အင္းေလးေဒသ၊ နမ္းပန္ေက်း႐ြာမွာ ေနအိမ္တစ္အိမ္ေဖာက္ထြင္းခံရၿပီး သိန္း၁၆၀ေက်ာ္တန္ဖိုးရွိ ေ႐ႊထည္ပစၥည္းေတြ ယူေဆာင္သြား

(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ ဒီဇင္ဘာ ၁၆

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ အင္းေလးေဒသ၊ နမ္းပန္ၿမိဳ႕၊ နမ္းပန္ေက်း႐ြာမွာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၈ရက္က ေနအိမ္တစ္အိမ္ေဖာက္ထြင္းခံရၿပီး သိန္း၁၆၀ေက်ာ္တန္ဖိုးရွိ ေ႐ႊထည္ပစၥည္းေတြ ယူေဆာင္သြားမႈျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

နမ္းပန္ေက်း႐ြာရွိ ဦးစိုးဝင္းေမာင္+‌ေဒၚႏုႏုယဥ္တို႔ႏွစ္ဦးက ဒီဇင္ဘာလ ၈ရက္၊ မနက္အေစာပိုင္းအခ်ိန္မွာ ေဖာင္ေတာ္ဦးဘုရားကို အဝတ္အထည္ေတြ ေရာင္းခ်ရန္ ေနအိမ္တံခါးေသာ့ပိတ္ၿပီး သြားေရာက္ခဲ့ေၾကာင္း၊ ေန႔လည္၂နာရီခြဲအခ်ိန္ခန႔္မွာ ေနအိမ္ကို ျပန္လည္ေရာက္ရွိခဲ့ရာ ေနအိမ္ေဖာက္ထြင္းခံထားရတာကို ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

အဲဒီလိုေဖာက္ထြင္းခံရမႈေၾကာင့္ ေနအိမ္အဝတ္ဘီဒိုအတြင္းရွိ ေငြစကၠဴေရာရာ ၆၃၀၀၀၀က်ပ္ႏွင့္ မီးခံသတၱာအတြင္းရွိ ေ႐ႊထည္ပစၥည္းေတြ (ကာလတန္ဖိုး ၁၆၂၀၆၀၀၀က်ပ္ခန႔္)ေပ်ာက္ဆုံးခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

အဲဒီျဖစ္စဥ္နဲ႔ပါတ္သက္ၿပီး နမ့္ပန္နယ္ေျမရဲစခန္းမွာ ဦးစိုးဝင္းေမာင္က တရားလိုျပဳလုပ္တိုင္တမ္းထားၿပီး တရားခံဖမ္းဆီးရမိေရးအတြက္ ေဆာင္႐ြက္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
အင်းလေးဒေသ၊ နမ်းပန်ကျေးရွာမှာ နေအိမ်တစ်အိမ်ဖောက်ထွင်းခံရပြီး သိန်း၁၆၀ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေ ယူဆောင်သွား

တောင်ကြီး၊ ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ နမ်းပန်မြို့၊ နမ်းပန်ကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ရက်က နေအိမ်တစ်အိမ်ဖောက်ထွင်းခံရပြီး သိန်း၁၆၀ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေ ယူဆောင်သွားမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နမ်းပန်ကျေးရွာရှိ ဦးစိုးဝင်းမောင်+‌ဒေါ်နုနုယဉ်တို့နှစ်ဦးက ဒီဇင်ဘာလ ၈ရက်၊ မနက်အစောပိုင်းအချိန်မှာ ဖောင်တော်ဦးဘုရားကို အဝတ်အထည်တွေ ရောင်းချရန် နေအိမ်တံခါးသော့ပိတ်ပြီး သွားရောက်ခဲ့ကြောင်း၊ နေ့လည်၂နာရီခွဲအချိန်ခန့်မှာ နေအိမ်ကို ပြန်လည်ရောက်ရှိခဲ့ရာ နေအိမ်ဖောက်ထွင်းခံထားရတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုဖောက်ထွင်းခံရမှုကြောင့် နေအိမ်အဝတ်ဘီဒိုအတွင်းရှိ ငွေစက္ကူရောရာ ၆၃၀၀၀၀ကျပ်နှင့် မီးခံသတ္တာအတွင်းရှိ ရွှေထည်ပစ္စည်းတွေ (ကာလတန်ဖိုး ၁၆၂၀၆၀၀၀ကျပ်ခန့်)ပျောက်ဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပါတ်သက်ပြီး နမ့်ပန်နယ်မြေရဲစခန်းမှာ ဦးစိုးဝင်းမောင်က တရားလိုပြုလုပ်တိုင်တမ်းထားပြီး တရားခံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
အင္းေလးေဒသ၊ နမ္းပန္ေက်း႐ြာမွာ ေနအိမ္တစ္အိမ္ေဖာက္ထြင္းခံရၿပီး သိန္း၁၆၀ေက်ာ္တန္ဖိုးရွိ ေ႐ႊထည္ပစၥည္းေတြ ယူေဆာင္သြား အင္းေလးေဒသ၊ နမ္းပန္ေက်း႐ြာမွာ ေနအိမ္တစ္အိမ္ေဖာက္ထြင္းခံရၿပီး သိန္း၁၆၀ေက်ာ္တန္ဖိုးရွိ ေ႐ႊထည္ပစၥည္းေတြ ယူေဆာင္သြား Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.