင္ေတြကလည္း လက္ခံရဲေတာ့ဘူး။ ထုိင္းမွာလည္း တင္းက်ပ္ေနတာ တိတိက်က် လုပ္ေနတယ္ဆိုေတာ့ မလုပ္ခ်င္ေတာ့တာေလ။ သူေဌးေတြက တာ၀န္ယူမေပးတာေတြ တခ်ဳိ႕ကေတာ့ ပဲြစားေတြကေတာ့ အလုပ္သမားလက္မွတ္ေတြ ယူၿပီးေတာ့ ေနရာမတူတဲ့ ေနရာေတြမွာ လုပ္ေပးတာေတြေတာ့ ရွိေနတယ္။”

ၿပီးခဲ့တဲ့အပတ္ေတြတုန္းကေတာ့ အေထာက္အထား အျပည့္အစံုရွိတဲ့ အလုပ္သမားတခ်ိဳ႕ကို ျပည္ႏွင္ဒဏ္ေပးခဲ့တာေၾကာင့္ လုပ္အားခေငြေၾကး မရလိုက္တာေတြ အပါအ၀င္ ထိုင္းႏုိင္ငံထဲမွာ အလုပ္လုပ္ဖုိ႔အတြက္ ႏိုင္ငံကူးလက္မွတ္ ဗီဇာေၾကးနဲ႔ လုပ္ငန္းခြင္က အခြင့္အေရးေတြပါ ဆံုး႐ႈံးၿပီး အနည္းဆံုး ၆ လကေန ၂ ႏွစ္အထိ ျပည္ႏွင္ဒဏ္ေပးခံရတာေၾကာင့္ နစ္နာမႈေတြရွိေၾကာင္း ေကာ့ေသာင္းၿမိဳ႕မွာ အလုပ္သမား ပညာေပးစင္တာ ဖြင့္ထားတဲ့ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္းက တာ၀န္ရွိသူေတြက ေျပာဆုိသြားပါတယ္။

-------------------------------------

(Unicode)

မြန်မာရွှေ့ပြောင်းလုပ်သားရာကျော် ထိုင်းပြည်နှင်ဒဏ်ပေး

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှုနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ် ရနောင်း-ကေ့ာသောင်းလမ်းကနေ ဒီဇင်ဘာလ ၂၇ ရက်နေ့က ထိုင်းအစိုးရက ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ တရားဝင် အလုပ်လုပ်ကိုင်ခွင့် သက်သေ စာရွက်စာတမ်းမတူတာ၊ အထောက်အထား မခိုင်လုံတာ၊ မူးယစ်စေတတ်တဲ့ ဆေးရွက်တွေ သုံးစွဲတာကြောင့်ဆိုပြီး သူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်တာပါ။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်လာသူတွေနဲ့ စာရွက်စာတမ်း မပြည့်စုံတာတွေ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်တာတွေ၊ လူကုန်ကူးခံရမှုတွေကြောင့် ဖမ်းဆီးပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ကို ပြန်လည်လွဲှပြောင်းပေးခဲ့ကြောင်း ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ရွှေ့ပြောင်းအလုပ်သမား ပညာပေးစင်တာ ကောင့်သောင်းမြို့တာဝန်ခံ ဦးမိုးဝေက ပြောပါတယ်။

“မနေ့က ၂၇ ရက်နေ့မှာ ယောက်ျားလေးက ၉၆ ယောက်၊ မိန်းကလေးက ၈ ယောက်၊ အားလုံးပေါင်း ၁၀၄ ယောက်၊ တရားမဝင်တဲ့သူတွေနဲ့ အလုပ်သမားလက်မှတ် မတူတာ၊ အာဆီယံမှုလေးတွေပါတယ်။ အာဆီယံမှုဆိုတာ မူးယစ်စေတတ်တဲ့ အရွက်တမျိုးဖြစ်တဲ့ ဘိန်းစာရွက်ကို သောက်သုံးသူများကို ဆိုလိုပါတယ်။”

ထိုင်းနိုင်ငံမှာလည်း တရားမဝင် အလုပ်သမားတွေ စာရွက်စာတမ်းမတူတဲ့ အလုပ်သမားတွေကို လက်ခံထားတဲ့ အလုပ်ရှင်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ လုပ်နေတာကြောင့် အလုပ်ရှင်တွေကလည်း အလုပ်သမားတွေကို လက်မခံရဲတဲ့ အခြေအနေတွေ ဖြစ်လာတယ်လို့လည်း ဦးမိုးဝေက ဆိုပါတယ်။

“အဓိကတော့ အလုပ်သမားတွေက အလုပ်သမားလက်မှတ်တွေ ဆုံးရှုံးသွားပါတယ်။ တချို့က အလုပ်လုပ်ချင်သေးတယ်၊ မပြန်ချင်သေးဘူး။ တော်တော်များများက အချို့အလုပ်ရှင်တွေကလည်း လက်ခံရဲတော့ဘူး။ ထိုင်းမှာလည်း တင်းကျပ်နေတာ တိတိကျကျ လုပ်နေတယ်ဆိုတော့မလုပ်ချင်တော့တာလေ။ သူဌေးတွေက တာဝန်ယူမပေးတာတွေ တချို့ကတော့ ပွဲစားတွေကတော့ အလုပ်သမားလက်မှတ်တွေ ယူပြီးတော့ နေရာမတူတဲ့ နေရာတွေမှာ လုပ်ပေးတာတွေတော့ ရှိနေတယ်။”

ပြီးခဲ့တဲ့အပတ်တွေတုန်းကတော့ အထောက်အထား အပြည့်အစုံရှိတဲ့ အလုပ်သမားတချို့ကို ပြည်နှင်ဒဏ်ပေးခဲ့တာကြောင့် လုပ်အားခငွေကြေး မရလိုက်တာတွေ အပါအဝင် ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ဖို့အတွက် နိုင်ငံကူးလက်မှတ် ဗီဇာကြေးနဲ့ လုပ်ငန်းခွင်က အခွင့်အရေးတွေပါ ဆုံးရှုံးပြီး အနည်းဆုံး ၆ လကနေ ၂ နှစ်အထိ ပြည်နှင်ဒဏ်ပေးခံရတာကြောင့် နစ်နာမှုတွေရှိကြောင်း ကော့သောင်းမြို့မှာ အလုပ်သမား ပညာပေးစင်တာ ဖွင့်ထားတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက တာဝန်ရှိသူတွေက ပြောဆိုသွားပါတယ်။

 မေအးေအးမာ/VOA Burmese
https://burmese.voanews.com
ျမန္မာေရႊ႕ေျပာင္းလုပ္သားရာေက်ာ္ ထိုင္းျပည္ႏွင္ဒဏ္ေပး ျမန္မာေရႊ႕ေျပာင္းလုပ္သားရာေက်ာ္ ထိုင္းျပည္ႏွင္ဒဏ္ေပး Reviewed by THITHTOOLWIN on 03:42 Rating: 5
Powered by Blogger.