ရက္တပတ္အတြင္း ေျမျမဳပ္မိုင္း နင္းမိမႈ ဆက္တုိက္ျဖစ္ေန

(Zawgyi)⤵⤵⤵
ဒီဇင္ဘာ ၁၆၊၂၀၁၉

သွ်မ္းျပည္ ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ႕နယ္ အတြင္း ရက္တပတ္ အတြင္း ဆက္တုိက္ ေျမျမဳပ္မုိင္း နင္းမိကာ ေသဆံုးသူ၊ ဒဏ္ရာရသူမ်ားဆက္တိုက္ျဖစ္ေန ေၾကာင္း သတင္းရရွိသည္။

နမ့္ဆန္ၿမိဳ႕နယ္ အတြင္း တအာင္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) ႏွင့္ ျမန္မာ့တပ္မေတာ္ တို႔ မၾကာခဏ ထိေတြ႔မႈျဖစ္ပြားသည့္ေနရာျဖစ္သည္။

ဒီဇင္ဘာ ၁၄ရက္ေန႔တြင္ နမ့္ဆန္ၿမိဳ႕နယ္ ကိုက္တိုင္ ေက်းရြာ (ၾကက္ေသရြာ) အသက္ ၄၂အရြယ္ ေဒၚေအးေငြ သည္ လက္ဖက္ၿခံသြားရာ မုိင္းနင္းမိၿပီး ေျခေထာက္ ၂ဖက္ ထိသည္။

ေဒၚေအးေငြ၏ ေျခတဖက္သည္ မုိင္းဒဏ္ေၾကာင့္ ေၾကြမြသြားၿပီး ျဖတ္ခံရေၾကာင္း ေက်ာက္မဲၿမိဳ႕ အိုမ္တေမာဝ္ လူမႈကူညီေရးအသင္း မွ အဘမ္း က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ ေျခေထာက္ တဖက္ျဖတ္ ရေတာ့ သူ႔အတြက္ အခက္အခဲေတြ အမ်ားႀကီးပါ။ ကေလး ၃ေယာက္ မိခင္ဆုိေတာ့ ပိုခက္ခဲမယ္။ အခုေတာင္ေဆးကုဖို႔ ေငြမရွိတာ ရင္ဆုိင္ေနရတယ္” ဟု အဘမ္း က ေျပာသည္။

ေျမျမဳပ္မုိင္း နင္းမိသည့္ ေဒၚေအးေငြသည္ ကေလး ၃ဦး၏ မိခင္ျဖစ္ၿပီး၊ ေဆးဝါးကုသမႈအတြက္ ခက္ခဲေနေၾကာင္း လည္း အဘမ္းက ဆက္လက္ေျပာသည္။

ထို႔ျပင္ ဒီဇင္ဘာ ၁၂ရက္ ည ၇နာရီ ဝန္က်င္တြင္လည္း နမ့္ဆန္ၿမိဳ႕နယ္ လြယ္ပ်က္ ေက်းရြာ ေဒသခံ အသက္ ၄၃ႏွစ္ အရြယ္ ဦးထြန္းတင္ သည္ မိုင္းနင္းမိကာ ေသဆံုးခဲ့ေၾကာင္း လည္း အဘမ္းက ဆက္လက္ေျပာသည္။

ဆက္လက္ၿပီး နမ့္ဆန္ ေဒသခံ ဦးက်ားတီ က “ ဒီဇင္ဘာ ၁၄ရက္ က တရက္တည္း ၃ေနရာေလာက္ မုိင္းထိတယ္။ မိုင္းထိတဲ့သတင္းက ေန႔တုိင္းလိုလို ၾကားရတယ္” ဟု သွ်မ္းသံေတာ္ဆင့္ တုိ႔ေျပာသည္။

ဒီဇင္ဘာ ၁၄ရက္ေန႔ မနက္ ၉ နာရီတြင္ နမ့္ဆန္ၿမိဳ႕နယ္ ဇယန္းမန္မိုင္ ေက်းရြာ အသက္ ၃၇ ႏွစ္ အရြယ္ ကိုလွေအာင္သည္ တုိက္မိုင္း ထိမိကာ နံရိုးတဝွိက္ႏွင့္ လက္ဖ်ံ က်ည္စထိမွန္သြားေၾကာင္း၊ ဒဏ္ရာ ျပင္းထန္သျဖင့္ လာရႈိးေဆး႐ံုသို႔ လႊဲေျပာင္းေပး ရေၾကာင္း ဦးက်ားတီ က ေျပာျပသည္။

ယခု ရက္တပတ္ အတြင္း ေျမျမဳပ္မုိင္းနင္းမိၿပီး ေသဆံုးသူ ၂ဦး ရွိၿပီး ဒဏ္ရာရရွိသူ ၄ဦး ရွိေၾကာင္း သတင္းရရွိသည္။

“ က်ေနာ္တုိ႔က ေျမစာပင္ ျပည္သူေတြပါ။ တပ္မေတာ္ လက္နက္ကိုင္ မခြဲေတာ့ဘူး။ ဘယ္အဖြဲ႔အစည္းျဖစ္ျဖစ္ လံုၿခံဳေရး အတြက္ မိုင္းခ်ရင္လည္း ျပန္ၿပီးရွင္းေပးပါ” ဟု ဦးက်ားတီ က ေတာင္းဆိုလိုက္သည္။

စစ္ပဋိပကၡ အတြင္း ျပည္သူမ်ားသည္ ဓားစာခံအျဖစ္ ခံေနရၿပီး၊ မုိင္းဒဏ္ကို ပိုၿပီး ျပည္သူမ်ားက ႀကိတ္ၿပီး ခံေနရေၾကာင္း လည္း ဦးက်ားတီ က ဆိုသည္။

နမ့္ဆန္ၿမိဳ႕နယ္ အတြင္း မၾကာခဏ မုိင္းဒဏ္ေၾကာင့္ ျပည္သူမ်ားလည္း ထိခုိက္မႈ မ်ားစြာခံစားေနရၿပီး၊ မိုင္းကို အျမန္ဆံုးရွင္းလင္းေပးရန္လည္း သွ်မ္းေျမာက္ လူမႈကူညီေရး အသင္း က ေတာင္းဆုိလိုက္သည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
---------------
(Unicode)⤵⤵⤵
ရက်တပတ်အတွင်း မြေမြုပ်မိုင်း နင်းမိမှု ဆက်တိုက်ဖြစ်နေ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဒီဇင်ဘာ ၁၆၊၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ် အတွင်း ရက်တပတ် အတွင်း ဆက်တိုက် မြေမြုပ်မိုင်း နင်းမိကာ သေဆုံးသူ၊ ဒဏ်ရာရသူများဆက်တိုက်ဖြစ်နေ ကြောင်း သတင်းရရှိသည်။

နမ့်ဆန်မြို့နယ် အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော် တို့ မကြာခဏ ထိတွေ့မှုဖြစ်ပွားသည့်နေရာဖြစ်သည်။

ဒီဇင်ဘာ ၁၄ရက်နေ့တွင် နမ့်ဆန်မြို့နယ် ကိုက်တိုင် ကျေးရွာ (ကြက်သေရွာ) အသက် ၄၂အရွယ် ဒေါ်အေးငွေ သည် လက်ဖက်ခြံသွားရာ မိုင်းနင်းမိပြီး ခြေထောက် ၂ဖက် ထိသည်။

ဒေါ်အေးငွေ၏ ခြေတဖက်သည် မိုင်းဒဏ်ကြောင့် ကြွေမွသွားပြီး ဖြတ်ခံရကြောင်း ကျောက်မဲမြို့ အိုမ်တမောဝ် လူမှုကူညီရေးအသင်း မှ အဘမ်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ခြေထောက် တဖက်ဖြတ် ရတော့ သူ့အတွက် အခက်အခဲတွေ အများကြီးပါ။ ကလေး ၃ယောက် မိခင်ဆိုတော့ ပိုခက်ခဲမယ်။ အခုတောင်ဆေးကုဖို့ ငွေမရှိတာ ရင်ဆိုင်နေရတယ်” ဟု အဘမ်း က ပြောသည်။

မြေမြုပ်မိုင်း နင်းမိသည့် ဒေါ်အေးငွေသည် ကလေး ၃ဦး၏ မိခင်ဖြစ်ပြီး၊ ဆေးဝါးကုသမှုအတွက် ခက်ခဲနေကြောင်း လည်း အဘမ်းက ဆက်လက်ပြောသည်။

ထို့ပြင် ဒီဇင်ဘာ ၁၂ရက် ည ၇နာရီ ဝန်ကျင်တွင်လည်း နမ့်ဆန်မြို့နယ် လွယ်ပျက် ကျေးရွာ ဒေသခံ အသက် ၄၃နှစ် အရွယ် ဦးထွန်းတင် သည် မိုင်းနင်းမိကာ သေဆုံးခဲ့ကြောင်း လည်း အဘမ်းက ဆက်လက်ပြောသည်။

ဆက်လက်ပြီး နမ့်ဆန် ဒေသခံ ဦးကျားတီ က “ ဒီဇင်ဘာ ၁၄ရက် က တရက်တည်း ၃နေရာလောက် မိုင်းထိတယ်။ မိုင်းထိတဲ့သတင်းက နေ့တိုင်းလိုလို ကြားရတယ်” ဟု သျှမ်းသံတော်ဆင့် တို့ပြောသည်။

ဒီဇင်ဘာ ၁၄ရက်နေ့ မနက် ၉ နာရီတွင် နမ့်ဆန်မြို့နယ် ဇယန်းမန်မိုင် ကျေးရွာ အသက် ၃၇ နှစ် အရွယ် ကိုလှအောင်သည် တိုက်မိုင်း ထိမိကာ နံရိုးတဝှိက်နှင့် လက်ဖျံ ကျည်စထိမှန်သွားကြောင်း၊ ဒဏ်ရာ ပြင်းထန်သဖြင့် လာရှိုးဆေးရုံသို့ လွှဲပြောင်းပေး ရကြောင်း ဦးကျားတီ က ပြောပြသည်။

ယခု ရက်တပတ် အတွင်း မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးသူ ၂ဦး ရှိပြီး ဒဏ်ရာရရှိသူ ၄ဦး ရှိကြောင်း သတင်းရရှိသည်။

“ ကျနော်တို့က မြေစာပင် ပြည်သူတွေပါ။ တပ်မတော် လက်နက်ကိုင် မခွဲတော့ဘူး။ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် လုံခြုံရေး အတွက် မိုင်းချရင်လည်း ပြန်ပြီးရှင်းပေးပါ” ဟု ဦးကျားတီ က တောင်းဆိုလိုက်သည်။

စစ်ပဋိပက္ခ အတွင်း ပြည်သူများသည် ဓားစာခံအဖြစ် ခံနေရပြီး၊ မိုင်းဒဏ်ကို ပိုပြီး ပြည်သူများက ကြိတ်ပြီး ခံနေရကြောင်း လည်း ဦးကျားတီ က ဆိုသည်။

နမ့်ဆန်မြို့နယ် အတွင်း မကြာခဏ မိုင်းဒဏ်ကြောင့် ပြည်သူများလည်း ထိခိုက်မှု များစွာခံစားနေရပြီး၊ မိုင်းကို အမြန်ဆုံးရှင်းလင်းပေးရန်လည်း သျှမ်းမြောက် လူမှုကူညီရေး အသင်း က တောင်းဆိုလိုက်သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ရက္တပတ္အတြင္း ေျမျမဳပ္မိုင္း နင္းမိမႈ ဆက္တုိက္ျဖစ္ေန ရက္တပတ္အတြင္း ေျမျမဳပ္မိုင္း နင္းမိမႈ ဆက္တုိက္ျဖစ္ေန Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.